Wednesday, February 29, 2012

ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်ခရီးစဉ် အချိန်ဇယား


နက်ဖြန် နံနက် ၉ နာရီတွင် ဒေါ်အောင်ဆန်းစုကြည် ကလောမြို့သို့ အဲမန္တလေးလေယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန် မတ်လ ၁ ရက်နေ့တွင် ရှမ်းပြည်နယ် စည်းရုံးရေး ခရီးစဉ် အတွင်း အောင်ပန်း ဟိုင်ဒရိုကွင်းတွင် နံနက် ၁၀ နာရီ ၁၂ နာရီထိ လူထုအား ဟောပြောမည်ဖြစ်သည်။

ထို့နောက် မွန်းတည့် ၁၂ နာရီမှ ၂ နာရီတွင် ကလောမြို့ ဒီချုပ်ရုံးတွင် ဟောပြောမည်ဖြစ်သည်။
မွန်းလွဲပိုင်း၌ အောင်ပန်း၊ ကလော၊ ဟဲဟိုးသို့သွားရောက်ကာ ၂ နာရီမှ ၄ နာရီအကြား ကျောက်တိုင်ကွင်း၌ ဟောပြောမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ညနေပိုင်း မြန်မာ့လေကြောင်း လေယာဉ်ဖြင့် မန္တလေးသို့ သွားရောက်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အောင်ပန်း၊ ကလောခရီးစဉ်များအတွင်း သရုပ်ဆောင်ရဲတိုက်က လိုက်ပါကူညီမည်ဟုလည်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁ရက်နေ့နှင့် ၂ ရက်နေ့ ညကို မန္တလေးမြို့တွင် ညအိပ်တည်းခိုကာ ၃ ရက်နေ့တွင် မန္တလေးမြို့၌ လူထုဟောပြောပွဲပြုလုပ်မည် ဖြစ်သည်။ ၄ ရက်နေ့၌ စစ်ကိုင်းမြို့သို့ စည်းရုံးရေး သွားရောက်မည်ဖြစ်ကာ လူထုဟောပြောပွဲပြုလုပ်ရန် ဘောလုံးကွင်း နေရာမရသဖြင့် ဧရာဝတီမြစ်ကမ်းနဘေး သဲသောင်ပြင်တွင် ပြုလုပ်မည်ဟု အန်အယ်လ်ဒီပါတီ စည်းရုံးရေး ကော်မတီဝင်တဦးကပြောသည်။ ။
YPI

မူရင်း ။။ သစ်ထူးလွင်

Tuesday, February 28, 2012

မြန်မာပြည်က ရေးတဲ့စာ - ပြန်လည်ဆုံဆည်းကြရာဝယ် (၁)

ဖေဖော်ဝါရီလဆိုတာ နှစ်တနှစ်ရဲ့ အကောင်းဆုံးလရယ်လို့ ကျမစိတ်ထဲမှာ အမြဲတမ်းပဲ ထင်မှတ်ထားပါတယ်။ ကျမ ချစ်ခင်မြတ်နိုးရတဲ့ ကျမဖေဖေ၊ ကျမရဲ့ မေမေဘက်က အဖိုး၊ အေဗရာ ဟင်လင်ကွန်း၊ ဂျော့ခ်ျဝါရှင်တန်။ သူတို့တွေအားလုံးဟာ ဖေဖော်ဝါရီဖွားတွေ ဖြစ်နေကြပါတယ်။ ဒါကြောင့် ကျမ ကလေးဘ၀ကစလို့ ဖေဖော်ဝါရီလဆိုတာ ကောင်းမြတ်တဲ့လ၊ သူရဲကောင်းတွေရဲ့ လလို့ပဲ မှတ်သားထားခဲ့ပါတယ်။
ဖေဖော်ဝါရီလရဲ့ ဂုဏ်ယူဖွယ်အကြောင်း ထပ်ပြောရရင် ဖေဖော်ဂါရီလ ၁၂ (လင်ကွန်းရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်နေပါတယ်) က ကျမတို့ နိုင်ငံရဲ့ ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ မြန်မာပြည် လွတ်လပ်ရေးအတွက် ရည်စူးပြီး တိုင်းရင်းသားတွေ သဘောတူလက်မှတ်ထိုးခဲ့ကြတဲ့ အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။ ပင်လုံစာချုပ် (၁၉၄၇ ခုနှစ်မှာ စာချုပ်လက်မှတ်ထိုးခဲ့တဲ့ ရှမ်းမြို့ကလေးကို အစွဲပြုပြီး ခေါ်တာပါ) က ညီညွတ်မှုအတွက် ခြောက်ပြစ်ကင်း မဟုတ်ခဲ့ပေမယ့် ကြုံတောင်ကြုံခဲနဲ့ နိုင်ငံရေးအဖြစ်အပျက်၊ အရေးကြီးတဲ့ ပြည်ထောင်စု စိတ်ဓာတ်ကိုတော့ ဖော်ကျူးနေပါတယ်။


ဖေဖော်ဝါရီလနဲ့ပက်သက်လို့ ကျမရဲ့ မျှော်လင့်ချက်တွေက ဒီနှစ်အထိလည်း မပျက်မယွင်းရှိနေတုန်းပါပဲ။ ဇန်န၀ါရီလကုန်ပိုင်းမှာ မြန်မာပြည် တောင်ဘက်ဖျားက ထားဝယ်မြို့နဲ့ စလိုက်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ရဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးက အလွန်ကို အတိတ်ကောင်း နိမိတ်ကောင်းလို့ ပြောရမှာပါ။
နှစ်ဆယ့်သုံးနှစ်ကြာမှ နောက်တခေါက်ရောက်သွားတဲ့ ခရီးက ပျော်စရာလည်းကောင်း၊ တနင်္သာရီဒေသက ပြည်သူတွေရဲ့ ကျမတို့အပေါ် ထောက်ခံမှုက လေးစားလောက်စရာကောင်းပါတယ်။ သူတို့တွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ လူတွေ အင်နဲ့အားနဲ့ ထောက်ခံမှုတွေက လျှော့နည်းကျဆင်းမသွားခဲ့ပါဘူး။

