Saturday, March 2, 2013
အဟိံသ တရားကင်းလွတ်နေတဲ့ ရွာကလေး
ခြောက်သွေ့ နေတဲ့
အနာဂတ် လမ်းမကြီးကို စိုပြေဖို့ 
စိတ်ဓတ်ခွန်အားတွေ
ပက်ဖြန်းပေးဖို့ တော့လိုမယ်
ဆိုလာ အင်္ကျီတစ်ထည်ဆီသာ
ကျောမွဲလူတန်းစားတွေကို
ပေးဝတ်ကြည့်လိုက်
တောင်ဖြိုဖို့ မလိုဘူး
တာပိတ်ဖို့ မလိုဘူး
ဖယောင်းတိုင်ထွန်းဖို့ မလိုဘူး
ဧရာဝတီ ရွှေလီ ရုပ်မဆိုးဘူး
ချင်းတွင်း သံလွင် အကျည်းမတန်ဘူး
အဟိံသ တရား ကင်းလွတ်နေကြမှတော့
လစ်ဘရယ် မို တွေလည်း
ဒုက္ခတွေ့ နေရဦးမှာပဲ
ဒါဟာ....
စားခွက်လုတဲ့ သူတောင်းစား
ခွက်ဇောင်းခုတ်နေသလိုမျိုးပေါ့
အဟိံသ တရား
ပျောက်ဆုံးနေသမျှ
ထီးရိုးမရှိတဲ့ ထီးလို
ရွှေမှန်ကင်းမှတော့
ထင်းဖြစ်တာမဆန်းဘူးပေါ့
ထင်းတစ်ချောင်း ချိုးဖို့ လွယ်သလေက်
ထင်းတစ်စီး ချိုးဖို့ ခက်တယ်ဆိုတာ
မမေ့ကောင်းတဲ့ အရာပါပဲ
နှစ်ရှည်လများ စောင့်စားနေခဲ့
ပင်လုံကျောက်တိုင်ကြီးက
ရေညှိတက်နေဆဲ
အထီးကျန်ဆန်နေဆဲ
ဒါ့ကြောင့်
အဖော်မဲ့တဲ့တောင်တန်းတွေကို
အဖော်လုပ်ပေးကြမယ်
သမိုင်းပြဋ္ဌာန်းချက်မှာပါဖို့ 
မာတိကာမှာ ရေးမယ်
အဟိံသတရား=အကြမ်းမဖက်ရေးဝါဒ
0 ယောက် အကြံပြုထားပါသည်:
Post a Comment