Monday, November 29, 2010

ဝန်းရံကြပါစို့ 

ခြေလှမ်းတိုင်းရဲ့ 
အမှန်တရား
မြဲမြံစွာဆုတ်ကိုင်ရင်း
တည်ကြည်တဲ့
သစ္စာတရားနဲ့ 
လျှောက်နေတဲ့
ခြေလှမ်းတိုင်းကို
အဆုံးသတ်သွားအောင်
ကောက်ကျစ်တဲ့ စိတ်ဓာတ်များနဲ့ 
ပြည်သူ့ အပယ်ခံ
အာဏာဆန်လူတစ်စု.....
ဖိနှိပ်ခံဘဝ လွတ်မြောက်ဖို့
အမှန်တရားကို
ရဲဝံ့ စွာကမ်းလင့်ကြို
သူတို့ ရဲ့မျှော်လင့်ချက်
စောင့်စားကြိုဆိုနေရှာတဲ့
အမှန်တ၇ားခုံမင်
လူတန်းစား အစုံအလင်........၊
ရာထူးစည်းစိမ်
စွန့်လွတ်ရမှာ
တွန့်တိုနေတဲ့
အာဏာရှင်လူတစ်စုနဲ့
ငွေဝယ်ကျွန်
ဗလာနံတို့ရဲ့ 
မှိုင်းတိုက်ခံအသိစိတ်နဲ့
ရိုင်းပြစွာလုပ်ကြံကြတဲ့
သမိုင်းဆိုးတစ်ခုထဲကတစ်ခု
လတ်ဆတ်စွာထင်ကျန်ဆဲဖြစ်တဲ့
ဒီပဲယင်း......၊
နှစ်ထောင့်သုံးခုနှစ်
သုံးဆယ်မေလ
လမိုက်ည
ယွန်းခဲ့ရှစ်နာရီ
စိုင်ပြင်ကြီးနဲ့
ဒီပဲယင်းကြား
လူသတ်ကွင်းက
ယနေ့ထက်တိုင်
မမေ့ရက်နိုင်ကြ
သွေးပျက်စရာ..ည...၊
အမာခံလူငယ်များ
နယ်ခံ..
ကျောင်းသားလူငယ်များက
ရန်ရှာတိုက်ခိုက်လာတဲ့
ငွေဝယ်ကျွန်
ဗလာနံတို့ရဲ့ 
လက်နက်တွေကြား
တစ်ဦးကိုတစ်ဦး
မြဲမြံစွာလက်ချင်းတွဲလို့
အမေ့ကို ကာကွယ်ကြ
ဘဘကို ၀န်းရံထားနဲ့...၊
အားပေးအော်ဟစ်သံများက
အမြင်ဝိုးတ၀ါး
ကားမီးတွေကြား
သွေးအလူးလူးနဲ့
ပုံလဲကျနေတဲ့
ရဲဘော်ရဲမေတို့ရဲ့ 
ပင်နီအင်္ကျီတွေကို
ဆွဲချွတ်သူကချွတ်
ရိုက်သူကရိုက်
ရမ်းကားသောနုတ်ထွက်စကားဖြင့်
ကြမ်းတမ်းစွာဆံပင်ဆွဲ
ကန်ကျောက်ကာနေလည်း
ဝန်းရံစွာခေါင်းငုံ့ ခံရင်း
မာန်တင်းကာ
လက်တုံ့ မပြန်ခဲ့တဲ့
ရင်နင့်စရာည..၊
ဒီလမိုက်ည
ငှက်ဆိုးထိုးသံများကြားမှ
အမေ ကံသီစွာ
လွတ်မြောက်ခဲ့ပြန်ပေါ့..၊
ရဲရင့်တဲ့အမေ့ရဲ့ခြေလှမ်းတွေ
မတားဆီးနိုင်မှန်းသိပေမယ့်
အမေ့ရဲ့...
မျှော်လင့်ချက်ပန်းတိုင်ဟာ
ပြည်သူတွေအတွက်ပါ
ပြည်သူတွေချစ်တဲ့အမေ့ကို
ပြည်သူတွေက၀ိုင်းရံပါလိမ့်မယ်
ကြယ်စင်တွေဝန်းရံခနေတဲ့
ဓူဝံ ကြယ်လိုပေါ့
တစ်နေ့...
အမေ့ရဲ့ဆန္ဒ
ပြည်သူတို့ရဲ့ ဘဝ
စစ်ကျွန်အဖြစ်မှ
လွတ်မြောက်တဲ့နေ့ဟာ
ဘ၀တစ်ခြမ်း
ပေးဆပ်နေကြတဲ့
သူရဲကောင်းတို့ရဲ့ 
မျှော်လင့်ချက်တွေ...
အပြစ်မဲ့ပြည်သူတို့ရဲ့ 
ဝိဥာဉ်တွေ...
ရဟန်းသံဃာတို့ရဲ့ 
ဝိဥာဉ်တွေ...
ကျဆုံးသွားတဲ့
အာဇာနည်တို့ရဲ့ 
ဝိဥာဉ်တွေ...ဟာ
ပြည်သူတို့နဲ့ထပ်တူ
လက်ခုပ်တီးရင်း
ဂုဏ်ပြုကြိုဆိုကြမှာကိုတော့
ရဲရဲကြီးသစ္စာ ဆိုဝံ့ပါတယ်...အမေ ...။

(အမေ့ကို ဒီပဲယင်း လုပ်ကြံမှု ကြားမှ သက်စွန့်ဆံဖျား ကယ်ထုတ်သွားခဲ့သော
နောင်တော်ကြီးများ နှင့် ကားဆရာ ဒို့ကိုကြီးကျော် (ခ)ကိုကျော်စိုးလင်း တို့အား
အဝေးတနေရာမှဂုဏ်ပြုမှတ်တမ်းတင်လိုက် ပါသည်။)

လူသစ် အမရပူရ

Thursday, November 25, 2010

NLD တိုင်းနဲ့ပြည်နယ် အမျိုးသမီးအဖွဲ့နဲ့ ဒေါ်စု တွေ့ဆုံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တိုင်းနဲ့ပြည်နယ်က အမျိုးသမီးအဖွဲ့ ကိုယ်စားလှယ်တွေဟာ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ဒုတိယ ပင်လုံညီလာခံ ဖြစ်မြောက်ရေးနဲ့ မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး၊ လူမှုရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံညီလာခံ ဖြစ်ပေါ်ရေးထက် ပြည်ထောင်စုစိတ်ဓာတ်လို့ ခေါ်ဆိုရမယ့် ပင်လုံစိတ်ဓာတ် ရှိဖို့နဲ့ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ဖို့ ပိုအရေးကြီးကြောင်း တုံ့ပြန် ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲအကြောင်းကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီးတဲ့နောက်မှာ တိုင်းနဲ့ပြည်နယ်က အမျိုးသမီးအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အခုလို ပြန်လည်ဆုံတွေ့တာ ဒါဟာ ပထမဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို တိုင်းနဲ့ပြည်နယ်က အမျိုးသမီး ကိုယ်စားလှယ် ၂၀၀ ကျော်လောက် တက်ရောက်ခဲ့ပြီး ကယားပြည်နယ်ကတော့ မတက်ရောက်နိုင်ဘူးလို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲမှာ အလေးထား ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာကိုတော့ ပါဝင်တက်ရောက်ခဲ့တဲ့ ဗဟို အမျိုးသမီး လုပ်ငန်းအဖွဲ့ဝင် ဒေါ်လဲ့လဲ့က အခုလို ပြောပါတယ်။

“အမျိုးသမီးတွေက များသောအားဖြင့် တင်ပြတာက ပင်လုံညီလာခံကြီး ဖြစ်ပေါ်ဖို့ကို ပြည်နယ်၊ တိုင်း အမျိုးသမီးတွေက ပြောကြပါတယ်။ ဒါကို တင်ပြတဲ့အခါမှာ သူက ပင်လုံစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ဟာဆိုရင် ပြည်ထောင်စုစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ဆိုတဲ့ နေရာမှာလည်း ပြည်ထောင်စုသား၊ ဗမာတွေလည်း ပါတယ်ပေါ့၊ တိုင်းရင်းသား အားလုံးဟာ လုံခြုံမှုတွေ၊ ညီတူညီမျှမှုတွေ အားလုံး စိတ်ဝမ်းမကွဲဘဲနဲ့ လုပ်ဆောင်ကြရမယ့် စိတ်ဓာတ်ကို သူက ပင်လုံစိတ်ဓာတ်လို့ ပြောပါတယ်။”

နောက် မြန်မာပြည် လူဦးရေရဲ့ ထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ အရေးကြီးကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီးတွေက နိုင်ငံရေးမှာပါဖို့ အရေးကြီးတယ်။ ကျမတို့ နိုင်ငံရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေ ဖြစ်တဲ့အခါကျတော့ အမျိုးသမီးတွေဟာ နိုင်ငံရေးမှာ မ၀င်လို့ မဖြစ်ဘူး ဆိုတာကိုလည်း ပြောပါတယ်။ အဲဒီတော့ အမျိုးသမီးတွေ မှန်မှန်ကန်ကန်နဲ့ ကိုယ်လုပ်ဆောင်နိုင်တာကို ဘယ်နေရာကပဲ စလုပ်နိုင် လုပ်နိုင်၊ ဥပမာပေါ့ ကိုယ့်သားသမီးကို ကိုယ်သွန်သင်တာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတာတွေကို လုပ်နိုင်တဲ့ဘက်က စပြီး လုပ်ပေးဖို့၊ ဒါမျိုးတွေကို လမ်းညွှန်သွားပါတယ်။”

ရခိုင်ပြည်နယ်က တက်ရောက်လာတဲ့ အမျိုးသမီး ကိုယ်စားလှယ် ဒေါ်ညိုအေးကတော့ ဒီဆွေးနွေးပွဲမှာ ဂီရိမုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းနဲ့ မြောက်ဦးက ရထားလမ်းကိစ္စတွေကို တင်ပြခဲ့တယ်လို့ ပြောပါတယ်။

“ဂီရိလေဘေးကိစ္စကို ကျမ ဒေါ်စုကို တင်ပြတယ်။ ပြီးတော့လည်း ရထားလမ်းဖောက်တဲ့ ကိစ္စမှာ နန်းတော်ရာပေါ့၊ ဖြတ်ပြီးတော့ ပါသွားမယ့် အနေအထား၊ ရှေးဟောင်းဘုရားတွေ ပါသွားမယ့် အနေအထားရှိတယ်။ အဲဒါတွေကို တင်ပြတယ်။ ဒီတခေါက် ကျမပြန်မှာပါ။ လေဘေးကယ်ဆယ်ရေး ကိစ္စလေ၊ ပြန်လို့ရှိရင် ကျမတို့ ရထားလမ်းနဲ့ ပါသွားမယ့် အနေအထားတွေကို ဘယ်လောက် အတိုင်းအတာအထိ ပါနိုင်တယ်ဆိုတာ မြေပုံဆွဲပြီးတော့ တင်ပြမယ်ပေါ့၊ အဲလို လုပ်ထားပါတယ်။”

တိုင်းနဲ့ပြည်နယ် အသီးသီးက အမျိုးသမီး ကိုယ်စားလှယ်တွေဟာ သက်ဆိုင်ရာ ဒေသက နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး အခြေအနေတွေကို ဒီဆွေးနွေးပွဲမှာ တင်ပြခဲ့ကြပါတယ်။

တနင်္သာရီတိုင်း ကိုယ်စားလှယ် ဒေါ်ခင်အေးမူကတော့ ဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးကြတဲ့ အပေါ်မှာ အခုလို သုံးသပ်ပါတယ်။

“အခုမှ အန်တီစုက အမျိုးသမီးတွေနဲ့ တွေ့ပြီးတော့ အခက်အခဲတွေကို သူမေးတယ်။ ပြည်သူ အမျိုးသမီးတွေရဲ့ အသံကို သူနားထောင်တယ်။ အဲဒီအပေါ်မှာ သူက ဆက်လက်ပြီးတော့ အလုပ် လုပ်သွားပါလိမ့်မယ်။ ကျမတို့ ပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမှုရေးတွေနဲ့ အမျိုးသမီးတွေရဲ့ အခက်အခဲတွေကို သူက ဖြေရှင်းပေးဖို့အတွက် အစပြုတဲ့ လုပ်ငန်းကြီး တခုပေါ့ရှင်။ ပြောဆိုဆွေးနွေးမှုက နိုင်ငံရေးနိုးကြားပြီး အင်အားတခုလို ဖြစ်လာစေပါတယ်။ ကိုယ့်ရပ် ကိုယ့်ဒေသရောက်ရင် ကိုယ့်အရပ်ဒေသ တိုးတက်ရာ တိုးတက်ကြောင်းနဲ့ အမျိုးသမီးတွေရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ဆက်လက် ဖော်ဆောင်သွားရမှာပေါ့။”

ဒီဆွေးနွေးပွဲမှာ အမျိုးသမီးတွေ အများစု တင်ပြခဲ့တဲ့ နောက်တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကိစ္စ ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလို ဆုံးရှုံးရမှာ စိုးရိမ်ကြောင်းကို တက်ရောက်လာသူ ကိုယ်စားလှယ်တွေက တင်ပြခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန) ကူးယူဖော်ပြပါသည် ။

Wednesday, November 24, 2010

နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော် လွတ်မြောက်ရေး မမေ့ဖို့ AAPP တိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော်ကို လွှတ်ပေးဖို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။


AAPP ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)၏ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က မြန်မာစစ်အစိုးရ ဖမ်းဆီး အကျဉ်းချထားသော နိုင်ငံရေး အကျဉ်းသားများ၏ ဓာတ်ပုံကို ပြသပြီး ရှင်းလင်း ပြောကြားနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

