Sunday, November 14, 2010

ပညာ၊ ကရုဏာနှင့်အနာဂတ်ခေါင်းဆောင်

ခေါင်းဆောင် ကောင်းတို့၏ ဟန်ချက်ညီညီ အရည်အချင်းနှစ်ပါး။

ခေါင်ဆောင်ကောင်းတို့မှာ အရည်အချင်းနှစ်ခုလိုအပ်ပါသည်။ ထိုအရည်အချင်းနှစ်ခုမှာ ကရုဏာ

နှင့်ပညာဖြစ်ပါသည်။ထိုအရည်အချင်းနှစ်ပါး ဟန်ချက်ညီညီပြည့်စုံပါမှ ခေါင်းဆောင်တို့ ၏ အရည်အချင်းပြည့်

စုံသည်ဟုဆိုနိုင်ပါသည်။

ကရုဏာ တရားပြည့်စုံလျင် မေတ္တာတရား၊ချစ်ခင်သနားခြင်း၊ကြင်နာယုယခြင်း၊သည်းခံခြင်း၊ခွင်

လွှတ်ခြင်း၊ရက်ရက်ရောရောပေးကမ်းခြင်းစသည့်ခေါင်းဆောင်တို့ ၏အရည်အချင်းတို့ သည် ကရုဏာထဲ၌ပူး

ပေါင်းပါဝင်ကြပါသည်။သနားခြင်း၊ချစ်ခင်ခြင်း၊ကြင်နာခြင်း၊ယုယခြင်း၊ခွင့်လွှတ်ခြင်း၊သည်းခံခြင်း၊ရက်ရောခြင်း

တို့ သည် နှလုံးသား၏ အရည်အချင်း(qualities of the heart)တို့ ဖြစ်သည်။

အခြားတစ်ဖက်မှာ ကရုဏာနှင့် တွဲဖက်ရန်ပညာတည်းဟူသောအရည်အချင်းမရှိမဖြစ်လိုအပ်ပါ

သည်။ ပညာဆိုသည်ကား အကြောင်းအကျိုးကိုစီစစ်ခြင်း(reasoning)ဝေဖန်ခြင်း(critique)စုံစမ်းခြင်း(inve-

Stigation)စီမံကိန်းတစ်ခုကိုလုပ်မည်ကြံလျှင်အချက်အလက်စုစောင်းခြင်း(collection of information)ပုံထု

တ်ခြင်း(designing)စီမံချက်ချခြင်း(planning)ခန့် မှန်းတွက်ချက်ခြင်း(estimating and calculation)တည်ေ

ဆာက်ခြင်း(construction)လည်ပတ်ခြင်း(running)လုပ်ငန်းအားလုံးကိုအကျိုးသက်ရောက်မှူရှိမရှိပြန်လည်

သုံးသပ်ခြင်း(exaluation of result)မိမိလုပ်ငန်းသည် အကျိုးသပ်ရောက်မှူရှိလျှင်ဆက်လက်၍ဆောင်ရွက်

ခြင်း(continuation)အကျိုးသက်ရောက်မှူမရှိလျှင်စီမံချက်အသစ်ပြုလုပ်ခြင်း(replaning)လုပ်ငန်းအသစ်ပြု

လုပ်ခြင်း(reconstruction)တို့ သည် ပညာ (wisdom)၏အလုပ်ကိစ္စများဖြစ်ပါသည်။

ထို့ အပြင် ပညာပိုင်း၌(man power,material power,money power,mind power)တို့ ကို

လုံလုံလောက်လောက်စုဆောင်းနိုင်ပါမှ သာသနာရေးလုပ်ငန်း၊လူမှူရေးလုပ်ငန်းတို့ မှာထိရောက် အောင်မြင်

မည်ဖြစ်ပါသည်။သို့ ဖြစ်ခြင်းကြောင့် ပညာဟူသည် စိတ်၏အရည်အချင်း(quality of the mind)ကရုဏာဟူ

သည် နှလုံးသား၏အရည်အချင်း(quality of the heart)တို့ ဖြစ်ပါသည်။ခေါင်းဆောင်တစ်ယောက်သည်မည်

သည့် ခေါင်းဆောင်ဖြစ်စေ လူသားတို့ ၏ ဒုက္ခနှင့် အခက်အခဲတို့ ကိုသိမြင်ခံစားတတ်ရမည်ဖြစ်ပါသည်။

ထိုအခက်အခဲနှင့်ဒုက္ခတို့ ကိုငါဘယ်လိုကူညီဖြေရှင်းပေးနိုင်မည်နည်းဟုနိုးကြားခံစားတက်သောနှလုံးသား

ရှိရမည်။ထိုနောက်အထက်တွင်ဖေါ်ပြခဲ့သော ပညာဖြင်လူသားတို့ ကို ကူညီစောင့်ရှောက်သောလုပ်ငန်းတို့ 

