Monday, May 28, 2012

အိန္ဒိယ၀န်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစတင်


အိန္ဒိယ၀န်ကြီးချုပ် Manmohan Singh ဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာတရားဝင်ခရီးစဉ်ကို ဒီနေ့ စတင်လိုက်ပြီး သူ့ခရီးစဉ်အတွင်းကုန်သွယ်ရေးနဲ့သံတမန်ရေးပူးပေါင်းဆောင်ရွက်မှုခိုင်မာအားကောင်းအောင်ဆောင်ရွက်နိုင်မယ်လို့မျှော်လင့်တဲ့အကြောင်း ပြောကြားလိုက်ပါတယ်။

၁၉၈၇ ခုနှစ်နောက်ပိုင်း အိန္ဒိယ၀န်ကြီးချုပ် တစ်ဦးရဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပြီးသူဟာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်ပိုင်းတွေမှာအိန္ဒိယအစိုးရဟာ မြန်မာစစ်အစိုးရနဲ့အေးတိအေးစက်ဆက်ဆံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပွင့်ပွင့်လင်းလင်းထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ဝန်ကြီးချုပ်ManmohanSinghဟာမြန်မာနိုင်ငံပေါ်ထားရှိတဲ့မူဝါဒကို တဆစ်ချိုး ပြောင်းလိုက်ပြီးစစ်ခေါင်းဆောင်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေကို၂၀၁၀မှာအိန္ဒိယနိုင်ငံကိုဖိတ်ခေါ်ခဲ့ပါတယ်။

အခု ခရီးစဉ်မစခင်မှာလည်း အိန္ဒိယ၀န်ကြီးချုပ်က မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အားကောင်းရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး၊ connectivityလို့ခေါ်တဲ့ နှစ်နိုင်ငံချင်း ဆက်သွယ်မှု တိုးတက်ရေးနဲ့ လူသားစွမ်းရည်နဲ့ စွမ်းဆောင်နိုင်ရည် တည်ဆောက်ရေး ကဏ္ဍတွေမှာ ပါဝင် ဆောင်ရွက်လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာ့သဘာဝဓာတ်ငွေ့တူးဖော်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးထားပြီးဆိပ်ကမ်းတွေနဲ့ မြန်မာနိုင်ငံက လမ်းတံတား၊အဆောက်အဦးစတဲ့အခြေခံကျတဲ့စီမံချက်တွေမှာအိန္ဒိယကုမ္ပဏီတွေပါဝင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
(ဓာတ်ပုံ- AFP- ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံကို ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်ကို အိန္ဒိယ၀န်ကြီးချုပ် Manmohan Singh ကြိုဆိုနှုတ်ဆက်နေသည့် မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။)

Friday, May 25, 2012

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်လိုက်ပါတယ်။

အမေရိကန်နိုင်ငံ မေရီလန်ပြည်နယ်မှာရှိတဲ့ Johns Hopkins တက္ကသိုလ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်လိုက်ပါတယ်။

မေလ၂၄ရက်နေ့မနက်ကကျင်းပတဲ့JohnsHopkinsတက္ကသိုလ်ရဲ့ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်ကမ္ဘာ့စီးပွားရေးနိုဘယ်လ်ဆုရှင်AmartyrSenနဲ့စုစုပေါင်း၅ဦးကိုဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်ခဲ့တာပါ။

အခမ်းအနားဖွင့်လှစ်ပြီးမကြာခင်မှာပဲကြိုတင်ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ကနေတဆင့်ဘွဲ့နှင်းသဘင်ကိုတက်ရောက်ကြတဲ့ ထောင်ချီတဲ့ ပရိသတ် ကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

"ဒီဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကိုချီးမြင့်လိုက်ခြင်းဟာလူသားတွေအကျိုးအတွက်တာဝန်ထမ်း ဆောင်ဖို့ မျှော်လင့်ပြီး ပေးအပ်လိုက်တယ်လို့ ကျမခံယူပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ထွန်းကားဖို့ အတွက် ကျမရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ပေးအပ်တဲ့ ဘွဲ့လို့လည်း ခံယူပါတယ်။ လူ့အခွင့်အရေး ရရှိရေးအတွက် ကျမတို့ရဲ့ ကြိုးပမ်းမှုတွေ အောင်မြင်မှု ရခါစ ကနဦးကာလတွေလို့ လက်ရှိ မြန်မာနိုင်ငံကအခြေအနေကို ပြောနိုင်ပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် တက်ရောက်ကြတဲ့ ပရိသတ်ကို ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်စားJohnsHopkinsတက္ကသိုလ်Bloomberg ပြည်သူ့ကျမ္မာရေး စောင့်ရှောက်မှုကျောင်းကနိုင်ငံတကာ အေအိုင်ဒီအက်စ် ရောဂါဆိုင်ရာ သုတေသနဌာန အကြီးအကဲ ပါမောက္ခ Dr. Chris Beyrer က ပါရဂူဘွဲ့ကို လက်ခံယူခဲ့ပါတယ်။

JohsHopkinsတက္ကသိုလ်ကDr.ChrisBeyrerဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အန်အယ်လ်ဒီရုံးချုပ်မှာHIV/AIDS ပညာပေးရေးအလုပ်ရုံ ဆွေးနွေးပွဲတခုကို ပြုလုပ်ပေးခဲ့ဖူးပြီးအဲဒီလိုလုပ်ငန်းတွေကြောင့်လူငယ်အတော်များများဟာ HIV/AIDSပညာပေးရေးနဲ့ ဝေဒနာရှင်တွေ စောင့်ရှောက်ရေးမှာအားတက်သရောပါဝင်လာကြတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာဘွဲ့ရအလုပ်လက်မဲ့တွေများနေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံက တက္ကသိုလ်ပညာရေးဟာလူငယ်တွေအလုပ်ရအောင်အာမခံချက် ပေးနိုင်တဲ့ပညာရေးစနစ်အဆင့်မဟုတ်သေးကြောင်းလည်း ပြောပါတယ်။

ပညာရေးနဲ့လူငယ်တွေဟာ မြန်မာနိုင်ငံရဲ့အနာဂတ် ဖြစ်တာကြောင့်JohnsHopkinsလိုနာမည်ကြီး ကျောင်းတွေမှာ မြန်မာနိုင်ငံသား လူငယ်တွေအတော်များများပညာသင်ကြားနိုင်မယ့်အနာဂတ်ကိုကျမအနေနဲ့ မျှော်လင့်ပါတယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းခဲ့ပါတယ်။

Thursday, May 24, 2012

ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တက်မည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် သီတင်းပတ်အတွင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားရောက်ဖို့ရှိတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ထုတ်ဖော်ပြောကြားလိုက် ပါတယ်။

အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “ဟိုဘက်က အစီအစဉ်တော့မသိပါဘူး။ ဒီကနေ ၂၈ ရက်နေ့ ထွက်မယ်။ ကမ္ဘာ့စီးပွားရေး ဖိုရမ်တက်မှာပါ” လို့ ပြောပါတယ်။

၂၁ ကြိမ်မြောက် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မေ ၃၀ ကနေ ဇွန် ၁ ရက်အထိ ကျင်းပဖို့ အစီအစဉ်ရှိနေတာပါ။

ဒီအစည်းအဝေးပွဲမှာ အာဆီယံနဲ့ အာရှဒေသက အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေ အာရှစီးပွားရေးကို ဦးဆောင်နေတဲ့ ကုမ္ပဏီအကြီးအကဲတွေ တက်ရောက်ဖို့ရှိပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ အပြောင်း အလဲတွေဟာ ဒေသတွင်းနဲ့ ကမ္ဘာအတွက် ဘယ်လိုသက်ရောက်မှုရှိမလဲ ဆိုတဲ့အကြောင်းအရာကို “မြန်မာရဲ့ ကတိက၀တ်နဲ့ အနာဂတ်” ခေါင်းစဉ်နဲ့ ထည့်သွင်းဆွေးနွေးဖို့ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ထိုင်းနိုင်ငံခရီးစဉ်မှာဘယ်နှရက်ကြာမယ်ဆိုတာမသိရသေးတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံ ပြန်လာပြီးမှ ဇွန်လလယ်လောက်မှာသွားဖို့ စီစဉ်ထားတဲ့ဥရောပခရီးစဉ်တွေထွက်ခွာမယ်လို့အန်အယ်လ်ဒီပါတီက ပြောပါတယ်။