ဖေဖော်ဝါရီလ ပထမအပတ်မှာတော့ ကျမတို့ ပါတီရဲ့ စည်းရုံးရေးခရီးစဉ်မှာ အခက်အခဲတချို့ ရှိနေပေမယ့် အတော်လေး အရှိန်ရလာပါတယ်။ မန္တလေးမြို့ကို စည်းရုံးရေးထွက်ဖို့ အစီအစဉ်ဟာ လူစုလူဝေးနဲ့ ဟောပြောဖို့ သင့်တော်တဲ့ နေရာအတွက် အဆင်မပြေဖြစ်ပြီး ရက်ရွှေ့လိုက်ရပါတယ်။ ဒါပေမယ့် ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်ခရီးစဉ်နဲ့၊ ကျမ မေမေရဲ့ ဇာတိ မြောင်းမြခရီးစဉ်တွေကိုတော့ စီစဉ်ထားတဲ့အတိုင်းပဲ သွားနိုင်ခဲ့ပါတယ်။

မနက်စောစောကြီး ရန်ကုန်မြို့က ထွက်ခဲ့ပေမယ့် လမ်းတလျှောက်ရွာတွေအားလုံးက ကျမတို့ကို ထောက်ခံသူတွေက အန်အယ်ဒီအလံငယ်လေးတွေကို ဝှေ့ရမ်းရင်း နှုတ်ဆက်နေကြ၊ ပန်းတွေနဲ့ လက်ဆောင်အမျိုးမျိုးကို ထွက်ပေးနေတာနဲ့ ခရီးက တဖြည်းဖြည်းချင်းပဲ ရှေ့ဆက်နိုင်ခဲ့ပါတယ်။
သူတို့ပေးတဲ့ လက်ဆောင်တွေထဲက ဆေးရောင်ခြယ် ရိုးရာ ပုသိမ်ထီး လေးတွေကတော့ နေ့လည်ပိုင်းမှာ တော်တော်ကို အသုံးတည့်တာပါပဲ။ ပုသိမ်ကို ကျမတို့ ရောက်တဲ့အချိန်က စီစဉ်ထားသလို မဟုတ်ဘဲ နောက်ကျသွားတာဆိုတော့ နေမင်းက အဆင်မပြေလောက်အောင်ကို ပူပြင်းနေတယ်လေ။
ပုသိမ်ခရိုင်က အစိုးရကလည်း အဲဒီနေ့မှာ ကျောင်းသားတွေအားလုံး ကျောင်းမတက်မနေရ၊ ၀န်ထမ်းအားလုံး ခွင့်ပျက်ခွင့်မရှိ ဆိုတဲ့ အမိန့်တွေ ထုတ်ထားပါတယ်။ ပုသိမ်ကောလိပ်က ကျောင်းသားတွေကို ဆိုရင် စာမေးပွဲကြီး ရမှတ်တွေနဲ့ ချိတ်ဆက်ထားတဲ့ စာမေးပွဲလေး တခုကိုတောင် ဖြေခိုင်းထားပါတယ်။ ဒါတွေက ကျောင်းသားလေးတွေ၊ ကော့လိပ်ကျောင်းသားတွေ၊ ပြည်သူ့ဝန်ထမ်းတွေ အားလုံးက အန်အယ်ဒီကို ထောက်ခံကြောင်း ပြသလို့မရအောင် တမင်လုပ်ထားတယ်ဆိုတာကတော့ ပေါ်လွင်ပါတယ်လေ။
ဒါပေမယ့် ကျမတို့ပါတီကို ကြိုဆိုတဲ့ လူအုပ်တွေထဲမှာ၊ လမ်းတလျှောက်လုံး ကျမတို့ကို ၀ိုင်ရံပေးထားတဲ့ မော်တော်ဆိုင်ကယ်သမားတွေကြားထဲမှာ လူငယ်တွေ တော်တော်တော်များများပါဝင်နေပါတယ်။ ဒီလိုနဲ့ လူအုပ်ကြီးဟာ ကျမ မိန့်ခွန်းပြောမယ့် ဘောလုံးကွင်းကြီးတခုကြီးဆီကို ရောက်သွားပါတယ်။


မော်တော်ဆိုင်ကယ်တွေဟာ ကျမတို့အဖွဲ့တွေ မြောင်းမြကို ဆက်သွားတဲ့ ဖုံထူထူ လမ်းတလျှောက် လုံးလည်း လိုက်ပါလာပါတယ်၊ လမ်းတလျှောက်မှာ ဆင်းရဲသားတွေနေတဲ့ ရွာငယ်ဇနပုဒ်လေးတွေကိုလည်း ဖြတ်ခဲ့ရပါတယ်။ နေပူပူ၊ ဖုံထူထူ၊ ဆင်းဆင်းရဲရဲ ဆိုပေမယ့် ကျမတို့ အဖွဲ့တွေကို တောက်ပတဲ့ အပြုံးတွေနဲ့ လှိုက်လှိုက်လှဲလှဲ အော်ဟစ် ကြိုဆိုကြတာတွေကို မြင်ရတော့ ရင်ထဲမှာ ဆို့နစ်ကြေကွဲရပါတယ်။ ဒီမြင်ကွင်း၊ ဒီခံစားမှုကြောင့် ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံပြီး၊ ၀၀လင်လင်ဖူဖူလုံလုံနဲ့ လူတန်းစေ့ နေနိုင်တဲ့ အခြေအနေဖြစ်အောင် အစွမ်းကုန်လုပ်ဆောင်ပေးဖို့ ကြီးလေးတဲ့ တာဝန်တွေ ရှိနေပါလားဆိုတဲ့ အသိက အိမ်ပြန်ရောက်ကြတဲ့ အထိ ကျမတို့နဲ့ အတူ လိုက်ပါလာပါတယ်။

