Tuesday, February 12, 2013
ကဗျာ
လက်သီးဆုတ်တွေ ဖြေပြီး လက်ဆွဲနူတ်ဆက်ကြည့်ပါ
ရိုးသားတဲ့..
ကမ္ဘာမြေပြင်ကိုအရောင်ဆိုးဖို့ 
အာဏာဆိုတာကိုမွေးဖွားခဲ့ကြတယ် ၊
မတည်မြဲတဲ့...
အာဏာဆိုတာကိုလွှမ်းမိုးဖို့ 
သြဇာဆိုတာကိုမွေဖွားခဲ့ပြန်တယ် ၊
မသန့် ရှင်းတဲ့...
သြဇာကို တည်မြဲဖို့ 
ထိုးဇာတ်တွေခင်း မွေဖွားလာခဲ့တယ် ၊
ကံကိုယုံ....
ဆူးပုံနင်းတတ်တဲ့သူတွေကြောင့်
ကံယုံသမျှ ကုန်ရန်သာ ရှိလိမ့်မည်ထင်ပါ့ ၊
လက်သီးဆုတ်ပြီး..
လက်ဆွဲနူတ်ဆက်နေသမျှတော့
တောင်ကတုံးတွေမှာ
ယမ်းငွေ့ တွေဝေလေပဲ ၊
ထမင်းကျွေးတဲ့လက်
ပြန်ကိုက်တဲ့ အစိုးရဖြစ်နေလေ
လမ်းဘေးကခွေးဝဲစား
ဘုံကျောက်မယ့်ကိန်းစိုက်လေပဲ  ၊
ပြည်သူဟာ...
အိမ်ကြီးရှင်ပဲဖြစ်တယ်
အိမ်စေဟာ..
အိမ်ရှင်ဖြစ်နေသမျှ
အိမ်တွင်းရေးဟာ
မငြိမ်းချမ်းမူ့ ပဲကြုံရဦးမှာပဲ ၊
အဖြူနဲ့ အမဲ
ဘယ်သူကမှားပြီး
ဘယ်သူကဖြူနေလဲ ၊
ကိုယ့်ဘက်ကကြည့်ရင်
လက်ဖ၀ါး...
သူ့ ဘက်ကဆို
လက်ဖမိုး..၊
မညီညာတဲ့..
လက်ချောင်းလေးတွေက
စိတ်ဆန္ဒအလျှောက် ဖမ်းဆုတ်တဲ့အခါ
ညီညွတ်လာတာကိုတွေ့ ရပါလိမ့်မယ် ၊
ဒါကြောင့်.....
လက်သီးဆုတ်တွေဖြည်ပြီး
လက်ဆွဲနူတ်ဆက်ကြည့်ပါ  ၊
ရိုးသားတဲ့...
မြန်မာ့မြေပြင်ကို
အရောင်ဆိုးမယ့်
အာဏာဆိုတာကို
စွန့် ပြစ်ကြည့်ပါ  ၊
ထမင်းကျွေးတဲ့လက်အား...
သစ္စာစောင့်ပေးကြည့်ပါ  ၊
အိမ်တွင်းရေးဟာ....
ငြိမ်းချမ်းလာပါလိမ့်မယ်  ၊
အိမ်တွင်းရေးငြိမ်ချမ်းပါမှ
လမ်းဘေးက ခွေဝဲစား
ဘုံပျောက်မယ့် ကိန်းက
ကင်းဝေးစေလိမ့်မယ်  ၊၊
၁၃.၂.၂၀၁၃ ဗိုလ်ချူပ်အောင်ဆန်း
မွေးနေ့ အမှတ်တရ.....
(ပြည်တွင်းငြိမ်းချမ်းရေးဆီသို့ ...)
<photo id="1" />
0 ယောက် အကြံပြုထားပါသည်:
Post a Comment