တချိန်ထဲမှာလည်း သူတို့ လွတ်မြောက်ရေးကို သတိမေ့ မထားဖို့ နိုင်ငံတကာ အသိုင်းဝိုင်းကို ပန်ကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရုံ နဲ့ မလုံလောက်သေးကြောင်း ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကိုလည်း လွှတ်ပေးဖို့  လိုကြောင်း အေအေပီပီရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာ ပြည်သူတွေနဲ့ တကွ နိုင်ငံတကာ အစိုးရတွေကပါ ဒီနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ၀ိုင်းဝန်း ကျိုးပမ်းပေးဖို့ ကို အေအေပီပီက တိုက်တွန်းပါကြောင်း အေအေပီပီရဲ့  တွဲဘက် အတွင်းရေးမှုး ကိုဘိုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက်လည်း နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကို ကျိုးပမ်းသွားမယ်လို့လည်း သူမက ပြောဆိုခဲ့ပါတယ်။

လောလောဆယ် အကျဉ်းထောင်တွေထဲမှာ အနှစ် ၂၀ ကျော်ကြာ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ၃၀ ကျော်ရှိနေပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအ၀င် ထောင်ဒါဏ် အနှစ် ၆၀ ကျော် ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးကြောင်း၊ ဒါ့အပြင် လက်ရှိ နိုင်ငံအရေး အကျဉ်းသားတွေရဲ့ ထောင်တွင်း အခြေအနေတွေ တိုးတက်လာခြင်း မရှိသေးဘဲ ဆေးဝါးကုသခွင့်မရတာတွေ၊ ကျန်းမာရေး မကောင်းစဉ် ထောင်ပြောင်းခံရတာတွေ ရှိနေသေးကြောင်း အေအေပီပီရဲ့ ဒီကနေ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

ပြည်သူတွေ လုပ်ရဲကိုင်ရဲ ရှိလာတာ တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ပြည်သူတွေဟာ အရင်က နဲ့မတူဘဲ နိုင်ငံရေး ကိစ္စတွေမှာ လုပ်ရဲကိုင်ရဲ ရှိလာတယ်လို့ RFA နဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပါတီ ရပ်တည်ခွင့် တရားဝင်လာအောင် ဆက်လက် ကြိုးပမ်းသွားမယ့် အကြောင်း၊ ပြည်သူ အများရဲ့ ထောက်ခံမှု ရလာအောင် ဆက်လက် ကြိုးပမ်းရမှာ ဖြစ်သလို တဖက်မှာ အရင် နေအိမ် အကျယ်ချုပ် လွတ်မြောက်စဉ် တွေတုန်းကလို မတူဘဲ လူငယ်တွေ အများကြီး နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လာတာ တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

NLD ပါတီ ဆက်လက် ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး ပါတီ အထွေထွေ အတွင်းရေးမှူးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို တရားစွဲဆို အမှုဖွင့်ခဲ့ရာမှာ အမူကို ဗဟို တရားရုံးချုပ်က လက်ခံကြားနာခဲ့ပေမဲ့ ဆက်လက် ကြားနာဖို့ကို မနေ့က ပယ်ချခဲ့ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် NLD ပါတီ ဘယ်လို ဆက်လက် ရပ်တည်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို RFA ၀ိုင်းတော်သား ဦးတင်အောင်ခိုင် ဘန်ကောက်မြိုံ့ကနေ ဒီကနေ့ ညနေပိုင်းက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

RFA

Tuesday, November 23, 2010

မြန်မာပြည်သူများအာလုံးသို့ အိတ်ဖွင့်ပေးစာ အထူုးကဏ္ဍ

ဤစာရွက်များတွင် စာမျက်နှာ 10 မျက်နှာ ရှိ၏ သေသေချာချာ ဖတ်ပြီး မေးခွန်းများ ဖြေပါ
သေသေချာချာ ဖတ်ပြီး မေးခွန်းများ ဖြေပါ ။
ကျွန်တော် ဒီစာကို ရေးသားဖို့ ဖြစ်လာရတဲ့ အကြောင်းက အင်တာနက်စာမျက်နှာတစ်ခုရှိ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် မှု့သတင်းအား ပြန်လည် comment ပေးထားသော post တစ်ခုကြောင့်ဖြစ်ပါသည် ။
ထို Comment တွင်ရေးသားထားသည်မှာ
“ မြန်မာနိုင်ငံ လုံးဆိုင်ရာ သပိတ် ဂ လေးလုံး အရေးတော်ပုံ မှ ဘယ်ဂျောင်က ထွက်လာသည်မသိ နိုင်ငံခြားသားနှင့် အိမ်ထောင်ကျ၍ မြန်မာ လူမျိုးမျက်နှာကိုမျှ မထောက် Nobel ဆု အလကားရတာလေး တကားတကားနှင့် တိုင်းပြည်တာဝန် မကျေခဲ့သော ထို ဒေါ်စုကြည့်အား လေးစားနေသော ပြည်သူများအားသနား မိသည် ဟု၏ ထို့အတူ တပ်မတော်သည် ခေတ်အဆက်ဆက် တည်ရှိခဲ့သောတိုင်းပြည်တာဝန်ကို ကျေပွန်စွာ ထပ်ဆောင်ခဲရပြီး လေးစားထိုက်သူ အစစ်မှန်ကို မျက်စေ့ မှောက်နေသော ပြည်သူများအစား တိုင်းပြည်အတွက်အလွန်ရင်လေး ရှာသည် ဟူ၏ “
ထိုစားသား များအားဖတ်ပြီး ကျွန်တော် ပြုံးမိသည် ။ ကျွန်တော် ပြန်လည်ရှင်းခွင့်ရလျှင်ဖြင့် ဖြေရှင်းချင်သည် ။
ထို့ကြောင့် ဘဝတွင် တတ်သောပညာ ၊ သိသော အသိ ၊ မျက်မြင် သာဓကမျာ ၊ နိုင်ငံတစ်ကာ အတွေ့ကြုံများဖြင့် ဤစာအား ရေးသားပေသည် ။
တပ်မတော်ဟူသည် တိုင်းပြည် တစ်ခုအတွက် အသက်သွေးကြောမျှ သော အခန်းကဏ္ဍမှ ပါဝင်ပေသည် ။
တိုင်းပြည်တိုးတက်ကောင်းစားရေး အတွက်မူ အုပ်ချုပ်သူ လူတန်းစား Administrators များနှင့်တိုက်ရိုက်ပတ်သက်လေသည် ။ ကျွန်တော်တို့ မြန်မာပြည် သည် ကမ္ဘာအလယ် နောက်ဆုံးကျနေသော အချက်များ ကို ပြောပြချင်သည် ။ လွန်စွာ အင်အားတောင့်တင်းသော တပ်မတော်ကြီး အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် ကျွန်တော်တို့ လွတ်လပ်မှု့သည် လုံခြုံမှု့ကင်းမဲလှ၏
8.8.88 တွင် မည်သည့်လက်နှက်မျှ မရှိသော တိုင်းပြည်ချွတ်ချံကျမှုကို သပိတ်မှောက်ခဲသည့် အဖြူစိမ်းဝတ် ကျောင်းသားများသည် ခေတ်အဆက်ဆက် တိုင်းပြည်တာဝန် ထမ်းဆောင်ခဲ့သော တပ်မတော်ကြီး၏ သေနတ်ကြည်ဆံ များအောက် အသက်ပျောက်ခဲ့ရ၏ ကျွန်တော် သည် သပိတ်မှောက်သော ကျောင်းသာများထဲ 8 တန်း အရွယ် ဘဝကပင် ကျွန်တော့် မျက်စေ့ရှေ့ ပင် သွေးသံရဲရဲဖြင့် မြန်မာ့တပ်မတော်ကြီး၏ ကျည်ဆံများအောက် အသက်ပေးသွားရသော ဘဝတူ ကျောင်းသားများကို မြင်ယောင်တိုင်း ဝမ်းနည်းသည် ။
2
ထိုသို့ခေတ်ဆိုးကြီးကို ဖြေရှင်းပေးသော နေဝင်မီးငြိမ်းထုတ်ပြန်မှု့ဖြင့် စတင်ခဲ့သည် မြန်မာ့ ဒီမိုကရေစီလမ်းဦး တပ်မတော်၏ အကာကွယ်ဖြင့် ကျွန်တော်တို့ ခေါင်းဖြတ် ၊လူသတ် ၊ မီးရှို့မှု့များကြားမှ လွတ်မြောက်ရခြင်းအတွက်ပြည်သူလူထု ယာယီနာခေါင်းပေါက် ချောင်ခဲ့ကြရ၏
ကျေးဇူးတင်စရာပင် ထို့နည်းတူစွာ ပါတီစုံ ဒီမိုကရေစီအတွက် Election ခေါ် ရွေးကောက်ပွဲကြီး ကျင်းပခဲ့၏
ကျေးဇူးတင်စရာပင် သို့ပါသော်ငြား ထို အဖြေသည် မည်သည့်နေရာမည်သို့ရောက်သွားသနည်း ။
၁ .။ ကျေးဇူးပြု၍ လူကြီးမင်းများ ဖြေပေးပါ ?
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တပ်မတော်ကြီးသည်တိုင်းပြည်ကို ထိန်းသိမ်းနေခြင်းဖြစ်ပြီး ဘယ်တော့မှရောင်းစားမည်မဟုတ်ဆိုသော အရက်အနည်းငယ် မူးနေသည့် အရာရှိငယ်စကားကို နားထဲမှမထွက် မှန်သည်မရောင်းစား ခဲ့ …
သို့သော် မြန်မာပြည်တွင် လုပ်ပိုင်ခွင့် အခွင့်အာဏဖြင့် စီးပွားလုပ်ခြင်းကိုမူ တပ်မတော်ကြီးမှရောင်းစား၏ မယုံမရှိပါနှင့် ကျွန်တော့်ဖခင်သည် ဗိုလ်မှုးကြီးတစ်ဦးထံမှ Hilux Surf ကားတစ်စီးကို သိန်း 800 ဖြင့်ဝယ်ရ၏ ထိုကားများကိုရောင်းစားသော အရာရှိ၏ သားသမီးများသည် နိုင်ငံရပ်ခြားတွင် ပညာသင်၏ ဒဂုံသက္ကသိုလ်ကြီးတွင် ပညာမသင် ၊ လိုင်းကားတိုးမစီး ၊ ထိုတပ်မတော်အရာရှိကြီး ၏ ဝင်ငွေသည်ကြောက်ခမန်းလိလိ .. တိုင်းပြည်အားတော့မရောင်းစားခဲ့ တိုင်းပြည်ကိုသာ ပြန်ရောင်းစားခြင်းဖြစ်၏
မြန်မာတပ်မတော်ရှိ ယနေ့ အရာရှိများသည် ခေတ်မှီသော တပ်မတော်ကြီးဖြစ်ရန် နိုင်ငံရပ်ခြားတွင် ပညာတော်သင်သွား၏ ထိုအရာရှိငယ်များ လစာသည် ဒေါ်လာငွေဖြင့်ရပြီး နေ့စဉ်ဘီယာသောက်နိုင်၏
သောက်လည်းသောက်ကြ၏ ဓတ်ပုံပေါင်းများစွာသည် အရာရှိငယ်များ ပျော်ရွှင်နေသည်ကိုဖော်ပြ၏ ဝမ်းမြောက်စရာပင် ထိုသူများသည် မြန်မာပြည်နိုင်ငံအနှံ တပ်မတော် အရာရှိရွှေးချယ်ရေး ဆုံးဖြတ်မှု့ဖြင့် စစ်ဗိုလ်များ ဖြစ်ကြကုန်သော အထက်တန်းအောင်ကျောင်းသားများ ဖြစ်သလို ပြည်သူများသာဖြစ်၏ ။
နှဖူးပေါ်လက်တင် စဉ်းစား စေချင်သည်မှာ သင်တို့နှင့်တန်းတူ အရည်ချင်းချင်း ရှိခဲ့သော မြန်မာပြည်မှကျောင်းသားများသည်သင်တို့ လောက်ဝင်ငွေရပါသလော ? သူတို့ကဲသို့ တက်ရသော ကျောင်းအတွက် ကုန်ကျစရိတ် ငွေရှာရန် တိုင်းပြည်တွင် ပညာသင်စရိတ် စတိုင်မင် ရပါ၏လော? ကျွန်တော်သည်ငွေမရှိ၍ နည်းပညာများနှင့်အလှမ်းဝေးကွာလျှက် ကျူရှင်ရှိသော သက္ကသိုလ်ကြီး ပြပါဆို လျှင် မြန်မာပြည်ရှိ သက္က သိုလ်ကြီးများကို လက်ညှိုးထိုးပြရပေမည် ။
၂. ။ ထိုအရာမှန်ပါ၏လော ?
3

