Thursday, March 31, 2011

ဓာတ်ပုံ ဖြုတ်/ချိတ် ??


အီးမေးနဲ့ ဖြန့်တဲ့ စာတစောင်ကို ထပ်ဆင့်ဝေမျှလိုက်ပါတယ်။ မနေ့က "အရပ်သား"အစိုးရ တက်လာချိန်အကြောင်း၊ ချိတ်ရမယ့် ချိတ်နေတဲ့ ဓာတ်ပုံတွေအကြောင်းလည်း ပါပါတယ်။ မင်းပြောင်းမင်းလွှဲ စိတ်ဝင်စားသူများ ဖတ်သင့်ပါတယ်။

ဒီနေ့ မနက်စောစော နိုးထဖြစ်တယ်။
မနက် ၇း၀၀ နာရီခွဲလောက်ဘဲ ရှိဦးမယ်။ ရ၀တရုံးရှေ့ က ဖြတ်လျှောက်တော့ ညက သတင်းတွေ နားထောင်ထားတဲ့အရှိန်နဲ့ ရုံးဆိုင်းဘုတ်ကို မော့ကြည့်လိုက်ပါတယ်။ ဆိုင်းဘုတ်ပြောင်းသွားပါပြီ။ ညကတည်းက ပြောင်းထားလိုက်တယ်လို့ ယူဆရပါတယ်။

ထို့ အတူပါဘဲ။ မြို့ နယ်ရုံးလည်း ဆိုင်းဘုတ်ပြောင်းထားတာ တွေ့ ရပါတယ်။ “ စမ်းချောင်းမြို့ နယ် မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှုးရုံး ” လို့  အမည်ရ ပါတယ်။ ခရိုင်တို့ တိုင်းတို့ လည်း ဆိုင်းဘုတ်တွေ ပြောင်းလိုက်ပြီ ထင်ပါတယ်။

ညနေပိုင်းက စပြီး သတင်းဌာနတွေရဲ့ အဆိုအရ “ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့  ဖွံ့ ဖြိုးရေးကောင်စီ ” ဆိုတာ နိဋ္ဌိတံခဲ့ပြီလို့ သိရပါတယ်။

ရပ်ကွက်ရုံးတွေထဲမှာ အရင် နအဖဥက္ကဌရဲ့ ဓာတ်ပုံကြီးတွေကို ဒီနေ့ ညအထိ တွေ့ နေရပါသေးတယ်။ ဘယ်လိုသဘော သက်ရောက်တယ်ဆိုတာ မသိနိုင်ပါဘူး။ ညွှန်ကြားချက် ရောက်မလာလို့  မဖြုတ်သေးတာ ဖြစ်နိုင်သလို တခြားအကြောင်းအရာအမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်နေ့ တွေကို စောင့်ကြည့်ရပါဦးမယ်။

ကာကွယ်ရေးဦးစီးချုပ်လည်း အသစ်ခန့် အပ်လိုက်ပါပြီ။ သမ္မတသစ်လည်း ကျန်းကျိန်ပြီးပါပြီ။ ယနေ့ မှ စ အရပ်သားအစိုးရ အုပ်ချုပ်ပါပြီ။ ကြိုက် မကြိုက် ခဏထား၊ ဖြစ်နေသည်ကို လက်ခံရပါမယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ပထမဆုံးသမ္မတ စပ်ရွှေသိုက်ရဲ့ ဓာတ်ပုံကို အာဏာပိုင် အဖွဲ့ အစည်းများရဲ့ ရုံးတွေမှာ ချိတ်ဆွဲခဲ့ပါတယ်။ နောက်သမ္မတတွေ အသီးသီးဖြစ်လာကြတဲ့ ဦးဘဦး၊ မန်းဝင်းမောင်တို့ ရဲ့ ပုံတွေကိုလည်း ရုံးတွေမှာ တွေ့ ခဲ့ရပါတယ်။ သန့် ရှင်းအစိုးရ လက်ထက် ပါလီမန်က ရာထားတဲ့သမ္မတ သမ္မတဆမားဒူးဝါး ဆင်ဝါးနောင်ရဲ့ ဓာတ်ပုံကိုတော့ မြင်ခွင့်မရလိုက်ကြပါဘူး။ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းသွားလို့ ဖြစ်ပါတယ်။ ဒီသမ္မတအားလုံးနဲ့ အတူယှဉ်ပြီး အမြဲမြင်ရတာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံဖြစ်ပါတယ်။

နောက်ဆုံး မဆလခေတ်အထိ ဗိုလ်ချုပ်ဘေးမှာ ဦးနေ၀င်းရှိခဲ့ရပါတယ်။ ဒီအကြောင်းတွေကို သက်ကြီးစကား သက်ငယ်ကြားလို့ သိခွင့်ရတာပါ။

ဒီကနေ့ သမ္မတသစ်ရဲ့ ဓာတ်ပုံကို ဌာနဆိုင်ရာရုံးတွေနဲ့ အာဏာပိုင်အဖွဲ့ အစည်းအသီးသီးမှာ ချိတ်ဆွဲထားသင့်တယ်လို့ ပြောကြပါတယ်။ အရင် နအဖဥက္ကဌရဲ့ ဓာတ်ပုံကို ဆက်ပြီး ထားမယ်ဆိုရင် အဓိပ္ဖာယ် မရှိပါဘူး။ ပြည်သူတွေရဲ့ အမြင်မှာ မေးခွန်းတွေ ထုတ်လာနိုင်ပါတယ်။

ထို့ အတူပါဘဲ အရင်ပါလီမန်ခေတ်တွေကလို ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ယှဉ်ပြီး အခု သမ္မတသစ်ရဲ့ ပုံကို ရုံးတွေမှာ ချိတ်ဆွဲပြလိုက်ရင် ဘာတွေဘယ်လိုတုန့် ပြန်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါ။

အောင်မျိုးထွန်း
ဧရာဝတီ ဘလော့မှ ကူးယူတင်ပြပါသည်။

Wednesday, March 30, 2011

နအဖ စစ်ကောင်စီ ဖျက်သိမ်း၊ အစိုးရသစ်အဖွဲ့ ကြေညာ

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရအဖွဲ့ကို ယနေ့မှစ၍ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း MRTV-4 ရုပ်သံ မှ ယနေ့ နေ့လယ်ပိုင်းက ကြေညာသည်။

နိုင်ငံ့ဥသျှောင် အဖွဲ့တွင်ပါဝင်မည့် ဗိုလ်ချုပ်မှူးကြီးနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး
ဗိုလ်ချုပ်ကြီးဟောင်း သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်သောအစိုးရသစ် အဖွဲ့အား နအဖ စစ်အစိုးရ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နိုင်ငံတော် အာဏာ အရပ်ရပ်ကို လွှဲပြောင်းလိုက်ကြောင်း၊ အာဏာလွှဲပြောင်းလိုက်ချိန်မှစ၍ နအဖ အစိုးရအဖွဲ့သည် ဗဟို၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်မှ ရပ်ကွက်၊ ကျေးရွာ အဆင့်အထိ ဖျက်သိမ်းပြီး ဖြစ်ကြောင်း ကြေ ညာသွားသည်။

အစိုးရသစ်အဖွဲ့တွင် ဗိုလ်ချုပ်လှမင်း ကို ကာကွယ်ရေးဝန်ကြီး၊ ဒု ဗိုလ်ချုပ်ကြီး ဦးကိုကိုအား ပြည်ထဲရေးဝန်ကြီး၊ ဗိုလ်ချုပ် သိန်းဌေး ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် အမျိုးသားစက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ဦးဝဏ္ဏမောင်လွင်အား နိုင်ငံခြားရေးဝန်ကြီး စသည်တို့ကို သမ္မတသစ် ဦးသိန်းစိန်၏ အမိန့်ဖြင့် ခန့်အပ်ကြောင်း ကြညာချက်၌ ပါရှိသည်။

ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ် အဖွဲ့တွင် တာဝန်ထမ်းဆောင်ကြမည့် ၀န်ကြီးများ အားလုံးနီးပါးသည် ယခင်ဌာန၌ပင် ၀န်ကြီးနေရာကို ပြန်လည် ခန့်ထားသည်ကိုတွေ့ရပြီး ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းအား ယာဉ်ကျေးမှု ၀န်ကြီးဌာနကိုပါ ပူးတွဲခန့်ထားသည်။

ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ဒေါက်တာထွန်းရှင်နှင့် ပြည်ထောင်စု တရားသူကြီးချုပ် အဖြစ် ဦးထွန်းထွန်းဦး တို့ကိုခန့်ထား သည်။

နအဖ အစိုးရ၏ အကြီးအကဲနေရာအား စွန့်လွှတ်ကာ သမ္မတသစ်ကို အာဏာလွှဲပေးလိုက်ပြီး ကာကွယ်ရေးစီးချုပ်ရာထူးကို လည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပြောင်းပေးသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် သမ္မတ အစိုးရသစ် လက်ထက်တွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်မည်ဟူသည်ကို စိတ်ဝင်စားမှုများ ရှိနေကြသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော်၏ အဆင့်အမြင့်ဆုံးအဖွဲ့ နိုင်ငံ့ဥသျှောင် အဖွဲ့ကို ဖေဖော်ဝါရီလ အတွင်း ကပင် ဖွဲ့ထားပြီးဖြစ်ကြောင်း၊ ယင်းအဖွဲ့မှ တပ်မတော်ကို တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်မည်ဖြစ်ကြောင်း၊ အဓိကကျသော ဆုံးဖြတ်ချက်၊ အမိန့်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ ချမှတ်မည်ဖြစ်ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်း၏ ပြော ဆိုချက်အရ သိရသည်။

နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦး ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး ဟောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးနှင့်အတူ တခြားအဆင့်မြင့် စစ်အရာရှိဟောင်း ၂ ဦး ပါဝင်ကြောင်းလည်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့  ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVK-Tl4-ODfwwZIEwUz7lxrayRlcaRUprJ5qlfw2mooQL3aBlQbjA3NMaXlq-ACIFrAYIB-xh3N8AvoXJu1_lK_skENQFkahZo94bRPczWwNcVaYYPdw-qUUt7-6rFTnhD04kHddZOA6g/s1600/TS.jpg
နိုင်ငံတော်သမ္မတ - ဦးသိန်းစိန်


ဒုတိယသမ္မတများ - သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်း။

ပြည်ထောင်စုဝန်ကြီးများ။

ဒုတိယဗိုလ်ချုပ်ကြီးကိုကို (ပြည်ထဲရေးဝန်ကြီးဌာန)၊ ဗိုလ်ချုပ်လှမင်း (ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး)၊ ဗိုလ်ချုပ်သိန်းဌေး (နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီ

းဌာန)၊ ဦးဝဏ္ဏမောင်လွင် (နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဦးမြင့်လှိုင် (လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)၊ ဦးကျော်ဆန်း (ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)၊ ၀ဏ္ဏကျော်ထင်ဦးဝင်းမြင့် (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)၊ ဦးတင့်ဆန်း (ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန)၊ ဦးခင်မောင်မြင့် (ဆောက်လုပ်ရေးဝန်ကြီးဌာန)၊ ဦးသိန်းထွန်း (ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန)၊ ဦးလှထွန်း (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)၊ ဦးသိန်းထိုက် (သတ္တုတွင်းဝန်ကြီးဌာန)၊ ဦးဉာဏ်ထွန်းအောင် (ပို့ဆောင်ရေးဝန်ကြီးဌာန)၊ ဦးတင်နိုင်သိန်း (အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)၊ ဦးဝင်းထွန်း (သစ်တောရေးရာဝန်ကြီးဌာန)၊ ဦးအောင်ကြည် (အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)၊ ဦးအုန်းမြင့် (သမ၀ါယမ၀န်ကြီးဌာန)၊ ဦးကျော်စွာခိုင် (အမှတ်(၁)စက်မှုဝန်ကြီးဌာန)၊ ဦးစိုးသိန်း၊ (အမှတ်(၂)စက်မှုဝန်ကြီးဌာန)၊ ဦးသန်းဌေး (စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး)၊ ဦးအောင်မင်း (ရထားပို့ဆောင်ရေးဝန်ကြီးဌာန)၊ ဒေါက်တာမြအေး (ပညာရေးဝန်ကြီးဌာန)၊ ဒေါက်တာဖေသက်ခင် (ကျန်းမာရေးဝန်ကြီးဌာန)၊ ဦးအေးမြင့် (သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန)၊ သူရဦးမြင့်မောင် (သာသနာရေးဝန်ကြီးဌာန)၊ ဦးခင်ရီ၊ (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)၊ ဦးဇော်မင်း (အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)၊၊ ဦးခင်မောင်စိုး (အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)၊ ဦးသိန်းညွန့် (သမ္မတရုံးဝန်ကြီးဌာန)၊၊ ဦးစိုးမောင် (သမ္မတရုံးဝန်ကြီးဌာန)။

ပြည်ထောင်စုဒုဝန်ကြီး။

(၁) ဗိုလ်ချုပ် ကျော်ညွှန့် (ဒုတိယဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)၊

(၂) ဗိုလ်မှူးကြီး အောင်သော် (ဒုတိယဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)၊

(၃) ဗိုလ်မှူးချုပ် ကျော်စံမြင့်(ဒုတိယဝန်ကြီး ပြည်ထဲရေး ဝန်ကြီးဌာန)၊

(၄) ဗိုလ်ချုပ်ဇော်ဝင်း (ဒုတိယဝန်ကြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန)၊

(၅) ဦးမောင်မြင့် (ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)၊

(၆) ဒေါက်တာမျိုးမြင့် (ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)၊

(၇) ဦးစိုးဝင်း (ဒုတိယဝန်ကြီး ပြန်ကြားရေး ဝန်ကြီးဌာန)၊

(၈ ) ဦးအုန်းသန်း (ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)၊

(၉) ဦးခင်သော် (ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)၊

(၁ဝ ) ဦးဝင်းသန်း (ဒုတိယဝန်ကြီး ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန)၊

(၁၁) ဦးစိုးတင့် (ဒုတိယဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)၊

(၁၂) ဦးကျော်လွင် (ဒုတိယဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)၊

(၁၃) ဒေါက်တာ ကံဇော် (ဒုတိယဝန်ကြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)၊

(၁၄) ဒေါက်တာပွင့်ဆန်း (ဒုတိယဝန်ကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန)၊

(၁၅) ဦးတင့်လွင် (ဒုတိယဝန်ကြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန)၊

(၁၆) ဦးဖုန်းဆွေ (ဒုတိယဝန်ကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန)၊

(၁၇) ဦးသန်းထွန်း (ဒုတိယဝန်ကြီး သမဝါယမ ဝန်ကြီးဌာန)၊

(၁၈ ) ဦးမြင့်သိန်း (ဒုတိယဝန်ကြီး အလုပ်သမား ဝန်ကြီးဌာန)၊

(၁၉) ဦးဝင်းရှိန် (ဒုတိယဝန်ကြီး ပို့ဆောင်ရေး ဝန်ကြီးဌာန)၊

(၂ဝ ) ဦးဌေးအောင် (ဒုတိယဝန်ကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန)၊

(၂၁) ဦးသိန်းအောင် (ဒုတိယဝန်ကြီး အမှတ်(၁) စက်မှု ဝန်ကြီးဌာန)၊

(၂၂) ဦးမျိုးအောင် (ဒုတိယဝန်ကြီး အမှတ်(၂) ဝန်ကြီးဌာန)၊

(၂၃) သူရဦးသောင်းလွင် (ဒုတိယဝန်ကြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)၊

(၂၄) ဦးသန့်ရှင်း (ဒုတိယြုန်ကြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)၊

(၂၅) ဦးစိုးအောင် (ဒုတိယဝန်ကြီး စွမ်းအင် ဝန်ကြီးဌာန)၊

(၂၆) ဦးမြင့်ဇော် (ဒုတိယဝန်ကြီး အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန)၊

(၂၇) ဦးအောင်သန်းဦး (ဒုတိယဝန်ကြီး အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန)၊

(၂၈ ) ဦးအေးကြူ (ဒုတိယဝန်ကြီး ပညာရေး ဝန်ကြီးဌာန)၊

(၂၉) ဦးဘရွှေ (ဒုတိယဝန်ကြီး ပညာရေး ဝန်ကြီးဌာန)၊

(၃ဝ ) ဒေါက်တာ ဒေါ်မြမြအုန်းခင် (ဒုတိယဝန်ကြီး ကျန်းမာရေး ဝန်ကြီးဌာန)၊

(၃၁) ဒေါက်တာဝင်းမြင့် (ဒုတိယဝန်ကြီး ကျန်းမာရေး ဝန်ကြီးဌာန)၊

(၃၂) ဒေါ် သန္တာခင် (ဒုတိယဝန်ကြီး ယဉ်ကျေးမှု ဝန်ကြီးဌာန)၊

(၃၃) ဒေါက်တာ မောင်မောင်ဌေး (ဒုတိယဝန်ကြီး သာသနာရေး ဝန်ကြီးဌာန)၊

(၃၄) ဒေါက်တာကိုကိုဦး (ဒုတိယဝန်ကြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန)၊

(၃၅) ဦးကျော်ကျော်ဝင်း (ဒုတိယဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ဝန်ကြီးဌာန)၊

(၃၆) ဦးအေးမြင့်ကြူ (ဒုတိယဝန်ကြီး အားကစား ဝန်ကြီးဌာန)၊

(၃၇) ဦးဟန်စိန် (ဒုတိယဝန်ကြီး မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန)၊

(၃၈ ) ဦးချန်မောင် (ဒုတိယဝန်ကြီး မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန)၊

(၃၉) ဦးခင်မောင်အေး (ဒုတိယဝန်ကြီး မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန)။

လူသတ်အဖွဲ့  နအဖ (နွားအဖွဲ့ ) ကနေ အခု ပြောင်းလိုက်တာကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ (ပထစ) တစ်မျိုးပြောရရင်တော့ ပိုးထိုး (လောက်) စားအဖွဲ့ ဘဲ ဖြစ်ပါတော့တယ်။

ဒါကတော့ ကာချုပ်အသစ် မင်းအောင်လှိုင်

ကာကွယ်ရေး ဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

မေးထဲရောက်လာသော သတင်းအားတင်ပြလိုက်ပါသည်။

Tuesday, March 29, 2011

အစိုးရသစ် ကျမ်းသစ္စာ ကျိန်မည်

စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်သည် မတ်လ ၃၀ ရက်တွင် တနိုင်ငံလုံး၌ တပြိုင်တည်း ကျမ်းသစ္စာ ကျိန်ဆိုပွဲပြုလုပ်မည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

