- ပါတီခေါင်းဆောင်သစ်တွေ ပြန်လည်ရွေးချယ်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ဗဟိုအဆင့် နိုင်ငံလုံးဆိုင်ရာညီလာခံကို လာမယ့် မတ်လမှာ ကျင်းပမှာ ဖြစ်တဲ့အကြောင်း
- ပါတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရ
ဲ့ ဗဟိုညီလာခံကို ရန်ကုန်မြို့မှာ လာမယ့် မတ်လ ၈ ရက်၊ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ကျင်းပဖို့ရှိတယ်လို့ ပါတီအတွင်းရေးမှူးက ဒီနေ့ ထုတ်ပြန်ကြေညာထားတာပါ။ - ညီလာခံတက်ရောက်မယ့် ပြည်နယ်နဲ့တိုင်းအသီးသီးမှာရှိတ
ဲ့ ဗဟိုညီလာခံ ကိုယ်စားလှယ်တွေအနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထားပြီး သတင်းပို့ကြဖို့လည်း ညွှန်ကြားထားပါတယ်။ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရ
ဲ့ ပါတီညီလာခံတွေကို ယခင် စစ်အစိုးရ - လက်ထက်က လွတ်လပ်စွာကျင်းပခွင့်မရဘဲ ညီလာခံကျင်းပချိန်ရောက်တိုင်း အာဏာပိုင်တွေရဲ့ တားမြစ်ပိတ်ပင်မှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ ရင်ဆိုင်ရလေ့
- ရှိပါတယ်။
- အခုအစိုးရသစ်လက်ထက်မှာမှ လွတ်လပ်စွာကျင်းပခွင့်ရတာဖြစ်ပြ
ီး ဒီညီလာခံဟာ ဒီမိုကရေစီရေးအတွက် အရေးပါတဲ့ညီလာခံတွေဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။ - “ဒီညီလာခံက အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ပါတီက ဒီမိုကရေစီပါတီဆိုတော့ ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင်မြှောက်
- ပွဲတွေကို အောက်ခြေအကျဆုံးဖြစ်တဲ့ ရပ်ကွက်ကျေးရွာတို့အထိ အားလုံး ၁၆၇၈၀ မှာ ညီလာခံတွေ လုပ်ပြီးတော့မှ နောက်ဆုံး ဗဟိုညီလာခံ လုပ်မှာဖြစ်ပါတယ်။ ကျနော်တို့ပါတီရဲ့ ဒီမိုကရေစီနည်းကျ တည်ဆောက်
- တဲ့နေရာမှာ အရေးကြီးဆုံးအချက်ဖြစ်တယ်လို့ ပြောချင်တယ်။ ဒီလုပ်ငန်းတွေက အခုမှ စိတ်ကူးပေါ်ပြီးတော့ ထလုပ်တာမဟုတ်ဘူး။ ပါတီထောင်ပြီးတဲ့နောက်ပိုင်း ၈၈ ခု အောက်တိုဘာလလယ်မှာ ညီလာခံစီမံချက်များ ရေးဆွဲခဲ့တာ။ ရေးဆွဲခဲ့ပေမယ့် အကြောင်းကြောင်း
- ကြောင့် ညီလာခံတွေ မလုပ်ဖြစ်ခဲ့ဘူး။ လုပ်ဖြစ်ပြန်တော့လည်း ရပ်ကျေးတွေ မလုပ်ရဘူး။ ရပ်ကျေးတွေ မလုပ်ရလို့ မြို့နယ်တွေ လုပ်ပြန်တော့လည်း ရန်ကုန်မြို့ပေါ် ၅ မြို့နယ်လောက် လုပ်လည်းပြီးရော ကျနော်တို့
- အကုန်လုံး ထောင်ထဲရောက်ကုန်တယ်။ အဲဒီအချိန်ကစပြီး ပါတီဟာ