မြန်မာပြည်သူ ပြည်သား အရေအတွက်မှာစစ်တမ်းများ အရ ယနေ့ 55 သန်းကျော်ခဲ့ပြီ ထိုထဲမှ တပ်မတော်အင်အားသည် မည်မျှရှိသည်ကျွန်တော်တို့ မသိ ၊ သိသည်ကို ပြောပြမည် ပြည်သူများမှ 80 ရာခိုင်နှုန်းသည် အေခြေခံလူတန်းစားများဖြစ်၏ သင်တို့အားလေးစာစေရန် ထိုပြည်သူများ ယနေ့ မည်သည့်အခွင့်ရေးများ ရနေပြီနည်း ?
အောက်ပါမေးခွန်းများဖြေပါ
၁. ။ မြန်မာ့ ခေတ်မှီတပ်မတော်ကြီး ကြော်ငြာမောင်းခတ်နေသော ဒီမိုကရေစီ သည်မည်သို့သော ဒီမိုကရေစီဖြစ်သည် ကို သတ်မှတ်နိုင်ရန် အတွက် ယနေ့ ရွေးကောက်ပွဲပြီး သတင်းဖော်ပြမှု့ မျှပင်မလွတ်လပ် ဒီမိုကရေစီဟူသည် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသော ဆန္ဒခံယူသည့် ပြည်သူ လူထုမှရွေးချယ်တင်မြှောက်သော နိုင်ငံခေါင်းဆောင်အုပ်ချုပ်သည့်စနစ်ဖြစ်၏ ပြည်သူများမှပင် ရွေးချယ်ခွင့်ရှိ၏ ထိုအတွက် ပြည်သူမှပင် ဝေဖန်ခွင့်ရှိဒ ကျွန်တော်တို့တိုင်းပြည်တွင် အုပ်ချုပ်လျှက်ရှိသော အရာရှိကြီးများအား ထောက်ပြဝေဖန်လျှင် ကျွန်နုပ်ထောင်မကျပဲ နေပါမည်လေ ?
၂. ။ တိုင်းပြည်ကို ယာယီင်္ထိန်းသိမ်းသော တပ်မတော်ခေါင်းဆောင်များ၏ စီးပွားရေးသည် နိုင်ငံတစ်ကာ အဆင့်တူ အရာရှိများ၏ ဝင်ငွေ နှင့် တူညီပါ၏လော ? တပ်မတော်သည်တိုင်းပြည်ကိုရောင်းစားမည်မဟုတ် ဟုကြွေးကြော်၏ မြန်မာပြည်မှ သဘာဝသယံဇာကိုရောင်းစားရသော ငွေဖြင့် ရှရှား ၊ တရုတ် ၊ မြောက်ကိုရီးယား စသော နေရာများတွင် ခေတ်မှီပညာသင်လျှက်ရှိသော အရာရှိများသည် ပြည်သူအား သနားသည်ဟူ၏ ကျွန်တော်ပြည်သူတစ်ယောက်အနေဖြင့် မေးခွင့်ပြုပါ ကျွန်တော်တို့သနားစရာအမှန်မှာ သတင်းပိတ်ပင်ခြင်းခံရသော ၊ ဆက်သွယ်ရေးပိတ်ပင်ဖြင်းခံရသော ဝန်ထမ်များ ၊ သတင်းမှန်ထုတ်ပြောမှု့ဖြင့် ပစ်ဒဏ်ခံရသော အရာရှိများ ၊ အရာရှိကားတန်းရှိသောကြောင့် အင်တာနက်ဆက်သွယ်မှု့ဖြတ်ခံရသော ပြည်သူများ ၊ တပ်မတော်ကြီး၏ ဆုံးဖြတ်မှု့ဖြင့် နိုင်ငံရေးလုပ်သော အကျဉ်းသားများ ၊ ယနေ့ ကားတစ်စီး ကို မူရင်းကုမ္မဏီထုတ်ဈေးထက် ကြီးမြင့်စွာ ဝယ်ယူရသော လူလတ်တန်းစားများ ၊ တစ်မိုးလုံးလယ်ထွန်လျှင်မှ စပါးတင်း 25 တင်းရသော တောင်သူလယ်သမားများ ၊ လစာ 20000 ကျော်မျှဖြင့် ဝန်ထမ်းဆောင်နေရသော အစိုးရဝန်ထမ်း (ပြည်သူများ) ၊ သက္ကသိုလ်ကို ရက် 40 တက်ရောက်ယုံမျှဖြင့် B.A ဘွဲ့ရသွားကြသော ပညာသင်နှစ် 15 နှစ် တိတိ သင်ယူပြီး အလုပ်ကို အသည်းသန်ရှာဖွေနေရသော ဘွဲရများ(ပြည်သူများ) ၊ နိုင်ငံရပ်ခြားတွင် သေကောင်ပေါင်းလဲလုပ်ပြီး အိမ်သို့ ခြေပြတ် ၊ လက်ပြတ် ၊ အသက်ပြန်မပါ ၊ ငွေမပို့နိုင်သော ဖမ်းဆီခြင်းကို ရှောင်တိမ်း၍ ငွေရှာစာသောက်မိသားစု ထောက်ပံနေသော နိုင်ငံရပ်ခြားရောက် မြန်မာအလုပ်သမား (ပြည်သူများ)၊ နေ့တိုင်း မြန်မာ့အသံ ၊ မြဝတီရုပ်မြင်သံကြားမှ ထုတ်လွှင့်သော ဇတ်လမ်းတွဲများကြား နည်းပညာကိုဆာလောင်နေသော ပြည်သူများ ၊ လွတ်လပ်စွာ ကန့်ကွက်ခွင့်မရှိသော ၊
4
နိုင်ငံရေး လုပ်ခွင့်မရှိကြသော ပြည်သူများကို တိုင်းပြည် အားလက်ရှိတာဝန်ယူထိန်းသိမ်းထားသော တပ်မတော်မှ လူငယ်အရာရှိများက သနားသည်ဆိုသည်ကို ကျွန်တော်တို့က ဝမ်းမြောက်စွာ ခံယူရမည်လော ?
၃. ။ မြန်မာမိန်းခလေးတစ်ယောက်အနေဖြင့် နိုင်ငံခြားသားအား လက်ထပ်ခဲ့သည်မှာ မှားယွင်းသည်ဆိုသည်ထားဦး သင်တို့ ရှရှားရှိ ပြည့်တန်ဆာများ မည်မျှ တောင့်တင်းသည်ကို ပြောပြနိုင်သော မြန်မာ့ တပ်မတော်အရာရှိငယ်များကိုလည်း မှားယွင်းသည်ဟု မပြောလို .. လူတစ်ယောက်၏ သွေးသားဆန္ဒသည် ငယ်ရွယ်ချိန်တွင် အာသာပြင်ပြင်းလိုအပ်လျှက်ရှိ၏ သူမက ထိုအာသအား ငွေပေး၍ ဖြေဖြောက်မည်လော ? တစ်ဦးတစ်ယောက်အားဝေဖန်လျှင် ပတ်ဝန်ကျင်ကိုထည့်တွက်ရာ၏ ရှင်းပါသည် ။
သင်တို့သည်တပ်မတော်ကြီးသို့ဝင်ရောက်သောကြောင့် နိုင်ငံရပ်ခြားပညာတော်သင်သွားရသည် သူမသည် နိုင်ငံရပ်ခြားတွင် နေထိုင်ခဲ့ရသောကြောင့် သွေးသားဆန္ဒ မေတ္တာ ရှိ၍ သားသမီးရသည်အထိ တစ်လင်တစ်မယားစနစ်ဖြင့် သားသမီးပင်မွေဖွားခဲ့ ပြီ ထိုအရာ ကို အပစ်မြင်ရလျှင် နိုင်ငံခြားသားများနှင့် လိင်ဆက်ဆံသော သူများအားလုံးသည် မှားယွင်း၏ ထိုသူများအားလုံးသည်ကား အနာဂတ်သားကောင်းယောက်ကျားအာဇာနည်များဖြစ်ကြ၏ ထိုသူတို့သည်ကားယောကျာင်္း ဖြစ်သောကြောင့် အပြစ်ရှိသည်ဟုပြောလျှင် ကျွန်နုပ် လူ့သဘာဝအား ဆန့်ကျင်ရာရောက်ပေသည် နိုင်ငံရပ်ခြား မြန်မာ မရှိသလောက်ရှားပါးနေသော တိုင်းတစ်ပါးတွင် နှစ်ပေါင်းများစွာ ဖခင်လုပ်ကြံခံရသောကြောင့် ပြည်ပတွင်ပြေးရှောင်မှီခိုရသော သို့ မဟုတ် ပညာတော်သင်သွားခဲ့သော သို့မဟုတ် မြန်မာလူမျိုးများထဲမှ မြန်မာအမျိုးသမီးတစ်ယောက်သည် တိုင်းတစ်ပါးသားနှင့် အိမ်ထောင်ကျခြင်းအား အပစ်ကြီးတစ်ခုပြောလိုပါက မိမိ ရင်သွေး လူုပျိုပေါက် အပျိုပေါက် အရွယ် သားသမီးများအား မြန်မာရှားပါးသော တိုင်းပြည်တွင် ပညာသင် (သို့) မှီခို (သို့) တိမ်းရှောင် အဖြင့် နှစ်များစွာ ထားမိ၍ တိုင်းတစ်ပါးသားနှင့်အိမ်ထောင်ကျသော် သင်ဘာပြောမည်နည်း ? ခေတ်ပညာတတ် အရာရှိများပီပီ ကွန်ပျူတာ တစ်လုံးစီဖြင့် သင်တို့သဘောထားများအား အများသတင်းနှင့်နည်းပညာဖလှယ်ရာ အင်တာနက်စာမျက်နှာများတွင် လွတ်လပ်စွာ တင်ပြခွင့်ရှိ ရှိသလို မြန်မာပြည်သူများအား ထိုသို့ အခွင့်ရေးပေးကြည့်ပါက မည်သို့ဖြစ်လာမည်နည်း ?
အဝေဖန်ခံနိုင်မှ တိုးတက်၏ ကျွန်တော်ကျင်လည်ကျက်စားရာ ပတ်ဝန်ကျင်တွင် လွန်စွာ ဝေဖန်ခံရ၏ ထိုသို့ ဝေဖန်သူများသည် မြန်မာလူမျိုးများထက် တိုင်းတစ်ပါးသားများသာ များ၏ ထိုသူတို့ကား လွတ်လပ်စွာ အမြင်ကို ဝေဖန်၏ … ထိုနည်းတူ ကျွန်တော်တို့ မြန်မာပြည်သူလူထုသည်လွန်လပ်စွာ ဝေဖန်ခွင့် ရှိပါမည်လော ကျေးဇူးပြု၍ ဖြေပါ ?
၎. ။ အကယ်၍ မြန်မာ ပြည်သူများမှ ကျောင်းသားများ သည် အမှန်တစ်ကယ် အသုံးဝင်သော အတတ်ပညာများ ရှိ၍ သင့်တင့်မျှတသော အခွင့်အရေးများရှိပါက တိုင်းတစ်ပါးတွင် Housekeeping ,
5
General worker , oversea worker , များအဖြစ် မိဝေးဖဝေး ညီအကိုမောင်နှမဝေး အလုပ်လုပ်ကိုင်စားသောက်မည်လော ?
၅. ။ မြန်မာပြည်သူလူထု ၏ ပျှမ်းမျှဝင်ငွေသည် လူတစ်ယောက် ဝလင်စွာ စားသောက်ရုံမျှရှိသည်ဆိုသည်မှာ မှန်နေပါသလော ?
၆. ။ ထိုသူတို့သည် Computer ၊ ရေခဲသေတ္တာ ၊ HIFI ၊ HD ၊ Wireless ၊ laptop ၊ Handset ၊ ကား စသည်များကို ကိုင်တွယ်ရန် မထိုက်သော သူများဖြစ်နေပါ၍လော ?နိုင်ငံတစ်ကာ ဝန်ထမ်းများသည် ထိုအရာများအား အကြွေးစနစ်ဖြင့် ယယ်ယူနိုင်ရန် ဆိုင်ရာမှ အာမခံကြ၏ မြန်မာပြည်တွင် မည်သည့် ဌာနမှ ဝန်ထမ်းသည် ကားအကြွေးဝယ်စီးခွင့် မဆိုးထားနှင့် ထမင်းပေါင်းအိုးပင် အကြွေးပေးစနစ်ဖြင့် ဝယ်ယူမည်ဆိုက မည်သူ အာမခံပေးမည်နည်း ?
၇. ။ နိုင်ငံတစ်ကာတွင် ကျောင်းသားများ သင်ကြားလျှက်ရှိသော ပညာရပ်များ နှင့် မြန်မာပြည်မှ ဦးဏှောက်အရည်ချင်းပြည့်မှီသော ခလေးငယ်များ သင်ကြားရသော ပညာရေးသည်သာမက ကျောင်းသားများ ရရှိလျှက်ရှိသော အခွင့်ရေးများ ပါမကျန် တိုင်းပြည်လုံးကျွတ် ခြုံငုံပြောရလျှင် ကျောင်းသုံး ပုံနှိပ်စာအုပ်ပင်လောက်ငှမှု့ မရှိသေး သော်ငြား ကျောင်းများတွင် မိဘပြည်သူများ၏ သားသမီးများစွာသည် ပညာမြင့်မှ လုမျိုးတင့်မည်ဟူသော ဆိုင်းဘုတ်အား ကြီးမားစွာ ၊ တင့်တယ်စွာ စာသားများ အဖြင့် ဖတ်ကြကုန်၏ ။ မြန်မာပြည်မှ ပြည်သူ ကြိုက်သော လူရွှင်တော် ကိုမေတ္တာ သည် ဆိုကြမယ် ပျော်ကြမယ် အစီစဉ်တွင် “ 10 တန်းအောင်ပြီးပြီဆိုတော့ ကျောင်းပြီးပြီပေါ့ “ ဟု ပျက်လုံး ပျက်ခဲ့သည့်အတွက် အနုပညာလောကမှ အလိုလျှောက် ရပ်နားရ၏ ၊ ကျွန်တော်တို့ လွန်စွာ သဘောကျသော လူရွှင်တော် အကိုဇာဂနာသည် ထောင်ကျ၏ ဆိုလိုသည့် အနက်အဓိပါယ်မူကား တပ်မတော်ကြီးအား ပျက်ရယ်ပြုလျှင် ထောင်ကျမည် ဟု ဆိုသလို ရှိတော့၏ တိုင်းပြည်အုပ်ချုပ်သူများ ဆင်ခြင်စရာပင် ဝေဖန်ခံမှတိုးတက်မည် ဟူသော စကားကြီးအား တိုင်းပြည်ကို ထိန်းသိမ်းလျှက်ရှိသော တာဝန်ရှိသူများမှ မျက်ကွယ်ပြုကြကုန်၏ ထို့ကြောင့် ထိုသူများလမ်းညွှန်သော ဒီမိုကရေစီအား ကျွန်တော့်အိမ်မှ သားငယ် 10 နှစ်သားက ကန့်ကွက်ပေလိမ့်မည် ထို့ကြောင့် သင်တို့ အရာရှိငယ်များ ရော ကန့်ကွက်ရဲပါ၏လော ?
ဂ. ။ မြန်မာပြည်ရှိ အင်တာ နက်သုံးနိုင်ကြသော လုငယ်များလောကတွင် လျှပ်စစ်မီး ပုံမှန်လာရေး ၊ အင်တာနက်လိုင်း ကောင်းမွန်ရေး အတွက်တိုင်တည်ဆုတောင်းကြ၏ ပါတီဆို ချာပါတီ ပဲ ဟု Status ရေးကြ၏ လမ်းပမ်းဆက်သွယ်ရေးတွင် လမ်းကောင်းသည်မှာ 1 လသာဟု ပျက်ရယ်ပြုကြ၏ ထိုသို့ ပြည်သူများ ပျက်ရယ်မပြုအောင် တိုင်းပြည်ထိန်းသိမ်းသူများ အနေဖြင့် မည်ကဲ့သော အရည်သွေးများဖြင့် တိုင်းပြည်အား ထူထောင်ခဲ့ပါသနည်း ? ကျွန်တော်တိုက တိုင်းပြည်အား ထိန်းသိမ်းလျှက်ရှိသော တပ်မတော်ကြီးသည် တိုင်းပြည်အား အမှန်တိုးတက်ရန် ကြိုးစားခဲ့သည်ရှိ၏ ယုံ၏ သို့သော် ယနေ့ မြန်မာပြည်သို့
6
လှမ်းမျှော်ကြည့်လျှင် များပြာသော ပြည်သူလူထုသည် မည်သို့ အသက်မွေး ရှင်သန်ရပ်တည်သည်ကို လေ့လာကြည့်ပါ … 10 နှစ်ကျော် မှ 15 နှစ်အတွင်း ခလေးများ စားပွဲထိုးသော လဘက်ရည်ဆိုင်သည် မြန်မာပြည်တွင်သာရှိ၏ ။ တပ်မတော်ကြီး ကာကွယ်ထားပါ၏လော ?
၉. ။ နိုင်ငံရေးလုပ်၍ ထောင်ကျသော ပြည်သူများကိုပြပါဆိုလျှင် မှန်ကန်သော ဒီမိုကရေစီ ကို ဖော်ဆောင်မည့် တပ်မတော်ကြီး အုပ်ချုပ်သော မြန်မာတွင်ရှိ၏ ထိုအရာမှန်ပါ၏လော ?
၁၀. ။ နိုင်ငံဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည် ။ သို့ကြောင့် ပြည်သူမှတင်မြှောက်မထားသော တိုင်းပြည်၏ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်သည် ပါတီးနိုင်ငံရေးမကင်းရှင်းနိုင်သောကြောင့် လူထု အဖွဲ့စည်းဟု ကြွေးကြော်ထားသော ကြံခိုင်ရေးနှင့်ဖွဲ့ဖြိုးရေး ပါတီ အား ဝန်ကြီချုပ် ရာထူးမှထွက်၍ ထောင်၏ ထိုသူအား ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်သည့် တိုင်းပြည်ဝန်ထမ်းများ မှ ကြိုတင်မဲပေးကြ၏ ထိုပါတီအား 80% ဖြင့် မဲနိုင်စေရန် မည်သူများ မဲပေးကြသနည်း မပြောတတ် သို့သော်