Myanmar-Prime-Minister-Lieutenant-General-Thein-Sein-2

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရန်ကုန်မြို့ လမ်းဖွင့်ပွဲတခုတွင် မိန့်ခွန်းပြောနေသော အစိုးရသစ်ခေါင်းဆောင် ဝန်ကြီးချုပ် ဦးသိန်းစိန်ကို တွေ့ရစဉ် (ဓာတ်ပုံ - အေပီ)


“မနက်ဖြန် ၁၀ နာရီအရောက်လို့ ဖိတ်စာပေးထားပါတယ်၊ ဒါပေမယ့် ကျမ်းကျိန်ပွဲ လုပ်မယ်ဆိုတာက လွဲပြီး ဘယ်အချိန်၊ ဘယ်လို ဆိုတာကို ဘာမှသေချာ မသိရသေးပါဘူး”ဟု ချင်းအမျိုးသား ပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီကို ပြောသည်။

ပြည်နယ် ကိုယ်စားလှယ်များအား ဖိတ်ကြားစာ၌ မည်သည့် အကြောင်းအရာမှ ရေးမထားဘဲ နံနက် ၁၀ နာရီ အရောက် အစည်းအဝေး တက်ရောက်ရန်ဟုသာ ရေးသားထားကြောင်း သိရသည်။

“ကျမ်းကျိန်မယ်ဆိုတာ သေချာပြောတာမဟုတ်ပေမယ့် နောက်နေ့ အစည်းအဝေးလုပ်မယ်ဆိုရင် ကြိုပြောတယ်၊ ကြံ့ခိုင်ရေး အမတ်တွေ အပြောအရ ကျမ်းကျိန် မယ်ဆိုတာ သိရတာပါ”ဟု နေပြည်တော်ရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး က ဧရာဝတီ ကိုပြောသည်။

မနက်ဖြန်ပြုလုပ်မည့် ကျမ်းကျိန်ပွဲ၌ အစိုးရသစ်တွင် တာဝန်ထမ်းဆောင်ကြမည့် ၀န်ကြီးဌာနနှင့်ဝန်ကြီးများ၏ အမည်စာရင်း ကိုပါ ပူးတွဲ ကြေညာသွားမည်ဟု သိရကြောင်း ကိုယ်စားလှယ်များက ပြောသည်။

ဝန်ကြီးအမည်နှင့်ဌာနကို တွဲဖက်မသိရသေးသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်ရှိဝန်ကြီး ဦးကျော်ဆန်း၊ ကျန်းမာ ရေး ၀န်ကြီးဌာနကို ဒေါက်တာ ဖေသက်ခင်၊ ဌာနအသစ်ဖြစ်သော စက်မှုနှင့်ဖွံ့ဖြိုးရေးဌာနကို UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က တာဝန်ယူမည်ဟု သတင်းများထွက်နေကြောင်း နေပြည်တော်ရှိ ကိုယ်စားလှယ်များက ပြောသည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနကို ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင် က တာဝန်ယူမည်ဟု သိရပြီင်္း လက်ရှိ တာဝန်ယူထားသော ၀န်ကြီးအများစု က ၎င်းတို့၏ လက်ရှိဝန်ကြီး ဌာန၌ပင် ဆက်လက်တာဝန်ယူသွားကြမည်ဟု သိရသည်။

“လုပ်လက်စတွေ ဖြစ်နေတာရယ်၊ အတွေ့အကြုံရှိတာတွေကြောင့် သူ့တို့နေရာ သူတို့ပဲ ပြန်ခန့်ထားမယ်လို့ သိရတယ်”ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ ကိုယ်စားလှယ်တဦးက ပြောသည်။

အစိုးရသစ်သည် ဧပြီ လဆန်း ၁ ရက်မှ စတင်၍ တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အစိုးရသစ် ကျမ်းကျိန်မည့် အကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များအား အသိမပေးခြင်းနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအင်အားစု(NDF)၏ ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က“အခုကာလက တပ်မတော်ကနေ သမ္မတ စနစ်ကို
ပြောင်းတဲ့ကာလဆိုတော့ ဝေဖန်လို့ မရသေးဘူးပေါ့၊ နောင်လာမည့် အစည်းအဝေးတွေမှာတော့ ဒီလိုကိစ္စမျိုးကို ပွင့်ပွင့် လင်းလင်းထောက်ပြလို့ ရမှာပါ”ဟု ဆိုသည်။

အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုမည့်အကြောင်းအား ကိုယ်စားလှယ်များကို အသိမပေးခြင်းပေါ် နားမလည်နိုင်ဟု ကိုယ်စားလှယ်များက ဆိုသည်။

“ဒု ၀န်ကြီးခန့်ထားမယ့် အငြိမ်းစား ဗိုလ်မှူးတွေ၊ ဗိုလ်မှူးကြီးတွေလည်း လွှတ်တော်ထဲမှာ ဧည့်သည်အဖြစ် တက်ရောက် လာနေကြတာ တွေ့ရတယ်၊ မနက်ဖြန် အသေးစိတ် ကြေညာသွားမယ် ထင်တယ်”ဟု RNDP ကိုယ်စားလှယ်က ပြောသည်။

မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပ်မတော်နေ့အား ခမ်းနားစွာ မကျင်းပခြင်းကို ငွေကုန်ကျမှု သက်သာ သည်ဟု သာ လွှတ်တော်ကိုယ်စားလှယ်များက ယူဆပြီး စိတ်ဝင်စားမှု မရှိကြကြောင်း၊ စစ်တပ်ကို ခမ်းနားစွာ ထုတ်မသုံးသော်လည်း စစ်တပ်ကသာ ဆက်လက် အုပ်ချုပ်နေသည့် သဘောကို လွှတ်တော် အစည်းအဝေးများက သက်သေပြသွားကြောင်း ကိုယ်စားလှယ်များက ဝေဖန်ကြသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် အစိုးသစ်၏ ကျမ်းကျိန်ပြီးသည်နှင့်မိမိတို့ အိမ်ကိုပြန်ရန် အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ် သည်ဟု ကိုယ်စားလှယ်များက ပြောသည်။ ၎င်းတို့၏ အပြန်ခရီးစရိတ်နှင့် ခရီးစဉ်အတွက် အဆင်သင့် စီစဉ်ထားပြီး ဖြစ်သည် ဟုလည်း ပြောဆိုကြသည်။

အစိုးသစ်တာဝန်ယူတော့မည်ဖြစ်၍ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူသော ဆိုင်းဘုတ်များကို ရန်ကုန် နှင့် တခြားသော ဒေသများ၌ ယနေ့တွင်ဖြုတ်ချခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟု ဆိုင်းဘုတ်သစ်များကို ပြောင်းလဲ တပ်ဆင် လိုက် ကြောင်း သိရသည်။

အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို နိုင်ငံတကာ၌ ခမ်းနားစွာကျင်းပပြီး ပြည်တွင်းပြည်ပ မီဒီယာများ၊ ရုပ်သံများကို ဖိတ်ကြား၍ ထုတ်လွှင့်ပြသလေ့ ရှိသော်လည်း စစ်တပ်မှ သမ္မတ စနစ်သို့ကူးပြောင်း၍ ဒီမိုကရေစီ လမ်းကြောင်းကို သွားမည်ဟု ကြွေးကြော်နေသော မြန်မာစစ်အစိုးသည် သတင်းမီဒီယာကို အမှောင်ချထားဦးမည်ဟု ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာန သတင်းထောက် တဦးက ဆိုသည်။

မီဒီယာကို ထိန်းချုပ်ထားသော စစ်အစိုးရ၏ စာပေစိစစ်ရေး ညွန်ကြားရေးမှူး ဖြစ်ခဲ့သူ ဦးတင့်ဆွေကမူ အနုပညာ ရသ သုတ၊ အားကစား၊ ကလေးစာပေ၊ ဂမ္ဘီရ၊ ကျန်းမာရေး၊ နည်းပညာ စသည့် အမျိုးအစားများကို စာပေစိစစ်ရေးသို့ တင်ပြစရာ မလို တော့ ဘဲ ထုတ်ဝေခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ သတင်းစာ၏ လွတ်လပ်ခွင့်သည် အစိုးရသစ် အပေါ်မူတည်ကြောင်း ပြည်တွင်း မီဒီယာများကို ပြောဆိုထားသည်။

“တင်ပြစရာ မလိုတော့ဘူး ဆိုတဲ့စာတွေက ကလေးစာပေတွေ၊ နိုင်ငံရေး မဟုတ်တဲ့ စာပေတွေပါ၊ ဒါကို စိစစ်ရေး မတင်ရတာ သတင်းစာ လွတ်လပ်ခွင့်ပေးတာမှ မဟုတ်ဘဲ”ဟု အထက်ပါ သတင်းထောက်က ပြောသည်။

ဧရာဝတီဘလော့ မှ ကူးယူဖေါ်ပြပါသည်။

Sunday, March 27, 2011

တော်လှန်ရေးနေ့ တို့မမေ့

ပြည်သူတွေ အပေါင်း
လှည်းနေ လှေအောင်း
မြင်းဇောင်း မကျန်
ဖက်ဆစ်ရန် ဖက်ဆစ်အန္တရာယ်ကို
ဘယ်နည်းနဲ့ပဲ တော်လှန်ရ တော်လှန်ရ
ကျရာတာဝန် ညွှန်ရာအရပ်မှာ
စိတ်ဓာတ်ညီညီ လူညီညီနဲ့
ကြယ်နီရောင် အရုဏ်တက်မှာ
တခဲနက်တော်လှန်ခဲ့ကြတယ်။
တော်လှန်ရေးနေ့ကို
သွေးနဲ့မော်ကွန်းထိုးခဲ့ကြတယ်။


တော်လှန်ရေးနေ့ရဲ့
လေးနက်တဲ့ အဓိပ္ပာယ်ကို
ပျက်ပြယ်ရအောင်
ကြံဆောင် သရုပ်ဖော်ပြီး
ဖက်ဆစ်သံ စစ်မာန်ပေါက်အောင်
ကောက်ကျစ်ယုတ်မာစွာ လွှဲပြောင်း
သူရဲကောင်းစစ်ဝါဒကို
လက်နက်ပြ ရိုက်သွင်း
စစ်မင်းနဲ့ စစ်မြင်းတွေကို ဇာတ်လိုက်လုပ်
ပွဲထုတ် သရုပ်ဖျက်ခဲ့တယ်။

တော်လှန်ရေးနေ့ တို့မမေ့နိုင်
တပ်မတော်နေ့ ပြောင်းရွှေ့မခံနိုင်။

သမိုင်းမှာ နေရာလု
ပြည်သူ့အခန်းကို ပယ်ဖျောက်ဖို့
စစ်ထောက်လှမ်းရေးအဖွဲ့တွေရဲ့ အကြံဆိုးကို
ရိုက်ချိုးပစ်ရမယ်။

တပ်မတော်နေ့
တို့မေ့ … တို့မေ့ …။

တော်လှန်ရေးနေ့
တို့နေ့ … တို့နေ့…။ ။



(ကဗျာဆရာကြီး တင်မိုး ၏ကဗျာကို “တော်လှန်ရေးနေ့” အမှတ်တရအဖြစ် ဖော်ပြပါသည်။)

၆၆ နှစ်မြောက် တော်လှန်ရေးနေ့ ထုတ်ပြန်ကြေငြာချက်

Revolution Day

မတ်လ (၂၇) ရက်နေ့  - တော်လှန်ရေးနေ့  ဖြစ်ပါတယ်။

မတ်လ (၂၇) ရက်နေ့ - “တော်လှန်ရေးနေ့ ” ဟာ လွတ်လပ်ရေးအတွက် မြန်မာပြည်သူပြည်သား တိုင်းရင်းသားပေါင်းစုံ စုပေါင်းတော်လှန်ရေးဆင်နွဲခဲ့တဲ့ သမိုင်းဝင်နေ့ ရက်တစ်ရက်အဖြစ် “တော်လှန်ရေးနေ့ ” ဆိုပြီး မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်ခဲ့တာပါ။


























မတ်လ (၂၇) ရက်နေ့ ဟာ မြန်မာပြည်သူပြည်သား တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတစ်ကွ ဆင်နွဲခဲ့တဲ့ “တော်လှန်ရေးနေ့ ” ဖြစ်ပါတယ်။ “တပ်မတော်နေ့ ” မဟုတ်ပါ။ မြန်မာပြည် သူများကျွန်ဘ၀လက်အောက်ကနေ လွတ်မြောက်မှု ရရှိရေးအတွက် ဗိုလ်ချူပ်အောင်ဆန်း တည်ထောင်ဖွဲ့ စည်းခဲ့တဲ့ မြန်မာ့တပ်မတော်အပါအ၀င် ရဟန်းရှင်လူကျောင်းသားပြည်သူတစ်ရပ်လုံးက စုစည်းလက်တွဲကြပြီး အတူတစ်ကွ တော်လှန်ရေးကြီးဆင်နွဲခဲ့တဲ့ တော်လှန်ရေးကြီးကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့အနေနဲ့  မတ်လ (၂၇) ရက်နေ့ ကို တော်လှန်ရေးနေ့ ရယ်လို့  သမိုင်းတွင်စေခဲ့တာပါ။

ဒါပေမယ့် အာဏာရူးအုပ်စုဟာ တပ်မတော်နဲ့  ပြည်သူကို ခွဲခြားပြီး သမိုင်းဝင် တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ ဆိုပြီး ပြောင်းလဲခေါ်ဆိုနေတာ ဖြစ်ပါတယ်။ အာဏာရူးတွေက တပ်မတော်နေ့ ဆိုပြီး အမည်ပြောင်းလိုက်ပြီး မြန်မာ့တော်လှန်ရေးသမိုင်းအစစ်အမှန်ကို ကွယ်ပျောက်စေဖို့  လုပ်ဆောင်ခဲ့ရုံသာမက၊ မြန်မာ့တပ်မတော်ကိုလည်း ဂုဏ်သရေညှိုးနွမ်းအောင် ပြည်သူတွေ မုန်းတီးခံရအောင် ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ မြန်မာပြည်သူပြည်သားများဟာ သူများကျွန်ဘ၀လက်အောက်က လွတ်မြောက်ခဲ့ကြပေမယ့် ယခုအခါမှာ ကိုယ့်ကျွန်ဘ၀လက်အောက်ဖြစ်တဲ့ - အာဏာရူးအုပ်စုရဲ့  လက်အောက်မှာ လွတ်လပ်မှု ပျောက်သုန်းနေပါတယ်။

ယနေ့ ခေတ် မြန်မာ့တပ်မတော်ဟာ အာဏာရှင် လက်တစ်စုစာရဲ့  အသုံးချခံ ကိုယ်ပိုင်တပ် အဖြစ်ခံနေကြရတဲ့အတွက် တိုင်းပြည်အတွက် အတော့်ကို နစ်နာဆုံးရှုံးနေရုံမက ပြည်သူ့ အမုန်းခံနေရတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။

အာဏာရှင်လက်ကိုင်တပ်အဖြစ်ကနေ ပြည်သူ့ တပ်မတော်ပြန်ဖြစ်အောင် တပ်မတော်သားတွေဘဲ ပြုပြင်ပြောင်းလဲလို့  ရမှာပါ။ မြန်မာ့တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းညှိုးနွမ်းနေတာကို ပြန်လည်အဖတ်ဆည်ဖို့ က တပ်မတော်သားတွေအနေနဲ့  မိမိတို့ ကိုင်ဆောင်ထားတဲ့ သေနတ်ပြောင်းဝတွေကို အာဏာရှင်တွေဘက်ကို လှည့်ဖို့ သာ ဖြစ်ပါတယ်။

လွတ်လပ်ရေးအတွက် အသက်စွန့် ကြိုးပမ်းပြီး ပြည်သူပြည်သားတွေဘ၀ အေးချမ်းသာယာဖို့ အတွက် ဆောင်ရွက်ပေးခဲ့ကြတဲ့ ပြည်သူ့ တပ်မတော်သားကြီးတွေရဲ့  ဂုဏ်ကျေးဇူးတရားကို လေးစားသမှုပြုတဲ့အနေနဲ့ ရော၊ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အစဉ်အလာကြီးမားပြီး ဂုဏ်ရောင်တောက်ပြောင်ခဲ့တဲ့ ပြည်သူ့ တပ်မတော်အပေါ် သစ္စာစောင့်သိတဲ့အနေနဲ့ ရော မြန်မာ့တပ်မတော်ကို အာဏာရှင်တွေလက်ထဲကနေ ပြန်လည်ကယ်တင် ရယူဖို့ ပါ။

“အောင်ဆန်းပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဖူး” ဆိုတဲ့ စကားကို လေးစားလိုက်နာခြင်းဟာ တပ်မတော်ရဲ့  ဖခင်ဗိုလ်ချူပ်အောင်ဆန်းအပေါ် သစ္စာစောင့်ထိန်းရာရောက်သလို၊ တိုင်းပြည်နဲ့  ပြည်သူအပေါ်မှာ သစ္စာစောင့်သိတာလည်း ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်ရဲ့  တော်လှန်ရေးအစဉ်အလာနဲ့  ပြည်သူအပေါ်သစ္စာစောင့်သိမှုကို ဖျက်ဆီးပစ်သူ တရားခံများဟာ သန်းရွှေဦးဆောင်နေတဲ့ အာဏာရှင်လက်တစ်ဆုပ်ဖြစ်ပါတယ်။

ဒီ့အတွက် လက်ရှိ မြန်မာ့တပ်မတော်က အရာရှိအရာခံအကြပ်တပ်သားများအနေနဲ့  အာဏာရှင်သန်းရွှေနဲ့ ထိပ်ပိုင်းက ဗိုလ်ချူပ်ကြီးတွေကို စတင်တော်လှန်ကြပြီး ပြည်သူတွေရှေ့ ကနေ မားမားမတ်မတ် ရပ်တည်ကြမယ့် ပြည်သူ့ တပ်မတော်သားဘ၀ကို ရောက်ရှိစေလိုပါတယ်။

လက်ရှိ မြန်မာ့တပ်မတော်အတွင်းက ပြည်သူ့ တပ်မတော်သားပီသလိုသူတွေက လွတ်လပ်မှု ပျောက်ကွယ်နေရတဲ့ မြန်မာပြည်သူပြည်သားတွေကို အာဏာရူးသန်းရွှေတို့ လက်အောက်ကနေ ပြန်လည်ကယ်တင်ပေးနိုင်မယ့်နေ့ တစ်နေ့  ရောက်လာခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့  ပြည်သူပြည်သားတွေအားလုံးက “တပ်မတော်နေ့ ” ဆိုပြီး နေ့ ရက်သစ်တစ်ရက်အနေနဲ့  ဂုဏ်ပြုလေးစားပြီး တရားဝင် “တပ်မတော်နေ့ ” အဖြစ် လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဝမ်းသာစွာနဲ့  သမိုင်းတင်ပေးကြမှာ ဖြစ်ပါတယ်။