ကြိုတင်မျှော်လင့်ထားတဲ့အတိုင်းပဲ မြောင်းမြက ပြည်သူတွေ ကျမကို ကြိုဆိုပုံက နှစ်ပေါင်းများစွာ အိမ်ပြန် မရောက်ခဲ့တဲ့ မိသားစုဝင်တယောက်ကို ကြိုဆိုပုံမျိုးနဲ့ပါ။ တမြို့နယ်လုံမှာ ကရင်လူမျိုးတွေက ရာခိုင်နှုန်း အတော်များတဲ့အတိုင်းပဲ ကျမတို့ လူစုလူဝေးတွေထဲမှာလည်း ကရင်တွေက များနေပါတယ်၊ ကျမတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကလည်း လူတွေ ရိုသေလေးစားကြတဲ့ ကရင်လူမျိုး ကျောင်းဆရာ တယောက်ပါပဲ။ နေ့လည်ခင်း နေရောင်က မညှာမတာပူပြင်းတယ်ဆိုပေမယ့် ပျော်ရွှင်မှုတွေ ရောစွက်နေတဲ့ ရောင်စုံ ကရင်ရိုးရာဝတ်စုံတွေ၊ စိတ်အားတက်ကြွမှုတွေ၊ စုစည်းပေါင်းဆုံမှု စိတ်ဓာတ်တွေကတော့ မို့မောက်မြင့်မား နေခဲ့ပါတယ်၊
မြန်မာတွေပြောလေ့ရှိတဲ့ ရေစက် ဆိုတဲ့ စကားရှိပါတယ်။ ကျမတို့တွေ တယောက်ကို တယောက် “ရေစက်ပေါ့”။ “ရေစက်ရှိလို့ ဆုံရတာ” လို့ ပြောကြတယ်ဆိုရင် ကျမတို့တွေ ကြားထဲမှာ စည်းနှောင်ထားတဲ့ ကောင်းတဲ့ အတိတ်ကံတခုက ဆုံဆည်းခွင့်ပေးလိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
ကျမတို့ဆီမှာ အလှူအတန်းတခုလုပ်ပြီးတိုင်းမှာ ရေစက်ချတဲ့ အစဉ်အလာရှိပါတယ်။ ကရားထဲက ရေတွေကို ဇလုံထဲကို တစက်ချင်းချ၊ ရေစက်ချပြီးသွားတဲ့အခါမှာ ရေတွေကို မြေကြီးပေါ်ကို သွန်းလောင်းပြီး မိမိတို့ရဲ့ ကုသိုလ်ကောင်းမှုတွေကို မဟာပထ၀ီမြေကြီးမှာ သက်သေတည်လိုက်တာပါ။ ဒီလို အတူတကွ ကုသိုလ်ပြုကြတဲ့ သူတွေဟာ ရေစက်ကြောင့် သံသရာတကွေ့မှာ ပြန်လည်ဆုံဆည်းကြပါတယ်။

ဖေဖော်ဝါရီလ ဒုတိယအပတ်ကတော့ ကရင်လူမျိုးတွေနဲ့ ကျမတို့ ကြားမှာ ရေစက်ဆုံတဲ့ တပတ်လို့ပဲ ပြောရမယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျမမေမေရဲ့ မွေးရပ်မြေက ကရင်ပြည်သူတွေနဲ့ ဆုံဆည်း ခဲ့ရပါတယ်။ နောက်တခါ ၁၀ ရက်နေ့မှာတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရောက်လာကြတဲ့ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်က ကိုယ်စားလှယ်အဖွဲ့ကို ကျမအိမ်မှာ ကြိုဆိုခွင့်ရလိုက်ပါတယ်။ ကေအန်ယူ၊ ကေအန်အယ်အေ ဌာနချုပ်က အစိုးရနဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးပြီးတဲ့အခါ ရန်ကုန်ရောက်ရင် ကျမနဲ့ တွေ့ခွင့်ရနိုင်မလားလို့ ရေးပို့လိုက်တဲ့ စာကိုရတော့ ကျမ ယုံတောင် မယုံချင်ပါဘူး။
ငြိမ်းချမ်းသောပြည်ထောင်စု၊ ချမ်းသာဖွံ့ဖြိုးသော ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့အတွက် အားထုတ် ကြိုးပမ်းကြတဲ့ နေရာမှာ နှစ်ပေါင်းများစွာ ကျမတို့ စိတ်ထဲမှာ ရှိနေတဲ့ ရဲဘော်ရဲဘက်တွေ၊ ပထ၀ီ အနေအထားအရ၊ နိုင်ငံရေး အခြေအနေအရ ဝေးကွာနေတဲ့ မိတ်ဟောင်းဆွေဟောင်းတွေ နောက်ဆုံးမှာတော့ ပြန်လည်ဆုံဆည်းခွင့်ရကြပြီလေ။
၁၄ ယောက်ပါတဲ့ လူအုပ်တောင့်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ ခဏလေး ဆုံတွေ့တဲ့ အချိန်ခဏလေးအတွင်းမှာပဲ ကျမတို့ နိုင်ငံက ပြည်သူတွေအချင်းချင်း နီးစပ်ခွင့်မရအောင် မလိုလားအပ်တဲ့ အခြေအနေတွေက ဘယ်လောက်ပဲ အကန့်အသတ်တွေနဲ့ စည်းခြားထားပေမယ့် တကယ်တမ်းကျတော့ ကျမတို့ရဲ့ နှလုံးသားတွေ၊ စိတ်တွေကို ဘယ်တုန်းကမှ ဝေးကွာမသွားခဲ့ပါလား ဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုက်ရပါတယ်၊
(ဂျပန်က Mainichi သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည်ရေးသည့် Letter from Burma: Reunion, Union – 1 ကို ဆီလျှော်အောင် ဘာသာပြန် ဆိုပါသည်)
Written by အောင်ဆန်းစုကြည်
နေသွင်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သုံးခွခရီးစဉ်

ယနေ့ နေ့လည် ၂နာရီခွဲမှာမှ သုံးခွ ခရီးစဉ် စတင်ခဲ့တာပါ...။ နေညိုညို ညနေခင်းမှာ ပြည်သူချစ်သော လူထုခေါင်းဆောင်နှင့် ပြည်သူလူထုရဲ့ မြင်ကွင်း..
ပြည့်အင်အားသည် လူထု ချစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုထံမှာ ရှိသည်....

သုံးခွမြို့ အမေစု ဟောပြောပွဲပြုလုပ်မယ့် ပဲတီစိမ်းကွင်းမှာ နေ့လည်ကတည်းက နေပူပူအောက်မှာ ဇွဲကောင်းကောင်းနဲ့ စောင့်နေတဲ့ သံဃာတော်တပါး
ညဘက် ရန်ကုန်ပြန်ခရီးမှာတော့ ကြိုဆိုနှုတ်ဆက်သူတွေ ပေးတဲ့ ယပ်တောင်လေးကို ယူနေတဲ့ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆံကေသာမှာလည်း ဖုန်တလုံးလုံးနဲ့ပေါ့..
ပြည်သူပေးတဲ့ ယပ်တောင်လေးကို လှမ်းယူပြီး အသိအမှတ် ပြုတဲ့ အနေနဲ့ ပြန်ယပ်ခပ် ပြနေတဲ့ မြင်ကွင်းပါ..။ အမေစုနဲ့ အတူပါလာတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေလည်း မြင်ရတဲ့အတိုင်း ဖုန်တလုံးလုံးနဲ့ပေါ့..

မူရင်း ။။ ဒီမိုဝေယံ

Monday, February 27, 2012

နိုင်ငံဖခင် ပုံရိပ်စစ်အား ပြန်ချိတ်ကြပါစို့ 

ဘယ်တိုင်းဋ္ဌာနေ
မျှော်ရည်ကာကြည့်
သူ့ ကျွှန်မခံ
ကိုယ့်တိုင်းနိုင်ငံ
လွတ်မြောက်ခြင်းမှ
စံတင်ပုဂ္ဂိုလ်
စွမ်းဆောင်ရှင်အား
တိုင်းတပါးနဲ့ 
နှောင်းလူငယ်တို့ 
သိစိမ့်ခြင်းငှာ
ပြည်သူသုံးစွဲ
ငွေကြေးမြတ်ဍ်
သွန်းလောင်းခတ်နှိပ်
ဂုဏ်ပြုလေ၏........၊
ဒီမင်းမကောင်း
နောက်မင်းပြောင်းအံ့
နောက်မင်းရင်ထက်
ဆိုးဘိခြင်းဟု
ယိုးစွတ်ကင်းအောင်
မြန်စွာပြောင်းလဲ
ပြုပြင်ခြင်းဖြင့်
ဗိုလ်ချုပ်ဖခင်
သခင်အောင်ဆန်း
ပုံရိပ်စစ်အား
ထာဝရတိုင်
ဦးညွတ်ရင်းဇြင့်.........၊
သမိုင်းဆိုးမှ
လွတ်မြောက်ကယ်တင်
စိတ်ရင်းမှန်ဖြင့်
အရည်သွေးလှ
ပြည်တန်မြဟု
မှတ်ကျောက်တင်ရင်း
သမိုင်းသစ်တင်
မော်ကွန်းတင်လျှက်......၊
ဋ္ဌာနပေါင်းစုံ
ကျောင်းဆေးရုံနဲ့ 
အိုးအိမ်တိုက်တာ
စစ်တက္က္ကသိုလ်ဍ်
ပြန်ကာချိတ်လို့ 
နိုင်ငံဖခင်
ပုံရိပ်ရှင်အား
ဦးညွတ်ထာဝရ
ပြုကြပါစို့ .......၊၊


                      လူသစ်(အမရပူရ)




Friday, February 24, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ် မြင်ကွင်းဓာတ်ပုံများ

