Saturday, March 31, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ မွန်းလွဲ ၄ နာရီက ကော့မှူးမှ ပရိသတ် သွားရောက်ကြိုဆိုနေ

ဝါးသင်္ခမှာ ဒီနေ့ အမေစုကို ဒီလိုကြိုဖို့ ပြင်ဆင်နေတာ


ကော့မှူးမြို့နယ်သို့ ယနေ့ညနေလာရောက်မည့် ဒေါ်အောင်ဆန်းစုကြည် ကားတန်းအား ကော့မှူးမြို့ ဒီချုပ်အဖွဲ့ဝင်များနှင့် လူထုက ကား ၁၅ စီး၊ ဆိုင်ကယ် ၇၀ ဖြင့်သွားရောက်ကြိုဆိုလျှက်ရှိသည်ဟု သတင်းပေးပို့သည်။
ယင်းကားတန်းနောက်မှ ပြည်ခိုင်ဖြိုး ကားတန်း ၁၅ စီးလည်း လိုက်ပါလျှက်ရှိပြီး မည်သည့်ရည်ရွယ်ချက်ဖြင့် လိုက်ပါသည်ကို မသိရှိရဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥ က္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ယှဉ်ပြိုင်သည့်ရန်ကုန်တိုင်းဒေသကြီး၊
ကော့မှူးမြို့နယ်၊၀ါသိင်္ခကျေးရွာရှိအလယ်ရွာ မဲရုံ အမှတ်(၁)တွင်မဲပေးနိုင်သူဦးရေ ၉၅၆ ယောက်ရှိပြီးကြိုတင်မဲ(၁၀)မဲရရှိထားသည်။
မဲရုံအမှတ်(၂)တွင်မဲပေးနိုင်သူဦးရေ၆၃၀ရှိသည်ဟု Messengerသတင်းထောက်ကတိုက်ရိုက်သတင်းပေးပို့သည်။
ဝါးသိင်္ခရွာတွင်ရောက်ရှိနေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် သူမနေထိုင်မည့်အိမ်သို့ရောက်ရှိပြီး ခဏတာအပန်းဖြေကာ စောင့်ဆိုင်းနေသော ပရိသတ်ကို ၂မိနစ်တာ စကားပြောခဲ့ကြောင်း ထိုရွာတွင်ရောက်ရှိနေ သော 7DayNews သတင်းထောက်က သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်က မိုးချုပ်နေပြီဖြစ်သဖြင့် ကြိုဆိုနေသူများ၏ မျက်နှာ များကို မမြင်ရသော်လည်း အသံတွေကြားရသဖြင့် အားတက်ရကြောင်းပြော ကြားခဲ့ပြီး မနက်ဖြန်နံနက် အစောပိုင်းတွင် မဲရုံများကို ခဏတာကြည့်ကာရန်ကုန်သို့ပြန်ပြီးလမ်းတစ်လျှောက်မဲရုံများကိုလည်းဝင်ရောက်ကြည့်ရှူ့သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝါးသိင်္ခရွာတွင် နိုင်ငံတကာ သတင်းထောက်၂၀ကျော်နှင့် ပြည်တွင်းသတင်းသမား အများအပြား ရောက်ရှိသတင်းယူ လျှက်ရှိကြကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ယှဉ်ပြိုင်သည့်ရန်ကုန်တိုင်းဒေသကြီး၊ကော့မှူးမြို့နယ်၊၀ါသိင်္ခကျေးရွာ၏နောက်ဆက်တွဲသတင်းများကိုလည်းMessengerဂျာနယ်မှဆက်လက်ဖော်ပြပေးသွားပါမည်။
face book ပေါ်မှ သတင်းတိုများအား စုစည်းတင်ပြပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment