Sunday, April 1, 2012

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ မိနစ်အလိုက် နောက်ဆုံးရသတင်းများ

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲများအတွက် လစ်လပ်မဲဆန္ဒနယ် (၄၀)ကျော်တွင် ရောက်ရှိနေသော Eleven Media Group မှ သတင်းထောက်များ၏ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ နောက်ဆုံးရသတင်းများကို ဤနေရာတွင် မိနစ်အလိုက် အချိန်နှင့် တစ်ပြေးညီ စုစည်ဖေါ်ပြအပ်ပါသည်။ ထို့အတူ https://www.facebook.com/ElevenMediaGroup တွင်လည်း နောက်ဆုံးရသတင်းများကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးထားပါသည်။

31 March 2012 22:55

w57_02
ကော့မှူးမြို့နယ် ၀ါသိင်္ခရွာသို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများနှင့်အတူ ယနေ့ညဦးပိုင်းက တွေ့ရစဉ်

w57_02_1
ကော့မှူးမြို့နယ် ၀ါသိင်္ခရွာသို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများနှင့်အတူ ယနေ့ညဦးပိုင်းက တွေ့ရစဉ်

w57_02_2

w57_02_3

31 March 2012 22:10

"ကော်မရှင်ကသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာလုပ်ဆောင်နေသည်။ မြို့နယ်ကော်မရှင်ကိုကျော်ပြီး လုပ်တာဘာမှမရှိ၊ ကြိုတင်မဲကိစ္စလည်း ပါတီအနေဖြင့် ၀င်ရောက်စွက်ဖက်မှု မလုပ်ကြောင်းဆို၊ မဲဆွယ်ကတည်းက စည်းကမ်းတကျလုပ်ဆောင်ပြီး ချိုးဖောက်မှုမလုပ်ကြောင်းပြော၊ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း တရားမျှမျှတတသာလုပ်ဆောင်သွားမည်ဟု ဆိုပါသည်။"

ဦးရန်နိုင်စိုး မြို့နယ်အတွင်းရေးမှူး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စာလှယ်လောင်းဦးတင့်လွင် ကျေးရွာမဲရုံကိုယ်စာလှယ်လောင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲသွားရောက်နေသဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါ။

31 March 2012 2205

"စည်းမျဉ်းစည်းကမ်းအတိုင်းသတင်းယူနိုင်သည်၊ မဲရုံအတွင်း ၀င်ရောက်ပြီး ဓာတ်ပုံရိုက်ခွင့်မပေးနိုင်၊ မြင်သာထင်သာသည့်နေရာမှနေ၍ သက်ဆိုင်ရာရပ်ကျေးကော်မရှင်ထံ ခွင့်တောင်းပြီးဓာတ်ပုံရိုက်နိုင်သည်။ မဲပေးသူများကို အနှောင့်အယှက်လုံးဝမဖြစ်စေရ၊ ပါတီတစ်ခုခုအတွက် မဲဆွယ်သည့်သဘောမျိုးအမူအရာမျိုးဖြင့် မဲပေးသူများအားအင်တာဗျူးမပြုလုပ်ရ၊ ပါတီတစ်ခုခု၏အလံနှင့် အရောင်တူအင်္ကျီမ၀တ်ဆင်ရဟု ပြောကြားသည်။ ကော်မရှင်အဖွဲ့ဝင်များ သက်ဆိုင်ရာ ရပ်ကျေးနယ်မြေအသီးသီးသို့ ၃၀ရက်နေ့နှင့် ၃၁ရက်နေ့အတွင်း သွားရောက်ပြီဖြစ်ကြောင်း သိရပြီး ဖြစ်ပေါ်လာသော၊ ရှိလာသော အခက်အခဲများကို ဖြေရှင်းပေးနိုင်အောင် ပြင်ဆင်ထားသည်ဟု မြို့နယ် ကော်မရှင်တာဝန်ရှိသူများက ဆိုပါသည်။ မဲရုံများပိတ်ပြီးနောက် မဲစာရင်းရေတွက်မှုကိုလည်း ဓာတ်ပုံရိုက်ခွင့်မပေးနိုင်ကြောင်း၊ မဲရလဒ်များကိုလည်း မြို့နယ်နှင့် ခရိုင်မှ မထုတ်ပြန်ပေးနိုင်ကြောင်းနှင့် တိုင်းကော်မရှင်မှသာ တောင်းယူရန်ပြောပါသည်။ ၂၀၁၀ပြည့်နှစ်ေ၇ွးကောက်ပွဲတွင် ညနေ ၇နာရီဝန်းကျင်တွင် အနိုင်အရှုံးရလဒ်သိရှိနိုင်ကြောင်း သိရပါသည်။"
ဦးကျော်မောင် ဥက္ကဋ္ဌ မြို့နယ်ကော်မရှင်၊ ဦးတင်မြင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်