နမ္မတီးမှာ လာရောက်ကြတဲ့ ပရိသတ်မြင်ကွင်း တမျှော်တခေါ်ပေါ့ လူတသိန်းခန့်တဲ့
မြစ်ကြီးနား လေဆိပ်အထွက်မှာ ကြိုဆိုကြတဲ့ တိုင်းရင်းသား ပြည်သူများ..
နမ္မတီးမြို့မှ အဖွားစုကို ကြိုဆိုနေတဲ့ ကချင်တိုင်းရင်းသား ဒေါင်းရဲ့သမီးငယ်လေး
တိုင်းရင်းသား ရိုးရာဝတ်စုံတွေနဲ့ ကြိုဆိုနေကြတဲ့ မြင်ကွင်း..
မြစ်ကြီးနားနဲ့ မိုင်လေးဆယ် အကွာ မိုးကောင်းမှ ကြိုဆိုကြသူများ
နမ္မတီးမှာ ဒီလို ကြိုဆိုကြတာ..
မြို့တွေ ရွာတွေသာ ပြောင်းသွားတယ် ကြိုဆိုတဲ့ မြင်ကွင်းကတော့ အပြောင်းအလဲမရှိပါဘူး
လာရောက်ကြိုဆိုကြတဲ့ လူငယ်များ မိုင်လေးဆယ် မြစ်ကြီးနား မိုးကောင်းခရီး တောက်လျှောက်လိုက် အားပေးကြတာ..


Photos Reuters, Getty Images
မူရင်း ။။ ဒီမိုဝေယံ

Wednesday, February 22, 2012

နိုင်ငံတကာမှ လိုလားနေသော အာမခံချက်များ ဖြစ်ပေါ်စေရန် ဆောင်ရွက်ပြီး မြန်မာဟာ အာစီယံဥက္ကဋ္ဌ အဖြစ် ထိုက်တန်သည်ဟု နိုင်ငံတကာကို ပြသစေလိုကြောင်း အာစီယံအတွင်းရေ


မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာမှလိုလားနေသောအာမခံချက်များ ဖြစ်ပေါ်စေရန် ဆောင်ရွက်ပြီး ၂၀၁၄ ခုနှစ်တွင် တာဝန်ယူခွင့် ရမည့် အာဆီယံ ဥက္ကဋ္ဌအဖြစ် ထိုက်တန်သည်ဟု နိုင်ငံတကာကို ပြသစေလိုကြောင်းအာစီယံအတွင်းရေးမှူးမှ အစိုးရအဖွဲ့အား ပြောကြားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းအတွင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသည်။

ထို့ပြင် အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ် က ဧပြီလ၁ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲတွင်အာဆီယံရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ကို လက်ခံရန် လေးလေးနက်နက်စဉ်းစားလိမ့်မည်ဟု မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်က ပြောကြားခဲ့သောကြောင့် ၀မ်းသာမျှော်လင့်မိကြောင်း၊ကြားဖြတ်ရွေးကောက်ပွဲဟာလွပ်လပ်ပြီးတရားမျှတလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မှုရှိကြောင်း ပြောဆိုခဲ့သည်။

“ နိုင်ငံတကာလေ့လာတဲ့သူတွေနဲ့ နိုင်ငံတကာ မီဒီယာတွေကို ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲကာလမှာ မြန်မာပြည်ထဲကိုလာရောက်ခွင့်ပြုတာ၊ လေ့လာခွင့်ပြုတာဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကိုသွားတဲ့လမ်းကြောင်းမှန်ဖြစ်တယ်လို့ပြောခဲ့ပါတယ်၊ ကျနော့်အနေနဲ့လည်းလွပ်လပ်ပြီးတရားမျှတလိမ့်မယ်လို့ယုံကြည်မှုရှိတယ်၊”ဟု အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ် က ပြောသည်။

မြန်မာပြည်ကို၎ရက်ကြာခရီးအဖြစ် ရောက်ရှိနေသောအာဆီယံအတွင်းရေးမှုးချုပ်အနေနဲ့ ဖေဖော်ဝါရီလ ၂၁ရက်နေ့မှာ မြန်မာသမ္မတဦးသိန်းစိန်တို့ဒီကနေ့ တွေ့ဆုံခဲ့ရာမှာ၊အာဆီယံအဖွဲ့ရဲ့ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ စေလွှတ်မယ်ဖို့ ကမ်းလှမ်းချက်ခဲခြင်းဖြစ်ကြောင်း ပြောသည်။

ထို့ပြင်၂၀၁၀ကြားဖြတ်ရွေးကောက်ပွဲကလည်းရန်ကုန်တွင်ရှိသောအာဆီယံနိုင်ငံများမှ သံတမန်များအား လေ့လာခွင့်ပြုရန်တောင်းဆို ခဲ့ဖူးကြောင်းပြောကြားသည်။

အာဆီယံအတွင်းရေးမှုးချုပ်ဆူရင်းပစ်ဆူဝမ်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နေ့နံနက် ၉နာရီ ခွဲမှ ၁၁ နာရီထိ တွေ့ဆုံခဲ့ပြီးနောက် ရှေ့ဆက်မဲ့ အာစီယံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေးခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်အစိုးရအဖွဲ့ကြားမှ ပြောင်းလဲမှုများနှင့် မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရေစီရေးဆောင်ရွက်ချက်တွေကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်က ပြောဆိုခဲ့သည်။

အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ် ဆူဝမ်က ဒေါ်အောင်ဆန်းစုကြည်အား MYANMAR-ASEAN CHAIR 2014 တံဆပ် ရိုက်နှိပ် ထားသော တီရှပ်အား အမှတ်တရ လက်ဆောင် အဖြစ် ဒေါက်တာ ဆူရင်က ဒေါ်အောင်ဆန်းစုကြည်သို့ ပေးအပ်ခဲ့သည်။

