Saturday, November 13, 2010

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆက်စကား

- ဒေါ်အောင်ဆန်းစုကြည် လူထုကို စကားပြောရန်ပြင်နေသည်ဟု ဆို။

- ပြည်သူက ပေးတဲ့ ပန်းတပွင့်ကို ထိုးပြီး ပန်နေပါတယ်။ ဗေဒါရောင် လက်ရှည် ဝတ်စုံနဲ့ပါ။

- ခြံဝကနေ စကားပြောပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးဉာဏ်ဝင်းရယ်၊ ဦးခွန်သာရယ် နောက်တယောက်ရယ် တန်းစီရပ်ပြီး ပြင်ဆင်နေပါတယ်။

- မိန့်ခွန်းစပြောပါတော့မယ်။ လူထုက ငြိမ်သွားပါပြီ။

- မတွေ့ရတာလည်း ကြာပြီ၊ ပြောစရာတွေလည်း အများကြီးပဲ။ အဲဒါတွေ

အားလုံးကြားချင်ရင် မနက်ဖြန် ရုံးကို လာခဲ့ကြပါတဲ့။

- အားလုံး ကမ္ဘာမကြေ ဆိုနေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ လူထုက ကြွေးကြော်။

- မနက်ဖြန် နေ့လည် ၁၂ နာရီ NLD ရုံးကို လာခဲ့ကြပါတဲ့။


source by : http://www.irrawaddyblog.com


0 ယောက် အကြံပြုထားပါသည်:

Post a Comment