31 March 2012 22:00

"ရွာတိုင်းရွာတိုင်းက ဒေါ်အောင်စုကြည်နဲ့ ဒီချုပ်ဆိုတာနဲ့ အဖွဲ့ဆိုတာနဲ့ လာစရာမလို မဲပေးဖို့ အသင့်ဆိုတာချည်းပဲ။ တချို့ပါတီတွေဆိုရင် လူစုဖို့တောင်ခက်ခဲတယ်။ ရွာဘုန်းကြီးလှူပြီး ဘုန်းကြီးကတစ်ဆင့် လူစုရတာ တွေ့ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ၉၀ ရွေးကောက်ပွဲမှာ တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ် တစ်ဦးဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ကြောင့် မဲပေးတာပိုများမှာပါ။ အခက်တွေလည်းရှိပါတယ်။ တချို့ရွာတွေဆို အအုပ်ချုပ်ရေးမှူးတွေကြောင့် ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ သူတို့က မျက်နှာလို မျက်နှာရ လုပ်ချင်တယ်။ လက်ပါးစေတွေလိုမျိုး စိန်ခေါ်၊ ခြိမ်းခြောက်၊ နှောင့်ယှက်ချင်ကြတယ်။ ဥပမာ မန်းကျည်းကြုံရွာဆို မဲစာရင်းကပ်တာ နောက်ကျတယ်။ မုန်းစလှဲရွာဆိုလည်း ၃၁ရက်နေ့ထိ မဲစာရင်းမကပ်သေးဘူး။ ကပ်စရာသင်ပုန်းမရှိလို့ပြောတယ်။ တချို့လည်းအမှန်ပြောတာဖြစ်မှာပါ။ သာဂရမှာလည်း မဲစာရင်းကပ်တာ နောက်ကျတော့ လူသုံးရာကျော် မဲ ပေးခွင့်မရတော့ဘူး။ ကျောင်းတော်ရာကျေးရွာအုပ်စုဆိုရင် လူဦးရေ ၃၄၁၁ရှိတာမှာ ၁၁၄၀မှာ မှတ်ပုံတင်မရှိလို့မေးပေးခွင့်မရဘူးဖြစ်တယ်။ မြို့နယ်လ၀ကကို ပြောမရတော့ ခရိုင်၊ တိုင်းအဆင့်ထိပြောရတယ်။ ယာယီ မှတ်ပုံတင် လုပ်ပေးမယ်လို့ပြောပေမယ့် အချိန်မီဖို့ ခက်ခဲပါတယ်။ မြို့နယ် ကော်မရှင်ကနေ မတ်လ ၁၇ရက်နေ့က မဲစာရင်းကူးခွင့်ရပါတယ်။ စာရင်းမှားတာတွေလည်း ရှိတယ်။ ကုန်းဇောင်းတို့၊ ပေတောတို့မှာ ရာချီပြီးလျော့တယ်။ ကော်မရှင်ကိုပြောတော့ ကော်မရှင်က ပြန်စိစစ်ပြီး ဖြည့်ပေးတာလည်းရှိတယ်။

အနှောင့်အယှက်ပေးတာတွေလည်း ရှိတယ်။ ဇီးတောအုပ်စု ကျောင်းစုကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဆို၊ သူက မကွေးတိုင်းဒေသကြီးဝန်ကြီးတစ်ဦးရဲ့ညီတော် တယ်ပြောတယ်။ သူက အုပ်ချုပ်ရေးမှူးလုပ်လာတာ နှစ် ၂၀ရှိပြီ။ ကျွန်တော်တို့မဲဆွယ်တာ၊ စည်းရုံးရေးဆင်းတာ၊ မဲဆွယ်စာရွက်ကပ်တာကအစ သူ့ကျေးရွာမှာတော်တော်ခက်ခက်ခဲခဲလုပ်ရတယ်။ နောက် နန်းတော်ကျွန်း အုပ်ချုပ်ရေးမှူးဆိုလည်း ကျွန်တော်တို့ မဲဆွယ်စာရွက်စာတမ်း တွေကို ဆုတ်ဖြဲတာမျိုးလုပ်တယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲမှာ ကျွန်တော့်အနေနဲ့ ၇၀ရာခိုင်နှုန်းနိုင်မယ်၊ ၃၀ရာခိုင်နှုန်း အနှောက်အယှက် ကြုံနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကြိုတင်မဲကိစကတော့ ၃၁ရက်နေ့ ညနေပိုင်းထိ ကျွန်တော်တို့ဆီ သတင်းမတက်ပါဘူး။ ၃ရာခိုင်နှုန်းထက် ကျော် မကျော်၊ စည်းကမ်း သတ်မှတ်ချက် ညီ မညီ မသိသေးပါဘူး။ ရွေးကောက်ပွဲနေ့မှပဲ သက်ဆိုင်ရာ မဲရုံကိုယ်စားလှယ်တွေကို မေးရမှာပါ။ ဒီရွေးကောက်ပွဲမှာ အခုလောက်မဲဆွယ်ခွင့်ရတာ ခန့်မှန်းထားတာထက် ပိုကောင်းပါတယ်။ ဒါက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ တွေဆုံညိနှိုင်းမှုကြောင့် ရတာပါ။"

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပွင့်ဖြူမြိုနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို

ပွင့်ဖြူမြို့နယ် -မဲပေးနိုင်သူဦးရေ ၁၁၃၀၅၃မြို့ပေါ်ရပ်ကွက် ၄ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၂စု၊ စုစုပေါင်း ၅၆၊ မဲရုံပေါင်း ၂၀၉ရုံ

31 March 2012 21:21

http://news-eleven.com/

မေးပို့ လာသူ Co2zeиith


0 ယောက် အကြံပြုထားပါသည်:

Post a Comment