ကိုစတင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ကရုဏာသာရှိ၍ ပညာမရှိခဲ့လျှင် ထိုသူသည်(good hearted fool)စိတ်နှလုံးကောင်းသောလူ

(or)ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နေပေလိမ့်မည်။တချို့  ပုဂ္ဂိုလ်တို့ မှာ ပညာကိုသာကြိုးစားသင်ကြ

ပြီး မေတ္တာ၊ကရုဏာ၊ဘာဝနာလုပ်ငန်းတို့ ကိုမေ့လျော့နေတတ်ကြသည်။ထိုသို့ ဖြစ်လျှင် မေတ္တာ၊ကရုဏာ

ကင်းမဲ့သော ထိုပညာတတ်သည် (hard hearted wise man)စိတ်နှလုံးကြမ်းတမ်းသောပညာတတ်ဖြစ်နေ

ပေလိမ့်မည်။သို့ ဖြစ်ခြင်းကြောင့် ပြည့် စုံသော လူမှူရေးခေါင်းဆောင်၊နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ဖြစ်

ဖို့ ရန်မှာ ကရုဏာပညာတတ်ဟူသောခေါင်းဆောင်ကောင်းတို့ ၏အရည်အချင်းနှစ်ပါးရှိဖို့ အထူးလိုလှပေ၏။

မြတ်ဗုဒ္ဓသည်ဘုရားဖြစ်ရန်စတင်ကျင့်သုံးစဉ်ကပင် ဗုဒ္ဓဖြစ်ရန် ဗောဓိဥာဏ်ကိုရဖို့ ရန်သာရည်ရွယ်

ခဲ့သည် မဟုတ်ပါ။သတ္တလောက၏အကျိုးစီပွားကို ဆောင်ရွက်ရန်ဟူသော(လောကတ္ထစရိယ)ပထမဦးစားပေး

ဖြစ်သည်။ထိုကြောင့်ဗုဒ္ဓ၏တပည့်သားရဟန်းတော်တိုသည်လည်းမိမိ၏ဗောဓိဥာဏ်ရခြင်းတည်းဟူသောအကျိုး

စီးပွားနှင့်သတ္တလောက၏ အကျိုးစီပွားကို တစ်ပြိုင်နက်တည်း တစ်ပေါင်းတည်းဆောင်ရွက်ရမည်ဖြစ်ပါသည်။

လူသားများသည် တစ်ယောက်တည်းနေလို့ မဖြစ်နိုင်ပါ။ လူ့ အဖွဲ့ အစည်းနှင့်ဆက်ဆံ၍ နေကြ

ရသည်သာဖြစ်ပါသည်။ တော်ရဆောက်တည်၍ဧကစာရီကျင့်သော တောရမှီရဟန်းသည်ပင် ဆွမ်းတစ်နပ်စား

အတွက် ဆွမ်းခံရွာကို မှီရပါသည်။ ထိုတောရ ရဟန်းသည်ပင် မိမိအားဆွမ်းကျွေးသော ထိုတောရွာ၏ အကျိုး

ကျေးဇူးကို ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။ ယနေ့ ကမ္ဘာသည် အရာရာလိုနေသည် ချည်းသာဖြစ်ပါသည်။

(ဦနော သဗ္ဗောလောကော) လိုနေသောလူ့ လောကကြီးအတွက် ဖြည့်စွပ်ပေးရန် တာဝန်သည် လူသားတိုင်းမှာ

ရှိပါသည်။ လူလောကကြီးထဲသို့  ရောက်ရှိလာသော လူသားသည် လူ့ လောကကြီးကို ကျေးဇူးပြုရမည်ဖြစ်ပါ

သည်။

ဤကမ္ဘာလုံးကြီးနှင့် တသီးတခြားလည်ပတ်၍ နေသော နေနှင့်လတို့ သည် ဤကမ္ဘာမြေပြင်ကို

နွေးထွေးသော အရောင်ပေးခြင်း၊ အေးမသော အရောင်ပေးခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ ကျွန်ုပ်တို့ သည်လည်း

လူလောကကြီး၏ အပြင်ဘက်မှာနေသည့် သကဲ့သို့ လူလောကကြီးကို အေးမြစေဖို့ ၊ ကြိုးစားဆောင်ရွက်ရမည်

ဖြစ်ပါသည်။ သို့ မှသာ လူ့ လောကကို ကျေးဇူးပြုသူအဖြစ် လူသားတို့ ၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်ကြမည်

သာဖြစ်ပါသည်။

ကျွန်ုပ်တို့ သည် လူ့ လောကကြီးကို နေလို လလို နွေးထွေးစေခြင်း၊ အလင်းရောင်ပေးခြင်းဖြင့်