ဒါဟာ နှစ်ပေါင်း၂၄ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်ဖွယ်ရှိပြီး ပြည်ပမှာကျင်းပတဲ့ နိုင်ငံတကာ အစည်းအဝေးတွေမှာ ပထမဆုံး ပါဝင်တက်ရောက်မှုလည်း ဖြစ်ပါတယ်။

ပီတာအောင် DVB

Sunday, May 20, 2012

အမေ့ ကိုစေတနာတွေ ပေးဆပ်ကြရအောင်.......


ဓါတ်ပုံ Robert aung

အမေ့ ကိုစေတနာတွေ ပေးဆပ်ကြရအောင်....... ကျွန်တော်တို့ အားလုံးရဲ့  ပြည်သူ့ အမေ ရှေ့ဆောင်လမ်းပြ မီးရှူးတဆောင် အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန
်းစုကြည် အား ကျွုနုပ်တို့  မှ အမေ ဒေါ်အောင်ဆန်းစုကြည် အားဝမ်းပန်းတသာ ကြိုဆိုနှုတ်ခွန်းဆက်သ အပ်ပါသည်။မြန်မာနိုင်ငံ ဒီမိုကရေစီ သမိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေးဦးဆောင်မှု၊အမျိုးသားရေးဦးတည်ချက်များ၊အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ဦးဆောင်မှုများအောက်တွင် ကျွုနုပ်တို့ ရပ်တည်ချက် သည် ဦးလည်မသုန် အခိုင်အမာ နာခံလျှက်ရှိပါသည်။ အမေစုရဲ့ မည်သူတဦးတယောက်မျှ ပိုင်ဆိုင်မှုမရှိသေးသောအရည်အချင်းများကိုအမေစုအားသိစေလိုပါသည်။ထိုအကြောင်းအရာများကို စစ်အစိုးရကယနေ့ ထက်တိုင်အောင် အင်မတန်မှကြောက်ရွံ့ နေပါတယ်။ ၁.အမှန်တရားအတွက် အမေစု ဟာ ကြောက်ရွံ့ ခြင်းမှကင်းဝေးရေး ၂. မေတ္တာ၊ ၃. နူးညံ့သိမ်မွေ့မှု၊ ၄ .လူသားဆန်မှု၊ လွတ်လပ်ခြင်းရဲ့ အနှစ်သာရနှင့် ၅.လူသားအားလုံးရဲ့ချစ်မြတ်နိုးမှုကို ကိုင်စွဲထားနိုင်တဲ့ သူပါ။ မြန်မာနိုင်ငံမှာ အမှန်တရားအတွက် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီထွန်းကားရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ရာမှာအမေ့မှာရှိနေတဲ့ အမေ့ရဲ့  ပင်ကိုယ် အရည်အသွေးမျာနှင့်ခေါင်းဆောင်မှုကိုပေးဆပ်နိုင်တာဟာ အမေတယောက်ဘဲရှိတယ်လို့  သားတိုယနေ့ ထက်ထိမြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ပန်းတိုင်သို့ လူထုတရပ်လုံးနှင့်အတူ မှန်ကန်သော နည်းလမ်းဖြင့် ချီတက်ရန်အတွက် ပြည်သူများ မပါဝင်ပဲ မည်သည့်ကိစ္စမျှ ပြီးနိုင်မည် မဟုတ်သောကြာင့် ဒီမိုကရေစီအရေးတွင် ပြည်သူတို့က