မြန်မာပြည်သည် 1988 ခု မှ ပြည်သူများ အားတက်သရော် မျှော်လင့်မဲပေးသော ရွေူကောက်ပွဲကြီးအား မေ့ပစ်နိုင်သော တိုင်းပြည်သည်ဆိုသည်ကား နောင်လာနောက်သားများ ၏ သမိုင်းစာအုပ်တွင် ပုံနှိပ်ဖော်ပြကြပေတော့မည် …
ထိုသမိုင်းကို မည်သို့သော ခဲဖျက်ဖြင့် ယာယီတာဝန်ယူထားသော ခေတ်မှီတပ်မတော်ခေါင်းဆောင်ကြီးများ ဖျက်ချနိုင်မည်နည်း ?
ရှရှား ၊ တရုတ် ၊ မြောက်ကိုရီးယားတွင် ခေတ်မှီနည်းပညာများသင်ကြားလျှက်ရှိသော တပ်မတော်မှ အရာရှိငယ်များ အရာရှိကြီးများ သည် မည်သို့သော နည်းပညာဖြင့် ဖျက်ချနိုင်မည်နည်း ကျေးဇူးပြု၍ ဖြေပါ ?
. နောက်ဆုံး တစ်ခု မင်းတုန်းမင်းတရားကြီး ခေတ် ပထမဆုံး ပုံနှိပ်ဖော်ပြသော ရတနာပုံ သတင်းစာတွင် မင်းတရားကြီး ကိုယ်တိုင် ကျွန်နုပ်မကောင်းလျှင် ကျွန်နုပ်အား ရေးကြစေ ဟု မိန့်တော်ပြန်ခဲ့၏ သင်တို့ရော ထိုသို့ ပြော နိုင်ပါ၏လော အဖွဲ့စည်း တစ်ခု အနေဖြင့် ရေးသားခွင့်မရှိလျှင်တောင် သတင်းစာ များ ဂျာနယ်များ အနေဖြင့် လွတ်လပ်စွာ သတင်းမှန်နေပါက ရေးသားခွင့် ရှိပါ၏လော ?
. မည်သည့်အရာကိုကြောက်၍ တိုင်းပြည်အား တာဝန်ယူထားသော တပ်မတော်ကြီးသည် မသိချင်ယောင်ဆောင် ၍ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင် ဒဏ်ခတ်နေကြပါသနည်း ?
. သင်တို့သည် ယနေ့ တိုင်းပြည်အတွက်မရှိသော အာဇာနည်များ ဖြစ်ကြ၏ အာဇာနည်ဆိုသည်မှာ အများ အတွက်ဖြစ် ၏ အမှန်တရား ကို မြတ်နိုးရ၏ မမှန်လျှင် ကား လက်ခံရန်မလို ရဲတင်းစွာ ရှင်းလင်းရဲသော စိတ်ဓတ်ရှိရာ ၏ ထိုအရာများသည် အာဇာနည်များ လက်ကိုင်ထားသင့်သော တရားများပင် .
7
မှန်တာပြောရလျှင် တပ်မတော်ကြီးအား အလျှင်းမှ မမုန်း ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်အတွက် တိုင်းပြည်လုံခြုံနေမှသာလျှင် ပြည်သူလူထုလုံခြုံ ၏ တိုင်းပြည်ရှိတပ်မတော်သည် တိုင်းပြည်အားကာကွယ်ရ၏ ထိုအရာသည် မြန်မာပြည်တစ်ပြည်တည်းအတွက်မဟုတ် နိုင်ငံတစ်ကာ တွင်ဖြစ်၏ သတိပြုစေလိုသည် ။ တပ်မတော်သားတစ်ယောက် ဖြစ်နေလျှင် တိုင်းပြည်အတွက် အသက်ပုံထားရမြဲဖြစ်၏ ထိုသူတို့ နောက်တန်းတွင် သောက်စားပျော်ပါးစေကာမူ ပြည်သူ ပီတိဖြင့် နားလည်ပေးကြကုန်၏
. တိုင်းပြည်အတွက် အသက်စတေးသွားသော ယောက်ကျားဇာနည် သူရဲကောင်းများစွာအား ကျွန်တော်သည် သွေးထဲသားထဲမှ လှိုက်လှိုက်လှဲလှဲ အလေးပြု၏ ဂုဏ်ပြုပါ၏ ကျွန်တော်ပင်မလုပ်နိုင်သေး ။
. ထိုနည်းတူစွာ တိုင်းပြည်အတွက် အသက်ပေးရန် ဆုံးဖြတ်ထားသော သူရဲကောင်းယောက်ကျားဇာနည်များအား လေးစားစွာ ဂုဏ်ပြုပါ၏ သို့သော် ထိုသူများ သည် ပြည်သူအား လှောင်ပြောင်ခွင့်မရှိ . ပြည်သူ လိုလားသော စစ်မှန်သည့် ဒီမိုကရေစီ စနစ်အား မျက်ကွယ်ပြုခွင့်မရှိ သမိုင်းတစ်လျှောက် မြန်မာ့ တပ်မတော်သည် ပြည်သူအတွက်သာ ဖြစ်ခဲ့၏ ..
၁. ။ ပြည်သူများသည် တပ်မတော် အတွက် ဈေးကွက် မဖြစ်သင့်ပေ ……..
၂. ။ အရွယ်မရောက်သော သူများသည် ကျောင်းတွင်ပင်ရှိသင့်သည် ။ စားပွဲထိုးများ မဖြစ်နေသင့် ။
၃. ။ ပြည်သူ့စရိတ်ဖြင့် နိုင်ငံရပ်ခြားတွင် စစ်ပညာသင်ကြားနေသော အရာရှိငယ်များ သည် ပြည်သူအား မလှောင်ပြောင်သင့် ပြည်သူဆုံးဖြတ်ချက်ကို ပျက်ရယ်မပြုသင့် သင်တို့ အရည်ချင်းရှိလျှင် ပြည်သူချစ်လိမ့်မည်။
၎. ။ တိုင်းပြည်အား အိမ်နီးချင်းတိုင်းပြည်များမှ ဝင်ရောက်သိမ်းပိုက်ခဲ့သော် ပြည်သူများ စစ်ထဲဝင်လိမ့်မည် ထိုအရာသည် မြန်မာ့သွေးစစ်စစ်ဖြစ်၏ သံဃာတော်များ အပါအဝင် လက်နက်မရှိသော ဆန္ဒြုပသူများအား ကြည်ဆံ လက်ဆောင် မပေးအပ် ။
၅. ။ မြန်မာပြည်သူ အမျိုးသမီးတစ်ဦး အသက် ၄၃ နှစ်မှ ၆၅ နှစ် အသက်ရွယ်ကြား ဘယ်ဂျောင်မှ ထွက်၍ နိုင်ငံရေးလုပ်နေစေကာမူ ထိုသူသည် မြန်မာ ပြည်သူမှ ပြည်သူတစ်ဦးသာ ဖြစ်၏ အကယ်၍ သင်တို့ မိခင် ၊ ညီမ ၊ အဒေါ် ၊ များ ဖြစ်နေပါက ထိုသူအား 21 နှစ်အတွင်း 15 နှစ်တိတိ အချုပ်နှောင်ခံရပါက သင်မည်သို့ခံစားမည်နည်း ? သူမ အနစ်ခံသည်ဟု မပြောနိုင်လျှင်တောင် အပျော်တမ်း လုပ်သည်ဟုလုံးဝမပြောအပ် ….. သင် 15 နှစ် အချုပ်နှောင်ခံကြည့်ပါ ထိုနှစ်များအတွက်သင်သည် သင့်အား ချုပ်နှောင်သူများကို မမုန်းပါဟု ပြောရန် သင့်အတွက်မည်သူများ မှခွန်အားပေး နိုင်သည်ကို သင်ယူပါ ။
8
၆. ။ မြန်မာပြည်ရှိ ပြည်သူလူထု၏ ခံစားခွင့်များသည် နိုင်ငံတစ်ကာ နှင့်ယှဉ်ကြည့်သော် အဖြေကို သင် ဘက်မလိုက်ပဲ စစ်ထုတ်ပါ ။
၇. ။ တိုင်းပြည်ကို ကာကွယ်သူများသည် ပြည်သူချစ်သူများ သာဖြစ်၏ ထို့အတူ အနုပညာရှင်များအားလည်း ပြည်သူချစ်၏ သင့်အားရော ပြည်သူချစ်ပါက သင် ပြည်သူအတွက်သာ လုပ်လိမ့်မည် ။ ပြည်သူများအတွက် လုပ်နေလျှင်ပင် ပြည်သူချစ်မှာသေချာ၏ ။ မချစ်ပါက မလုပ်သောကြောင့်ပင် သို့မဟုတ် သင့်လုပ်ရပ်လွဲမှားနေသောကြာင့်ပင်ဖြစ်သည် သေချာသည်ကား သင်သည်ပြည်သူပင်မဟုတ်ပါလော ထို့ကြောင့် ပြည်သူများသည် အသိဥာဏ်မဲ့နေသော သူများဖြစ်သည်ဆိုပါက သင်ဘာဖြစ်နေမည်နည်း ။
ဂ. ။ သမိုင်းသည် သမိုင်းသာ ဖြစ်၏ ဝတ္တုစာအုပ်မဟုတ် ထိုသမိုင်းတွင် ပြည်သူလှောင်ပြောင်သော သူအဖြစ်သင်ရပ်တည်နိုင်ပါသလား . ကျွန်တော် ဆိုလျှင်တော့ မည်မျှ လုပ်နိုင်စေကာမူ အများ မကြနပ်ပါက ရပ်ပစ်မည်။ မည်မျှပင် မှန်နေစေကာမူ ကျွန်တော် ရပ်ရမည် ထိုအရာအား ဒီမိုကရေစီဟု ခေါ်၏
၉. ။ မှန်တိုင်းလဲ မကောင်းဘူးဟု ပြောသော ကိုဇဂနာ ၊ အမှန်တရားကို ပြော၍ ဒုက္ခရောက်ရှာသော အနုပညာရှင်များ ၊ ပြည်သူများ ၊ နိုင်ငံရေးသမားများ ၊ ဘာမှန်မသိ အသက်ပေးသွားသော 8 လေးလုံး မှကျောင်းသားများ 2007 ရွှေဝါရောင် သပိတ်တွင် တိုင်းပြည်အတွက် အသက်ပေးသွားသူများအား ဘဝပြောင်းပေးသွားသောသူများ သည် တိုင်းတစ်ပါးသားများ မဟုတ် ကြ ။ မည်သူ များ ပစ်သတ်ခဲ့ပါသည်ကို ဆိုသော် မြန်မာတပ်မတော်မှပြည်သူများသာလျှင်ဖြစ်၏ ဟု သမိုင်းတစ်လျှောက်ဖော်ပြကြပေလိမ့်မည် ။
၁၀. ။ ကျွန်တော် သည် တိုင်းပြည်ကောင်းစားရေး အတွက် အမှန်တရားကို လက်ကိုင်ထားရဲပါသည် သို့သော် မြန်မာပြည်တွင်တော့ မဟုတ် ။ ထို့ကြောင့် တိုင်းပြည်အတွက် အမှန်တရား အား လက်ကိုင်ထားရဲသော ဆန္ဒုပြရဲသည့် ခလေးများကို ပင် လေးစား၏ အမျိုးဂုဏ် ၊ စားဝတ်နေရေး ၊ အခွင့်ရေး များကြောင့် တပ်မတော်အရာရှိဖြစ်သွားကြကုန်သော သူများအား ထိုကလေးများ နှင့် ယှဉ်သော် လွန်စွာ သနား၏
လေ့ကျင့်ခဲ့သော သင်တန်းများ တစ်လျှောက် သင့်အား မိန့်ခွန်းပြောခဲ့သော တပ်မတော်သည် တိုင်းပြည်အား အုပ်ချူပ်သည်မဟုတ် စစ်မှန်သော ဒီမိုကရေစီပုံဖော်ဆောင်ဖို့ ယနေ့ တာဝန်ယူလျှက်ရှိသည်ဟူသော စကားများကို ပခုံးမှ ကြယ်ပွင့်များ တည်မြဲရေး အတွက် လိုက်နာနေမည့် သူ ဆိုပါက အထူးပင်သနား၏
(တိုင်းပြည်အား အသက်ပေးရန်ဆုံးဖြတ်ထားသော ယောင်္ကျားဇာနညများမပါ )
သို့ကြောင့် သင်သိပါလေစ ချစ်သားတို့ တပ်မတော်ဆိုတာ ယောက်ကျားကောင်းတွေ မွေးထုတ်ပေးတဲ့ ကျောင်းတော်ကြီးပါကွာ ဆိုသည်ကို သင်တို့ မမေ့ကြလေနှင့် တပ်မတော်သားများနေ့စဉ်ရေရွတ်လျှက်ရှိကြကုန်သော သစ္စာ ဓိဌာန်များတွင် ပြည်သူကြွေးသော ထမင်းကိုစာ၍ ပြည်သူအား ကာကွယ်ပါမည် ဟူသည်ကား အပစ်ပေးဒဏ်ခတ်ရန် မဟုတ် ။
9
ကျွန်နုပ်စာသင်ပေးခဲ့သော တပည့်တစ်ယောက်သည် ကျွန်နုပ်အား သူ့ ဆန္ဒလေး အလွန်တိုးညှင်းစွာ ဖွင့်ပြောသွားရှာဘူး၏
တိုင်းပြည်ကို ချစ်ပုံမှားနေတဲ့ သူအဖြစ် ကျွန်တော်တော့ အသက်ပါပေးရပါပြီ ဟူ၏
သူ၏သွေး များသည် ကျွန်တော့်လက်တွင် ယနေ့တိုင် ရနံရှင်ရှင် ရလျှက်ရှိ၏
ထိုနေ့က ကျွန်တော် တောက်တစ်ချက်သာ ခေါက်နိုင်သော နေ့ဖြစ်နေခဲ့ပြီး ကျွန်တော် ပညာသင်ကြားပေးလိုက်သော တပည့်များသည် ကျွန်တော့်အား အိမ်ကြက်ချင်း ခွပ်ပြသွားသော နေ့ တစ်နေ့အား ကျွန်တော့်တစ်သက် မည်သို့သော အကြောင်းများဖြင့် မေ့မည်မဟုတ်ပေ ……
ထိုနည်းတူစွာ တိုင်းပြည်အား နေ့စဉ် လိုင်းကားများတိုးစီးပြီး လူလုံးကြေမွ တစ်လ 50000 မျှသော ငွေဖြင့် ဆက်လက်ရပ်တည်ရန် သာမက မိမိမိသားစု တစ်စု ကောင်းစားရေးအတွက်သာ ကြောက်လန့်နေရှာသော ပြည်သူအားသနားသော သင့်အား ကျွန်တော် ထမ်းဆောင်ခဲ့သော ကျောင်းဆရာဘဝ စွန့်၍ ပစ်ဒဏ်ခံရမည်ဆိုလျှင်ပင် သနားသည်ဟု ပြောပြီး ပစ်ဒဏ်ခံပေတော့မည် ။
လူမင်းကြီး ခင်ဗျား
တိုင်းတစ်ပါးတွင် အသက်မွေးသော ကျွန်တော်သည် ယနေ့တိုင် မြန်မာနိုင်ငံသား သာလျှင်ဖြစ်၏ကျွန်တော်သည် သေသည်အထိ မြန်မာဟုသာ ဖော်ပြမည် ဖြစ်၏ ကျွန်နုပ်လျှာပေါ်မြက်ပေါက်မည်ဆိုလျှင် ပင် တိုင်းတစ်ပါးသား အဖြစ် ခံယူမည်မဟုတ် ယနေ့ ကျွန်တော်သည် အနောက်တိုင်းတွင် အသက်မွေးသော မြန်မာတစ်ယောက်သာဖြစ်၏ အချိန်တန် အသက်ဆုံးသော် ကျွန်တော်အားသရဏဂုံတင်မည့် မြန်မာပြည်တွင်ပင် သေလို၏ နိုင်ငံရေး လုပ်လျှင် ဒုက္ခရောက်မည် ဟူသော အစွဲကြီး စွဲနေရှာသည့် ပြည်သူများ အား မျက်စေ့ နား ဖွင့်ပေးပြီး သတင်းမှန်များ ဖတ်ကြပါစေ .. အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတော်စရိတ်ဖြင့် တပ်မတော်အရာရှိများ ရရှိသော လစာများ ပညာတတ်ကျောင်းသားများ ရကြပါစေ .. နှစ်စဉ် ဘွဲရသွားရှာသော နိုင်ငံတကာအလုပ်ကိုင်များကြားတွင် မဝင်ဆန့်သည့် ဘွဲလက်မှတ်များ ပပျောက်နိုင်ပါစေ … နိုင်ငံတစ်ကာတွင် မိသားစုဝမ်းရေး တိုးတက်နိုး အိမ်ပေါင် လယ်ပေါင် မရှိရှိတာနှင့် အလုပ်ကိုင်လာလုပ်သော သူများအား အရာရှိများ အထင်သေးခြင်းမှ ကင်းဝေးပါစေ ရန် သင်ကြားပေးနိုင်ပါစေ .. ကျွန်နုပ် တို့ ပြည်သူများ လွတ်လပ်စွာ ရွေးချယ်ခွင့်ရပါစေ ..
10
နောက်ဆုံး ကျွန်တော်မျက်စေ့မကွယ်မီ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်အဖြစ် ဒီမိုကရေစီ ဆိုသောစကားအား နားလည်သောပြည်သူများဖြစ်စေဖို့ ဒီစာဖြင့် မီးမောင်းထိုးပြဝေဖန်သွားပါတယ်ခင်ဗျား
ပြည်သူကျောင်းဆရာ ၊ နိုင်ငံခြား အလုပ်သမား ၊ B.A ဘွဲ့ဖြင့် ရမည့်လစာအား မလောက်ငှမည်ဆိုးသောကြောင့် နိုင်ငံခြားတွင် ပေါင်မုန့်အရောင်းစာရေး ဖြစ်ရန် သိန်း 50 ကျော် အကုန်ခံမိသော …တိုင်းပြည်ကောင်းစားရေးအတွက်