မတ်လ (၂၇) ရက်နေ့  - တော်လှန်ရေးနေ့  ဖြစ်ပါတယ်။

နစ်နေမန် ဘလော့ သို့

တော်လှန်ရေးနေ့  (မတ်လ ၂၇) ရက်နေ့  အထိမ်းအမှတ်အဖြစ် - ပြည်သူ့ တပ်မတော်သားများအား ဂုဏ်ပြု မှတ်တမ်းတင်ခြင်း။

အာဏာရှင်စနစ်လက်အောက်ကို ၁၉၆၂ ခုနှစ်ကနေ ကျရောက်ခဲ့ရတဲ့ မြန်မာပြည်သူပြည်သားတွေ ဘ၀ကို စာနာထောက်ထားပြီး၊ ပြည်သူတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြတဲ့ ပြည်သူ့ တပ်မတော်သားတွေ ရှိကြပါတယ်။

အထူးသဖြင့် ပြည်သူလူထုတစ်ရပ်လုံးပါဝင်ခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ အာဏာရှင်ဆန့် ကျင်ရေး ပြည်သူလူထုအရေးတော်ပုံကြီးအတွင်းမှာ တပ်မတော်အတွင်းကနေ ပြည်သူနဲ့  ပူးပေါင်းလက်တွဲခဲ့ကြသူ ပြည်သူ့ တပ်မတော်သားတွေ အများအပြားပေါ်ပေါက်ခဲ့ပါတယ်။

ထို့ အတူ တပ်မတော်သားတွေ ဖြစ်ခဲ့ကြတဲ့၊ ဗိုလ်ချူပ်တွေ ဖြစ်ခဲ့ကြတဲ့ ဗိုလ်ချူပ် (ဦး) သောင်းဒန်၊ ဗိုလ်ချူပ် (ဦး) တင်ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်) တို့ လို အဆင့်မြင့် တပ်မတော်အရာရှိကြီးတွေကအစ သာမာန်ရဲဘော်စစ်သား အထိ ပြည်သူတွေဘက်က ရဲဝန့် စွာ ရပ်တည်ပေးခဲ့ကြတဲ့ ပြည်သူ့ တပ်မတော်သားတွေ ရာဇ၀င်တွင်လောက်အောင် ရှိခဲ့ကြပါတယ်။

ပြည်သူကို ချစ်တဲ့ ပြည်သူ့ တပ်မတော်သားအချို့ ရဲ့  ဘ၀ဇာတ်ကြောင်း အတိုချုပ်လေးတွေကို တင်ပြရင်း လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်။

ဗိုလ်မှူးကြီးဟောင်း ဦးစိန်မြ (အငြိမ်းစား)။

ဗိုလ်မှူးကြီးဟောင်း ဦးစိန်မြ (အငြိမ်းစား) ဟာ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း ၁၉၈၉ ခုနှစ်မှာ ထိုင်း-မြန်မာနယ်စပ်ဒေသကို ရောက်ရှိလာပြီးနောက်၊ နယ်စပ်ဒေသမှာ ရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အတူ အာဏာရှင်နအဖ ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့  ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ်ဦးကို ထိုင်း မြန်မာနယ်စပ်မှာ ဦးဆောင်ဖွဲ့ စည်းပြီး အာဏာရှင်တွေကို တော်လှန်တိုက်ပွဲဝင်ခဲ့ပါတယ်။

တော်လှန်ရေးနယ်မြေဒေသမှာ ဆက်လက်နေထိုင်နေစဉ်မှာ ကျန်းမာရေးမကောင်းမွန်ဖြစ်ကာ ကွယ်လွန်သွားခဲ့ပါတယ်။

ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးအေးမြင့် (အငြိမ်းစား)။

ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးအေးမြင့်(အငြိမ်းစား)ဟာ တပ်မ (၄၄) တပ်မမှူးအဖြစ် တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးအေးမြင့် (အငြိမ်းစား)ဟာ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ ထိုင်း-မြန်မာနယ်စပ်ဒေသကို ရောက်ရှိလာပြီးနောက်၊ နယ်စပ်ဒေသမှာ ရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ကျောင်းသားရဲဘော်တွေအတွက် စစ်သင်တန်းများကို ပို့ ချပေးခဲ့ရုံသာမက အာဏာရှင်နအဖ ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့  ပါဝင်ခဲ့သူဖြစ်ပါတယ်။

ယခုအခါမှာ သြစတြေလျနိုင်ငံမှာ အခြေစိုက် နေထိုင်လျက်ရှိပြီး အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်လှုပ်ရှားလျက် ရှိပါတယ်။





















ဖေါ်ပြပါ ဓါတ်ပုံကတော့ ၁၉၉၁ ခုနှစ်၊ ထိုင်း မြန်မာနယ်စပ်တစ်နေရာမှာ ရိုက်ထားတဲ့ပုံ ဖြစ်ပါတယ်။

ဗိုလ်မှူး ဂျွန်လှဝင်း။

ဗိုလ်မှူးဂျွန်လှဝင်းဟာ လေတပ်မှ အငြိမ်းစား ဗိုလ်မှူးတစ်ဦးဖြစ်ပြီး၊ “လေသူရဲ တစ်ဦး” ကလောင်နာမည်နဲ့  စာရေးသားခဲ့သူ ထင်ပေါ်ကျော်ကြားသော စာရေးဆရာလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် ရှသ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ပြည်သူနဲ့ အတူ အာဏာရှင်ကို ဆန့် ကျင် တိုက်ပွဲဝင်ခဲ့လို့  ထောင်ဒဏ် (၂၀) နှစ် ကျခံခဲ့ရပါတယ်။

ဗိုလ်ကြီး အုန်းကျော်မြင့်။

ဗိုလ်ကြီးအုန်းကျော်မြင့်ဟာ ၁၉၇၆ ခုနှစ်တုန်းက တစ်ပါတီ မဆလ အာဏာရှင်နေ၀င်းကို လုပ်ကြံသတ်ဖြတ်ဖို့  ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေ အာဏာရှင်နေ၀င်းလက်အောက်မှာ ဆင်းရဲဒုက္ခရောက်နေတာတွေကို ပယ်ပျောက်စေဖို့ အတွက် အာဏာရှင်နေ၀င်းကို ဖယ်ရှားဖို့  ရဲဝန့် စွာလုပ်ဆောင်ခဲ့သူ ပြည်သူ့ တပ်မတော်သားတစ်ဦး ဖြစ်ပါတယ်။ ဆောင်ရွက်မှု အောင်မြင်ခါနီးမှာ အာဏာရှင်ရဲ့  ဖမ်းင်္ဆးခြင်းကို ခံခဲ့ရပြီး သေဒဏ်ပေးခြင်းခံခဲ့ရပါတယ်။






















ဗိုလ်ကြီး စိုင်းဝင်းကျော်။

ဗိုလ်ကြီး စိုင်းဝင်းကျော်ဟာ တပ်မ (၂၂) ကဖြစ်ပြီး၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ပြည်သူလူထုဘက်ကနေ မားမားမတ်မတ် ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ တပ်မတော်သား တွေ အားလုံး အံ့သြချီးကျူးရလောက်အောင် ဇနီးနဲ့ သားသမီးကိုတောင် မငဲ့ကွက်ဘဲ ရာထူး အဆောင်အယောင် စည်းစိမ်ဥစ္စာစွန့် လွှတ်ကာ ပြည်သူလူထုနဲ့  ရဲဝံ့စွာ ပူးပေါင်းခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့  န၀တကနေ စစ်တပ်အာဏာသိမ်းမှု ဖြစ်သွားတဲ့အခါမှာ နယ်စပ်ဒေသသို့  ထွက်ပြေးတိမ်းရှောင်ခြင်း မရှိဘဲ ပြည်တွင်းမှာ ဆက်လက်နေထိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အာဏာရှင်တွေရဲ့  ဖမ်းဆီးခြင်းကို ခံရပြီး ပြည်သူ့ ဘက်ကို ရပ်တည်ခဲ့တဲ့ ဗိုလ်ကြီးစိုင်းဝင်းကျော်ကို အငြိုးကြီးစွာ သေဒဏ်ပေးခဲ့ပါတယ်။ သူရဲ့ မိတ်ဆွေအချို့ မှ သနားဂရုဏာသက်လို့  အသနားခံ ၀င်ပြောခဲ့ခြင်းကြောင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့  ပြောင်းလဲ ကျခံစေခဲ့ပါတယ်။ နောက်ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့  ထောင်မှ ပြန်လွတ်လာတဲ့အခါမှာလည်း ရပ်တည်ချက် ပြတ်သားပြီးတော့ အာဏာရှင်ကို ဆက်လက်ဆန့် ကျင်သူ ဖြစ်ပါတယ်။

ဗိုလ်ကြီး ၀င်းဘို။

ဗိုလ်ကြီး ၀င်းဘိုဟာ ထောင်တွင်းက နိုင်ငံရေး အကျဉ်းသားတွေရဲ့  ခံစားနေရတဲ့ ထောင်တွင်းဆိုးရွားမှုအခြေအနေကို ကိုယ်တိုင်ကိုယ်ကျ တွေ့ မြင်ရတဲ့အခါမှာ ရင်ထုမနာ ဖြစ်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ မန္တလေးမြို့ ၊ မဟာဂန္ဓာရုံကျောင်း၊ ရွှေကျင်ဆရာတော်ဘုရားကြီးနဲ့  သံဃာအပါး (၁၀၀၀) လက်မှတ်ရေးထိုးထားတဲ့ စာကို ဆရာတော်ကြီးရဲ့  ခွင့်ပြုချက်နှင့် ယူဆောင်ခဲ့ပြီး အာဏာရှင်တွေထံ ပေးပို့ ခဲ့ပါတယ်။

စာပါ အကြောင်းအရာတွေကတော့ မြန်မာနိုင်ငံရဲ့  လတ်တလော နိုင်ငံရေးဖြစ်စဉ်တွေနဲ့  တိုင်းပြည်ကောင်းကျိုးအတွက် ဦးနေ၀င်း၊ ဦးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်တို့  အာဃာတ မထားဘဲ ဆွေးနွေးညှိနှိုင်းဖို ၊့ အကျဉ်းထောင်အသီးသီးက ဒုက္ခဆင်းရဲခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့  မေတ္တာရပ်ခံထားတဲ့စာ ဖြစ်ပါတယ်။ ဗိုလ်ကြီးဝင်းဘိုဟာ အဲဒီစာ ပေးမှုနဲ့  ထောင်ဒဏ် (၂၀) နှစ် ကျခဲ့ပါတယ်။ ထောင်အတွင်းမှာ ထောင် အာဏာပိုင်တွေရဲ့  မတရားအုပ်ချုပ်၊ လူ့ အခွင့်အရေး ချိုးဖောက်တာတွေကို အမှန်တရားဘက်က ကာကွယ်ရင်း ထောင်အာဏာပိုင်တွေက ရန်ငြိုးဖွဲ့  မတရား ရိုက်နှိက်ခဲ့မှုကြောင့် သူဟာ ထောင်တွင်းမှာ ကျဆုံးခဲ့ရပါတယ်။ သူ သေဆုံးတဲ့ နေ့  ကို “မြန်မာ့နိုင်ငံရေး အကျဉ်းသားများနေ့ ” အဖြစ် ဒီမိုကရေစီဘက်တော်သားများက ဂုဏ်ပြုသတ်မှတ်ခဲ့ကြပါတယ်။

ဗိုလ်ကြီးဟောင်း ဦးမင်းသိမ်း။

ဗိုလ်ကြီးဟောင်း ဦးမင်းသိမ်းဟာ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိခဲ့ပြီး အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားမှုမှာ တက်ကြွစွာ ဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါမှာ တတိယနိုင်ငံတစ်နိုင်ငံမှာ အခြေစိုက်နေထိုင်လျက် ရှိပါတယ်။

တပ်ကြပ်ကြီးဟောင်း ဒေါ်နုနုအေး။

တပ်ကြပ်ကြီးဟောင်း ဒေါ်နုနုအေးဟာ တပ်မတော်မှတ်တမ်းရုံးက ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ပြည်သူလူထုနဲ့ လက်တွဲပြီး အာဏာရှင်ကို ရဲရဲတောက် ဆန့် ကျင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိလာခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုများနဲ့ အတူတကွ အာဏာရှင်ဆန့် ကျင်ရေးကို ဆက်လက်ဆင်နွဲခဲ့ပါတယ်။
ထို့ နောက် အမေရိကန် နိုင်ငံသို့  ပြောင်းရွှေ့ အခြေစိုက်နေထိုင်နေစဉ် ကျန်းမာရေးမကောင်းမွန်ဖြစ်ကာ ကွယ်လွန်သွားခဲ့ပါတယ်။


















တပ်ကြပ်ကြီးဟောင်း ရဲထွန်း။

တပ်ကြပ်ကြီးဟောင်း ရဲထွန်းဟာ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိခဲ့ပြီး၊ နယ်စပ်ဒေသမှာ ရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ကျောင်းသားရဲဘော်တွေအတွက် စစ်သင်တန်းများကို ပို့ ချပေးခဲ့ရုံသာမက အာဏာရှင်နအဖ ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့  ပါဝင်ခဲ့သူဖြစ်ပါတယ်။ ထို့ နောက် အမေရိကန် နိုင်ငံသို့  ပြောင်းရွှေ့ အခြေစိုက်နေထိုင်နေလျက် ရှိပါတယ်။

တပ်ကြပ်ဟောင်း ကိုညိုမှိုင်း။

တပ်ကြပ်ဟောင်း ကိုညိုမှိုင်းဟာလည်း ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိခဲ့ပြီး၊ နယ်စပ်ဒေသမှာ ရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ကျောင်းသားရဲဘော်တွေအတွက် စစ်သင်တန်းများကို ပို့ ချပေးခဲ့ရုံသာမက အာဏာရှင်နအဖ ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့  ပါဝင်ခဲ့သူဖြစ်ပါတယ်။ ထို့ နောက် အမေရိကန် နိုင်ငံသို့  ပြောင်းရွှေ့ အခြေစိုက်နေထိုင်နေစဉ် ကျန်းမာရေးမကောင်းမွန်ဖြစ်ကာ ကွယ်လွန်သွားခဲ့ပါတယ်။






















တပ်ကြပ်ဟောင်း ကိုရွှေဘ။

တပ်ကြပ်ဟောင်း ကိုရွှေဘဟာ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိခဲ့ပြီး၊ နယ်စပ်ဒေသမှာ ရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ကျောင်းသားရဲဘော်တွေအတွက် စစ်သင်တန်းများကို ပို့ ချပေးခဲ့ရုံသာမက အာဏာရှင်နအဖ ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့  ပါဝင်ခဲ့သူဖြစ်ပါတယ်။

ကျောင်းသားများနဲ့ အတူ အာဏာရှင်အား ဆက်လက်တိုက်ပွဲဝင်ရင်း တော်လှန်ရေးရှေ့ စစ်မျက်နှာပြင်မှာ ရန်သူအာဏာရှင်လက်ချက်နဲ့  ကျဆုံးခဲ့ရပါတယ်။
















တပ်ကြပ်ဟောင်း ကိုအောင်နိုင်။

တပ်ကြပ်ဟောင်း ကိုအောင်နိုင်ဟာ ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်မတော်သားတစ်ဦး ဖြစ်ပြီး၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ကျောင်းသားများနဲ့  လက်တွဲခဲ့ပြီး၊ ကျောင်းသားပြည်သူတွေနဲ့ အတူ အာဏာရှင်ဆန့် ကျင်ရေးကို တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီးနောက် ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိခဲ့ပါတယ်။

တပ်ကြပ်ဟောင်း ကိုသက်လွင်။

ကိုသက်လွင်ဟာ ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်မတော်သားတစ်ဦး ဖြစ်ပြီး၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ကျောင်းသားများနဲ့  လက်တွဲခဲ့ပြီး၊ ကျောင်းသားပြည်သူတွေနဲ့ အတူ အာဏာရှင်ဆန့် ကျင်ရေးကို တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီးနောက် ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မှာ ကျောင်းသားတွေနဲ့  အတူ အာဏာရှင်ကို ဆန့် ကျင်တော်လှန်ခဲ့သူ ဖြစ်ပါတယ်။

ကိုသက်လွင်နဲ့ အတူ ကာကွယ်ရေးပစ္စည်းစက်ရုံမှ အခြားသော တပ်မတော်သားအနည်းငယ်လည်း အတူတစ်ကွ နယ်စပ်ဒေသကို ရောက်ရှိခဲ့ကြကာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မှာ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ ကိုသက်လွင်ဟာ ယခုအခါမှာ အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက် နေထိုင်လျက် ရှိပါတယ်။

ကိုသက်ဦး။

ကိုသက်ဦးဟာ တပ်မတော် (လေ) က တပ်မတော်သားတစ်ဦး ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ပြည်သူနဲ့  လက်တွဲခဲ့ပြီး၊ နောက်ပိုင်းမှာ ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိခဲ့ကာ အာဏာရှင်နအဖ ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါမှာ သြစတြေလျနိုင်ငံမှာ အခြေစိုက် နေထိုင်လျက် ရှိပါတယ်။

၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီရရှိရေး ရှစ်လေးလုံး ပြည်သူလူထုအရေးတော်ပုံကြီးအတွင်းမှာ တပ်မတော် (လေ) အမှတ် (၅၀၂) လေတပ်စခန်းမှ တပ်မတော်သားများဟာ ပြည်သူ လူထုနဲ့ ဦးစွာပထမ အင်တိုက်အားတိုက် လက်တွဲခဲ့ကြသူများ ဖြစ်ပါတယ်။


















ကိုအေးမင်း။

ကိုအေးမင်းဟာလည်း ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိခဲ့ပြီး၊ နယ်စပ်ဒေသမှာ ရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ကျောင်းသားရဲဘော်တွေအတွက် စစ်သင်တန်းများကို ပို့ ချပေးခဲ့ရုံသာမက အာဏာရှင်နအဖ ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့  ပါဝင်ခဲ့သူဖြစ်ပါတယ်။ ထို့ နောက် အမေရိကန် နိုင်ငံသို့  ပြောင်းရွှေ့ အခြေစိုက်နေထိုင်နေလျက် ရှိပါတယ်။






















