Monday, February 27, 2012

နိုင်ငံဖခင် ပုံရိပ်စစ်အား ပြန်ချိတ်ကြပါစို့ 

ဘယ်တိုင်းဋ္ဌာနေ
မျှော်ရည်ကာကြည့်
သူ့ ကျွှန်မခံ
ကိုယ့်တိုင်းနိုင်ငံ
လွတ်မြောက်ခြင်းမှ
စံတင်ပုဂ္ဂိုလ်
စွမ်းဆောင်ရှင်အား
တိုင်းတပါးနဲ့ 
နှောင်းလူငယ်တို့ 
သိစိမ့်ခြင်းငှာ
ပြည်သူသုံးစွဲ
ငွေကြေးမြတ်ဍ်
သွန်းလောင်းခတ်နှိပ်
ဂုဏ်ပြုလေ၏........၊
ဒီမင်းမကောင်း
နောက်မင်းပြောင်းအံ့
နောက်မင်းရင်ထက်
ဆိုးဘိခြင်းဟု
ယိုးစွတ်ကင်းအောင်
မြန်စွာပြောင်းလဲ
ပြုပြင်ခြင်းဖြင့်
ဗိုလ်ချုပ်ဖခင်
သခင်အောင်ဆန်း
ပုံရိပ်စစ်အား
ထာဝရတိုင်
ဦးညွတ်ရင်းဇြင့်.........၊
သမိုင်းဆိုးမှ
လွတ်မြောက်ကယ်တင်
စိတ်ရင်းမှန်ဖြင့်
အရည်သွေးလှ
ပြည်တန်မြဟု
မှတ်ကျောက်တင်ရင်း
သမိုင်းသစ်တင်
မော်ကွန်းတင်လျှက်......၊
ဋ္ဌာနပေါင်းစုံ
ကျောင်းဆေးရုံနဲ့ 
အိုးအိမ်တိုက်တာ
စစ်တက္က္ကသိုလ်ဍ်
ပြန်ကာချိတ်လို့ 
နိုင်ငံဖခင်
ပုံရိပ်ရှင်အား
ဦးညွတ်ထာဝရ
ပြုကြပါစို့ .......၊၊


                      လူသစ်(အမရပူရ)




1 ယောက် အကြံပြုထားပါသည်:

Co2zeиith said...

ရောက်တာ နဲ့ စတော့တာပဲ

လေးစားပါတရ် ဘိုမူး

Post a Comment