ယနေ့ ဘာမျှ မတတ်နိုင်သော
မင်းသျှင် ( မြန်မာစာ )

Monday, November 22, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှ စီးပွားရေး ဦးမော့နိုင်မည်

ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား အဖွဲ့များနှင့် စစ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး ပြဿနာများ အဖြေ ရှာမှသာ မြန်မာ့ စီးပွားရေး တိုးတက်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုလိုက်သည်။

aung-san-suu-kyi-business

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ ပြန်လည် ထွက်ခွာလာစဉ် (ဓာတ်ပုံ - AP)

ဧရာဝတီက မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ငါး လုပ်ငန်း အဖွဲ့ချုပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ် အသင်းများမှ စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ မေးမြန်းရာ လက်ရှိအခြေအနေတွင် မြန်မာ့စီးပွားရေးမှာ ထွက်ပေါက် မရှိ သော အခြေအနေမျိုးတွင် ဆိုက်ရောက်နေကြောင်း ပြောဆိုကြသည်။

“စီးပွားရေး၊ နိုင်ငံရေးက ထွက်ပေါက်မရှိသလို ဖြစ်နေတယ်။ စီးပွားရေးသမားတွေကလည်း အနာဂတ်မဲ့ ပုံစံဖြစ်နေတယ်။လက် ရှိ အခြေအနေ အတိုင်းဆက်သွားမယ်ဆိုရင် စီးပွားရေးပိုကျဖို့ ရှိတယ်”ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းဝင် တဦးက ပြောသည်။

ရွေးကောက်ပွဲအပြီး စစ်အစိုးရ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)က မဲမသမာမှုများဖြင့် အနိုင်ရရှိပြီး ကြံ့ဖွံ့အရပ်သားအစိုးရ ပေါ်ပေါက်လာမည်ဖြစ်ရာ အမေရိကန် နှင့် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု များလည်း ဖယ်ရှားမည် မဟုတ်ကြောင်း၊ ထို့အပြင် စစ်ယူနီဖောင်းချွတ်အရပ်သားအစိုးရက ပုံစံပြောင်း အုပ်ချုပ်မည်ဖြစ်သော ကြောင့် ပွင့်လင်းမြင်သာသော ဈေးကွက်စီးပွားရေးစနစ် ဖြစ်ပေါ်လာဦးမည် မဟုတ်ဘဲ အစိုးရ နှင့်နီးစပ်သူ စီးပွားရေးသမားများ သာ လုပ်ပိုင်ခွင့်ရသော စီးပွားရေးစနစ်က နေရာယူထားဦးမည်ဖြစ်ကြောင်း ပြည်တွင်း စီးပွားရေး အသိုင်းအ၀ိုင်းတွင် ပြော ဆို နေကြသည်။

“မြန်မာ့စီးပွားရေးကို ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်းတို့လို စစ်အစိုးရ ကျောထောက် နောက်ခံ စီးပွားရေး သမားကြီး တွေ ကပဲ ဆက်ပြီး လက်ဝါးကြီး အုပ်ထားဦးမယ်။ အကြမ်းဖျင်း ပြောမယ်ဆိုရင် စီးပွားရေးလုပ်ချင်ရင် အစိုးရနဲ့ပေါင်းဆိုတဲ့ စီးပွားရေးစနစ်ပဲ ဆက်ဖြစ်သွားမယ်။ တကယ့် ဈေးကွက် စီးပွားရေးစနစ် ပေါ်လာစရာ အခွင့်အလမ်းနည်းပါတယ်”ဟု UMFCCI အသင်းဝင် စီးပွားရေးသမား တဦးက ဆိုသည်။

ပြည်တွင်း စီးပွားရေးသမား တချို့က လွှတ်တော်များ ပေါ်ပေါက်လာပြီး မြန်မာ့စီးပွားရေးအတွက် အကျိုးရှိသော မူဝါဒ ဥပေဒ များချမှတ်ပေါ်ပေါက်လာကာ မြန်မာ့စီးပွားရေး တရှိန်ထိုးဖွံ့ဖြိုးတိုးတက်မည်ဟု ယူဆကြကြောင်း၊ ထိုယူဆချက်မှာ ရာနှုန်းပြည့် မမှန်နိုင်ကြောင်း ဂဏန်းမွေးမြူ ရေးလုပ်ငန်းရှင်တဦးကလည်း ပြောသည်။

“ဥပဒေတွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ မူဝါဒတွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ စစ်တပ် အုပ်ချုပ်တဲ့ အစိုးရ လက်ထက် ကတည်းက အကျင့်ပါနေတဲ့ လာဘ်ပေးလာဘ်ယူမှုက ပပျောက်ဖို့ ခဲယာဉ်းတယ်။ နောင် တက်လာမယ့် အစိုးရ သစ် ကလည်း အခုစစ်အစိုးရမှာ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ အရင်က ပြောခဲ့ကြတယ်။ မူပြောင်း လူမပြောင်းစနစ် ဖြစ်မယ် ပေါ့။ အခုတော့ မူလည်းမပြောင်းဘူး လူလည်း မပြောင်းဘူး။ မူမပြောင်း လူမပြောင်းတဲ့အတွက် စီးပွားရေးလည်း ပြောင်းဖို့ မမြင်ဘူး”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းရှင် တဦးက ဆိုသည်။

မြန်မာ့စီးပွားရေးတိုးတက်ရန်မှာ အမေရိကန်၊ ဥရောပစသည့် အနောက်နိုင်ငံများနှင့် ချိတ်ဆက်ထားသော စီးပွားရေး စနစ် ဖြစ်ပေါ် လာမှသာဖြစ်နိုင်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုရှိနေသမျှ ပြည်တွင်းစီးပွားရေးမှာ အိမ်နီးချင်းနိုင်ငံများ၏ ဂုတ် သွေးစုပ် ရင်းနှီးမြုပ်နှံမှုကိုသာ ရရှိမည်ဖြစ်ပြီး အဆိုပါရင်းနှီးမြုပ်နှံမှုများသည် အစိုးရအတွက် ၀င်ငွေရရှိစေကာ အသက်ရှုချောင် စေမည် ဖြစ်သော်လည်း တိုင်းပြည်နှင့် လူမျိုးကိုဆင်းရဲတွင်းမှ ဆွဲမထုတ်နိုင်ကြောင်း ပြည်တွင်း စီးပွားရေး ပညာရှင် တဦးက သုံးသပ် သည်။