- နောက်ဆုံးကျတော့ အမျိုးမျိုးဖိနှိပ်ချုပ်ချယ်မှုေ
တွ၊ ဟန့်တားမှုတွေ၊ ပိတ်ဆို့မှုတွေ ကြုံခဲ့ရာကနေပြီးတော့ နောက်ဆုံး ၂၀၁၀ မှာ ပါတီ - ဖျက်သိမ်းခံရတဲ့အထိ ရောက်ခဲ့တယ်။ အဲဒီကနေပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီ
-
၅ ရက်နေ့မှာ ပါတီကို တရားဝင် မှတ်ပုံတင်ခွင့်ရခဲ့တယ်။
မှတ်ပုံတင်ခွင့်ရတာကို ယူပြီးတော့ ကျနော်တို့ ညီလာခံတွေ လုပ်တာပဲ။ အဲတော့
ညီလာခံတွေဟာ အခုမှ စိတ်ကူးပေါ်ပြီးလုပ်တာ မဟုတ်ဘူး။ ပါတီကို
ဒီမိုကရေစီနည်းကျ လျှောက်မယ်၊ ကျနော်တို့ပါတီဟာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လ
ို့ ခံယူထားတဲ့အတိုင်းပဲ ဒီမိုကရေစီ - နည်းကျ လျှောက်မယ်လို့ လုပ်တာဖြစ်တယ်။ ခေါင်းဆောင် လူ ၁၀၀၊ ၂၀၀ စုပြီးတော့ လုပ်တာမဟုတ်ဘူး။ အခု ညီလာခံ လှုပ်ရှားမှုကြီးဟာ ပါတီဝင် အနည်းဆုံး ၆ သိန်း၊ ၇ သိန်းလောက်နဲ့ လုပ်တဲ့ လှုပ်ရှားမှုကြီးဖြစ်တယ်။”
- ဒီညီလာခံကနေ ဒေါ်အောင်ဆန်းစုကြည်ပါအ၀င် ပါတီရဲ့ခေါင်းဆောင်သစ်
- တွေနဲ့ ဗဟိုအလုပ်အမှုဆောင်အသစ်တွေကို မဲပေးရွေးချယ်ကြမှာလည်း
- ဖြစ်ပါတယ်။ ညီလာခံအလွန်ကာလတွေမှာတော့ တိုင်းပြည်ပြန်လည်
- တည်ဆောက်ရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မူဝါဒသဘောထားသစ်တွေ ချမှတ်နိုင်လိမ့်မယ်လို့လည်း ဦးဝင်းတင်က
- ပြောပါတယ်။
- “ကျနော်တို့ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကလည်း ဒီမိုကရေစီ
- တည်ဆောက်ရေးလုပ်ငန်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ
်ငန်း၊ စစ်မှန်တဲ့ပြည်ထောင်စုကြီး တည်ဆောက်တဲ့လုပ်ငန်းဆိုတဲ့ အဓိကကျဆုံး - လုပ်ငန်းတွေမှာ လုပ်ငန်းအသစ်တွေ၊ စီမံချက်အသစ်တွေ၊ အယူအဆသစ်
- တွေနဲ့ သဘောထားအသစ်တွေအများကြီးပေါ်လာမယ
်လို့ မျှော်လင့်ပါတယ်။” - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ဟာ ရပ်ကျေးအဆင့် ညီလာခံတွေကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက စတင်ကျင်းပနေတာဖြစ်ပြီး တိုင်းနဲ့ပြည်နယ်အဆင့် ပါတီညီလာခံတွေကိုတော့ ခုလဆန်းပိုင်းကမှ စတင်ကျင်းပနေတာပါ။ မြို့ နယ် တချို့မှာတော့ ရပ်ကျေးညီလာခံ
- ကျင်းပရေးကော်မရှင်တွေကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။
ပီတာအောင်
DVB TV News
0 ယောက် အကြံပြုထားပါသည်:
Post a Comment