ဝိုင်းဝန်းကြိုးပမ်းသည့် နည်းလမ်းကသာ မှန်ကန်သည်၊ ဤသို့သောစိတ်ဓါတ်ဖြင့် ကြိုးပမ်းသွားကြရမည်ဟုလူထုမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ထည့်သွင်းပြောကြားသွားသည်။ ဤမျှတန်ဖိုးရှိလှသော လမ်းညွှန်ချက်ကို ပြောဆိုသွားသည့် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့ဒီမိုကရေစီအရေး အတွက် နှစ်ပေါင်းများစွာ စိတ်ဓါတ်မကျပဲ လူထုနှင့်အတူ ပန်းတိုင်ရောက်အောင် ကြိုးစားနေသော ဒေါ်အောင်ဆန်းစုကြည်အား ကျွုနုပ်တို့  မှ တခဲနက် ကြိုဆိုထောက်ခံအပ်ပါသည်။ မင်္ဂလာရှိတဲ့ မနက်တိုင်းမှာ ရေးထိုးကြရမယ့် ကျွန်တော်တို့ တတွေရဲ့ သမိုင်းတွေ အစဉ်အမြဲလှပနေဖို့ အတွက် လူအချင်းချင်း ချစ်ခင်ကြဖို့  လေးစားကြဖို့  ချစ်ခင်စွာ ပေါင်းသင်းကြဖို့ ကို ညှာတာသနားပြီး စာနာမှုများစိတ်ကလေးတွေတဲ့ အမေ့ခေါင်းဆောင်မှုကိုခံယူပြီး အကြင်နာ လက်ကလေးများနှင့်အမေသွားမဲ့ နိုင်ငံခြား ခရီးစဉ်မှာ မုဒိတာနှလုံးသားများပွားများပြီးအမေ့ကို ထာဝရထောက်ခံသွားကြရင်း နှလုံးကောင်းသွင်းကြပြီး ခေတ်သစ်ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်ကာ ကြိုဆိုကြစေလိုကြောင်းရေးသားတင်ပြအပ်ပါတယ်။ ကိုထွန်းဝေ ဂျပန်
အမေ့ ကိုစေတနာတွေ ပေးဆပ်ကြရအောင်....... ကျွန်တော်တို့ အားလုံးရဲ့  ပြည်သူ့ အမေ ရှေ့ဆောင်လမ်းပြ မီးရှူးတဆောင် အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန
်းစုကြည် အား ကျွုနုပ်တို့  မှ အမေ ဒေါ်အောင်ဆန်းစုကြည် အားဝမ်းပန်းတသာ ကြိုဆိုနှုတ်ခွန်းဆက်သ အပ်ပါသည်။မြန်မာနိုင်ငံ ဒီမိုကရေစီ သမိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေးဦးဆောင်မှု၊အမျိုးသားရေးဦးတည်ချက်များ၊အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ဦးဆောင်မှုများအောက်တွင် ကျွုနုပ်တို့ ရပ်တည်ချက် သည် ဦးလည်မသုန် အခိုင်အမာ နာခံလျှက်ရှိပါသည်။ အမေစုရဲ့ မည်သူတဦးတယောက်မျှ ပိုင်ဆိုင်မှုမရှိသေးသောအရည်အချင်းများကိုအမေစုအားသိစေလိုပါသည်။ထိုအကြောင်းအရာများကို စစ်အစိုးရကယနေ့ ထက်တိုင်အောင် အင်မတန်မှကြောက်ရွံ့ နေပါတယ်။ ၁.