“စီးပွားရေးတိုးတက်လာတဲ့ တရုတ်နိုင်ငံကိုပဲကြည့်ကြည့်၊ ဗီယက်နမ်နိုင်ငံကိုပဲကြည့်ကြည့် အမေရိကန်၊ ဥရောပနဲ့ အနောက် နိုင်ငံကြီးတွေနဲ့ စီးပွားရေးဆက်ဆံမှုတွေလုပ်ရင်း ဖွံ့ဖြိုးတိုးတက်သွားတာ။ ဗီယက်နမ်ဆိုရင် အမေရိကန် စီးပွားရေးပိတ်ဆို့မှု ဖယ်လိုက်တော့မှ စီးပွားရေး ဖွံ့ဖြိုးလာတာ။ မြန်မာနိုင်ငံက သဘာဝသယံဇာတထွက်နေလို့ အိမ်နီးချင်းနိုင်ငံတွေက လာရင်းနှီး မြုပ်နှံရင်တောင် ဒီရင်းနှီးမြုပ်နှံမှုက အစိုးရကိုပဲ အသက်ရှုချောင်စေမှာ၊ တိုင်းပြည် စီးပွားရေးအရှိန်အဟုန်နဲ့ ဖွံ့ဖြိုးစေတဲ့ အထိ မဖြစ်နိုင်ပါဘူး”ဟု အထည်ချုပ် လုပ်ငန်းရှင်တဦးကလည်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားပေးရန် ပြည်သူက တောင်းဆိုလျှင် ဖယ်ရှားရေး ဆောင်ရွက်မည် ဖြစ် ကြောင်း၊ သို့သော်လည်းစီးပွားရေး ပိတ်ဆို့မှုများက ပြည်သူကို မည်သို့မည်ပုံ ထိခိုက်စေသည်ဆိုသော ခိုင်လုံတိကျသည့် အထောက် အထားများ ပြသရန် လိုအပ်ကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကမူ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် တောင်းဆိုမည် မဟုတ်ဘဲ တောင်းဆို လျှင်လည်း အမေရိကန်နှင့် အနောက်နိုင်ငံများက ရုပ်သိမ်းပေး မည်မဟုတ်ကြောင်း၊ မြန်မာ့စီးပွားရေးကို အိမ်နီး ချင်း နိုင်ငံများနှင့် ကူးလူးဆက်ဆံ၍ ရှေ့ဆက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းထောက် များနှင့်တွေ့ဆုံသော သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြောဆိုထားသည်။

မြန်မာနိုင်ငံစက်မှုကုန်ထုတ်အသင်းမှ ကုမ္ပဏီပိုင်ရှင် တဦးက နိုင်ငံနှင့် ပြည်သူအကျိုး အတွက် တွေ့ဆုံဆွေးနွေးသည့် နည်းဖြင့် အဖြေရှာခြင်းမှာ အကောင်းဆုံးဖြစ်ကြောင်း ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူနဲ့ပဲဖြစ်ဖြစ် စကားပြောနိုင်တယ် ပြောနေပြီ။ အစိုးရဘက်ကလည်း ဒီ အခွင့်အရေးကို အသုံးချပြီး စကားပြောကြရင်၊ တွေ့ဆုံနွေးကြရင် မြန်မာနိုင်ငံ ငါးနှစ်အတွင်း စီးပွားရေးတိုးတက်မှုတွေ သိသိသာသာ မြင်ရ မယ်၊ စကားပြောကြပါ၊ တွေ့ဆုံနွေးကြပါလို့ပဲ အကုန်လုံးကို တိုက်တွန်းချင်တယ်”ဟု ၎င်းက ဆိုသည်။

စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှု၊ တိုင်းရင်းသူ အမျိုးသမီးများအပေါ် အဓမ္မကျင့်မှု၊ နေအိမ်များ အတင်းအကျပ် ရွှေ့ ပြောင်းမှု၊ နိုင်ငံရေး လှုပ်ရှားသူများကို ထောင်သွင်း အကျဉ်းချထားမှု အပါအ၀င် အာဏာ အလွဲသုံးစားပြု၍ ဖိနှိပ်မှုများ ကျူး လွန် နေခြင်းကြောင့် အမေရိကန်၊ ဥရောပ စသည့် အနောက်နိုင်ငံများက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ မှုများ ချမှတ် ထား ခြင်း ဖြစ်သည်။

Friday, November 19, 2010

မလေးရှားနိုင်ငံ ကွာလာလမ်ပူ ပူချုန်းရှိ လူဘောင်သစ် ပါတီရုံးတွင်

မလေးရှားနိုင်ငံ ကွာလာလမ်ပူ ပူချုန်းရှိ လူဘောင်သစ် ပါတီရုံးတွင်
လူဘောင်သစ်ပါတီ ဥက္ကဌ ဦးအောင် မိုးဇော်နှင့် မလေးရှားနိုင်ငံ ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် လူဘောင်သစ်ပါတီ မလေးရှား နှင့် မြန်မာအရေးစိတ်ဝင်စားသူ
လူငယ်များ တွေ့ဆုံဆွေးခဲ့ကြသည်။
ထို ဆွေးနွေးပွဲတွင် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်း နှင့် လက်ရှိနိုင်ငံရေးအခြေအနေများ နှင့် ရှေ့ဆက်ပြီး မည်သို့ ဆက်လက်ဆောင်ရွက် သွားကြမည် ကို တက်ရောက်လာကြသူများက မေးမြန်းကြပြီး လူဘောင်သစ်
ဥက္ကဌ ဦးအောင်မိုးဇော်မှ ပြန်လည်ရှင်းလင်း ဖြေကြားပြီး နံနက် ၁၁ နာရီ တွင် ဆွေးနွေးပွဲ ပြီးဆုံးခဲ့သည်။

မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဒီကနေ့ ဆွေးနွေးမည်

မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ မကြာခင် နာရီပိုင်းအတွင်း အမေရိကန်စံတော်ချိန် ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးကြဖို့ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး ပြောခွင့်ရသူက ဗွီအိုအေ ကို ပြောခဲ့ပါတယ်။ လက်ရှိ မြန်မာပြည်က ရွေးကောက်ပွဲပြဿနာ၊ တိုင်းရင်းသားအရေးပြဿနာတွေကို ထည့်သွင်းဆွေးနွေးဖို့ရှိပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံကိုယ်စားလှယ်ကနေ လုံခြုံရေးကောင်စီမှာ အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက ပြောပြပါမယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ခ်မြို့မှာ နိုဝင်ဘာလ ၁၈ ရက် ကြာသပတေးနေ့ အမေရိကန် စံတော်ချိန် မွန်းလွဲပိုင်းကျရင် ဆွေးနွေးမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေ နမ်ဘီယာ (Vijay K. Nambiar) က မြန်မာပြည်မှာ လက်ရှိ ဖြစ်ပျက်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ အစီရင်ခံစာ တင်သွင်းမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး ပြောခွင့်ရသူ ဟားရိယတ် ခရော့စ် (Harriett Cross) က ဗွီအိုအေကို အခုလို ပြောဆိုခဲ့ပါတယ်။

“လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးမှာဖြစ်ပါတယ်။ ကုလသမဂ္ဂ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ နမ်ဘီယားက လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်လို့ အစီရင်ခံဖို့ရှိပါတယ်။ မြန်မာနိုင်ငံမှာ နောက်ဆုံး ဖြစ်ထွန်းတိုးတက်မှုတွေကို အခြေခံပြီး ကျမ အင်္ဂါနေ့က အီးမေးလ်ပို့ပြီး သဘောထားတွေ မေးခဲ့တာကို အဖွဲ့ဝင်အားလုံးက တွေ့ဆုံဖို့ အခုလို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။”

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ရဲ့ ကုလသမဂ္ဂရေးရာတာဝန်ခံ ဒေါက်တာ သောင်းထွန်းကလည်း ဒီကနေ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သွားနိုင်မယ့် နည်းလမ်းတွေကို ကူညီရှာဖွေနိုင်ဖို့ ဆွေးနွေး ကြမှာဖြစ်တယ်လို့ အခုလို ပြောခဲ့ပါတယ်။

“အခု လုံခြုံရေးကောင်စီမှာ ဘယ်လိုမျိုး မြန်မာ့နိုင်ငံရေးပြဿနာကို ကူညီကိုင်တွယ်ဖြေရှင်းပေးဖို့ ချဉ်းကပ်မှုတွေ၊ ဒါတွေကို ဆွေးနွေးမယ်ဆိုတဲ့သဘောထားဖြစ်ပါတယ်။ နံပါတ်တစ်အနေနဲ့ ဒီတခေါက် ဆွေးနွေးမယ့်ကိစ္စက ရွေးကောက်ပွဲကိစ္စဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် ရွေးကောက်ပွဲလွန်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် တခြား ရွေးကောက်ပွဲမှာ မပါဝင်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အစုအဖွဲ့တွေ အားလုံး ပါဝင်နိုင်ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်နိုင်တဲ့ ဘယ်လို နိုင်ငံရေးလုပ်ငန်းစဉ်တရပ်ကို UN ကနေ ကူညီရှာဖွေပေးမလဲဆိုတဲ့ ကိစ္စပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းစစ် အငွေ့အသက်တွေ သန်းနေတယ်။ စစ်ရေးအရ တင်းမာမှုတွေ ဖြစ်နေတယ်။ ဒီကိစ္စတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ ကိစ္စမှာ ကုလသမဂ္ဂ က ဘယ်လိုဆောင်ရွက်ပေးမလဲ။ ဒါတွေကို ဆွေးနွေးကြမယ်။”

ဒါ့အပြင် အခုအစည်းအဝေးက မြန်မာပြည်နဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေအကြား သဘောထားကွဲပြားမှုတွေ ကို ညှိနှိုင်းဆွေးနွေးကြဖို့သာဖြစ်ပြီး တချို့လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံ တွေက မျှော်လင့်သလို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကနေ မြန်မာစစ်အစိုးရအပေါ် အရေးယူဖို့ ကတော့ ဖြစ်လာနိုင်စရာ မရှိဘူးလို့လည်း ဒေါက်တာ သောင်းထွန်းက အခုလို ဆက် ပြောခဲ့ပါတယ်။

“အရေးယူဆောင်ရွက်မှုကတော့ လတ်တလောမှာ ကျနော်တို့ ဖြစ်လာဖို့ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ခုနကိစ္စတွေအပေါ်မှာ တရုတ်နိုင်ငံက ဒါ ပြည်တွင်းရေးလို့ မြင်တယ်။ ရုရှားက ပြည်တွင်းရေးလို့ မြင် တယ်။ တခြားနိုင်ငံတွေကတော့ ဒါတွေက ကုလသမဂ္ဂကနေ အရေးယူဆောင်ရွက်သင့်တယ်လို့ မြင် တယ်။ အဲ့တော့ ဆွေးနွေးမှုတွေတော့ ရှိနေတယ်။ ဆွေးနွေးမှုတွေဟာ သဘောထားမတူညီမှုတွေကို ကျဉ်းမြောင်းသွားအောင် လုပ်တဲ့သဘောရယ်၊ ဒီဗမာနိုင်ငံရေးကိစ္စအပေါ်မှာ ကုလသမဂ္ဂက အဆက် မပြတ် အာရုံစိုက်မှုရှိနေတယ်ဆိုတာတွေကို လက်ရှိ နိုင်ငံရေးခေါင်းဆောင်တွေကို ပြသလိုတဲ့ အနေ အထားတွေလည်း ဖြစ်တယ်။ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းဆောင်တာ တွေကို လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက ဘယ်လို ကူညီဆောင်ရွက်မလဲ။ ဘယ်လို ဘုံ ချဉ်းကပ်မှု မျိုးတွေ ရမလဲဆိုတဲ့ ကြိုးပမ်းရှာဖွေမှုလည်းဖြစ်ပါတယ်”

ဒီအစည်းအဝေး မတိုင်ခင်တုန်းကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကြားမှာ မြန်မာ ပြည်ကိစ္စကို အလွတ်သဘော ဆွေးနွေးခဲ့ကြပါသေးပါတယ်။

ဒီလို ဆွေးနွေးချိန်မှာ နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပပြီးစီးသွားခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတဲ့အတွက် ကြိုဆိုကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့အတွက် စစ်အစိုးရကို တောင်းဆိုဖို့ ဒါတွေကို သဘောတူညီခဲ့ကြပါတယ်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅ နိုင်ငံရှိပြီး ဗြိတိန်နိုင်ငံက လက်ရှိ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဒီအဖွဲ့ဝင်နိုင်ငံတွေကြားမှာ မြန်မာပြည်အရေးကို မဆွေးနွေးခဲ့ကြတာ လ အတန် ကြာခဲ့ပြီဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က နေ ပြန်လွတ်လာပြီးတဲ့နောက်မှာ အခုလို လုံခြုံရေးကောင်စီကနေ မြန်မာ့အရေးကို ဆွေးနွေးဖို့ ဖြစ်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့နဲ့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာအောင် ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းတဲ့အနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဒီနှစ်ဆန်းပိုင်းကစလို့ တာဝန်ပေးခြင်းခံခဲ့ရတဲ့ အိန္ဒိယနွယ်ဖွား ၀ါရင့်သံတမန် မစ္စတာ ဗွီဂျေ နမ်ဘီယာဟာ ဂျွန်လတုန်းက မြန်မာ့အရေးဆွေးနွေးဖို့ စင်္ကာပူ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အပြန်မှာ အတွင်း ရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေအဖွဲ့ဝင်နိုင်ငံတွေကို စက်တင်ဘာလမှာတုန်းက အစီရင်ခံခဲ့ဖူးပါတယ်ရှင်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) တို့ဟာ ဒီနေ့ ညနေပိုင်းက တယ်လီဖုန်းကတဆ

၁၅ မိနစ်လောက် ပြောဆို ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြခဲ့ပါတယ်။

“အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက နှုတ်ဆက်စကား ပြောဖို့ မနေ့ကတည်းက စတင်ပြီး သူ့ဘက်က စီစဉ်ပါတယ်။ အကြောင်းမညီညွတ်လို့ မနေ့ကတော့ မပြောဖြစ်ပါဘူး။

“ဒီနေ့တော့ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်ရုံးက တာဝန်ခံ ကိုယ်တိုင်က ပူးပေါင်းစီစဉ် ကူညီပေးမှုကြောင့် မစ္စတာ ဘန်ကီမွန်းက ၅ နာရီ ၄၅ မိနစ်မှာ ကျနော်တို့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဆီကို ဖုန်းဆက်ပါတယ်။
ဖုန်းဆက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၀မ်းမြောက်ကြောင်း စကားပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၅ မိနစ်ကြာ ပြောပါတယ်။
အသေးစိတ် ပြောဆို ဆွေးနွေးတာတွေတော့ ကျနော်တို့ မသိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်က အိမ်မှာရှိတဲ့ သူ့အခန်းထဲက ဆွေးနွေးပြောဆိုတာ ဖြစ်ပါတယ်။”