မေသင်္ကြန်သိန်း
မူရင်း ။ ။မြစ်မခ


သံဃာ့တပ်ပေါင်းစု ခေါင်းဆောင်ဆရာတော် အရှင်ဂမ္ဘီရအား အရေးယူဖမ်းဆီးခဲ့လျှင်



ယနေ့ထုတ် ကြံ့ဖွတ်သတင်းစာတွင် သံဃာ့တပ်ပေါင်းစုခေါင်းဆောင်ဆရာတော် အရှင်ဂမ္ဘီရအား အရေးယူမည်ဟု ရေးသားထားသည်။ ကြံ့ဖွတ် အရေခွံပြောင်း ဘောင်းဘီချွတ်အစိုးရ၏ သဘောထား ယုတ်ညံ့သေးသိမ်မှု အစစ်အမှန် သရုပ်သကန်ကို ဖွင့်လှစ်ပြသလိုက်ခြင်းပင်၊ အသုံးချခံ မဟန အမည်ခံ ကိုယ်တော်ကြီးများကလည်း ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးရဲ့ မျက်နှာတော်ကိုမှ မထောက်ထား သနားညှာတာမှုကင်းမဲ့စွာဖြင့် မဟန ရာထူးထိုင်ခုံတည်မြဲရေးတစ်ခုတည်းကိုသာ ရှေ့ ရှုပြီး အမှန်တရားကို မျက်ကွယ်ပြုနေကြပေပြီ။ အာဏာကို အလွန်အကျွံအသုံးချခြင်းသည် မြန်မာနိုင်ငံ၏ အာဏာရ လူတန်းစားများ၏ ၀ါဒတစ်ခုဖြစ်လာသည်။ ၄င်းဝါဒဆိုးများကို အမြစ်ပါမကျန်အောင် တွန်းလှန်တိုက်ဖျက်ပစ်နိုင်မှသာ မြန်မာနိုင်ငံသည် စစ်မှန်သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးဆိုသည့် လူ့ဘောင်သစ်တစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်ပေသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ အမှန်တရားနှင့် ငြိမ်းချမ်းရေးကို လိုလားတောင့်တနေသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများအဖို့ကတော့ လက်ရှိကြားသိ မြင်တွေ့နေရသည့် စိတ်မချမ်းမြေ့ဖွယ်ရာ သတင်းဆိုးများက ဒီမိုကရေစီစနစ်ကို အမှန်တကယ်လျှောက်လှမ်းနေပါပြီဟု လိပ်ခေါင်းထွက်မတတ်ပြောဆိုနေသော်လည်း မယုံရေးချမယုံကြည်စရာဖြစ်လာသည်။ အာဏာဆိုတာ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်ဖို့လား၊ တိုင်းပြည်နှင့်လူမျိုး အမျိုးဘာသာ သာသနာတော် ဖွံ့ဖြိုးတိုးတက်ရာ တိုးတက်ကြောင်းကို စွမ်းစွမ်းတမံလုပ်ဆောင်ဖို့လား စဉ်းစားဖို့ အချိန်တန်ပါပြီ။ အရှင်ဂမ္ဘီရကို ဖမ်းပြီးထောင်ထဲထည့်လိုက်လို့ ဒီလိုမျိုး ပြဿနာတွေ ငြိမ်းအေးသွားပြီဟု ထင်နေပါသလား၊ အဆိုးဖက်ကို ဦးတည်နေခြင်းသာဖြစ်ပေသည်။ ဆိုးဝါးမှုတွေဖြစ်အောင် တမင်ဖန်တီးလုပ်ဆောင်နေသူဟာ ဘယ်သူတွေလဲ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက မေးစရာမလိုဘဲ သိနေကြပြီ၊ ခါးတောင်းကျိုက်တစ်ခြား ဖင်တစ်ခြားဖြစ်နေသည့် လုပ်ရပ်များနှင့် စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးကို အဘယ်ကဲ့သို့ တည်ဆောက်နိုင်ပါအံ့နည်း လက်ရှိသမတကြီး ဦးသိန်းစိန်ကိုယ်တိုင် ဖြေရှင်းချက် ပေးစေချင်ပါသည်။

အရှင်ဂမ္ဘီရသည် သာသနာဘောင်တွင်နေထိုင်ပြီး အရက်သေစာသောက်စား၊ ဖဲရိုက်၊ မိန်းမရှုပ်၊ စီးပွားရေးလုပ်ကိုင်စားသောက်ပြီး ထင်တိုင်းကြဲနေသည့် အရည်းကြီးတို့လို ရဟန်းမျိုးမဟုတ်ပါ၊ အမှန်ကို အမှန်အတိုင်း အရှိကိုအရှိအတိုင်း မတရားမှု့ကို မတရားမှုအတိုင်း ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုပေးနေသူ ပရဟိတ အကျိုးဆောင် ရဟန်းကောင်း ရဟန်းမြတ် တစ်ပါးသာဖြစ်ပေသည်။ သူ၏ ကိုယ်ကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ပြုမှု ပြောဆိုလုပ်ကိုင်ဆောင်ရွက်နေခြင်းမဟုတ်ပါ၊ အများအကျိုး သာသနာတော်အကျိုးအတွက် ဖြစ်ထွန်းစေမည့် ပစ္စုပ္ပန်တွင် ဖြစ်ပျက်နေသည့် မကောင်းသည့် အကြောင်းတရားများကို အနာဂတ်ကောင်းကျိုးအတွက် ရည်ရွယ်၍ ပြောဆိုလုပ်ကိုင်နေခြင်းသာဖြစ်ပေသည်။ မဟနသည် ထိုအချက်ကို သဘောပေါက်ပါသော်လည်း သာသနာဖျက် လောက်ကောင် အာဏာရ ဆိုသူများ၏ ပြောသမျှ လုပ်သမျှတို့ကို ပုတ်သင်ညိုကဲ့သို့ ခေါင်းညိတ်ကာ အကုန်လုပ်ပေးနေရသော ကိုယ်တော်ကြီးများသာ ဖြစ်မှန်းမသိဖြစ်၍ နေပါပြီ။ (စစ်မှန်သည့် သီလ သမာဓိ ပညာနှင့် ပြည့်စုံသော ဆရာတော် သူတော်ကောင်းများမပါဝင်ပါ) ဗုဒ္ဓမြတ်စွာသည် အမှန်တရားကို ဟောကြားခဲ့ပြီး အမှန်တရားကို လိုက်နာကျင့်သုံးနေထိုင်တတ်အောင် သတ္တ၀ါတို့အား လမ်းညွန်ပြသတော်မူခဲ့သည်။ မဟန များသည် လမ်းမှားသို့ လိုက်ပြီး ဓမ္မကို အဓမ္မအဖြစ်သတ်မှတ်ပြီး ပြုမူလုပ်ဆောင်နေကြသည်မှာ သာသနာတော်ကြီးကို အတွင်းကနေ အချက်ကျကျဖျက်ဆီးနေသော တရားခံများအဖြစ်သို့ ရောက်ရှိနေသည်မှာ အလွန်မတန် ၀မ်းနည်းဖွယ်ကောင်းလေစွ။