အမှန်တရားအတွက် အမေစု ဟာ ကြောက်ရွံ့ ခြင်းမှကင်းဝေးရေး ၂. မေတ္တာ၊ ၃. နူးညံ့သိမ်မွေ့မှု၊ ၄ .လူသားဆန်မှု၊ လွတ်လပ်ခြင်းရဲ့ အနှစ်သာရနှင့် ၅.လူသားအားလုံးရဲ့ချစ်မြတ်နိုးမှုကို ကိုင်စွဲထားနိုင်တဲ့ သူပါ။ မြန်မာနိုင်ငံမှာ အမှန်တရားအတွက် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီထွန်းကားရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ရာမှာအမေ့မှာရှိနေတဲ့ အမေ့ရဲ့  ပင်ကိုယ် အရည်အသွေးမျာနှင့်ခေါင်းဆောင်မှုကိုပေးဆပ်နိုင်တာဟာ အမေတယောက်ဘဲရှိတယ်လို့  သားတိုယနေ့ ထက်ထိမြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ပန်းတိုင်သို့ လူထုတရပ်လုံးနှင့်အတူ မှန်ကန်သော နည်းလမ်းဖြင့် ချီတက်ရန်အတွက် ပြည်သူများ မပါဝင်ပဲ မည်သည့်ကိစ္စမျှ ပြီးနိုင်မည် မဟုတ်သောကြာင့် ဒီမိုကရေစီအရေးတွင် ပြည်သူတို့က ဝိုင်းဝန်းကြိုးပမ်းသည့် နည်းလမ်းကသာ မှန်ကန်သည်၊ ဤသို့သောစိတ်ဓါတ်ဖြင့် ကြိုးပမ်းသွားကြရမည်ဟုလူထုမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ထည့်သွင်းပြောကြားသွားသည်။ ဤမျှတန်ဖိုးရှိလှသော လမ်းညွှန်ချက်ကို ပြောဆိုသွားသည့် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့ဒီမိုကရေစီအရေး အတွက် နှစ်ပေါင်းများစွာ စိတ်ဓါတ်မကျပဲ လူထုနှင့်အတူ ပန်းတိုင်ရောက်အောင် ကြိုးစားနေသော ဒေါ်အောင်ဆန်းစုကြည်အား ကျွုနုပ်တို့  မှ တခဲနက် ကြိုဆိုထောက်ခံအပ်ပါသည်။ မင်္ဂလာရှိတဲ့ မနက်တိုင်းမှာ ရေးထိုးကြရမယ့် ကျွန်တော်တို့ တတွေရဲ့ သမိုင်းတွေ အစဉ်အမြဲလှပနေဖို့ အတွက် လူအချင်းချင်း ချစ်ခင်ကြဖို့  လေးစားကြဖို့  ချစ်ခင်စွာ ပေါင်းသင်းကြဖို့ ကို ညှာတာသနားပြီး စာနာမှုများစိတ်ကလေးတွေတဲ့ အမေ့ခေါင်းဆောင်မှုကိုခံယူပြီး အကြင်နာ လက်ကလေးများနှင့်အမေသွားမဲ့ နိုင်ငံခြား ခရီးစဉ်မှာ မုဒိတာနှလုံးသားများပွားများပြီးအမေ့ကို ထာဝရထောက်ခံသွားကြရင်း နှလုံးကောင်းသွင်းကြပြီး ခေတ်သစ်ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်ကာ ကြိုဆိုကြစေလိုကြောင်းရေးသားတင်ပြအပ်ပါတယ်။