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦး ဖြစ်သူ ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်း အတွင်းကလည်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ပြောဆိုခဲ့ကြသေးတာ ဖြစ်ပါတယ်။


နားဆင်ရန်

Sunday, November 14, 2010

ပညာ၊ ကရုဏာနှင့်အနာဂတ်ခေါင်းဆောင်

ခေါင်းဆောင် ကောင်းတို့၏ ဟန်ချက်ညီညီ အရည်အချင်းနှစ်ပါး။

ခေါင်ဆောင်ကောင်းတို့မှာ အရည်အချင်းနှစ်ခုလိုအပ်ပါသည်။ ထိုအရည်အချင်းနှစ်ခုမှာ ကရုဏာ

နှင့်ပညာဖြစ်ပါသည်။ထိုအရည်အချင်းနှစ်ပါး ဟန်ချက်ညီညီပြည့်စုံပါမှ ခေါင်းဆောင်တို့ ၏ အရည်အချင်းပြည့်

စုံသည်ဟုဆိုနိုင်ပါသည်။

ကရုဏာ တရားပြည့်စုံလျင် မေတ္တာတရား၊ချစ်ခင်သနားခြင်း၊ကြင်နာယုယခြင်း၊သည်းခံခြင်း၊ခွင်

လွှတ်ခြင်း၊ရက်ရက်ရောရောပေးကမ်းခြင်းစသည့်ခေါင်းဆောင်တို့ ၏အရည်အချင်းတို့ သည် ကရုဏာထဲ၌ပူး

ပေါင်းပါဝင်ကြပါသည်။သနားခြင်း၊ချစ်ခင်ခြင်း၊ကြင်နာခြင်း၊ယုယခြင်း၊ခွင့်လွှတ်ခြင်း၊သည်းခံခြင်း၊ရက်ရောခြင်း

တို့ သည် နှလုံးသား၏ အရည်အချင်း(qualities of the heart)တို့ ဖြစ်သည်။

အခြားတစ်ဖက်မှာ ကရုဏာနှင့် တွဲဖက်ရန်ပညာတည်းဟူသောအရည်အချင်းမရှိမဖြစ်လိုအပ်ပါ

သည်။ ပညာဆိုသည်ကား အကြောင်းအကျိုးကိုစီစစ်ခြင်း(reasoning)ဝေဖန်ခြင်း(critique)စုံစမ်းခြင်း(inve-

Stigation)စီမံကိန်းတစ်ခုကိုလုပ်မည်ကြံလျှင်အချက်အလက်စုစောင်းခြင်း(collection of information)ပုံထု

တ်ခြင်း(designing)စီမံချက်ချခြင်း(planning)ခန့် မှန်းတွက်ချက်ခြင်း(estimating and calculation)တည်ေ

ဆာက်ခြင်း(construction)လည်ပတ်ခြင်း(running)လုပ်ငန်းအားလုံးကိုအကျိုးသက်ရောက်မှူရှိမရှိပြန်လည်

သုံးသပ်ခြင်း(exaluation of result)မိမိလုပ်ငန်းသည် အကျိုးသပ်ရောက်မှူရှိလျှင်ဆက်လက်၍ဆောင်ရွက်

ခြင်း(continuation)အကျိုးသက်ရောက်မှူမရှိလျှင်စီမံချက်အသစ်ပြုလုပ်ခြင်း(replaning)လုပ်ငန်းအသစ်ပြု

လုပ်ခြင်း(reconstruction)တို့ သည် ပညာ (wisdom)၏အလုပ်ကိစ္စများဖြစ်ပါသည်။

ထို့ အပြင် ပညာပိုင်း၌(man power,material power,money power,mind power)တို့ ကို

လုံလုံလောက်လောက်စုဆောင်းနိုင်ပါမှ သာသနာရေးလုပ်ငန်း၊လူမှူရေးလုပ်ငန်းတို့ မှာထိရောက် အောင်မြင်

မည်ဖြစ်ပါသည်။သို့ ဖြစ်ခြင်းကြောင့် ပညာဟူသည် စိတ်၏အရည်အချင်း(quality of the mind)ကရုဏာဟူ

သည် နှလုံးသား၏အရည်အချင်း(quality of the heart)တို့ ဖြစ်ပါသည်။ခေါင်းဆောင်တစ်ယောက်သည်မည်

သည့် ခေါင်းဆောင်ဖြစ်စေ လူသားတို့ ၏ ဒုက္ခနှင့် အခက်အခဲတို့ ကိုသိမြင်ခံစားတတ်ရမည်ဖြစ်ပါသည်။

ထိုအခက်အခဲနှင့်ဒုက္ခတို့ ကိုငါဘယ်လိုကူညီဖြေရှင်းပေးနိုင်မည်နည်းဟုနိုးကြားခံစားတက်သောနှလုံးသား

ရှိရမည်။ထိုနောက်အထက်တွင်ဖေါ်ပြခဲ့သော ပညာဖြင်လူသားတို့ ကို ကူညီစောင့်ရှောက်သောလုပ်ငန်းတို့ 

ကိုစတင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ကရုဏာသာရှိ၍ ပညာမရှိခဲ့လျှင် ထိုသူသည်(good hearted fool)စိတ်နှလုံးကောင်းသောလူ

(or)ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နေပေလိမ့်မည်။တချို့  ပုဂ္ဂိုလ်တို့ မှာ ပညာကိုသာကြိုးစားသင်ကြ

ပြီး မေတ္တာ၊ကရုဏာ၊ဘာဝနာလုပ်ငန်းတို့ ကိုမေ့လျော့နေတတ်ကြသည်။ထိုသို့ ဖြစ်လျှင် မေတ္တာ၊ကရုဏာ

ကင်းမဲ့သော ထိုပညာတတ်သည် (hard hearted wise man)စိတ်နှလုံးကြမ်းတမ်းသောပညာတတ်ဖြစ်နေ

ပေလိမ့်မည်။သို့ ဖြစ်ခြင်းကြောင့် ပြည့် စုံသော လူမှူရေးခေါင်းဆောင်၊နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ဖြစ်

ဖို့ ရန်မှာ ကရုဏာပညာတတ်ဟူသောခေါင်းဆောင်ကောင်းတို့ ၏အရည်အချင်းနှစ်ပါးရှိဖို့ အထူးလိုလှပေ၏။

မြတ်ဗုဒ္ဓသည်ဘုရားဖြစ်ရန်စတင်ကျင့်သုံးစဉ်ကပင် ဗုဒ္ဓဖြစ်ရန် ဗောဓိဥာဏ်ကိုရဖို့ ရန်သာရည်ရွယ်

ခဲ့သည် မဟုတ်ပါ။သတ္တလောက၏အကျိုးစီပွားကို ဆောင်ရွက်ရန်ဟူသော(လောကတ္ထစရိယ)ပထမဦးစားပေး

ဖြစ်သည်။ထိုကြောင့်ဗုဒ္ဓ၏တပည့်သားရဟန်းတော်တိုသည်လည်းမိမိ၏ဗောဓိဥာဏ်ရခြင်းတည်းဟူသောအကျိုး

စီးပွားနှင့်သတ္တလောက၏ အကျိုးစီပွားကို တစ်ပြိုင်နက်တည်း တစ်ပေါင်းတည်းဆောင်ရွက်ရမည်ဖြစ်ပါသည်။

လူသားများသည် တစ်ယောက်တည်းနေလို့ မဖြစ်နိုင်ပါ။ လူ့ အဖွဲ့ အစည်းနှင့်ဆက်ဆံ၍ နေကြ

ရသည်သာဖြစ်ပါသည်။ တော်ရဆောက်တည်၍ဧကစာရီကျင့်သော တောရမှီရဟန်းသည်ပင် ဆွမ်းတစ်နပ်စား

အတွက် ဆွမ်းခံရွာကို မှီရပါသည်။ ထိုတောရ ရဟန်းသည်ပင် မိမိအားဆွမ်းကျွေးသော ထိုတောရွာ၏ အကျိုး

ကျေးဇူးကို ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။ ယနေ့ ကမ္ဘာသည် အရာရာလိုနေသည် ချည်းသာဖြစ်ပါသည်။

(ဦနော သဗ္ဗောလောကော) လိုနေသောလူ့ လောကကြီးအတွက် ဖြည့်စွပ်ပေးရန် တာဝန်သည် လူသားတိုင်းမှာ

ရှိပါသည်။ လူလောကကြီးထဲသို့  ရောက်ရှိလာသော လူသားသည် လူ့ လောကကြီးကို ကျေးဇူးပြုရမည်ဖြစ်ပါ

သည်။

ဤကမ္ဘာလုံးကြီးနှင့် တသီးတခြားလည်ပတ်၍ နေသော နေနှင့်လတို့ သည် ဤကမ္ဘာမြေပြင်ကို

နွေးထွေးသော အရောင်ပေးခြင်း၊ အေးမသော အရောင်ပေးခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ ကျွန်ုပ်တို့ သည်လည်း

လူလောကကြီး၏ အပြင်ဘက်မှာနေသည့် သကဲ့သို့ လူလောကကြီးကို အေးမြစေဖို့ ၊ ကြိုးစားဆောင်ရွက်ရမည်

ဖြစ်ပါသည်။ သို့ မှသာ လူ့ လောကကို ကျေးဇူးပြုသူအဖြစ် လူသားတို့ ၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်ကြမည်

သာဖြစ်ပါသည်။

ကျွန်ုပ်တို့ သည် လူ့ လောကကြီးကို နေလို လလို နွေးထွေးစေခြင်း၊ အလင်းရောင်ပေးခြင်းဖြင့်

ကျေးဇူးပြု အထောက်အကူပြုနေကြသေးသမျှ ကာလပတ်လုံး လူ့ လောကကြီး၏ ကျေးဇူးတင်ခြင်း ဟူသော

တုံ့ ပြန်မှုကို ရနေကြမည်ဖြစ်ပါသည်။ လူတို့ က အဖွဲ့ အစည်းများအပေါ် နိုင်ငံရေးရှူ့ ထောင့်က ချည်းမဟုတ်ဘဲ

လူမှု့ ရေးရှူ့ ထောင့်ကပါ ကြည့်၍ကျေးဇူးတင်နေကြ ဝမ်းမြောက်နေကြသေးလျှင်ကျွန်ုပ်တို့၏ မြန်မာနိုင်ငံတော်

ကြီး စစ်ဝါဒီအောက်မှ လွတ်မြောက်ရေးလုပ်ငန်းများသည် ဘယ်သောအခါမှ ကျဆုံးသွားဖွယ် အကြောင်းမရှိ

အစဉ်သဖြင့် ဖြစ်ထွန်းအောင်မြင်နေကြမည်သာဖြစ်ပါသည်။

စည်းရုံးရေးရှုထောင့်ကကြည့်၍ စည်းရုံးရေးကိုကျွန်ုပ်တို့ကောင်းစွာ မစည်းရုံးနိုင်ကြဘူးဆို

လျှင် ကျွန်ုပ်တို့၏စစ်ဝါဒီအောင်မှ လွတ်မြောက်ရေးလုပ်ငန်းများသည် အထောက်အပံ့ကင်းမဲ့၍ မကြာမီကျဆုံး

ပျောက်ကွယ်သွားနိုင်သည်။ထို့ကြောင့် အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆေင်ကောင်းများအနေဖြင့် နိုင်ငံရေးလုပ်

ငန်းများကို လူမှုရေးလုပ်ငန်းများနှင့်တွဲဖက်မှသာ စည်းရုံးရေးကိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မည် ဟု

ကျွန်ုပ် ယူဆမိပါသည်။

နိဂုံးချုပ်မှာ ယနေ့ မျက်မှောက်ခေတ်၌ လူတစ်ဦးချင်ဘဝမှာပဲဖြစ်စေ ၊ လူ့အဖွဲ့အစည်းဘဝ

မှာပဲဖြစ်စေ၊ လူမှုရေးလောကမှာဖြစ်စေ၊ နိုင်ငံရေးလောကမှာဖြစ်စေ၊ တစ်ကိုယ်ကောင်ဆန်သောတတ်မက်မှု

များ၊ကောက်ကျစ်ယုတ်မာသောအတွေးအခေါ်များ၊မုန်းတီးမှုများ ၊ရန်ငြိုးဖွဲ့မှုများ၊ ညှင်ပန်းနှိပ်စက်တတ်သော

အတွေးအခေါ်များ ဖြစ်ပေါ်နေကြသည်မှာ ကရုဏာ၊ပညာ ကင်းမဲ့ခြင်း၏ အကျိုးအကျေးဇူးများဖြစ်ပါသည်။

သို့ဖြစ်ခြင်းကြောင့် လူမှုရေး၊ ဘာသာရေး နှင့် နိုင်ငံရေး၊ စည်းရုံးရေးများကိုဆောင်ရွက်ကြ

မည့် ကျွန်ုပ်တို့၏ ခေါင်းဆောင်ကောင်းများမှာ ကိုကျိုးစွန့်လွတ်မှု (selfless renunciation) မိမိ၏အကျိုးစီပွား

၌ သံယောဇဉ်ကင်းပြတ်မှု (selfless detachment) သတ္တဝါတို့ကိုချစ်ခင်မှု ( Loving Kindness or non-

hatred) မည်သူ့ကိုမျှရန်ငြိုးမဖွဲ့ခြင်း မည်သူ့ကိုမျှ မနှောက်ယှက်မနှိပ်စက်ခြင်း ( Non-violance ) ဟူသော မွန်

မြတ်သော အရည်အချင်းတို့နှင့် ပြည့်စုံမှသာလျှင် ကျွန်ုပ်တို့သင်ကြားတတ်မြောက်ထားသောပညာများသည်

စစ်မှန်သောပညာ ( truth wisdom ) ဖြစ်နိုင်ပါကြောင်းနှင့် ကရုဏာ ပညာဟူသောဂုဏ် အရည်အချင်း နှင့်

ပြည့်စုံမှသာ ကျွန်ုပ်တို့၏ ဘာသာရေး၊နိုင်ငံရေး၊ လူမှုရေခါင်းဆောင်တို့သည် ( True men or true leader )