ကိုဥာဏ်ထွန်း။

ကိုဥာဏ်ထွန်းဟာ တပ်မတော်သားတစ်ဦး ဖြစ်ပြီး၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ကျောင်းသားများနဲ့  လက်တွဲခဲ့ပြီး၊ ကျောင်းသားပြည်သူတွေနဲ့ အတူ အာဏာရှင်ဆန့် ကျင်ရေးကို တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီးနောက် ထိုင်း မြန်မာနယ်စပ်ဒေသကို ရောက်ရှိခဲ့ပါတယ်။ နယ်စပ်ဒေသမှာ ရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ကျောင်းသားရဲဘော်တွေအတွက် စစ်သင်တန်းများကို ပို့ ချပေးခဲ့ရုံသာမက အာဏာရှင်နအဖ ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့  ပါဝင်ခဲ့သူဖြစ်ပါတယ်။

ကိုပိန်။

ကိုပိန်ဟာ တပ်မ (၄၄) ခမရ (၅) မှ တပ်မတော်သားတစ်ဦး ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ မော်လမြိုင်မြို့ က ပြည်သူသပိတ်စခန်းမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာဘဲ ထိုင်း မြန်မာနယ်စပ်ဒေသသို့  ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) သို့  ၀င်ရောက်ခဲ့ပါတယ်။ အာဏာရှင်အား ဆက်လက်တိုက်ပွဲဝင်ရင်း တော်လှန်ရေးရှေ့ စစ်မျက်နှာပြင်မှာ ရန်သူအာဏာရှင်ရဲ့ ပိတ်ဆို့ ခြင်းကို ခံရတဲ့အချိန်မှာ အညံ့ခံအရှုံးမပေးဘဲ မိမိကိုယ်ကို သူရဲကောင်း ပီသစွာနဲ့  အဆုံးစီရင်ခဲ့သူ ဖြစ်ပါတယ်။













အာဏာရှင်ဘက်ကို ဆန့် ကျင်ပြီး ပြည်သူတွေဘက်ကို ရဲရဲဝန့် ဝန့်  ရပ်တည်ပေးခဲ့ကြတဲ့ တပ်မတော်သားတွေမှ အမှန်တကယ် ပြည်သူ့ အသက်အိုးအိမ်စည်းစိမ် အကျိုးစီးပွားကို လက်တွေ့  ကာကွယ်စောင့်ရှောက်ပေးလိုတဲ့စိတ်ရှိသော ပြည်သူ့ တပ်မတော်သားတွေ ဖြစ်ကြပါတယ်။

တပ်မတော်ထဲ ၀င်ရောက်အမှုထမ်းကြတာ အဓိက ရည်ရွယ်ချက်က တိုင်းပြည်နဲ့  လူမျိုးအတွက် အမှန်တကယ်ဖြစ်တယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူအကျိုးအတွက်ကိုသာ ဦးထိပ်ပန်ဆင်ပြီး၊ ကမ္ဘာ့နိုင်ငံတွေအကြားမှာ မိမိတိုင်းပြည်ရဲ့  ဂုဏ်သိက္ခာ မြင့်မားရေးအတွက် နာမည်ကောင်းနဲ့  ထင်ပေါ်ကျော်ကြားအောင် လုပ်ဆောင်ရမှာ ဖြစ်သလို၊ မိမိနိုင်ငံသူနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။

လက်ရှိအာဏာရှင် သန်းရွှေနဲ့  စစ်ယူနီဖောင်းအရေခြုံ ဗိုလ်ချူပ်ကြီးတွေဟာ တိုင်းပြည်ကို အမည်ဆိုးတွင်အောင် လုပ်နေရုံသာမက၊ နိုင်ငံသူနိုင်ငံသားတွေ ဆင်းရဲတွင်းနက်အောင် အသက်အိုးအိမ်ဆုံးရှုံပျက်စီးအောင် လုပ်နေတယ်ဆိုတာ ပြည်သူတွေရဲ့  ပကတိ ဘ၀အခြေအေနတွေနဲ့  တိုင်းပြည်ရဲ နေရာဒေသအတော်များများကို ကြည့်ရင် တပ်မတော်သားတွေ သိကြပါတယ်။

ဒီအတွက် တပ်မတော်အတွင်းက လက်ရှိအရာရှိအရာခံ အကြပ်တပ်သားတွေကို ပြောချင်တာက ပြည်သူတွေဘက်ကို ရဲရဲဝန့် ဝန့်  ရပ်တည်ပေးကြပါ။ ပြည်သူတွေကို အာဏာရှင်လက်ကနေ ကာကွယ်ပေးကြပါ။ ပြည်သူ့ တပ်မတော်သားအဖြစ် ဂုဏ်ယူစွာနဲ့  အာဏာရှင်ဆန့် ကျင်ရေးကို လက်တွဲဆောင်ရွက်ပေးကြပါ။

သမိုင်းအစဉ်အဆက်မှာ ပြည်သူ့ တပ်မတော်သား ပီသသူတွေ ရှိခဲ့ကြပါတယ်။ လက်ရှိအရာရှိအရာခံ အကြပ်တပ်သားတွေလည်းဘဲ ပြည်သူ့ တပ်မတော်သား ပီသလို့ ရပါသေးတယ်။

ဘာလက်နက်မှ မရှိတဲ့ ပြည်သူတွေ သံဃာတော်တွေ ကျောင်းသူကျောင်းသားတွေကတောင် အာဏာရှင်ကို အသက်နဲ့ ရင်းပြီး ဆန့် ကျင်တော်လှန်ရဲကြသေးတာ တပ်မတော်သားတွေ လက်ထဲမှာ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့  (အာဏာရှင်ကို ကာကွယ်စောင့်ရှောက်ဖို့  မဟုတ်တဲ့) တပ်ဆင်ပေးထားတဲ့ လက်နက်တွေရှိကြပါတယ်။ တပ်မတော်သားတွေသာ ပြည်သူဘက်ကို မားမားမတ်မတ် ရပ်တည်လိုက်ပြီဆိုတာနဲ့  ပြည်သူတစ်ရပ်လုံး ချက်ချင်းဆိုသလို အင်တိုက်အားတိုက် လက်တွဲကြမှာပါ။ အာဏာရှင်လက်တစ်စု ချက်ချင်း ပျောက်ကွယ်သွားမှာပါ။

တပ်မတော်သားတွေအနေနဲ့  တိုင်းပြည်နဲ့ လူမျိုးအတွက် ပြည်သူ့ တပ်မတော်သားအဖြစ် အမြန် ဖြစ်ပေါ်လာဖို့  မတ်လ (၂၇) ရက်နေ့ မှာ ကျရောက်တဲ့ “တော်လှန်ရေးနေ့ ” မှာ အထူးတိုက်တွန်းလိုက်ရပါတယ်။

အာဏာရှင်လက်ပါးစေ လက်ရုံးတပ်သား အဖြစ်လား၊ တပ်မတော်သားအမှန် ပြည်သူ့ စစ်သား စစ်စစ် အဖြစ်လားဆိုတာ မိမိကိုယ်တိုင်ကဘဲ ရွေးချယ် ဖြစ်မြောက်လို့  ရမှာပါ။

တော်လှန်ရေးကို ပြည်သူနဲ့  လက်တွဲပြီး ရဲရဲဝန့် ဝန့်  ဆင်နွဲကြပါစို့ ။

နစ်နေမန်း။

Saturday, March 26, 2011

မြန်မာတွေဟာ ငတုံး ငအတွေ မဟုတ်ပါ





ဒေလီတက္ကသိုလ် ဇခါဟူစိန်ကောလိပ် (Zakir Husain College) တွင် ကျင်းပခဲ့သည့် မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေး ဆွေးနွေးပွဲ မြင်ကွင်းတချို့

အရှင်ပညာဇောတ (ဒေလီ)

၂၅၊ ၃၊ ၂၀၁၁

တလောက မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေး Democratisation on Myanmar (Burma) ခေါင်းစဉ်ဖြင့် ဒေလီတက္ကသိုလ် ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ ကျင်းပတဲ့ ပွဲကို ဦးဇင်းတို့ တက်ရောက်ခဲ့ကြတယ်။ မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေး ဆွေးနွေးပွဲကို အိန္ဒိယ နိုင်ငံခြားရေးဌာနက ပုဂ္ဂိုလ်တွေ၊ တက္ကသိုလ်တွေက ပညာရှင်တွေနဲ့ မြန်မာ့ အတိုက်ခံ ဒီမိုကရေစီခေါင်းဆောင်တွေ ပြောကြဆိုကြတဲ့ ပွဲပါ။

ဖိတ်ကြားခြင်းခံရလို့တော့ မဟုတ်ပါဘူး၊ အတည်ပေါက်နဲ့ ၀င်တက်တာပဲဆိုပါတော့။ ကြံကြံ ဖန်ဖန် ကြေငြာထားတဲ့ ပိုစတာလေး တခုတွေ့ရလို့ တော်သေးတယ်လို့ပဲ အောက်မေ့မိပါတယ်။ ကိုယ်လိုပဲ ဖိတ်စာမရတဲ့ အဖွဲ့ခေါင်းဆောင်တွေ မနဲမနောပါပဲ။ တချို့ခေါင်းဆောင်တွေက ဖိတ်စာ မရောက်ပေမယ့် သိတယ် မတက်ဘူးပေါ့။ တချို့ကတော့ သိကို မသိတာပါ။

အံ့သြစရာ တခုက ဒီဖိတ်စာက နိုင်ငံရေးဆိုတာ လူစုပြီး ပါလီမန်နားက ပန်းခြံတခုမှာ အော်ကြဟစ်ကြတာလောက် သိပြီး တတိယနိုင်ငံ ကူးဖို့လုပ်နေတဲ့ လူတချို့စီမှာတော့ တွေ့နေ ရပြန်ရော။ ဖိတ်စာ မရောက်ပေမယ့် ဒီပွဲကိုတော့ဖြင့် တက်ရောက်ချင်စိတ် ဖြစ်မိပါတယ်။ အကြောင်း ကတော့ ထိုင်းဘက်က ဗဟုအဖွဲ့က အောင်နိုင်ဦးတို့ လာရောက် ပြောမယ်ဆိုလို့ပါ။ ဒီအဖွဲ့ကိုတော့ စစ်တပ်နဲ့ ဆက်နွယ်နေတယ်လို့ သံသယ ရှိထားတာကိုး။ ပြည်တွင်းက သံဃာတွေကို တရားဝင် ဗီဇာတွေနဲ့ ခေါ်ပြီး သင်တန်းတွေ ပေးနေတာတွေ သိနေတော့ ဧရာမ နိုင်ငံရေး မှောင်ခိုဂိုဏ်းကြီးလို့ သဘောထားတဲ့ အဖွဲ့ပါ။ ဒီလူတွေ ပြောရင်တော့ ပြည်သူ့ ဆန္ဒတော့ ပြောမှာ မဟုတ်ဘူး၊ စစ်တပ်ဆန္ဒပဲ ပြောမှာပါ။ ဒါမှမဟုတ် သခင်ကြီးတွေဖြစ်တဲ့ အီးယူတို့ အမေရိကန်တို့ရဲ့ ဆန္ဒတွေ ပြောကြမှာပါ။

အစည်းဝေးခန်းမထဲ ရောက်တော့ ဂိုရှယ်ဆိုတဲ့လူက မြန်မာ စစ်အာဏာရှင်တွေကို အထီးကျန်မထားဖို့၊ လက်တွဲခေါ်ဖို့တွေ၊ ဆန်ရှင်ဖြုတ်ဖို့တွေ အတောမသတ် ပြောနေတော့တာပါ။ အိန္ဒိယက ပညာရှင်တွေအကုန်လုံး တီးလုံးတိုက် ညှိထားတဲ့အတိုင်း ဆန်ရှင်ဖြုတ်ဖို့ လူတိုင်းလောက် ပြောကြတာပါ။ ထူးထူးဆန်းဆန်း အမျိုးသမီး တယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အဂတိတရားလေးပါး အကြောင်းနဲ့ မစန္ဒာရဲ့ ခေါက်ထီးလေး မလုံ့တလုံ ၀တ္ထုထဲက ဇာတ်လမ်း တခုကြောင်း ပြောပါတယ်။ထိုင်းဘက်က မခင်ဥမ္မာကတော့ သူဖြတ်သန်းခဲ့တဲ့ တော်လှန်ရေး အကြောင်းတွေ သူလက်ရှိလုပ်နေတာတွေ ပြောပါတယ်။ တော်တော်နားထောင်လို့ ကောင်းပါတယ်။ အားလည်းတက်မိပါတယ်။ ခဏနေတော့ မဇ္ဈိမအယ်ဒီတာ ကိုစိုးမြင့် ပြောပါတယ်။

အဲဒီမှာ တကယ့်ကို အကျိုးနည်းတွေ ပြောတော့တာပါပဲ။ ဒီလူတွေ ဆိုတာက ပြည်သူ့ ဆန္ဒတွေ ပြောရမှာလေ။ သူပြောတာက ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ညစ်ပတ်မှု မတရားမှုတွေ ရှိတာ မှန်ကြောင်း၊ သို့သော်လည်း လက်ရှိ အခြေနေမှာ ဗမာပြည် ဒီမိုကရေစီရေးအတွက် အခွင့်အလမ်း တံခါးပေါက်ဖြစ်ကြောင်း။ အကြောင်း ကတော့ လူနည်းစု ဒေသများတွင် တိုင်းရင်းသားများလည်း ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အနိုင်ရ ခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်း စီးပွားရေး အခြေနေများ အလွန်ဆိုးဝါးနေပြီး အလျှင် အမြန်အရေးယူ ဖြေရှင်းဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းတဲ့။ ဒီစကားတွေ ပြောချင်ရင် အခု နေပြည်တော်မှာ ကျင်းပနေတဲ့ လွတ်တော်ထဲမှာ သွားပြောပေါ့။ ဒီနိုင်ငံကလူတွေ စစ်တပ်နဲ့ပေါင်းဖို့ ပြောတာတွေကို ခင်များတို့ စစ်တပ်လုပ်နေတာတွေ နားမလည်လို့ မှားမှားယွင်းယွင်းတွေ ပြောနေတာဆိုတာကို အတိုက်ခံ လုပ်နေပါတယ်ဆိုတဲ့ လူတွေက ချေဖျက် ပြောရမှာပေါ့။ မီဒီယာသမားဖြစ်နေလို့ ဒေါနဲ့မောနဲ့ မပြောချင်နေပေါ့။ သြော်… ခက်ပါရော။

မေးခွန်းတွေမေးကြတဲ့ အချိန်ရောက်တော့ ရဲဘော်ကျော်သန်းကတော့ အာဘောင် အာရင်း သန်သန်နဲ့ ကုလား ပညာရှင်တွေ ပြောတာကို ချေဖျက်တော့တာပဲ။ အခန်းနားမှူးလုပ်တဲ့ အမျိုးသမီး ကြီးဆို မျက်နှာတွေ ပျက်လို့၊ ဂိုရှယ်ဆိုတဲ့လူတော နဖူးနဲ့ ဆံစပ်တွေမှာ ချွေးတွေများတောင်ပြန်လို့။ အမျိုးသမီး တယောက်ကပါ သူ့တင်ပြချက်တွေကို မေးခွန်းထုတ်နေတာကိုး ချွေးပြန်တော့တာပေါ့။ ပြောရရင်တော့ ပွဲကြီးက လုပ်ပွဲကြီးပါ။ တယောက်နှစ်ယောက်က ၀င်ထောက်လိုက်တာနဲ့ အခြေမလှ ဖြစ်သွားတယ်။ ပညာတတ်တွေဆိုတော့ ဘာမှ မဖြစ်သလို ခပ်တည်တည်ပဲပေါ့။ ပွဲကမလှတော့ ညနေပိုင်း သတင်းနားထောင်တော့ ဘယ်လေဒီယို သတင်းဌာနမှ ပါမလာတော့ဘူး။

မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေးဆိုတဲ့ ဧရာမခေါင်းစဉ်ကြီးနဲ့ နိုင်ငံခြားရေးဌာနက လူကြီးတွေ၊ တက္ကသိုလ် အသီးသီးက ပညာရှင်တွေနဲ့ လုပ်တဲ့ပွဲ၊ ငွေတွေ အများကြီး ကုန်ကျတဲ့ပွဲ၊ တိုးတိုးတိတ်တိတ်နဲ့ ပြီးသွားရတယ်။ ရွာလည်က ကြက်ပွဲကမှ အသံထွက်လိမ့်အုန်းမယ်။ နောက်ရက် တော့ ဦးဇင်းတို့လည်း မသွားတော့ဘူး။ ပြီးပြီလေ ဘာဆို ဘာမှ မဟုတ်တာကြီး။ ကိုယ်ကပြီးပေမယ့် မပြီးနိုင်တဲ့ သူက ရှိလာပြန်တယ်။

ဒီမှာရှိတဲ့လူတွေ အခမ်းအနားလုပ်တဲ့ BCRC လို့ခေါ်တဲ့ ဗမာ့ရိပ်သာခန်းမမှာ အစည်းဝေးပွဲ ထပ်လုပ်တာပေါ့။ ဒီပွဲလည်း ဖိတ်စာမရောက်ပါဘူး။ သွားတော့ တက်ရတာပေါ့။ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တာတွေ ပြောနေရင် မခက်ပေဘူးလား။ ထင်တဲ့ အတိုင်းပဲ ပြောတာပါပဲ။ ဒေါက်တာတင့်ဆွေကနေ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာလုပ်တဲ့ ပွဲဟာ အိန္ဒိယမှာရှိတဲ့ ပညာရှင်တွေရဲ့ အမြင်တွေကို ပြောကြတာပါတဲ့။ ဒါဟာ ကောင်းပါတယ်တဲ့ ကျနော်တို့ သူတို့ရဲ့ အမြင်တွေ သိရတာပေါ့တဲ့။ နောင်လည်း ဒီလိုပွဲတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ ရဲဘော်ကျော်သန်းကြီးကတော့ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တဲ့ပွဲမှာ သူတင်ပြချက်တွေနဲ့ ပညာရှင်တွေရဲ့ အလွဲအမှားတွေကို ပရိသတ်ကို ပြန်ပြောပြပါတယ်။