ကြံ့ဖွတ်အရေခြုံ အရေခွံလဲ ကိုယ်ကျိုးရှာ တစ်ကိုယ်ကောင်းသမား ဆိုသူများက အာဏာကိုအလွဲသုံးစားလုပ်ပြီး ထင်တိုင်းကြဲနေကြသော မြန်မာပြည်ကြီးတွင် ဒီမိုကရေစီနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးများ ဆိပ်သုဉ်းနေဦးမည်သာဖြစ်သည်။ သမတကြီးဆိုသူ ဦးသိန်းစိန်သည် အစိုးရအဖွဲ့တွင် ကိုယ်ကျိုးရှာ အတ္တကြီးသူ လူလိုသူလို နားမလည်သူ၊ အာဏာကို အလွဲသုံးစားလုပ်သူများကို အလျှင်အမြန် အမြစ်ပါမကျန် ရှင်းထုတ်ပစ်နိုင်မှသာ ဒီမိုကရေစီ ပန်းတိုင်ကိုလျှောက်လှမ်းနိုင်မည်ဖြစ်ပေသည်။ ပြည်သူကို မလှိမ့်တစ်ပတ်နည်း အောက်တန်းကျသည့် နည်းများဖြင့် ဆက်လက်သွားနေဦးမည်ဆိုပါက နောက်ဆက်တွဲဖြစ်ပေါ်လာမည့်ပြဿနာများသည် တိုင်းပြည်အုပ်ချုပ်သူများအပေါ်တွင်သာ တာဝန်ယူဖြေရှင်းကြရမည်ဆိုသည်ကို အခုကတည်းက သဘောပေါက်ရမည့် အချိန်ကျရောက်နေပြီဖြစ်သည်။

အရှင်ဂမ္ဘီရအား ဖမ်းဆီးချုပ်နှောင် အရေးယူခဲ့လျှင် မြန်မာပြည်၏ အခြေအနေသည် အဆိုးဝါးဆုံးဖက်သို့ ဦးတည်သွားနေပြီဆိုတာကို ဦးသိန်းစိန် ဦးရွှေမန်းတို့အနေဖြင့် ကြိုတင် သတိမူအလေးဂရုပြုသင့်ထားအပ်ပေသည်။ အစိုးရအဖွဲ့အတွင်းမှ ယုတ်မာပက်စက် အကြံကြီး ဒေ၀ဒတ်လိုလူစားမျိုးဖြစ်သော စက်မှု(၁) အောင်သောင်း လို လောက်ကောင်ကိုလည်း အမြန်ဆုံး ရှင်းလင်းဖယ်ရှား အပြစ်ပေးအရေးယူသင့်နေပြီ ဆိုတာကိုလည်း ဦးသိန်းစိန် ဦးရွှေမန်းတို့ ကို တစ်ပါတည်း အသိပေးအပ်ပါသည်။

ရေးသူ မန္တလေးကျောင်းသား
မူရင်း ။။NLABR

Sunday, February 12, 2012

(၆၅)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အခမ်းအနား

https://mail-attachment.googleusercontent.com/attachment?ui=2&ik=6b1d9cd28b&view=att&th=13571fbe9321b7f1&attid=0.1&disp=inline&realattid=f_gyk6b3m60&safe=1&zw&saduie=AG9B_P-CFLOtwVKiWOFdpSVojB_k&sadet=1329061141466&sads=AwvrlmPIcbZ_zP-IF6m1kxCZxHY




















ယနေ့ ကျရောက်သော (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် ၁၃.၀၂.၂၀၁၂ နေ့တွင်ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အခမ်းအနာကို မလေးရှာနိုင်ငံ ဘလက်ကောင်းရှိ N L A B R Community Learning Center တွင် ကျင်းပခဲ့သည်၊ အခမ်းအနားကို ဒေသစံတော်ချိန် ၁၂.၀၀ နာရီတွင် စတင်ဖွင့်လှစ်ပြီး မလေးရှားနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လူငယ်) မှအတွင်းရေးမှူး ကျော်ကိုကိုကျော်မှအခန်းအနာမှူးအဖြစ်၎င်း ရှေးဦးစွာ အခမ်းအနားကျင်းပပြုလုပ်ရခြင်း အကြောင်းကို ကျောင်းအုပ်ဆရာ ဆရာမြတ်ကိုကို မှ အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ရွှေဝါရောင်ဆရာတော် အရှင်ဇာဂရက မျိုးဆက်သစ်တို့ လက်ဆင့်ကမ်းရမည့် အမွှေအနှစ်များအကြောင်းကိုလည်းကောင်း၊ ဦးဝင်းခက် (former founder of N L D)ကလည်း ကျောင်းသားကလေးသူငယ်လေးများကို ပြုစုပျိုးထောင်ပေးဖို့နှင့် အလင်္ကာစာပေတိုက် ပြန်လည်ဖွင့်လှစ်ရေးတို့ကို ထည့်သွင်းပြောကြားခဲ့သည်။ ယင်းနောက် အဖွဲ့အစည်းအသီးသီးမှ တက်ရောက်လာကြသူအပေါင်းတို့တွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ တာဝန်ခံ ကိုမင်းသိန်းနှင့် မမြသဇင်တို့မှလည်း ပြည်ထောင်စုနေ့၏ အနှစ်သာရနှင့် လူ့ဘောင်သစ် ဒီမိုကရစ်တစ်ပါတီ၏ သဘောထားထုတ်ပြန်ချက်တို့ကို အသီးသီးဖတ်ကြားခဲ့ကြသည်။

N L A B R Community Learnign Center တွင် တက်ရောက် ပညာသင်ယူနေကြသော ကျောင်းသား ကျောင်းသူလေးများက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကဗျာကို သံပြိုင်ရွတ်ဆိုခဲ့ကြပြီ ဗိုလ်ချုပ်အောင်ဆန်းအား မွေးနေ့အဖြစ် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ယင်းနောက် အဆိုတော် ထက်အောင်ရှိုင်းနှင့် သူငယ်ချင်းများက သူ၏ကိုယ်ပိုင် သီချင်းများဖြင့် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်းဂုဏ်ပြုအမှတ်တရ သီချင်းများကို သီဆိုပေးခဲ့ကြသည်။ ယင်းနောက် မလေးရှာ UNHCR မှ ကျန်မာရေးပညာပေးအကြောင်းသိကောင်းစရာများကို တက်ရောက်လာကြသည့် ပရိသတ်အပေါင်းတို့အားဟောပြောပေးခဲ့ကြသည်။ အခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၄.၀၀ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်းသတင်းရရှိပါသည်။

ဓါတ်ပုံအပြည့်အစုံအား
အောက်ပါ blog တွင် ဆက်လက်ကြည့်ရှူနိုင်ပါသည်။
http://www.nlabr.com/

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးခရီးစဉ်

ကြည်စု ကျေးရွာက ကရင်တိုင်းရင်းသားတွေရဲ့ အိုးစည်၊ ဗုံမောင်းတွေနဲ့ ကြိုဆိုနေကြတဲ့ မြင်ကွင်း..၊ ကျေးရွာနာမည်ကလည်း ကြည်စုကျေးရွာတဲ့...

အပြုံးပန်းဝေနေတဲ့ ပြည်သူတွေ...
ကော့မှူးမှာ ကြိုဆိုတာက တခြားမြို့တွေနဲ့ ကွာတာကတော့.. ကျေးရွာတွေက မိမိတို့ သက်ဆိုင်ရာ ရွာဆိုင်းဘုတ်လေးတွေ ကိုင်ပြီး ကြိုဆိုကြတာ ကြည်နှူးစရာပါ...။ နဝတ၊ နအဖလက်ထက် ဘာဖွင့်ပွဲ၊ ညာဖွင့်ပွဲတွေမှာ တအိမ်တယောက် မတက်မနေရ ဆိုင်းဘုတ်တွေကိုင်၊ ကြွေးကြော်သံတွေတိုင် နေပူကြဲတဲမှာထိုင်၊ ငိုင်နေကြရတဲ့ ပြည်သူတွေနဲ့ ကွာပါ့ဗျာ..။
ကော့မှူးက အဖိုးမြစ် အမေ့မြေးတွေ ဆိုင်းဘုတ်ကိုင်ပြီး ကြိုဆိုနေကြတဲ့ အဖေ့သွေး အဖေ့စိတ် ပိုစတာကိုင်ထားတဲ့ သဘာဝပုံလေး
ရဲဘော် သုံးကျိပ်နဲ့ BIA တပ်သားတွေ တနသာင်္ရီတိုင်းကနေ ဗမာပြည်တပြည်လုံးကို သိမ်းသလို အမေစုနဲ့ ပြည်သူတွေ ခွပ်ဒေါင်းအလံတွေ ကိုင်ပြီး တမြို့ပြီး တမြို့ သိမ်းလာတာ မြင်တဲ့အတိုင်းပဲ.. သေနတ်တချက် မဖောက်ရပဲ အပြုံးမျက်နှာတွေနဲ့ မိုက်တခုကိုင်ပြီး သိမ်းလာလိုက်တာ အောက်မြန်မာပြည်တော့ ကုန်ပြီ... ကမ္ဘာကလည်း သိကုန်ပြီ..။ ကဲ ကလေးတွေ ပြောသလို ပြောလိုက်ပါတော့မယ်။ ကစားမလား နားမလားလို့.....

ဓာတ်ပုံများက ပြောတဲ့ ပြည်သူ့စကားသံတွေကို အရှိကို အရှိအတိုင်း ခံစားရေးသားလိုက်ပါတယ်..။
မူရင်း။။ဒီမိုဝေယံ