Wednesday, February 22, 2012

နိုင်ငံတကာမှ လိုလားနေသော အာမခံချက်များ ဖြစ်ပေါ်စေရန် ဆောင်ရွက်ပြီး မြန်မာဟာ အာစီယံဥက္ကဋ္ဌ အဖြစ် ထိုက်တန်သည်ဟု နိုင်ငံတကာကို ပြသစေလိုကြောင်း အာစီယံအတွင်းရေ


မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာမှလိုလားနေသောအာမခံချက်များ ဖြစ်ပေါ်စေရန် ဆောင်ရွက်ပြီး ၂၀၁၄ ခုနှစ်တွင် တာဝန်ယူခွင့် ရမည့် အာဆီယံ ဥက္ကဋ္ဌအဖြစ် ထိုက်တန်သည်ဟု နိုင်ငံတကာကို ပြသစေလိုကြောင်းအာစီယံအတွင်းရေးမှူးမှ အစိုးရအဖွဲ့အား ပြောကြားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းအတွင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသည်။

ထို့ပြင် အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ် က ဧပြီလ၁ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲတွင်အာဆီယံရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ကို လက်ခံရန် လေးလေးနက်နက်စဉ်းစားလိမ့်မည်ဟု မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်က ပြောကြားခဲ့သောကြောင့် ၀မ်းသာမျှော်လင့်မိကြောင်း၊ကြားဖြတ်ရွေးကောက်ပွဲဟာလွပ်လပ်ပြီးတရားမျှတလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မှုရှိကြောင်း ပြောဆိုခဲ့သည်။

“ နိုင်ငံတကာလေ့လာတဲ့သူတွေနဲ့ နိုင်ငံတကာ မီဒီယာတွေကို ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲကာလမှာ မြန်မာပြည်ထဲကိုလာရောက်ခွင့်ပြုတာ၊ လေ့လာခွင့်ပြုတာဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကိုသွားတဲ့လမ်းကြောင်းမှန်ဖြစ်တယ်လို့ပြောခဲ့ပါတယ်၊ ကျနော့်အနေနဲ့လည်းလွပ်လပ်ပြီးတရားမျှတလိမ့်မယ်လို့ယုံကြည်မှုရှိတယ်၊”ဟု အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ် က ပြောသည်။

မြန်မာပြည်ကို၎ရက်ကြာခရီးအဖြစ် ရောက်ရှိနေသောအာဆီယံအတွင်းရေးမှုးချုပ်အနေနဲ့ ဖေဖော်ဝါရီလ ၂၁ရက်နေ့မှာ မြန်မာသမ္မတဦးသိန်းစိန်တို့ဒီကနေ့ တွေ့ဆုံခဲ့ရာမှာ၊အာဆီယံအဖွဲ့ရဲ့ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ စေလွှတ်မယ်ဖို့ ကမ်းလှမ်းချက်ခဲခြင်းဖြစ်ကြောင်း ပြောသည်။

ထို့ပြင်၂၀၁၀ကြားဖြတ်ရွေးကောက်ပွဲကလည်းရန်ကုန်တွင်ရှိသောအာဆီယံနိုင်ငံများမှ သံတမန်များအား လေ့လာခွင့်ပြုရန်တောင်းဆို ခဲ့ဖူးကြောင်းပြောကြားသည်။

အာဆီယံအတွင်းရေးမှုးချုပ်ဆူရင်းပစ်ဆူဝမ်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နေ့နံနက် ၉နာရီ ခွဲမှ ၁၁ နာရီထိ တွေ့ဆုံခဲ့ပြီးနောက် ရှေ့ဆက်မဲ့ အာစီယံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေးခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်အစိုးရအဖွဲ့ကြားမှ ပြောင်းလဲမှုများနှင့် မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရေစီရေးဆောင်ရွက်ချက်တွေကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်က ပြောဆိုခဲ့သည်။

အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ် ဆူဝမ်က ဒေါ်အောင်ဆန်းစုကြည်အား MYANMAR-ASEAN CHAIR 2014 တံဆပ် ရိုက်နှိပ် ထားသော တီရှပ်အား အမှတ်တရ လက်ဆောင် အဖြစ် ဒေါက်တာ ဆူရင်က ဒေါ်အောင်ဆန်းစုကြည်သို့ ပေးအပ်ခဲ့သည်။

မေသင်္ကြန်သိန်း
မူရင်း ။ ။မြစ်မခ


0 ယောက် အကြံပြုထားပါသည်:

Post a Comment