ဒီနေရာမှာ ပညာရှင်ဆိုတာကို ယေဘုယျအားဖြင့် (၃) မျိုးလောက် ခွဲပြောချင်ပါတယ်။ မိမိပညာရပ်ကို လေးစားပြီး အမှန်တိုင်း ထုတ်ဖော်ပြောကြားတဲ့ ပညာရှင်၊ မိမိပညာကို အမှန်တိုင်း မပြောမဆိုပဲ လိမ်ညာပြီး အမှားကို ပြောပြီး နာမည်ရောင်းစားတဲ့ ပညာရှင်၊ သိပေမယ့် ဘာမှ မပြောပဲ ဆွံ့အနေတဲ့ ပညာရှင်တွေပါပဲ။ ပထမအမျိုးစားကတော့ အိန္ဒိယနိုင်ငံက အမတြာဆင်းတို့လို လူမျိုး တွေပါ။ ဒုတိယအမျိုးစားကတော့ အစည်းဝေးတွေမှာ ကိုယ့်စကားနဲ့ကို ပြောပြီး မဟုတ်မမှန်တာတွေ ဆိုတာ သိပြီး မေးခွန်းတွေ တက်လာတဲ့အခါ ချွေးပြန်တတ်တဲ့ ဂိုရှယ်တို့လို လူမျိုးပါ။ နောက်တမျိုး ကတော့ ဖေ့ဘုတ်တွေမှာ ဘာမှမပြောမဆို နေနိုင်ကြတဲ့ မြန်မာပြည်က မဟာပညာရှင်ကြီးတွေပါ။

အဲဒီမှာ ၈၈ မျိုးဆက်ထဲက ကျောင်းသားတယောက်က ခင်များတို့ NGO တွေလုပ်တဲ့ နိုင်ငံရေးနောက် လိုက်မှာလား၊ ဒေါ်စု လုပ်တဲ့ နိုင်ငံရေးနောက် လိုက်မှာလားဆိုပြီး မေးခွန်း ထုတ်ပါ တော့တယ်။ ကျနော်တို့ကတော့ ဘယ်လောက် ငတ်ငတ် ပြတ်ပြတ် ဒေါ်စုနောက်ပဲ လိုက်မယ်လို့ ခပ်ပြတ်ပြတ် ခပ်တင်းတင်းကို ပြောတော့တာပါ။

ထိုင်းဘက်က မခင်ဥမ္မာကတော့ သူတို့က ပြည်တွင်းမှာ လုပ်နေတဲ့ အီးဂရက်က နေ၀င်းမောင်တို့၊ ဒေါက်တာခင်ဇော်ဝင်းတို့နဲ့ လိုင်းမတူပါဘူးလို့ ပြောလာတော့တယ်။ ဦးဇင်းလည်း အခုလိုပြောလာတော့ တခုပြောချင်ပါတယ်။ ပြည်တွင်းက နေ၀င်းမောင်တို့ အီးမေးတွေနဲ့ အတူ ပြည်ပမှာရှိတဲ့ အဖွဲ့စည်းတွေကို ထောက်ပံ့နေတဲ့ NGO တွေရဲ့ အီးမေးတွေပါတဲ့ ဖော်ဝါဒ့်မေးတွေ ဦးဇင်းတို့ဆီမှာ ရောက်လာတယ်။

NGO တွေရဲ့ အထောက်ပံ့တွေနဲ့ အလုပ်လုပ်ရင်တော့ ဒီကရှေ့ သတိကြီးကြီးထားပြီး မျက်စိကြီး၊ နားကြီးနဲ့ အလုပ်လုပ်ကြပါလို့ သတိပေးခဲ့ပါတယ်။ အခုပဲ လမ်းခွဲဖို့ ပြောနေတာကို ထောက်ဆကြည့်ပေတော့လို့ ပြောဖြစ်ခဲ့ပါတယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူ့ဆန္ဒကို ဆောင်ရွက်ပေးတာပါ။ ပြည်သူတွေဟာ လက်ရှိ အုပ်ချုပ်သူတွေကို မလိုချင်တော့ပါဘူး။

လက်ရှိ စစ်အာဏာရှင်တွေဟာ ၈၈ မှာ ကျောင်းသားတွေကို သတ်တယ်၊ ၂၀၀၇မှာ ဘုန်းကြီးတွေကို သတ်တယ်။ နာဂစ်မှာ ပြည်သူတွေ ဒုက္ခရောက်နေတာတွေကို အကူညီမပေးတဲ့အပြင် လာကူညီတဲ့ လူတွေကို ပြဿနာရှာတယ်၊ ကူညီခွင့်မပေးဘူး၊ နိုင်ငံတကာက လှူတဲ့ ငွေတွေကို ဖြတ်ယူတယ်။ ပြောမကုန်နိုင်လောက်အောင် ယုတ်မာတဲ့ ဒီအုပ်ချုပ်သူတွေကို ပြည်သူတွေ အလိုမရှိတော့ဘူး။ ဒီလူတွေကို နိဂုံးကမ္ပတ် အဆုံးသတ်တဲ့နေ့ကို ရောက်ချင်နေပြီ။

အီးယူတို့၊ အမေရိကားတို့ကလည်း သူတို့ ဒဏ်ခတ်အရေးယူထားတဲ့ ဆန်ရှင်ကို ပြန်ဖြုတ် ချင်နေပြီ။ စစ်တပ်ရဲ့ လွတ်တော်ထဲမှာ ၀င်ပလူးချင်နေပြီ။ လွတ်တော်ထဲမှာ သူ့လူတွေ (proxy) ရောက်နေပြီဆိုတော့ ဒီနှစ်ထဲမှာ ပိုပြီး သိသိသာသာ ပြောလာတယ်၊ လုပ်လာတယ်။ ဇခါဟူစိန် ကောလိပ် (Zakir Husain College) မှာလုပ်တဲ့ ပွဲဟာ အိန္ဒိယနဲ့ အမေရိကန် ပေါင်းပြီး ဆန်ရှင်ဖြုတ်ဖို့ ပြောကြ ဆိုကြတဲ့ပွဲပါ။ မြန်မာ အတိုက်ခံတွေကို ဒီပွဲမှာ စကားပြောခိုင်းတာ အမေရိကန်ပဲ လုပ်နိုင် တာပါ။

မြန်မာ့အရေးကို ပေါ့ပေါ့တွေးပြီး စိတ်ဓာတ်ရေးရာ ပျက်ပြားနေတဲ့ တော်လှန်ရေးသမားတွေ၊ ခပ်ညံ့ညံ့ ပညာရှင်တွေနဲ့ မလိမ့်တပတ် ၀င်ကစားတဲ့အီးယူနဲ့အမေရိကန်တွေဟာ ပေါတောတော ကြောင်ကြောင်တွေလို့ မြန်မာပြည်သူတွေက မြင်တတ်ပါတယ်။

မြန်မာစကားပုံမှာ အပွေးမြင် အပင်သိဆိုသလို လယ်ပြင်ဆင်သွား အထင်အရှားမြင်ပါတယ်၊ စကားတခွန်းဟလိုက်တာနဲ့ အူဘယ် နှစ်ခွေ ရှိတယ်ဆိုတာသိတယ်၊ ဗမာစကားပုံတွေကိုကြည့်ရင်ာ မြန်မာတွေဟာ ရှေးအစဉ်လာ ကတည်းက အသိဉာဏ်ကိစ္စမှာ ငတုံး ငအတွေ မဟုတ်ဘူးဆိုတာ လုပ်စားနိုင်ငံရေး သမားတွေ၊ နိုင်ငံကြီးသားတွေကို ပြောလိုက်ချင်ပါတယ်။
ဧရာဝတီ ဘလော့ မှကူးယူပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၆၆နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုဟောပြောပွဲ (၂၅.၀၃၂၀၁၁) (ဓာတ်ပုံ)

ဓာတ်ပုံ ဒီမိုဝေယံ

ငလျင်ကြောင့် ကမ္ဘာ့ဝန်ရိုး ရွှေ့ပြီး ဂျပန်ကျွန်း ၈ ပေ ရွေ့လျားသွားခဲ့

အပျက်အစီးများလွန်းခဲ့သော ဆူနာမီမဟာရေလှိုင်းကို ဖြစ်စေခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ဂျပန်ပင်မကျွန်းကို ၈ ပေ (၂ ဒသမ ၄ မီတာ) ရွေ့လျားစေခဲ့သည်။ ကမ္ဘာ့ဝန်ရိုး လည်ပတ်မှုမှာလည်း ရွှေ့သွားခဲ့သည်။

“အခုလောလောဆယ် သိရသလောက်တော့ GPS တိုင်းတာရေးဌာနဟာ ၈ ပေ ရွေ့သွားခဲ့ပါတယ်။ ဂျပန် ဘူမိတိုင်းတာရေး သတင်းဌာန Geospatial Information Authority - GSI ရဲ့ မြေပုံကို ကြည့်တော့ ရွှေ့လျားသွားခဲ့တဲ့ မြေထု ပုံစံဟာ အတော်လေး ကျယ်ပြန့်တဲ့ နယ်မြေဒေသကြီး တစ်ခုလုံးမှာ ဆင်တူနေပါတယ်။” အမေရိကန် ဘူမိဆာဗေးဌာန၏ ဘူမိရူပဗေဒပညာရှင် ကန်းနက်ဟဒ်နာ့က ပြောပြခဲ့သည်။

ငလျင်နှင့် ဆူနာမီရေလှိုင်း မဖြစ်ပွားမီနှင့် ဖြစ်ပွားပြီးပုံ (NASA)

ငလျင်နှင့် ဆူနာမီရေလှိုင်း မဖြစ်ပွားမီနှင့် ဖြစ်ပွားပြီးပုံ (NASA)

အီတလီအခြေစိုက် အမျိုးသား မီးတောင်ဗေဒနှင့် ဘူမိရူပဗေဒဌာန၏ အစီရင်ခံစာများအရ ၈ ဒသမ ၉ ပမာဏရှိ မြေငလျင်ကြောင့် ကမ္ဘာ့ဝန်ရိုးမှာလည်း ၄ လက်မ (၁၀ စင်တီမီတာ) ခန့် ရွှေ့သွားခဲ့ကြောင်း သိရသည်။

လူရာပေါင်းများစွာ အသက် ဆုံးရှုံးခဲ့ရသည့် ဂျပန်မြောက်ပိုင်း ကမ်းရိုးတန်း ငလျင်လှိုင်းကြောင့် ပေ ၃၀ အမြင့် ရှိသော ရေတံတိုင်း လှိုင်းလုံးကြီးများ မြင့်တက်လာခဲ့ပြီး လယ်ကွင်းများကို ဖုံးလွှမ်းသွားခဲ့သည်။ မြို့များကိုလည်း ရေအောက်ဆွဲယူ နှစ်မြှုပ်ပစ်ခဲ့သည်။ နေအိမ်များကို အဝေးပြေး လမ်းမကြီးများသို့ ဆွဲယူသွားခဲ့၏။ မော်တော်ကားများနှင့် လှေသမ္ဗာန်များကိုလည်း ကလေးကစားစရာများကဲ့သို့ မြှောက်ပင့် ဆော့ကစား ပစ်လိုက်သည်။ လှိုင်းလုံးကြီးအချို့မှာ မီယာဂိကျွန်းဆွယ် ကုန်းတွင်းပိုင်း ခြောက်မိုင် (၁၀ ကီလိုမီတာ) အထိ ရောက်ရှိခဲ့သည်။

သမိုင်းတွင် အင်အားအပြင်းဆုံး ငလျင်လှိုင်းဖြစ်ပြီး နောက်ဆက်တွဲ ဆူနာမီရေလှိုင်းမှာ ပစိဖိတ်သမုဒ္ဒရာ တ၀ှမ်းလုံးသို့ ကူးစက်သွားခဲ့သည်။ ကနေဒါအနောက်ပိုင်း၊ အမေရိကန်၊ ချီလီနိုင်ငံများအထိ နိုင်ငံ ၅၀ တွင် ဆူနာမီ သတိပေးနှိုးဆော်ချက်များ ပဲ့တင်ထပ်သွားခဲ့၏။ ငလျင်လှိုင်းငယ် ၁၆၀ ကျော်ကို ၂၄ နာရီအတွင်း ဆက်တိုက် ဖြစ်စေပြန်သည်။ ၁၄၁ လှိုင်းမှာ ငလျင်ပမာဏ ၅ မက်ဂနီကျု အနည်းဆုံးရှိနေခဲ့သည်။

သမုဒ္ဒရာများနှင့် တိုက်ကြီးများအောက်၏ မြေလွှာထုအောက်မှ ကျောက်ဖြာလွှာ tectonic plates များ ၁၈ မီတာခန့် အံလွဲချော်ခဲ့သည်။ အကျိုးဆက်အနေဖြင့် အရှည် ၂၅၀ မိုင် ( ကီလိုမီတာ ၄၀၀) နှင့် အကျယ် မိုင် ၁၀၀ (ကီလိုမီတာ ၁၆) ခန့် မြေလွှာထု ဧရိယာ အကျယ်အ၀န်းမှာ စုတ်ပြဲ ပေါက်ကွဲ ထွက်သွားပြီး ငလျင်လှိုင်းများကို ဖြစ်ပေါ်စေခဲ့ခြင်းပင် ဖြစ်ကြောင်းကို ဘူမိရူပဗေဒပညာရှင် ရှန်ဇောင်ချန်က ဆိုပါသည်။

ပစိဖိတ်သမုဒ္ဒရာ “မီးကွင်း ring of fire” ဟု တင်စား ခေါ်ဝေါ်ထားသည့် တောင်ပစိဖိတ် သမုဒ္ဒဖက်ပိုင်းရှိ နယူးဇီလန်မှစပြီး ဂျပန်အထိ၊ အလက်စကားမှသည် တောင်မြောက်အမေရိကန် ကမ်းရိုးတန်းအထိ ရှည်လျားလှသော ငလျင်ကြောနှင့် မီးတောင်ရှင်များအကြားတွင် ဂျပန်နိုင်ငံ တည်ရှိနေလေသည်။

ယခုငလျင်မှာ ၂၀၁၀ ခုနှစ်တွင် ဟေတီနိုင်ငံကို ပျက်စီးစေခဲ့သည့် ငလျင်လှိုင်းထက် အဆ “ရာပေါင်း” များစွာ ကြီးမားလွန်းနေသည်ဟု ကိုလံဘီယာတက္ကသိုလ်၊ မြေကမ္ဘာစောင့်ကြည့်ရေး the LaMont-Doherty Earth observatory ဌာနမှ ဂျင်ဂဟာတီက ဆိုသည်။

ဂျပန်ငလျင်သည် ၂၀၀၄ ခုနှစ် အင်ဒိုနီးရှားငလျင်နှင့် အင်အား တူညီနေသည်။ ထိုစဉ်က နောက်ဆက်တွဲ ဆူနာမီမဟာ ရေလှိုင်းကြောင့် အိန္ဒိယသမုဒ္ဒရာ တလျှောက်ရှိ နိုင်ငံ ၁၂ နိုင်ငံတွင် လူပေါင်း ၂ သိန်းခန့် သေကြေ ပျက်စီးခဲ့ရသည်။ “အခု ဆူနာမီနဲ့ အရွယ်အစားချင်း အကြမ်းဖျင်း တူညီတယ်လို့ နှိုင်းယှဉ်လို့ရပါတယ်” ဂဟာတီက ရှင်းပြသည်။ “၂၀၀၄ ခုနှစ်တုန်းကတော့ ကြိုတင် ပြင်ဆင်ထားမှု မရှိတဲ့ ဒေသတွေမှာ ဖြစ်ခဲ့တယ်။ အိန္ဒိယ သမုဒ္ဒရာတွင်းမှာ ခေတ်မီ ဆူနာမီရေလှိုင်း သတိပေး နှိုးဆော်ချက် စနစ်လည်းကိုလည်း မတပ်ဆင်ရသေးဘူး။ အဲဒါကြောင့် ပျက်စီးမှုက ပိုဆိုးရွားခဲ့ပါတယ်။”

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် နယူးဇီလန်နိုင်ငံ၊ ခရိုက်ချာ့ရှ်မြို့တွင် ဖြစ်ပွားခဲ့သည့် အင်အား ၆ ဒသမ ၃ ပမာဏရှိသည့် ငလျင်ဖြစ်ပွားခဲ့ပြီးနောက် ရက်သတ္တပတ် အနည်းငယ်အတွင်း ဂျပန်ငလျင်ဖြစ်ခဲ့ခြင်းပင်။ ထိုစဉ်က သမိုင်းဝင် အဆောက်အဦများမှာ လှုပ်ဖြိုခံခဲ့ရပြီး လူ ၁၅၀ အသက် ဆုံးရှုံးခဲ့ရသည်။ ငလျင် ၂ ခု ဖြစ်သည့် အချိန်ကာလနီးစပ်မှုကြောင့် ဆက်စပ်နေမှု ရှိနေသလောဟူ၍ မေးခွန်းထုတ်စရာပင်။ သို့သော် ပညာရှင်များကမူ နေရာ အလှမ်းဝေးခြင်းကြောင့် ဆက်စပ်မှု မရှိနိုင်ဟု ကောက်ချက်ပြုကြသည်။

“ဆက်စပ်နေမှုကတော့ အင်မတန် နည်းတယ်လို့ ကျနော်ထင်ပါတယ်။” ရို့ဒ်အိုင်လန်တက္ကသိုလ်မှ သမုဒ္ဒရာအင်ဂျင်နီယာဆိုင်ရာ ပါမောက္ခ စတီဖင်ဂရီလီက ရှင်းပြခဲ့သည်။

မောက္ခ ဘူမိရူပဗေဒသတင်း

Source: CNN

Friday, March 25, 2011

မြန်မာနိုင်ငံဆိုင်ရာပြဌာန်းချက် လူ့အခွင့်အရေးကောင်စီ အတည်ပြု

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖို့ ဥရောပနိုင်ငံအများစုပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတချို့ ပြင်ဆင်ထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မဲမခွဲဘဲ ဆုံးဖြတ်အတည်ပြု လိုက်ပါတယ်။ ဒါပေမဲ့ မူကြမ်းထဲမှာပါဝင်တဲ့ အချက်တချို့ကို နှုတ်အားဖြင့် ဒီနေ့ ပြင်ဆင်ခဲ့ပြီး ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။ မြန်မာ့အရေးလှုပ်ရှားနေသူတွေကတော့ ဒီတခါဆုံးဖြတ်ချက်မှာ ထူးခြားချက်တွေလည်း ရှိနေတယ်လို့ပြောတော့ ဘာကြောင့်လဲဆိုတာကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာလုပ်တဲ့ လူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ဒီကနေ့ သောကြာနေ့မှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဥရောပနိုင်ငံအများစုနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတချို့ ပြင်ဆင်ရေးသားခဲ့တဲ့ ဒီမူကြမ်းထဲမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့အချက်၊ မြန်မာနိုင်ငံမှာ အခုကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတကာလူ့အခွင့်အရေး အဆင့်အတန်းနဲ့အညီ ပြင်ဆင်ဖို့ စတဲ့ အချက်တွေကိုတော့ ဆုံးဖြတ်ချက်မချခင်မှာ နှုတ်အားဖြင့် ပြင်ဆင်ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို တိုးတက်စေဖို့ အကြံပြုချက်တွေ ပါဝင်တဲ့ ဆုံးဖြတ်ချက် မူကြမ်းဟာ ဥရောပနိုင်ငံတွေက နိုင်ငံရေးအရ ပြင်ဆင်ထားတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးသန့်ကျော်က ပြောကြားပြီး ကန့်ကွက်ခဲ့ပါတယ်။ ဒီမူကြမ်းထဲမှာ ပါဝင်တဲ့အချက်တွေဟာ အခြေအမြစ်မရှိတဲ့အချက်တွေပေါ်မှာ အခြေခံတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ မြန်မာကိုယ်စားလှယ်က ပြောခဲ့ပါတယ်။

