Saturday, February 9, 2013

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအတွက် ကော်မတီဖွဲ့  သုံးသပ်မှုတွင် ကျယ်ပြန့်စွာ ချဉ်းကပ်ရန်လိုကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့  ထောက်ပြပြောဆို


ဝါရှင်တန် ၊ဖေဖေါ်ဝါရီ ၉ ။

  • မြန်မာတွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအတွက် ကော်မတီဖွဲ့ ၍ စုံစမ်းစစ်ဆေးသွားမည်ကို ကြိုဆိုကြောင်း၊ သို့သော် ပြန်လည်သုံးသပ်မှုတွင် ကျယ်ပြန့် စွာချဉ်းကပ်ရန် လိုကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့  Amnesty Inter national က ထောက်ပြပြောဆိုလိုက်သည်။
  • အဖွဲ့ ၏အာရှပစိဖိတ်ရေးရာ လက်ထောက်ညွှန်ကြားရေးမှူးအစ္စဘယ်လေ အာရာဒွန်က “အကျဉ်းသားတွေ လွှတ်ပေးရေးပြန်လည်သုံးသပ် ရေးကော်မတီ ဖွဲ့ ဖို့ ဦးတည်တာကို အရေးပါ တဲ့ပထမခြေလှမ်းတွေအဖြစ် ကျွန်မတို့ လေနက်စွာ ထောက်ခံပါတယ်။ ဒါပေမယ့် ဒီကော်မတီသစ်ရဲ့ တရားဝင်လုပ်ပိုင်ခွင့် အာဏာဟာ နိုင်ငံရေးအကျဉ်းသားတွေတင်မက မတရာထိန်းသိမ်းခံရတဲ့ အကျဉ်းသားအားလုံးအတွက်ပါ အာ မခံပေးနိုင်ဖို့နှိုင်းယှဉ် ဆုံးဖြတ်ချက်ရှိရပါမယ်”ဟု ပြောကြားသည်။
  • မြန်မာအစိုးရ၏ နိုင်ငံရေးအကျဉ်းသားများကိုစိစစ်ပြီးလွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်အစီအစဉ်ကို ဖေါ်ဆောင်
  • ရာ၌ နိုင်ငံတကာ လူ့အခွင့် အရေး စံနှုန်းများကို အခြေခံ၍ ဆောင်ရွက်သွားရန်လိုကြောင်းလည်း AI အဖွဲ့က
  • ဆိုသည်။
  • လက်ထောက်ညွှန်ကြားရေးမှူး အစ္စဘယ်လေ အာရာဒွန်က“ကော်မရှင်ဟာ လွတ်လပ်အမှီအခိုကင်းပြီး ဆုံးဖြတ်ချက်တွေကလည်း နိုင်ငံတကာလူ့ ခွင့်အရေးစံနှုန်းတွေကိုအခြေခံပြီး ရှင်းလင်းစွာလုပ်ဆောင်သွားမှာကို ကျွန်မတို့ စောင့်မျှော်နေပါတယ်” ဟု ပြောကြားသည်။
  • AI အဖွဲ့ သည် မြန်မာအစိုးရအား ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ချွင်းခြက်မရှိ၊အမြန်ဆုံးလွှတ်ပေးရေးအတွက် အစဉ် တစိုက် တောင်းဆိုလာခဲ့သော အဖွဲ့ တစ်ခု
  • ဖြစ်သည်။

Amnesty.org Photo: Volov Ra Facebook

0 ယောက် အကြံပြုထားပါသည်:

Post a Comment