ကိုထွန်းဝေ ဂျပန်

Friday, May 18, 2012

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုသစ်တွေ ခွင့်ပြုလိုက်ကြောင်း အမေရိကန် ကြေညာ


မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ အရေးယူထားတဲ့ ငွေကြေး ၀န်ဆောင်မှု လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ မလုပ်ဖို့တားမြစ်ထားတွေကိုလျော့ပေါ့ပေးလိုက်ကြောင်း အမေရိကန် သမ္မတ က မနေ့က ကြေညာချက်
ထုတ်ပြန် လိုက်ပါတယ်။

နှစ်နိုင်ငံစီးပွားရေးဆိုင်ရာပူပေါင်းဆက်ဆံရေးလမ်းပွင့်လာတာဟာ မြန်မာအစိုးရတွင်းက ပြုပြင် ပြောင်းလဲလိုသူတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေကိုအထောက်အကူ ပြုနိုင်ဖို့အတွက်အဓိကအရေးပါကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

အခုလိုအမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေးအခန်းကဏ္ဍသစ်ဖွင့်လှစ်လိုက်တာနဲ့ပတ်သက်လို့အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်တို့ပူးတွဲသတင်းစာရှင်းလင်းပွဲမနေ့ကကျင်းပခဲ့ပါတယ်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေတားမြစ်ထားတာကိုဆိုင်းငံ့လိုက်ပေမဲ့ ပြောင်းလဲတိုးတက်မှုတွေ
နောက်ပြန်လှည့် လာတာမျိုး မရှိအောင်၊ ပိတ်ဆို့မှု ဥပဒေတွေကတော့ ဆက်လက်ထားရှိမှာ ဖြစ်တယ် လို့ မစ္စစ် ကလင်တန်က ပြောပါတယ်။ ဒါ့ပြင် အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအတွက် ပြဌာန်းထားတဲ့ ဥပဒေတွေထဲက သင့်တော်တဲ့ အချက်တွေကို ဆက်ပြီးထိန်းထားအုံးမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းတွေကို ချဲ့ထွင်သွားနိုင်ရေး အမြန်ဆုံး ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ် လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ဆိုင်းငံ့လိုက်ပေမဲ့ အရပ်သား အုပ်ချုပ်ရေးစနစ် အပြည့်အ၀ အကောင်အထည် မဖေါ်နိုင်သေးတာကြောင့် လက်နက်ရောင်းဝယ်တာတွေကိုတော့ ဆက်လက် ပိတ်ပင်ထားဆဲ
ဖြစ်တယ်လို့ မစ္စစ်ကလင်တန်က ပြောပါတယ်။

ဒါ့အပြင် မြောက်ကိုးရီးယားနဲ့စစ်ရေးအရဆက်ဆံမှုတွေကိုရပ်ဆိုင်းမှာဖြစ်တယ်လို့သမ္မတဦးသိန်းစိန်ရဲ့ ပြောဆိုချက်ကိုလည်း
ကျေနပ်အားရမိတယ်လို့အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကလင်တန်ကသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
RFA-Burmese

Thursday, May 17, 2012

ကိုဇာဂနာ အင်တာဗျူး နောက်ဆုံး ရုပ်ရှင် ရိုက်ကူးမှူ။ ရုပ်/သံ

video

ကိုဇာဂနာ အင်တာဗျူး နောက်ဆုံး ရုပ်ရှင် ရိုက်ကူးမှူ။ နိုင်ငံရေး အကျဉ်းသား ကူညီမှူနဲ့ သမတ က ပြည်ပရောက်တွေနဲ့ ပြည်တွင်း နိုင်ငံရေး အကျဉ်းသားတွေကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဘို့ ကိုဇာဂနာမှ တောင်းဆိုလိုက်။

by;DVB TV News

Tuesday, May 15, 2012

ဒေါ်အောင်ဆန်းစုကြည်နဲ့တောင်ကိုရီးယားသမ္မတတို့တွေ့ဆုံ..ရုပ်/သံ


video

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နဲ့ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှာရှိတဲ့ ဆီဒိုနားဟိုတယ်မှာ တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်။ မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ နားလည်မယ်လို့ မျှော်လင့်ကြောင်းနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ပြင်ဆင်နေပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေအတွက် နှစ်ဆတိုး ထောက်ခံသွားမှာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ပြောကြားခပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို လိုချင်သလို ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုတို့ကိုပါ လိုအပ်ကြောင်း ပြည်သတွေရဲ့ လုပ်ပိုင်ခွင့်ရရှိမှုဟာ် စစ်မှန်တဲ့ဒီမိုကရေစီအတွက် အရေးကြီးကြောင်း၊ ပြည်သတွေအနေနဲ့ အနာဂတ်ဟာ ပြည်သူတွေရဲ့ လက်ထဲမှာသာရှိနေတယ်ဆိုတာကိုနားလည်ဖို့ အခုချိန်မှာ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။


by Burma VJ Media Network's