ဒီမူကြမ်းအပေါ်မှာ ထောက်ခံတဲ့ နိုင်ငံတွေကတော့ ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေပါ။ မြန်မာနိုင်ငံက တိုးတက်မှုတွေကို အသိအမှတ်ပြုပေမဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ဖို့လိုတဲ့အတွက် ဒီဆုံးဖြတ်ချက်ကို ထောက်ခံတယ်လို့ ဂျပန်ကိုယ်စားလှယ်က ပြောသွားပါတယ်။

မလေးရှားကိုယ်စားလှယ်ကတော့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်တို့အပေါ် ကျုးလွန်တဲ့ ပြစ်မှုဖြစ်နေတယ်၊ စစ်ရာဇဝတ်ကျုးလွန်မှု ဖြစ်နေတယ်ဆိုတဲ့ အချက်တွေကို မလေးရှားအနေနဲ့ လက်မခံပေမဲ့ မူကြမ်းကို ဆုံးဖြတ်ချက်ချနိုင်ဖို့တော့ ထောက်ခံခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ ဒီဆုံးဖြတ်ချက်ကို မထောက်ခံဘဲ လက်ရှောင်ခဲ့ပါတယ်။ တကယ်တော့ ဒီဆုံးဖြတ်ချက်ကို ကြာသပတေးနေ့ကတည်းက ဆုံးဖြတ်အတည်ပြုဖို့ဖြစ်ပေမဲ့ မူကြမ်းထဲပါတဲ့ အချက်တွေအပေါ် တရုတ်၊ အိန္ဒိယနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကန့်ကွက်တာတွေရှိတဲ့အတွက် ပြင်ဆင်ပြီး သောကြာနေ့ကျမှ ဆွေးနွေးဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေ လူ့အခွင့်အရေးကို ချိုးဖောက်ချင်တိုင်း ချိုးဖောက်နိုင်အောင် ခွင်ပြုထားသလိုဖြစ်နေတဲ့ အခြေခံဥပဒေထဲက အချက်ကို ပြင်ဆင်ပေးဖို့ မူလ မူကြမ်းထဲမှာ ထည့်သွင်းခဲ့ပေမဲ့ အဲဒီအချက်ကို ပြင်ဆင်လိုက်တဲ့ မူကြမ်းမှာတော့ ဖျက်လိုက်ရပါတယ်။ ဒီလို ပြင်ဆင်မှုတွေ လုပ်လိုက်ရတဲ့အပေါ် အဝေးရောက် ညွှန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂဆိုင်ရာတာဝန်ခံ ဒေါက်တာသောင်းထွန်းရဲ့ အမြင်ကိုမေးတော့ သူက -

“ကျနော်တို့အနေနဲ့ ခြုံကြည့်မယ်ဆိုရင်တော့ ဒီဆုံးဖြတ်ချက်ဟာ အင်မတန်အားရှိတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်သလို မြန်မာပြည်ရဲ့ လက်ရှိ လူ့အခွင့်အရေး အခြေအနေကိုလည်း ထင်ဟပ်တယ်။ ရှေ့သွားရမယ့်လမ်းကြောင်းနဲ့ပတ်သက်လို့ လိုအပ်တဲ့ အကြံပြုမှုတွေကိုလည်း လုပ်ထားတယ်။ ရွေးကောက်ပွဲ ပြီးသွားတာနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာလည်း မဖြေရှင်းနိုင်ဘူး။ အင်အားစုအားလုံးပါဝင်တဲ့ အခြေခံကူးပြောင်းမှုတခု လုပ်ဖို့လိုတယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့လိုတယ်၊ တွေ့ဆုံဆွေးနွေးမှုတွေ လိုတယ် ဆိုတဲ့အချက်အလက်တွေကို ထောက်ပြထားတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ အချက်တချို့ကို ပြင်ဆင်ဖယ်ရှားခဲ့ပေမဲ့လဲ စစ်ရာဇဝတ်ကျူးလွန်မှု၊ လူသားမျိုးနွယ်တို့အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု စတဲ့ အသုံးအနှုန်းတွေကို မပြင်ဆင်ဘဲ ဒီအတိုင်း ဆုံးဖြတ်နိုင်ခဲ့တာကလဲ ထူးခြားတယ်လို့ ဒေါက်တာသောင်းထွန်းက မြင်ပါတယ်။

“War Crimes and Crimes against Humanity ကို သူတို့မပြင်ဘူး။ အဲဒီအသုံးအနှုန်းပေါ့။ တချို့ဖြစ်သွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ်မှုမြောက်တယ်။ လူသားတရပ်လုံးကို ကျူးလွန်တဲ့ပြစ်မှုတွေမြောက်တယ် ဆိုတဲ့အပိုဒ်ကို သူတို့မပြင်ဘူး။ ဒါက တော်တော်ထူးခြားချက်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဟာကို အိမ်နီးချင်းနိုင်ငံတွေကပါ လက်ခံတဲ့သဘောရှိတယ်။ ဒါက သဘောက ဒီလိုမျိုး War Crimes and Crimes against Humanity တွေ ဖြစ်တယ်ဆိုတာကို အိမ်နီးချင်းနိုင်ငံတွေက အသိအမှတ်ပြုထားရင် နောက်တဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင်တွေ သွားဖို့ကိစ္စတွေအပေါ်မှာ ကျနော်တို့ ဆက်ပြီးတော့လုပ်လို့ရတယ်။ လက်ခံနိုင်တဲ့ အလားအလာတွေဖြစ်လာအောင် ကျနော်တို့ ဖန်တီးလို့ရတယ်။ ဒါကိုတော့ သုံးသပ်လို့ရတယ်။”

အဝေးရောက် ညွှန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂဆိုင်ရာတာဝန်ခံ ဒေါက်တာသောင်းထွန်း ဖြစ်ပါတယ်။ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ဟာ မနှစ်ကထက် ပိုမို ပြည့်စုံပြီး အသစ်တက်လာတဲ့ အစိုးရအဖွဲ့အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်ဆိုင်းသွားအောင် လုပ်ဆောင်နိုင်ဖို့အတွက် တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

http://www.voanews.com

တာလေမြို့ ငလျှင်လှုပ်ပြီး အခြေနေများ

မနေ့ညက လှုပ်ခတ်ခဲ့သော ငလျှင်သည် တာချီလိတ်မြို့နှင့် မိုင် ၂၀ ခန့်ဝေးကွာသည့် တာလေမြို့နယ်တွင် ငလျှင်ဒဏ်အဆိုးဆုံး ခံခဲ့ရသည် လူအသေပျောက်ကို အတိအကျသိရသေးပါ။ ရာကျော်နိုင်သည့်ဟု ခန့်မှန်းနေကြသည်။ တာချီလိတ်-မယ်ဆိုင်တွင် လှုပ်ရုံသာလှုပ်ခဲ့ပြီး အပျက်အစီး မများခဲ့ပါ။

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း၁),အပိုင်း(၂),အပိုင်း(၃) - မျိုးမြင့်ချို

မိတ်ဆွေများခင်ဗျား ကျနော်အခုဒီခေါင်းစဉ်နဲ့ အာရ်အက်ဖ်အေကနေ အပတ်စဉ်ဗုဒ္ဒဟူးနေ့တိုင်း မြန်မာစံတော်ချိန် ည ၇ နာရီအစီအစဉ်မှာ ထုတ်လွှင့်နေပါပြီ။ ဒါကတော့ ၃ လပိုင်း ၉ ရက်နေ့ ည ၇နာရီမှာ စထုတ်လွှင့်သွားတဲ့အပိုင်းဖြစ် ပါတယ်။ နောက်ပိုင်းအစီအစဉ်တွေကိုလည်း တင်ပေးနိုင်အောင် ကြိးစားပါ့မယ်။ (မျိုးမြင့်ချို)


“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း၁)

၁၉၈၄ ခုနှစ် ဖေါ်ဝါရီလ ၁၈ ရက်၊ မနက် ၁ဝ နာရီ ၁၈ မိနစ်။ “ဝုန်း” ကနဲပေါက်ကွဲသံနဲ့အတူ ကျနော့်တကိုယ်လုံး မြင်းကန်ခံလိုက် ရသလို လွင့်ထွက်သွားပါတော့တယ်။ မျက်စိတွေပြာပြီး ပတ်ဝန်းကျင်တခုလုံး ယမ်းငွေ့ကန့်လန့်ကာ ဖုံးချလိုက်သလို မှောင်အတိ။ မြေကြီး ပေါ် “ဘုန်း”ကနဲ ပက်လက်ပြန်ကျကျချင်း "ဟ..ငါဘာဖြစ်တာပါလိမ့်" လို့ ကျနော် ချက်ချင်းမတွေးမိသေးဘူး။ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ ဖြစ်မှန်းလည်းမသိဘူး။ အားယူပြီး အတင်းကျုံးထမယ်လုပ်တော့မှ ညာခြေထောက်က ဆတ်ကနဲလေထဲမြောက်တက်လာတာ။ တကယ့်ကို ပေါ့ပေါ့လေး။ ခြေထောက်ကိုကြည့်လည်းကြည့်လိုက်ရော ဒူးဆစ်အောက်ကနေပြတ်ထွက်သွားပြီ။ “ဟာ…ငါ့ ခြေထောက် ပြတ်သွားပါလား” ဆိုတာကိုလည်း အဲတော့မှသိလိုက်ရတာ။ ပြီးလည်းပြီးရော လူက သွေးရူးသွေးတမ်းနဲ့ ဟိုကြည့်ဒီကြည့်တွေ လိုက်ကြည့်မိတယ်။ ကျနော်နဲ့ ၄ ကိုက်လောက်မရှိတရှိ၊ ယမ်းငွေ့တွေကြား၊ တောစီးဖိနပ်စွပ်ရက်သား ပြတ်နေတဲ့ခြေတဖက်က မြေကြီးပေါ်မှာကျလို့။ ကျနော့်အကြည့်က ကိုယ်မှာ ကျန်နေသေးတဲ့ ခြေထောက်တဖက်ဆီကို ပြန်ရောက်လာတယ်။ အသားစတွေကဖွာလန်ကျဲလို့။ တိုးလို့တွဲလောင်း၊ သက်ကယ် ခြောက်တွေ မြေကြီးခဲအစအနတွေက သွေးတွေနဲ့ကပ်ပြီးမြင်မကောင်း။ သွေးတွေပန်းထွက်နေတဲ့ ငုံးတိတိခြေပြတ်ကြီးက တဆတ်ဆတ်နဲ့ တုန်နေတယ်။ ဆက်တိုက်ဆိုသလိုပဲ စက်လတ်အတွဲလိုက်ဆွဲချသံတွေ ညံထွက်လာတယ်။ ကျည်ဆန်တွေ ကျနော်လဲကျနေတဲ့နေရာနဲ့ ၃ ကိုက်လောက်မှာ လာလာထောက်နေပါလား။ မဖြစ်သေးဘူး “မှောက်မှ”ဖြစ်မယ် ဆိုတဲ့အသိနဲ့ ကျနော် ညာဘက်ကို စောင်းချလိုက်တယ်။ ဒီ တော့မှ ညာဘက်လက်ကိုလည်း တွေ့လိုက်ရတော့တာ။ ညာလက် တတောင်ဆစ်အောက် ကနေ ပြတ်ထွက်သွားပါရောလား။ စိတ်ထဲက “ဟာ” လို့ အော်လိုက်မိတယ်ထင်တာပဲ။ ပြတ်ထွက်သွားတဲ့ညာလက်ကို ဘယ်လက်နဲ့ဆွဲပွေ့၊ ရင်ဘတ်ပေါ်ဆွဲကပ်၊ ပြီးတော့ ကုန်းစောင်း အတိုင်း ကျနော်လှိမ့်ချလိုက်တယ်။ တခုခုနဲ့တိုက်မိပြီး အရှိန်သေသွားတော့မှ လက်နှစ်ဘက်လုံးရင်ဘတ် အောက်ထိုးထဲ့ပြီး ငြိမ်နေ လိုက်တယ်။ လူလည်းတော်တော့်ကိုမောနေတယ်။ သတိတော့မလစ်ဘူး။ ဘာဖြစ်သွားတာလဲ။ ဘာတွေဖြစ်နေတာလဲ မသိသေးဘူး။ လူသံ၊ အော်သံဟစ်သံ၊ ပစ်သံခတ်သံတွေနဲ့ နားတွေအူပြီး တလောကလုံး ငရဲပွက်နေမှန်းတော့သိနေတယ်။

အရှင်လတ်လတ်မီးမြှိုက်ခံရတဲ့အတိုင်း ကျနော့်တကိုယ်လုံးပူနေတယ်။ နာတော့မနာဘူး။ နောက်တော့ တယောက်ယောက် ကျနော့် ကိုပွေ့ချီလိုက်တယ်။ စုတ်သပ်သံလိုလို၊ ငြီးတွားသံလိုလိုအသံတွေ၊ “ဒီမှာဒီမှာ.” ဆိုတဲ့အသံတွေက နားထဲဗလုံးဗထွေးဝင်နေတယ်။ တ ယောက်ယောက်က “ဘယ်ဘက်လက်..ဘယ်ဘက်လက်” လို့ ပြောသံကြားတယ်။ ဘာပါလိမ့်ဆိုပြီး ဘယ်လက်ကို ကြည့်လိုက်တော့မှ.. ဘယ်လက်ချောင်းတွေကြေမွနေတာ၊ လက်သူကြွယ်လေးက ပြတ်ထွက်မသွားသေးပဲအရေပြားတန်းလန်း လှုပ်တုပ်လှုပ်တုပ်ဖြစ်နေတာ၊ ကိုယ့် အသားကို ကျပ်ကျေးနဲ့တရွှပ်ရွှပ်ညှပ်နေတာကိုလည်းသိနေတယ်။ မေ့ဆေးမရှိ။ ထုံဆေးမရှိ။ အစိမ်းလိုက်။ ၁ဝ မိနစ်လောက်ရှိတော့ စနာ လာပြီ။ စစချင်းတော့ ခပ်ဖြည်းဖြည်း။ နောက်တော့ တကိုယ်လုံးနေရာအနှံ့။ မခံနိုင်တော့ဘူး။ အခုနေ သေသွားရင်ကောင်းမှာပဲလို့ ကျနော် တွေးမိလိုက်တယ်။

“မင်း..ဘယ်နေ့ စစ်ကြောင်းပါတယ်။ ခ.လ.ရ(၉)နဲ့။ စစ်ကြောင်း (၂)။ စီစီဝမ်တာပန်။ အီကွပ်မင်န့်ပြင်ထား” လို့ ခွဲအရာခံဗိုလ် ရုံးက ခေါ်ပြောတဲ့အချိန်က ကျနော့်စိတ်တွေ ပုံမှန်အတိုင်းပါပဲ။ ကျနော်က စစ်ကြောင်းကြောက်သူမဟုတ်။ ကျနော်တို့ စစ်မြေပြင် အင်္ဂျင်နီယာတပ် တွေမှာ တိုင်းလက်အောက်ခံတပ်တွေကို တိုင်းတပ်တွေလို့ခေါ်ပြီး၊ တပ်မလက်အောက်ခံတပ်တွေကိုတော့ တပ်မတပ်တွေလို့ခေါ်ပါတယ်။ ကျနော့်တပ်က အမှတ်(၉ဝ၉)စစ်မြေပြင်တပ်ခွဲ(အင်္ဂျင်နီယာ)။ တပ်မ (၉၉)လက်အောက်ခံတပ်ခွဲ။ တပ်ခွဲမှူးက ဗိုလ်မှူးဇော်ဝိတ်။ တပ်မ(၉၉) နောက်တန်းဋ္ဌာနချူပ်က မိတ္ထီလာမှာ၊ ရှေ့တန်းဋ္ဌာနချူပ်ကတော့ ကွတ်ခိုင်။

ကျနော်တို့က(၉၉) လက်အောက်ခံတပ်တွေနဲ့တွဲပြီး ရှေ့တန်းထွက်ရတာကို “စစ်ကြောင်းပါတယ်” ၊ (၉၉)လက်အောက်ခံ ဗျူဟာ(၃) ခုနဲ့တွဲရတာကိုတော့ “ဗျူဟာပါတယ်”လို့ခေါ်ပြီး၊ ရှေ့တန်းတပ်မဋ္ဌာနချူပ်နဲ့ သွားတွဲရတာကိုတော့ “တပ်မပါတယ်” ဆိုပါတယ်။ ဗျူဟာတို့ တပ်မတို့ပါတယ်ဆိုရင်တော့ အေးအေးဆေးဆေးပါပဲ။ နောက်တန်းကလူတွေနဲ့ အဆက်အသွယ်မပြတ်။ တခြားအကြံအဖန်လေး ဘာလေးလည်း ရသေးတယ်လေ။ အိမ်ထောင်သည်တွေကျတော့ ယဉ်တန်းကြုံရှိရင် နောက်တန်းကမိန်းမတွေလိုက်လာပြီး ခဏတဖြုတ်အတူနေလို့ လည်းရတယ်။ မိန်းမတွေအပြန်မှာ တရုပ်ပစ္စည်းလေးတွေ ဝယ်ထဲ့ပေးလိုက်၊ မန္တလေးကျ ပြန်ရောင်း၊ အမြတ်ကလေးစို့စို့ပို့ပို့။ လူပျိုတွေကျတော့လည်း မြို့နားမြို့ပေါ်နေရင်း မိန်းမပိုးချိန်ရည်းစားရှာချိန်လည်းရ။ “ဗျူဟာတပ်မ”တွဲရင်း တိုင်းရင်းသူတွေနဲ့ညားကုန်ကြတဲ့ လူပျိုတွေ လည်းအများသားပေါ့။ ဆိုတော့ “တပ်မဗျူဟာ”ဆိုရင် လိုက်ချင်သူပေါတာဘာမှမဆန်း။ “စစ်ကြောင်းပါတယ်”ဆိုရင် မျက်နှာမသာ။ သေဖို့၊ ဒဏ်ရာရဖို့ ပိုနီးတာကိုး။ ဒါ့ကြောင့် တပ်မှူးက အကြပ်တပ်သားတိုင်းကို “စစ်ကြောင်းနဲ့တပ်မဗျူဟာ” အလှည့်ကျထဲ့ပေးရမယ်ဆိုပြီး အမိန့် ထားရတာပေါ့။ တပ်မဗျူဟာဆိုတာက လူကြီးနားနေရတာဆိုတော့ လူရွေးတိုင်းဖြစ်နိုင်သမျှ အသောက်အစားကင်းသူတွေကို ဦးစားပေးရွေးရမယ်လို့ ကန့်သတ်မိန့်တော့ရှိတယ်။ ကျနော်က မကင်းဘူး။ မူးလာရင်နည်းနည်းလည်း “ရစ်”တတ်သေးတယ်။ ဆိုတော့ ကျနော့်စစ်သက်တလျှောက်လုံး “တပ်မဗျူဟာ” တခါမှမပါခဲ့ဖူးဘူး။ “မပါနိုင်မယ့်အတူတူဆိုပြီး” ကျနော်က စစ်ကြောင်းပဲတောင်းလိုက်တာပေါ့။ တပ်ရင်းတရင်းရှေ့တန်းထွက်ပြီဆိုရင် ကျနော်တို့ စစ်အင်္ဂျင်နီယာ၊ ဆက်သွယ်ရေးနဲ့ ဆေးတပ်သား ၄ ဦးစီတွဲပြီး လိုက်ရပါတယ်။ ရှေ့တန်းရောက်ပြီဆိုတာနဲ့ စစ်ကြောင်း ၂ ကြောင်းပြန်ခွဲ။ တွဲဘက်စစ်သည်တွေလည်း တကြောင်းမှာ ၂ ယောက်စီပြန်ခွဲ။ ဒီလိုနဲ့ ဒီတပတ်လည်း အရင်တပတ်လိုပေါ့လေ။ ကျနော့်အတွက်တော့ သိတ်မဆန်းပါဘူး။