ကျေးဇူးပြု အထောက်အကူပြုနေကြသေးသမျှ ကာလပတ်လုံး လူ့ လောကကြီး၏ ကျေးဇူးတင်ခြင်း ဟူသော

တုံ့ ပြန်မှုကို ရနေကြမည်ဖြစ်ပါသည်။ လူတို့ က အဖွဲ့ အစည်းများအပေါ် နိုင်ငံရေးရှူ့ ထောင့်က ချည်းမဟုတ်ဘဲ

လူမှု့ ရေးရှူ့ ထောင့်ကပါ ကြည့်၍ကျေးဇူးတင်နေကြ ဝမ်းမြောက်နေကြသေးလျှင်ကျွန်ုပ်တို့၏ မြန်မာနိုင်ငံတော်

ကြီး စစ်ဝါဒီအောက်မှ လွတ်မြောက်ရေးလုပ်ငန်းများသည် ဘယ်သောအခါမှ ကျဆုံးသွားဖွယ် အကြောင်းမရှိ

အစဉ်သဖြင့် ဖြစ်ထွန်းအောင်မြင်နေကြမည်သာဖြစ်ပါသည်။

စည်းရုံးရေးရှုထောင့်ကကြည့်၍ စည်းရုံးရေးကိုကျွန်ုပ်တို့ကောင်းစွာ မစည်းရုံးနိုင်ကြဘူးဆို

လျှင် ကျွန်ုပ်တို့၏စစ်ဝါဒီအောင်မှ လွတ်မြောက်ရေးလုပ်ငန်းများသည် အထောက်အပံ့ကင်းမဲ့၍ မကြာမီကျဆုံး

ပျောက်ကွယ်သွားနိုင်သည်။ထို့ကြောင့် အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆေင်ကောင်းများအနေဖြင့် နိုင်ငံရေးလုပ်

ငန်းများကို လူမှုရေးလုပ်ငန်းများနှင့်တွဲဖက်မှသာ စည်းရုံးရေးကိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မည် ဟု

ကျွန်ုပ် ယူဆမိပါသည်။

နိဂုံးချုပ်မှာ ယနေ့ မျက်မှောက်ခေတ်၌ လူတစ်ဦးချင်ဘဝမှာပဲဖြစ်စေ ၊ လူ့အဖွဲ့အစည်းဘဝ

မှာပဲဖြစ်စေ၊ လူမှုရေးလောကမှာဖြစ်စေ၊ နိုင်ငံရေးလောကမှာဖြစ်စေ၊ တစ်ကိုယ်ကောင်ဆန်သောတတ်မက်မှု

များ၊ကောက်ကျစ်ယုတ်မာသောအတွေးအခေါ်များ၊မုန်းတီးမှုများ ၊ရန်ငြိုးဖွဲ့မှုများ၊ ညှင်ပန်းနှိပ်စက်တတ်သော

အတွေးအခေါ်များ ဖြစ်ပေါ်နေကြသည်မှာ ကရုဏာ၊ပညာ ကင်းမဲ့ခြင်း၏ အကျိုးအကျေးဇူးများဖြစ်ပါသည်။

သို့ဖြစ်ခြင်းကြောင့် လူမှုရေး၊ ဘာသာရေး နှင့် နိုင်ငံရေး၊ စည်းရုံးရေးများကိုဆောင်ရွက်ကြ

မည့် ကျွန်ုပ်တို့၏ ခေါင်းဆောင်ကောင်းများမှာ ကိုကျိုးစွန့်လွတ်မှု (selfless renunciation) မိမိ၏အကျိုးစီပွား

၌ သံယောဇဉ်ကင်းပြတ်မှု (selfless detachment) သတ္တဝါတို့ကိုချစ်ခင်မှု ( Loving Kindness or non-

hatred) မည်သူ့ကိုမျှရန်ငြိုးမဖွဲ့ခြင်း မည်သူ့ကိုမျှ မနှောက်ယှက်မနှိပ်စက်ခြင်း ( Non-violance ) ဟူသော မွန်

မြတ်သော အရည်အချင်းတို့နှင့် ပြည့်စုံမှသာလျှင် ကျွန်ုပ်တို့သင်ကြားတတ်မြောက်ထားသောပညာများသည်

စစ်မှန်သောပညာ ( truth wisdom ) ဖြစ်နိုင်ပါကြောင်းနှင့် ကရုဏာ ပညာဟူသောဂုဏ် အရည်အချင်း နှင့်

ပြည့်စုံမှသာ ကျွန်ုပ်တို့၏ ဘာသာရေး၊နိုင်ငံရေး၊ လူမှုရေခါင်းဆောင်တို့သည် ( True men or true leader )

များဖြစ်နိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။

( မေတ္တာဖြင့်ပေးဆပ်မည့် )

ကိုကျော်
SP,ALOR STAR

0 ယောက် အကြံပြုထားပါသည်:

Post a Comment