Saturday, November 13, 2010

ဇွဲနဲ့ အားမာန်

ကောင်ကင်မှာ
တိမ်ညိုမှိုင်းလာပေါ့
ရွာတော့မယ့်ဟန်
ရွာမယ်ဆို ရွာကာချပါတော့
တွန်းလှန်မယ့် မာန်

ဝေဟင်မှာ
လေမှုန် ဆင်လာပေါ့
တိုက်ခတ်မယ့် ဟန်
တိုက်မယ်ဆို
ပြင်းစွာတိုက်ပါတော့
တင်းခံမယ့် မာန်

တောတောင်မှာ
ယမ်းငွေ့ ဝေမပေါ့
ကျဉ်းတန်မဲ့ဟန်
ကျဉ်းတန်ဆို
အကျဉ်းတန်စေတော့
တော်လှန်မယ့် မာန်

သေမယ်ဆို
သေစေညွှန်းစေပေါ့
မကြောက်တဲ့ ဟန်
မကြောက်ဆို
အာဏာရူးကိုလား
ဖြုတ်ချမယ့် မာန်

ပြည်သူကို
မုန်တိုင်းဆင်လာပေါ့
ငြိုးမာန်ဖွဲ့ဟန်
ငြိုးမာန်သာ
ရိုးပြတ်ကျန်စေပေါ့
ဇွဲနဲ့ အားမာန်

လူသစ် အမရပူရ

0 ယောက် အကြံပြုထားပါသည်:

Post a Comment