များဖြစ်နိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။

( မေတ္တာဖြင့်ပေးဆပ်မည့် )

ကိုကျော်
SP,ALOR STAR

အမေ့ ကို ချစ်တဲ့ ပြည်သူတွေ နဲ့ လွမ်းချင်းမိခင်












Supporters of Myanmar's pro democracy leader Aung San Suu Kyi, media people and diplomats, wait outside a police barricade on the road leading to Suu Kyi's house, anticipating her release in Yangon, Mayanmar, Friday, Nov 12, 2010.(AP Photo)

Supporters of Myanmar's pro democracy leader Aung San Suu Kyi, media people, and diplomats, wait outside a police barricade on the road leading to Suu Kyi's house anticipating her release in Yangon, Mayanmar, Friday, Nov 12, 2010.(AP Photo)

Media personnel gather neat the headquarters of the Myanmar's pro-democracy leader Aung San Suu Kyi's National League for Democracy party in Yangon, Myanmar, Friday, Nov. 12, 2010. An ally of Suu Kyi said an order for her release has been signed by Myanmar's ruling generals, as hundreds of supporters gathered Friday at her political party headquarters and near her residence in anticipation. ( AP Photo/Khin Maung Win)

Activists and supporters of Myanmar oppositon party National League for Democracy (NLD) leave as security is reinforced in front of detained democracy leader Aung San Suu Kyi's residence in Yangon, 27 May 2006. Myanmar's military rulers extended the house arrest of democracy icon Aung San Suu Kyi, defying a pressing international demand for her freedom. AFP PHOTO/ STR (Photo credit should read STR/AFP/Getty Images)




Activists of Myanmar's opposition National League for Democracy (L) sit next to policemen and soldiers in front of the detained democracy leader Aung San Suu Kyi's residence in Yangon, 27 May 2006. Myanmar's opposition National League for Democracy (NLD) said it was still hopeful that party leader Aung San Suu Kyi would be set free, despite the earlier extension of her house arrest. AFP PHOTO - MYANMAR OUT (Photo credit should read STR/AFP/Getty Images)




















ဦးတင်ဦး အိမ်၌ ကျင်းပသော NLD ၂၂ နှစ်ပြည့် အခမ်းအနားတွင် ဦးဝင်းတင် အမှာစကား ပြောကြားနေစဉ်။ (ဓာတ်ပုံ - Reuters)



ခွဲခွာခဲ့တာကြာပေမဲ့
သားတို့ရင်ထဲမှာ ထာဝရရှိတယ်
အမေ

မှောင်မိုက်နေတဲ့ ဘ၀တွေကို
ရင်ဆိုင်ဖို့အတွက် ခွန်အားတွေမွေးပေးခဲ့တဲ့
အမေ

မိသားစုဆိုတာကို ပြစ်ခွာ
ကိုယ်ကျိုးအတွက် မကြည့်
ငြိမ်းချမ်းရေးကို ကြိုးစားခဲ့တဲ့
အမေ

ခါးသီးတဲ့ ဘ၀ဒဏ်
ပြင်းထန်တဲ့ ကံကြမ္မာ
ရင်ဆိုင်ကာ ကျော်လွှားခဲ့တဲ့
အမေရဲ့ သတ္တိနဲ့ခွန်အားကို
ထာဝရ ဦးညွှတ်လျှက်ပါ
အမေ

ဒီနေ့ ဒီရက် ဒီအချိန် မှာ
သားတို့ရဲ့ အနာဂတ်ကို
လှပသောနေ့တွေ ထာဝရပိုင်ဆိုင်ဖို့
အမေ့ရဲ့ လက်တွေနဲ့ ထုဆစ်ပုံဖော်ပေးပါတော့
အမေ

အမေ ကျန်းမာပါစေ

ရာ စု သစ်


ကဗျာလည်း မဟုတ်ပါဘူး စာလည်းမဟုတ်ပါဘူး ရင်ထဲက ကျနော့်တို့ရဲ့
မိခင်ခေါင်းဆောင်အမေစုကို ပြောချင်တဲ့စကားတွေကို ချရေးလိုက်တာပါ
ဒီစာသားတွေကို
ဦးဦးမှော်ဆရာ ထံက Forward ရတာပါ

Saturday, November 13, 2010

ဇွဲနဲ့ အားမာန်

ကောင်ကင်မှာ
တိမ်ညိုမှိုင်းလာပေါ့
ရွာတော့မယ့်ဟန်
ရွာမယ်ဆို ရွာကာချပါတော့
တွန်းလှန်မယ့် မာန်

ဝေဟင်မှာ
လေမှုန် ဆင်လာပေါ့
တိုက်ခတ်မယ့် ဟန်
တိုက်မယ်ဆို
ပြင်းစွာတိုက်ပါတော့
တင်းခံမယ့် မာန်

တောတောင်မှာ
ယမ်းငွေ့ ဝေမပေါ့
ကျဉ်းတန်မဲ့ဟန်
ကျဉ်းတန်ဆို
အကျဉ်းတန်စေတော့
တော်လှန်မယ့် မာန်

သေမယ်ဆို
သေစေညွှန်းစေပေါ့
မကြောက်တဲ့ ဟန်
မကြောက်ဆို
အာဏာရူးကိုလား
ဖြုတ်ချမယ့် မာန်

ပြည်သူကို
မုန်တိုင်းဆင်လာပေါ့
ငြိုးမာန်ဖွဲ့ဟန်
ငြိုးမာန်သာ
ရိုးပြတ်ကျန်စေပေါ့
ဇွဲနဲ့ အားမာန်

လူသစ် အမရပူရ

နှုတ်ဆက်စကားပြောတဲ့ ဒေါ်စု




ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆက်စကား

- ဒေါ်အောင်ဆန်းစုကြည် လူထုကို စကားပြောရန်ပြင်နေသည်ဟု ဆို။

- ပြည်သူက ပေးတဲ့ ပန်းတပွင့်ကို ထိုးပြီး ပန်နေပါတယ်။ ဗေဒါရောင် လက်ရှည် ဝတ်စုံနဲ့ပါ။

- ခြံဝကနေ စကားပြောပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးဉာဏ်ဝင်းရယ်၊ ဦးခွန်သာရယ် နောက်တယောက်ရယ် တန်းစီရပ်ပြီး ပြင်ဆင်နေပါတယ်။

- မိန့်ခွန်းစပြောပါတော့မယ်။ လူထုက ငြိမ်သွားပါပြီ။

- မတွေ့ရတာလည်း ကြာပြီ၊ ပြောစရာတွေလည်း အများကြီးပဲ။ အဲဒါတွေ

အားလုံးကြားချင်ရင် မနက်ဖြန် ရုံးကို လာခဲ့ကြပါတဲ့။

- အားလုံး ကမ္ဘာမကြေ ဆိုနေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ လူထုက ကြွေးကြော်။

- မနက်ဖြန် နေ့လည် ၁၂ နာရီ NLD ရုံးကို လာခဲ့ကြပါတဲ့။


source by : http://www.irrawaddyblog.com


ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆက်စကား


ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ ...


- ဒေါ်အောင်ဆန်းစုကြည် လူထုကို စကားပြောရန်ပြင်နေသည်ဟု ဆို။

- ပြည်သူက ပေးတဲ့ ပန်းတပွင့်ကို ထိုးပြီး ပန်နေပါတယ်။ ဗေဒါရောင် လက်ရှည် ဝတ်စုံနဲ့ပါ။

- ခြံဝကနေ စကားပြောပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးဉာဏ်ဝင်းရယ်၊ ဦးခွန်သာရယ် နောက်တယောက်ရယ် တန်းစီရပ်ပြီး ပြင်ဆင်နေပါတယ်။

- မိန့်ခွန်းစပြောပါတော့မယ်။ လူထုက ငြိမ်သွားပါပြီ။

- မတွေ့ရတာကလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အားလုံးကြားချင်ရင် မနက်ဖြန် ရုံးကို ၁၂ နာရီလာခဲ့၊ အသံချဲ့စက်နဲ့ ပြောမယ် ... တဲ့

- အားလုံး ကမ္ဘာမကြေ ဆိုနေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ လူထုက ကြွေးကြော်။

- မနက်ဖြန် နေ့လည် ၁၂ နာရီ NLD ရုံးကို လာခဲ့ကြပါတဲ့။

(အထဲကနေ တိုက်ရိုက်ပို့လိုက်တာကတော့ ဒီလိုပါ။)်

၅:၄၅ လောက်မှာ စကားပြောတယ်၊ ၁၀ မိနစ်လောက် လူထု ငြိမ်အောင်စောင့်လိုက်ရတယ်၊ သူ ပြောတာက
အားလုံးကြားအောင် အသံမထွက်ဖို့ ငြိမ်နေဖို့ပြောတယ်။ အသံထွက်ရမယ့် အချိန်ကျမှ ငြိမ်မနေနဲ့တဲ့။
ရှေ့က လူတွေပဲ ကြားရရင် နောက်က လူတွေကိုပြန်ပြောပြပေါ့ တဲ့၊ တကတည်းကို စစချင်းနိုင်ငံရေး သင်ခန်းစာပေးနေရတာပဲတဲ့၊ အခြင်းခြင်းနားလည်မှု ရှိပါ၊ လက်ညီတက်ညီ ရှိပါတဲ့ မတွေ့ရတာ ကြာတော့ ပြောစရာတွေ အများကြီးရှိတယ်တဲ့ အခုက လော်စပီကာမရှိတော့ မကြားရဘူးတဲ့ ဒါကြောင့် မနက်ဖြန် ရုံးမှာ စကားပြောမယ်။

၁၂ - ၁၃ ရက်နေ့ပြည်တွင်း NLD ပါတီဝင်များနှင့် ပြည်သူလူထု လှုပ်ရှားမှု့

ယနေ့ နောက်ဆုံးရ ဒေါ်အောင်ဆန်းစုကြည် သတင်းများ
ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး တက္ကသိုလ်ရိပ်သာ လမ်းနှင့် ကုက္ကိုင်း လမ်းဆုံတွင် “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆို သည့် ကြွေးကြော်သံများကို လူ ၂၀၀၀ နီးပါးခန့်က ကြွေးကြော် နေကြောင်း သတင်းရသည်။ ရွှေတောင်ကြား ရပ်ကွက် အတွင်းသို့ ၀င်ရောက်သည့် လမ်းပေါက်မှစတင်ပြီး အတားအဆီးများကို ပိတ်ထားကြောင်း၊ လူအုပ်ကြီးမှာ ကမ္ဘာအေး ဘုရားလမ်း ဘက်တွင် သာမက လှည်းတန်း ဘက်ခြမ်းရှိ တက္ကသိုလ် ရိပ်သာ လမ်းတွင်လည်း ရှိနေကြောင်း သိရသည်။



ကြိုဆိုဖို့ စုဝေးနေတဲ့ လူထု (ဓာတ်ပုံ - Getty Images)

ယနေ့လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ကြိုဆိုရန်အတွက် ရွှေဂုံတိုင်လမ်းရှိ NLD ရုံးချုပ်သို့ လူအများအပြား လာရောက်ကြောင်း၊ ရုံးတဘက်ခြမ်းရှိ အုတ်လမ်းကြား၊ ယုဇန တာဝါနှင့် ရုံးအနီးရှိ စာသင်ကျောင်းဘက်ခြမ်းတွင် စောင့်ဆိုင်း နေ သည့် လူများမှာ ရာနှင့်ချီရှိလာပြီဖြစ်ပြီး ယာဉ်အသွားအလာမှာလည်း တဖြည်းဖြည်း ပိတ်ဆို့လာနေပြီ ဖြစ်ကြောင်း ရုံးချုပ်မှ NLD အဖွဲ့ဝင်တဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ယနေ့ ညနေ ပိုင်းတွင် လွတ်မြောက်နိုင်သည်ဟု ခြံအနီးတွင် စောင့်ဆိုင်းနေသည့် လူအုပ်ကြီးကို NLD ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်တင်က လာရောက်ပြောဆိုကြောင်း သတင်းရသည်။ ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် သခင်အုန်းမြင့်၏သား ဦးနီက အစားအသောက်များကို ပုံမှန်အတိုင်း သွားရောက်ပို့ပေး ကြောင်း၊ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ပထမဆုံး သွားရောက်တွေ့ဆုံမည့် သူများမှာ ဒေါက်တာ တင်မျိုးဝင်းနှင့် ဦးနီတို့ ဖြစ်သည်ဟု ပြောဆိုနေကြကြောင်း သိရသည်။

ဂျာနယ်လစ်တွေ (ဓာတ်ပုံ - AP)

ယနေ့နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ် ခြံဝန်း နှင့် အနီးရှိ လူအုပ်ကြီးကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး အင်ဒရူး ဟိန်း နှင့် ပြင်သစ် သံရုံးမှ အကြီးတန်း အရာရှိတို့ လာရောက် အကဲခတ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စား လှယ်လောင်းတချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် စောင့်ဆိုင်းနေကြောင်း သတင်းရသည်။ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာ စောနိုင်၊ ဒေါက်တာ ဘုန်းဝင်း၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးနေမျိုးဝေနှင့် NDFပါတီမှ ကိုယ်စားလှယ်လောင်း တချို့ပါဝင်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက NLD ရုံးချုပ်သို့ ပြင်သစ် သံအမတ်ကြီး ရောက်ရှိလာပြီး NLD ဒု ဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်တို့နှင့် တွေ့ဆုံ၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် ပြင်သစ် သမ္မတ က ဆုတောင်းနေကြောင်း ပြောဆိုသည်ဟု သိရသည်။ “မနက်က တုန်း က ပြင်သစ် သံအမတ်ကြီး လာတယ်၊ ပြင်သစ် သံအမတ်ကြီးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ဖို့ ဆုတောင်း နေတဲ့ အကြောင်း၊ လွတ်ရမယ်လို့လည်း ယုံကြည် နေတဲ့ အကြောင်း၊ အခြေအနေပေးလို့ လွတ်လာရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စီစဉ်ထားတယ်