Friday, March 30, 2012

ဒီနေ့ သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်။

ယနေ့နံနက်(၃၀-၃-၂၀၁၂) က ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် ခြံအမှတ်(၅၄)တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သူမနှင့်ပြည်တွင်းပြည်ပသတင်းထောက်များကိုတွေ့ရစဉ်။ 
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ သူမ၏ ခြံဝင်းအတွင်းတွင် ပြည်တွင်းပြည်ပ သတင်းထောက်များကို သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်လျက်ရှိသည်။

သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ယောက်၏ ကျန်းမာရေးအခြေအနေမေးမြန်းမှုကို
"သိပ်ပြီးနေမကောင်းသေးပါဘူး။ ဒါပေမဲ့ မေးခွန်းတွေမဖြေချင်ရင် ချက်ချင်းပဲဖျားပစ်လိုက်မှာပေါ့" ဟု ရယ်မောကာပြောဆိုခဲ့သည်။

သူမ၏ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပသတင်းထောက် ၃၀၀ ကျော် တက်ရောက်လျက်ရှိသည်။ ယခုအချိန်ထိ မေးမြန်းသမျှ မေးခွန်းများကို ပြန်လည်ဖြေကြားလျက်ရှိသည်။


ကျန်းမာရေးကြောင့် နေအိမ်တွင် ရက်အနည်းငယ်အနားယူခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်(၃၀-၃-၂၀၁၂)တွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးခွန်းများကို တစ်နာရီကျော်ကြာ ဆက်တိုက်ဖြေကြားခဲ့ရသဖြင့် အနည်းငယ်ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း ကော့မှူးမြို့သို့ ဧပြီ(၁)ရက်နေ့တွင် သွားရောက်ကြည့်ရှုနိုင်ရန် ရန်ကုန်မြို့မှ မတ်လ၃၁ရက်နေ့ကတည်းကထွက်ခွာပြီး ၀ါးသိင်္ခရွာတွင် ညအိပ်မည်ဖြစ်သည်။ 

ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က ...
တနင်္ဂနွေနေ့တွင်ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ဘယ်လောက်အထိ အနိုင်ရမည်ဟုမျှော်မှန်းထားပါသလဲ ဟုမေးမြန်းမှုကို “ကျွန်မတို့ အနေနဲ့ များနိုင်သမျှများများ အနိုင်ရလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု ဖြေကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၄နေရာတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
ထိုနောက်တဖန်... 
ယနေ့နံနက်ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ကချင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသောပြဿနာများကို ယခုတိုင်မဖြေရှင်းနိုင်သေးသည်လဲဆိုသည့်မေးခွန်း မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မမှာသာ မြန်မာနိုင်ငံမြောက်ပိုင်းက ကိစ္စတွေကိုဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့အဖြေရှိရင် ချက်ချင်းပေးမှာဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ ယုံကြည်ချက်အားနည်းနေလို့ဘဲ ဖြစ်တယ်။ တိုင်းရင်းသားတွေကြားမှာ ညီညွှတ်မှု့ရှိဖို့၊လေးစားမှု့ရှိဖို့ဆိုရင် တစ်ဦးကိုတစ်ဦးလေးစားဖို့လိုတယ်။ အခြေခံပင်လုံစိတ်ဓာတ်မွေးမြူဖို့လိုတယ်” ဟုဖြေကြားခဲ့သည်။

7Day News Journal face book မှဖေါ်ပြပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment