Sunday, February 12, 2012

(၆၅)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အခမ်းအနား

https://mail-attachment.googleusercontent.com/attachment?ui=2&ik=6b1d9cd28b&view=att&th=13571fbe9321b7f1&attid=0.1&disp=inline&realattid=f_gyk6b3m60&safe=1&zw&saduie=AG9B_P-CFLOtwVKiWOFdpSVojB_k&sadet=1329061141466&sads=AwvrlmPIcbZ_zP-IF6m1kxCZxHY




















ယနေ့ ကျရောက်သော (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် ၁၃.၀၂.၂၀၁၂ နေ့တွင်ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အခမ်းအနာကို မလေးရှာနိုင်ငံ ဘလက်ကောင်းရှိ N L A B R Community Learning Center တွင် ကျင်းပခဲ့သည်၊ အခမ်းအနားကို ဒေသစံတော်ချိန် ၁၂.၀၀ နာရီတွင် စတင်ဖွင့်လှစ်ပြီး မလေးရှားနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လူငယ်) မှအတွင်းရေးမှူး ကျော်ကိုကိုကျော်မှအခန်းအနာမှူးအဖြစ်၎င်း ရှေးဦးစွာ အခမ်းအနားကျင်းပပြုလုပ်ရခြင်း အကြောင်းကို ကျောင်းအုပ်ဆရာ ဆရာမြတ်ကိုကို မှ အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ရွှေဝါရောင်ဆရာတော် အရှင်ဇာဂရက မျိုးဆက်သစ်တို့ လက်ဆင့်ကမ်းရမည့် အမွှေအနှစ်များအကြောင်းကိုလည်းကောင်း၊ ဦးဝင်းခက် (former founder of N L D)ကလည်း ကျောင်းသားကလေးသူငယ်လေးများကို ပြုစုပျိုးထောင်ပေးဖို့နှင့် အလင်္ကာစာပေတိုက် ပြန်လည်ဖွင့်လှစ်ရေးတို့ကို ထည့်သွင်းပြောကြားခဲ့သည်။ ယင်းနောက် အဖွဲ့အစည်းအသီးသီးမှ တက်ရောက်လာကြသူအပေါင်းတို့တွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ တာဝန်ခံ ကိုမင်းသိန်းနှင့် မမြသဇင်တို့မှလည်း ပြည်ထောင်စုနေ့၏ အနှစ်သာရနှင့် လူ့ဘောင်သစ် ဒီမိုကရစ်တစ်ပါတီ၏ သဘောထားထုတ်ပြန်ချက်တို့ကို အသီးသီးဖတ်ကြားခဲ့ကြသည်။

N L A B R Community Learnign Center တွင် တက်ရောက် ပညာသင်ယူနေကြသော ကျောင်းသား ကျောင်းသူလေးများက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကဗျာကို သံပြိုင်ရွတ်ဆိုခဲ့ကြပြီ ဗိုလ်ချုပ်အောင်ဆန်းအား မွေးနေ့အဖြစ် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ယင်းနောက် အဆိုတော် ထက်အောင်ရှိုင်းနှင့် သူငယ်ချင်းများက သူ၏ကိုယ်ပိုင် သီချင်းများဖြင့် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်းဂုဏ်ပြုအမှတ်တရ သီချင်းများကို သီဆိုပေးခဲ့ကြသည်။ ယင်းနောက် မလေးရှာ UNHCR မှ ကျန်မာရေးပညာပေးအကြောင်းသိကောင်းစရာများကို တက်ရောက်လာကြသည့် ပရိသတ်အပေါင်းတို့အားဟောပြောပေးခဲ့ကြသည်။ အခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၄.၀၀ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်းသတင်းရရှိပါသည်။

ဓါတ်ပုံအပြည့်အစုံအား
အောက်ပါ blog တွင် ဆက်လက်ကြည့်ရှူနိုင်ပါသည်။
http://www.nlabr.com/

0 ယောက် အကြံပြုထားပါသည်:

Post a Comment