သွားရမယ့်နေရာက စီစီဝမ်တာပန် မဆုတ်တမ်းခံစစ်စခန်းတဲ့။ ကျနော်ရောက်ဖူးချင်တဲ့စခန်း။ စစ်တိုင်းအလိုက်အရပြောရင် အရှေ့ မြောက်ဒေသ။ မြန်မာပြည်မြေပုံအရပြောရင် ရှမ်းပြည်မြောက်ပိုင်း။ ကွတ်ခိုင်နဲ့မူဆယ်အကြား။ မိုင်းယု(၁ဝ၅) မိုင်ရောက်ရင် ယဉ်တန်းကဆင်း ၈ နာရီလောက်လျှောက်ရင် စီစီဝမ်တာပန်အောက်ခြေက ရွာကိုရောက်ပြီ။

“အဲဒါပဲ..စီစီဝမ်တာပန်ဆိုတာ”။ ဆိုတဲအသံကြောင့် ကျနော်လှမ်းကြည့်ဖြစ်လိုက်တယ်။ လွင့်နေအောင်မြင့်တဲ့ ညိုမှောင်မှောင် တောင်တန်းကြီး။ စတက်လိုက်တာနဲ့ အရင်ဆုံးရောက်တာက တင်ရွှေကုန်း။ ဗ.က.ပနဲ့ မီးကုန်ယမ်းကုန် တိုက်ခဲ့တဲ့ပွဲတပွဲမှာ စစ်တပ်ကကျခဲ့တဲ့ ဗိုလ်ကြီးတင်ရွှေကိုဂုဏ်ပြုပြီး ဒီကုန်းက “တင်ရွှေကုန်း”ဖြစ်လာတာပါ။ တပ်စု ၂ စုစာအင်အားနဲ့ တပ်ခွဲမှူးရုံးစိုက်ထားတယ်။ အဲဒီကနေ ဆက်တက်ရင် တပ်စိတ်တွေလောက်ထားတဲ့ ကြားစခန်း(၁-၂-၃-၄)။ စစ်ကြောင်းမှူးရုံးထိုင်ရာ ဘိန်းမုန့်ကုန်း။ နောက်တော့ တပ်ခွဲမှူးရုံးနဲ့တပ်စု ၂ စု ထိုင်တဲ့ ဇော်ဝင်းကုန်း။ ဘိန်းမုန့်ကုန်းရဲ့ညာဘက်မှာ အရံခံစစ်စခန်းငယ် (၄) ခု။ အားလုံးကို တစုတည်းအနေနဲ့ပြောတော့ စီစီဝမ်တာပန်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အသေအကြေတိုက်ယူပြီးနောက်ပိုင်း မဆုတ်တမ်းခံစစ်အဖြစ် တပ်ထောင်တာဗိုလ်ထုနဲ့ စီးနင်းထားရာစိုးမိုးကုန်း။ မူဆယ်လားရှိုးလမ်းမကြီးရဲ့ အချက်အခြာဒေသ။

ဘိန်းမုန့်ကုန်းရဲ့တဖက်တချက်မှာ စီစီဝမ်နဲ့တာပန်လို့ ခေါ်တဲ့ ရွာပျက်ကြီး ၂ ခု။ တချိန်က ဒီရွာတွေမှာကြားခဲ့ရမယ့် မောင်းထောင်းသံ၊ ကလေးအော်သံခွေးခေါ်သံ၊ တေးချင်းဆိုသံ၊ လူပျိုလှည့်သံ၊ ကြက်တွန်သံတွေတော့မရှိတော့။ မကြားရတော့။ ဒီနေရာမှာအရင်တုန်းက လူ တွေနေခဲ့ဖူးတယ်လို့ သက်သေပြစရာတချို့ကလွဲလို့ ပကတိတိတ်ဆိတ်ခြင်းမင်းမူနေတဲ့ သုဿန်တစပြင်ကြီးလို။ မီးကျွမ်းအိမ် တိုင်ငုတ်တိုတွေ၊ ကျည်ဆံရာဗလပွ ပင်စည်တွေ၊ အရာရာအလှမဲ့နေတဲ့ စစ်မက်အနိဋ္ဌာရုံတွေပြွမ်းနေတဲ့ စီစီဝမ်တာပန်။

စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း၂)

ကျနော် အဲဒီရွာပျက်ကြီး ၂ ခုကိုကြည့်ပြီး၊ ဗမာပြည်မှာ စီစီဝမ်တာပန်တွေ ဘယ်လောက်များနေပြီလဲလို့ တွေးနေမိတယ်။ မြေပုံပေါ် မှာပဲရှိနေတော့ပြီး မြေပြင်ပေါ်မှာမရှိတော့တဲ့ရွာပျက်တွေ ကျနော်အများကြီးတွေ့ဖူးပါတယ်။ လူဆိုတာ ကိုယ်ချက်မြှုတ်ရာ ကိုယ့်ဇာတိမှာ ခေါင်းချချင်မှာပဲလို့လည်း တွေးမိသေးတယ်။ အခြေအနေအရ ခေါင်းချရာနဲ့ချက်မြှုတ်ရာ လွဲရတော့မယ်ဆိုရင်လူတွေဟာ အိမ်ကိုလွမ်း၊ ရွာကို လွမ်း၊ ပြည်(ပြေ)ကိုလွမ်း၊ မြေကိုလွမ်း၊ လွမ်းတတ်ကြတာကိုး။ စီစီဝမ်တာပန်သားတွေလည်း ဒီအတိုင်းပဲနေမှာပေါ့။ ကျနော့်စိတ်က စီစီဝမ်တာပန်သားတွေဆီကနေ နာ့အော်ကြီး-နာ့အော်လေး က ရွာသားတွေဆီကို ရောက်သွားပါတယ်။

နာ့အော်ကြီး-နာ့အော်လေးဆိုတဲ့ရွာတွေက နမ္မတူခရိုင်၊ မန်တုံဂွင်ထဲကရွာတွေပါ။ ရှမ်းပြည်မှာ ရှမ်းလူမျိုးတွေသာမက လူမျိုးစုံနေကြ တာပါ။ ဂွင်အလိုက်အများစု နေတတ်ကြတဲ့ပုံစံမျိုးလည်း ဖြစ်ပါတယ်။ မန်တုံဂွင်မှာတော့ ပလောင်က အများစုဖြစ်မယ်ထင်ပါတယ်။

ကျနော် ဒီဂွင်ကို ခ.လ.ရ (၄) (မန္တလေး) ပုသိမ်ကြီးကတပ်နဲ့တွဲတုန်းက ရောက်ခဲ့တာပါ။ တပ်ရင်းမှူးက ဒုဗိုလ်မှူးကြီး မောင်မောင်စိုး။ ဒုရင်းမှူးအပါအဝင် တခြားသူတွေကို ကောင်းကောင်းမမှတ်မိတော့ပေမဲ့ တပ်ခွဲမှူးဗိုလ်ကြီးလှမြင့်ကိုတော့ အခုထက်ထိမှတ်မိနေတုန်းပါပဲ။ အသားညိုညို၊ လူကောင်ထွားထွား၊ ကျောက်ပေါက်မသဲ့သဲ့၊ စကားပြောရင် ကျယ်ကျယ်ကြမ်းကြမ်း။ မူးလာရင် “ဗ.က.ပအသဲ မီးကင်စား လာတဲ့ကောင်ကွ” လို့ အမြဲပြောတတ်သလို၊ အမြဲလိုလိုလည်း မူးနေတတ်ပါတယ်။ တပ်ရင်းမှူးရဲ့ညာလက်ရုံးလို့လည်း ပြောသံကြားရရဲ့။

နာ့အော်လေးကို စစ်ကြောင်း ဝင်ခါနီးတော့ ရင်းမှူးကကျနော့်ကို ပွိုင့်တပ်ခွဲနဲ့လိုက်ဖို့ပြင်ခိုင်းပါတယ်။ စစ်အင်္ဂျင်နီယာဆိုတာက တိုက် စစ်မှာရှေ့ဆုံးက၊ ခွာစစ်ကျတော့နောက်ဆုံးကနေ ဖြစ်ပါတယ်။ တိုက်စစ်မှာ မိုင်းရှင်းရတာ၊ ခံစစ်စည်းရိုးဖေါက်ခွဲပေးရတာမျိုးတွေ လုပ်ရသလို။ ခွာစစ်မှာ ကိုယ့်နောက်က ရန်သူလိုက်မလာနိုင်အောင် မိုင်းထောင်တာ၊ တံတားချိုးတာ၊ လမ်းဖျက်တာတွေလုပ်ရပါတယ်။ ၂ ခုစလုံးက သေ မင်း နှုတ်ခမ်းနမ်းရသလိုမျိုးပါ။ ဒါနဲ့ ကျနော်လည်း သေနတ်၊ အီကွင့်ပ်မင်န့်၊ မိုင်းရှာစက်တွေပြင်ပြီး ပွိုင့်တပ်ခွဲမှူးဆီ သတင်းသွားပို့ပါတယ်။ “ဟေ့ကောင် ဘီအီး.. မင်းစစ်တိုက်ဖူးလား” လို့ မေးတော့ ကျနော်က “မတိုက်ဖူးဘူး..ဗိုလ်ကြီး” လို့ ပြန်ဖြေလိုက်ပါတယ်။ “အေး..ဒါဆို ပွိုင့် တပ်စုသွား၊ စုမှူးကိုသတင်းပို့၊ သူခိုင်းတဲ့အတိုင်းလုပ်၊ ရွာထဲမှာရန်သူရှိတယ်၊ ကြားလား” တဲ့။ ကျနော်လည်း နည်းနည်းတော့လန့်သွားတယ်။ ရွာထဲမှာရန်သူရှိတယ်ဆိုပါလား။

ပွိုင့်တပ်စုမှူးက အလုပ်သင်ဗိုလ်။ စစ်တပ်မှာ အလုပ်သင်ဗိုလ်တွေကို ဗိုလ်လေးလို့ခေါ်ရပါတယ်။ အဲဒီဗိုလ်လေးက စစ်ဗိုလ်ပုံထက် လမ်းသရဲပုံပိုပေါက်ပါတယ်။ ပစ္စတိုလ်ကိုလည်း ကောင်းဘွိုင်မင်းသားလို ခါးမှာတို့လို့တွဲလောင်းချိတ်လို့။ ကျနော် သူ့ကိုသတင်းပို့တော့ တပ်စု တပ်ကြပ်ကြီး ရိုင်းဗဟာဒူးကိုခေါ်ပြီး “သူလိုတာလုပ်ပေးလိုက်.ဆရာကြီး” ဆိုပြီး အပ်လိုက်ပါတယ်။ ရိုင်းဗဟာဒူးက တည်ငြိမ်အေးဆေးတဲ့ပုံပါ။ “စားပြီးပြီလား၊ မစားရသေးရင်ရော့”ဆိုပြီး ကောက်ညှင်းထုတ် တထုတ်ပေးတယ်။ ကျနော်က “မစားတော့ပါဘူးဆရာကြီး”ဆိုတော့ “ရော့.. တခွက်နှခွက်လောက်တော့ချထား၊ အထိအတွေ့ဘာမှမရှိရင်တော့ ဆက်ထွက်မယ် ထင်တာပဲ” ပြောပြီး ဗူးတဗူးပေးတယ်။ ဒါနဲ့ ကျနော်လည်း ၃ ပက်စာလောက် တချက်တည်းမော့ချလိုက်တယ်။ သွေးပူပြီး လူလည်းဖျတ်ဖျတ်လတ်လတ် ဖြစ်သွားပါတယ်။

အချိန်က နေ့လည်တနာရီလောက်ရှိနေပါပြီ။ ကျနော်တို့ပွိုင့်တပ်စုလည်း ရွာနားကပ်နေပါပြီ။ ရွာစွန်ကအိမ်တချို့နဲ့ ရွာ့နောက်ပိုင်း တောင်စောင်းက အိမ်တွေကိုလည်းရှင်းရှင်းမြင်နေရပါပြီ။ ရွာထဲက ဆန်ကြိတ်စက်အင်ဂျင်သံနဲ့ အတူ ခွေးဟောင်သံသဲ့သဲ့လည်းကြားနေရ ပါ ပြီ။ ရွာထဲကလူတွေ ကျနော်တို့ ရွာခြေမှာကပ်မိနေပြီဆိုတာကို သိ/မသိတော့ ကျနော်လည်းမပြောတတ်ပါဘူး။ ရိုင်းဗဟာဒူးက ရှေ့ကသွားနေ တဲ့တပ်စိတ်မှူးကို လမ်းဘေးကိုဖဲ့ဆင်းဖို့ လှမ်းအချက်ပြလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ ရွာစပ်ချုံကွယ်တွေကြားက သေနတ်သံတွေ “ဝေါ” ကနဲ ထွက်ချလာပါတော့တယ်။ ကျနော်လည်း ဖျတ်ကနဲ ဝမ်းလျားမှောက်ချလိုက်တယ်။ ပွိုင့်တပ်စိတ်ကနေ ပြန်ပစ်သံတွေလည်း ဆူညံပွက်သွားတာပဲ။ သေနတ်ကိုသာ လက်ကတင်းတင်း ဆုတ်ထားပေမယ့် ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ်။ ရင်တွေကတော့ တဒိုင်းဒိုင်းခုန်နေပါတယ်။ ကျနော့် ပတ်လည်မှာတော့ “တက်..တက်” အော်သံတွေ မော်တာလောင်ချာသံတွေ သေနတ်သံတွေယမ်းနံ့တွေ ဆူညံမွှန်ထူနေပါတယ်။ ၁၅ မိနစ်လောက်ကြာတော့ တဘက်က ပစ်ခတ်သံတွေ ဖြည်း ဖြည်းချင်းဝေးဝေးသွားပါတယ်။ ကျနော်တို့တပ်စုလည်း ရှေ့ကိုတဖြည်းဖြည်းတိုးလိုက်လာပါတယ်။ ကျနော်တို့တစုလုံး ရွာထဲရောက်သွားတော့ တဘက်ကသေနတ်သံတွေက ရွာအစွန်တောင်ကုန်းတွေပေါ်ရောက်သွားပြီ။ သဘော ကတော့ ရွာကိုကျနော်တို့စီးမိလိုက်ပြီပေါ့။ ကျနော်တို့ ဘက်မှာ အထိအခိုက်ရှိမှန်းတော့သိလိုက်ပါတယ်။ ဒါပေမယ့် ဘယ်သူလဲ ဘယ်နှယောက်လဲဆိုတာတော့ ကျနော်မသိ။

တပ်စုမှူးက ကျနော့်ကို “ဘီအီး..မင်းပွိုင့်စိတ်နဲ့လိုက်သွား” လို့ပြောပြီး ပွိုင့်တပ်စိတ်ကို “ဆန်စက်နဲ့ရွာလယ်လမ်းကိုဝင်ရှင်း” ဆိုပြီး တဆက်တည်းအမိန့်ပေးပါတယ်။ တပ်စိတ်မှူးကိုကြည့်လိုက်တော့ လက်ဖျံနဲ့ပေါင်မှာ ထိထားပုံပဲ။ သွေးတွေလည်းရွှဲလို့။ ဒေါသလည်း ဖြစ်နေပုံ ပါပဲ။ “ကျုပ်တို့အခု အရင်ဆုံးဆန်စက်ကိုဝင်စီးမယ်၊ အထဲရောက်မှကြည့်ကျက်လုပ်တာပေါ့။ အရင်ဆုံးအထဲရောက်ဖို့လိုတယ်” လို့ပြောပြီး ရှေ့ဆုံးကနေ ကာဘိုင်နဲ့ပစ်ရှင်းရှင်းပြီး တံခါးကိုဆောင့်ကန်ထည့်လိုက်ပါတယ်။ တံခါးလည်းပွင့်ရော သူ့ နောက်ကရဲဘော် ၂ ယောက်နဲ့အတူ အိမ် ထဲကိုဒလောဟော ပစ်သွင်းတော့တာပါပဲ။ ကျနော်က သူတို့ဘေးမှာရပ်လျက်သား။ နောက်တော့ “ဝင်..ဝင်”ဆိုပြီး သူကအရင် အိမ်ထဲဝင်ချ လိုက်ပါတယ်။ ဘာသံမှမကြားရပဲတိတ်ဆိတ်နေပုံကြီးကစိတ်ချောက်ခြားစရာကြီးပါပဲ။ ရှေ့ဘက်အခန်းရှင်းအပြီး သေနတ်ကိုယ်စီနဲ့ နောက်ဖက်အခန်းကို ဝင်လိုက်တယ်ဆိုရင်ပဲ ရေဖြည့်ထားတဲ့ရာဝင်အိုးကြီးတွေနောက်က ရုတ်ကနဲအရိပ်ကနဲတခုအလှုပ်၊ ကျနော်ကြမ်းပြင်ပေါ် မှောက်အချ၊ တပ်စိတ်မှူးသေနတ်ပြောင်းက ကျည်ဆန်တွေဝေါကနဲ ထွက်အလာ။ အားလုံး ဝရုံးသုန်းကား ဖြစ်သွားပါတော့တယ်။

စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၃) မျိုးမြင့်ချို

အဲဒီဝရုန်းသုန်းကား သေနတ်သံ၊ စဥ့်အိုးကွဲသံတွေကြားကပဲ “အား” ကနဲအော်သံနဲ့အတူ လူတယောက် အရုပ်ကြိုးပြတ်လဲကျသွား တာကိုပါ ကျနော်မြင်လိုက်ရတယ်။ အသံတွေပြန်တိတ်သွားတယ်။ စဥ့်အိုးနောက်က ညည်းသံတဟင်းဟင်းကြားနေရတယ်။ ကျနော် လူးလဲ ထလိုက်ပြီး တပ်စိတ်မှူးနောက်က ကပ်လိုက်သွားပါတယ်။ ဒီတော့မှ သွေးအိုင်ထဲမှာ ပက်လက်ကြီးလဲကျနေတဲ့ မိန်းမတယောက်။ သူ့ဘေးမှာ မှောက်ခုံလေးလဲကျနေတဲ့ ကလေးတယောက်။ ကလေးက သွေးအိုင်ထဲမှာဓါတ်လိုက်နေသလို တကိုယ်လုံး ဆန့်ငင်ဆန့်ငင်နဲ့ တုန်နေတယ်။ ကျနော့်ဘေးက ရဲဘော်တယောက်က ကလေးကိုပခုံးကနေ ခပ်ကြမ်းကြမ်းကိုင်ပြီး ပက်လက်ဆွဲလှန်ချလိုက်တယ်။ မျက်လုံးတွေပိတ်နေပြီ။ ရင်ဘတ်နဲ့ခေါင်းတခုလုံး သွေးတွေနစ်နေတာပဲ။ အဲဒီနေရာတွေကိုချည်းပဲ ထိသွားပုံရတယ်။ ကြည့်နေတုန်းမှာပဲ ကလေးကတဖြည်းဖြည်း ငြိမ်ကျသွားတယ်။ မလှုပ်မရှက် ပက်လက်ကလေး။

ကလေးရဲ့ဘေး ကြမ်းပြင်ပေါ်ပက်လက်လဲကျနေတဲ့ မိန်းမဘက်ကို ကျနော်ကြည့်လိုက်တယ်။ သူ့ရင်ဘတ်မှာထိထားတာတွေ မြင်နေ ရတယ်။ အပေါ်ပိုင်းတခုလုံးသွေးတွေရွှဲနေတာ မြင်မကောင်းဘူး။ အားယူပြီးထထိုင်ဖို့လုပ်လိုက် ပြန်လန်ကျသွားလိုက်နဲ့ ဖြစ်နေတယ်။ သူ့ဘေး မှာတော့ ပစ်ချလိုက်တဲ့တပ်စိတ်မှူးက သေနတ်ကိုင်ပြီး မတ်တပ်ကြီးကြောင်နေတယ်။ ဘာမှလည်းမပြောဘူး။ ရုတ်တရက် ဆွံ့အသွားတဲ့လူတယောက်လိုပဲ သူ့ကိုကြည့်ရတာ။ ကျနော်က မိုင်းရှာစက်နဲ့သေနတ်ကိုဘေးချလိုက်ပြီး အဲဒီမိန်းမကိုပွေ့ထူဖို့ သူ့ကျောအောက် လက်လျှိုလိုက် တော့ လက်တခုလုံးစေးထန်းထန်းနဲ့ နွေးကနဲဖြစ်သွားတယ်။ အတင်းပွေ့ထူပြီး ထိုင်ပေးဖို့၃-၄ခါလောက် လုပ်တာတောင်မရဘူး။ သေတော့ မသေသေးပါဘူး။ ဒါနဲ့ သူ့ကို သေသေချာချာကြည့်လိုက်တယ်။ ဗိုက်က ကွဲပြီး ပွင့်ထွက်နေတယ်။ မိန်းမက သူ့ဗိုက်ကို၊ အဲဒါကြီးကို လက်တဘက်နဲ့ တအားဖိထားတယ်။

ကျနော်က ဒီလက်တောင့်ခံနေလို့ ထူမရတာဖြစ်မယ်ထွက်ပြီး သူ့လက်ကို ဇွတ်ဖယ်ထုတ်တယ်။ သူက တင်းခံထားတယ်။ ကျနော်က ပိုအားစိုက်ပြီး ထပ်လုပ်တယ်။ သူကလည်း ပိုပြီးလက်ကိုတောင့်ခံထားတယ်။ ဒါနဲ့ ကျနော်သူ့ဗိုက်ကို သေသေချာချာထပ်ကြည့်တယ်။ အမျိုးသမီးက ကိုယ်ဝန်ကြီးနဲ့ကိုး။ ကျနော်လည်း ဘေးကကြောင်ကြည့်နေတဲ့ တပ်ကြပ်ကို “ဟေ့လူ..ဘာလုပ်နေတာလဲ၊ နည်းနည်းကူဦး လေ” ဆိုတော့မှ သူလည်း အသက်ပြန်ဝင်လာတဲ့လူလို လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ မိန်းမဆီက အသံထွက်လာတယ်။ သတိပြန်လည် လာသလို မျက်လုံးတွေပွင့်လာတယ်။ ပါးစပ်ကလည်း ဗမာလိုပီပီသကြီး “မလုပ်ပါနဲ့.မလုပ်ပါနဲ့.ကလေးကိုမသတ်ပါနဲ့” လို့အော်ပြီး အတင်းရုန်းးထလိုက်တာ မတ်တပ်ရပ်မိသွားတယ်။ ကျနော်ဘာလုပ်ရမှန်းမသိပဲကြောင်နေတုန်း အဲဒီမိန်းမ ဗိုင်းကနဲပြန်လဲကျသွားတယ်။ ပြန်ထဖို့လုပ်တယ်။ ကျနော်က သူ့ကို ရင်ဘတ်ကနေဖိပြီး ထမရအောင်လုပ်ထားရတယ်။ ပြန်ထမိရင်ပြန်လဲကျမှာလည်း စိုးနေတယ်။

အဲဒီအချိန်မှာပဲ တပ်စုမှူးရောက်ချလာတယ်။ သေနေတဲ့ကလေးကို၊ ကျနော့်ကို၊ မိန်းမကို၊ တပ်စိတ်မှူးကို တလှည့်စီကြည့်လိုက်တယ်။ အခြေအနေကို သဘောပေါက်သွားပုံရတယ်။ တပ်စိတ်မှူးကိုပြန်ကြည့်ပြီး “မင်းထိထားတာ အတော်များလား” လို့မေးတယ်။ တပ်စိတ် မှူးက “ရပါတယ် ဗိုလ်လေး” လည်းဆိုရော။ “မင်း ချန်ခဲ့၊ ဒုစိတ်မှူးနဲ့ ကျန်တဲ့ကောင်တွေ ရွာလည်လမ်းကို ဆက်ရှင်း၊ ဟေ့ကောင်... ဆေးတပ်သား ခေါ်စမ်း” ဆိုပြီး အမိန့်ပေးတယ်။ ကျနော့်ကိုလည်း သွေးတွေပေနေတာမြင်လို့ထင်ပါရဲ့ “ဘီအီး..မင်းရောထိထားလား”တဲ့။ “မထိပါဘူး.. ဒီကသွေးတွေပါ” ဆိုပြီး ကျနော်က မိန်းမကိုထိုးပြလိုက်တယ်။ “အေး..ဒါဆို မင်းဒီမှာ ခဏနေခဲ့၊ ဆေးတပ်သားလာလိမ့်မယ်၊ နည်းနည်း ကူလိုက်ဦး” ဆိုပြီး အပြင်ပြန်ထွက်မလို့ လုပ်နေတုန်း ဆေးတပ်သားဝင်လာတယ်။ နားကျပ်တွေဘာတွေထုတ်။ မိန်းမ ရင်ဘတ်ကို ထောက်ကြည့်။ လက်ကောက်ဝတ်ကို စမ်းကြည့်လုပ်နေတာတွေ တွေ့နေရတယ်။ မိန်းမက မျက်စေ့တော့မပွင့်ဘူး။ ပါးစပ်ကတော့ “မလုပ်ပါနဲ့…မလုပ်ပါနဲ့” လို့ပဲ ရေရွတ်နေတယ်။ ခဏနေတော့ ဆေးတပ်သားက တပ်စုမှူးကိုမော့ကြည့်တယ်။ “အခြေအနေမကောင်းဘူး ဗိုလ်လေး”တဲ့။ စုမှူးက “မရတော့ဘူးလား” လို့ မေးတယ်။ "မလွယ်တော့ဘူး” လို့ သူကပြန်ဖြေတယ်။

စုမှူးလည်း ဘာလုပ်ရင်ကောင်းမလဲ ခနစဉ်းစားလိုက်ပုံရတယ်။ နောက်တော့ “မင်းတို့ကောင်တွေကလည်း လုပ်လိုက်ရင် အရမ်း ချည်းဘဲ၊ ကလေးကပြဿနာမရှိဘူး၊ သေပြီ။ ဒီမိန်းမက ပြဿနာ” ဆိုပြီးတပ်စိတ်မှူးတပ်ကြပ်ကို လှည့်ကြိမ်းပါတယ်။ “ကျနော်လည်း ရုတ်တ ရက်ဆိုတော့ ရန်သူထင်ပြီး…” ပြောနေတဲ့တပ်ကြပ်စကားမဆုံးလိုက်ပါဘူး။ “ဘာရန်သူဟုတ်လား၊ မင်းအမေ့လင်တွေကဟိုးမှာ၊ ကြာ တယ်ကွာရှင်းပစ်လိုက်” ဆိုပြီး တပ်ကြပ်ကိုအမိန့်ပေးလိုက်တယ်။ ကျနော်ရော ဆေးတပ်သားပါ နောက်နည်းနည်းဆုတ်မိရက်သား ဖြစ်သွား တယ်။ တပ်ကြပ်က “ဟာ..ဗိုလ်လေး..ကျနော်.ကျနော်” ဆိုပြီးစကားတွေထစ်နေတယ်။ ဗိုလ်လေး က “မင်း. စ ထားတာ လေကွာ။ မင်း ဆုံးလိုက်” လို့ ခပ်တင်းတင်းအမိန့်ပေးတယ်။ သူ့လက်ကလည်း ခါးကပစ္စတိုလ်ပေါ်မှာ အသင့်အနေအထားနဲ့။ “ဗိုလ်လေး.. ကျနော့် မိန်းမလည်း ကိုယ်ဝန်ကြီးနဲ့..ကျနော်..ကျနော်..”ဆိုပြီး တပ်ကြပ်ဟာ ကတုန်ကယင်ကြီး ဖြစ်နေပါတယ်။ ဒီမှာတင် ဗိုလ်လေးက “ပေးစမ်း… ” ဆိုပြီး တပ်ကြပ်လက်ထဲက သေနတ်ကို ဆောင့်ဆွဲယူလိုက်တယ်။ သေနတ်ကကျည်ထိုးပြီးသား။ ပြီးတော့ အဲဒီမိန်းမရဲ့ ခေါင်းကိုချိန်ပြီး ဒိုင်း..ဒိုင်းနဲ့ ၂ ချက်ဆင့် ပစ်ချလိုက်တယ်။ မိန်းမလည်း ငြိမ်ကျသွားတယ်။ စုမှူးက သေနတ်ပြန်ပေးရင်း “ဟေ့ကောင် ဆေးတပ်သား ဒီမိန်းမက မင်းမရောက်ခင်ကတည်းက သေနေပြီနော်.ဟုတ်လား၊ ဘီအီးရော ဒီအတိုင်းပဲ ဟုတ်ပြီလား၊ ဒါပဲ ဒီ့ထက်ပိုပြီး ဘာမှမကြားချင်ဘူး.. ဟုတ်ပြီ လား”

ကျနော် သွေးအိုင်ထဲကအလောင်းတွေကိုကြည့်ရင်း စိတ်ထဲမှာဘာမှန်းမသိတဲ့ ခံစားမှုတွေဖြစ်နေ တယ်။ ကြောက်လည်းနည်းနည်း ကြောက်နေတယ်။ ဘာကိုကြောက်တာလဲဆိုတာတော့ သေသေချာချာမပြောတတ်ပါဘူး။ ဒါပေမဲ့ ကြောက်နေတယ်ဆိုတာကိုတော့ ကျနော် သေသေချာချာကြီး သိနေပါတယ်။

ကျနော် မျိုးမြင့်ပါခင်ဗျား။

မျိုးမြင့်

ဒေါင်းမာန်ဟုန် ဘလော့မှ ကူးယူပါသည်။

အဂတိလိုက်စားမှု ဟောပြောပွဲ အင်န်အယ်ဒီ ကျင်းပ

ဒီကနေ့ မတ်လ ၂၄ ရက် နေ့လည်ပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးမှာ အဂတိ လိုက်စားမှု အကြောင်း ဆွေးနွေး ဟောပြောပွဲ တရပ် ကျင်းပခဲ့ပါတယ်။

(Photo: AFP)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်နှစ်ဦး NLD လက်ပတ်နီများ စည်းနှောင် ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီဆွေးနွေးပွဲမှာ စီးပွားရေး ပညာရှင် ဦးမျိုးမြင့်က အဓိက ဟောပြော ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ အန်အယ်ဒီ လူငယ်အဖွဲ့ဝင် ကိုဝင်း က အခုလို ပြောပြပါတယ်။

“ဒီနေ့ ဟောပြောပွဲက ကျွန်တော်တို့ စီးပွားရေး ပညာရှင် ဦးမျိုးမြင့်ကနေပြီးတော့ ဟောပြောတာ။ ဆွေးနွေးတဲ့ ခေါင်းစဉ်က အကျင့်ပျက် ခြစားမှု။ တက်ရောက်တာကတော့ ဘဘ ဦးတင်ဦးတို့၊ ဘဘ ဦးဝင်းတင်တို့ကနေပြီးတော့ NLD လူငယ်တွေရော၊ အခြား စိတ်ဝင်စားတဲ့ လူငယ်တွေရော၊ လူကြီးတွေရော တက်ရောက် ဆွေးနွေးပါတယ်ခင်ဗျ။”

ဒီဆွေးနွေးပွဲကို အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်တို့လည်း တက်ရောက်ပြီး ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

အန်အယ်ဒီ အဖွဲ့ဝင်တွေနဲ့ လူငယ်တွေ ဗဟုသုတ ရရှိနိုင်ဖို့ အခုလို ဆွေးနွေးပွဲတွေ ကျင်းပရတာ ဖြစ်ကြောင်း အန်အယ်ဒီ တာဝန်ရှိသူတွေက ပြောပါတယ်။

ဆွေးနွေးပွဲ တက်ရောက်သူ စုစုပေါင်း ၅၀ ကျော်လောက် ရှိကြောင်း သိရပါတယ်။

http://www.rfa.org/


လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ရေးအတွက် တာဝန်ယူဖို့ မြန်မာ စစ်ဥပဒေချုပ်ကို HRW တိုက်တွန်း

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန်းကရပ်အောင် လုပ်ပေးဖို့နဲ့ ချိုးဖောက်ခဲ့သူတွေကို အရေးယူပေးဖို့ မြန်မာတပ်မတော် စစ်ဥပဒေချုပ်ထံကို နယူးယောက်ခ်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က မနေ့တုန်းက စာရေးသား တောင်းဆိုလိုက်ပါတယ်။ စစ်ဥပဒေချုပ် အနေနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေးကို ထောက်ခံဖို့လည်း ဒီစာထဲမှာ တိုက်တွန်းထားပါတယ်။ အပြည့်အစုံကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကို ဆက်သွယ် မေးမြန်းထားတဲ့ ဦးဝင်းမင်းက တင်ပြပေးထားပါတယ်။

လာမယ့် မတ်လ ၂၇ ရက်နေ့ ၆၆ ကြိမ်မြောက် တပ်မတော်နေ့ ကျင်းပဖို့ အချိန်မတိုင်ခင်မှာ အခုလို အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ကြီးက စစ်ဥပဒေချုပ် ဗိုလ်ချုပ် ရာပြည့်ထံကို စာပို့လိုက်တာပါ။ မနေ့ ကြာသပတေးနေ့က ထုတ်လိုက်တဲ့ ဒီစာထဲမှာ တပ်မတော်ရဲ့ ဥပဒေဆိုင်ရာ ဦးစီးအရာရှိ ဗိုလ်ချုပ် ရာပြည့် အနေနဲ့ တပ်မတော် အဖွဲ့ဝင်အားလုံး နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာ စောင့်ထိန်းဖို့ လူသိရှင်ကြား အမိန့်ထုတ်ပြန်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ အကြောင်းကတော့ အရပ်သားတွေကို ကာကွယ်ပေးဖို့ ဖြစ်တယ်လို့ ဒီအဖွဲ့က ဆိုပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာနေတဲ့ အဖွဲ့က မြန်မာစစ်တပ် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို စစ်ဆင် တိုက်ခိုက်ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြင်းပြင်းထန်ထန် ကျူးလွန်နေတယ်လို့ ဆိုလိုက်ပါတယ်။ ဒီဒဏ်တွေကို ပြည်တွင်းစစ် ဖြစ်နေတဲ့ ဒေသက အရပ်သားတွေပဲ အဓိက ခံစားရတယ်လို့ ဒီအဖွဲ့က ဆိုပါတယ်။

ဒီအခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ ဥပဒေမဲ့ သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းကျင့်မှု၊ အတင်းအဓမ္မ အလုပ်ခိုင်းစေမှုနဲ့ အရပ်သားတွေရဲ့ စားစရာနဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီး လုယူတာတွေလည်း ပါတယ်လို့ ဒီအဖွဲ့က ဆိုပါတယ်။

ဒီစာကို လက်မှတ်ရေးထိုးပြီး ပို့ခဲ့တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ ဥပဒေနဲ့ ပေါ်လစီဆိုင်ရာ ညွှန်ကြားရေးမှူး ဂျိမ်းစ် ရော့စ် (James Ross) က မြန်မာစစ်တပ်ဟာ တိုးတက်မှုတွေ ရှိလာပြီလို့ ဟန်ဆောင်ပြီးတောင် ပြတာမရှိဘူး၊ ဒီအချက်ကို စစ်တပ်ရဲ့ ဆက်လုပ်နေတဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေက သက်သေပြနေတယ်လို့ ဒီစာနဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဆိုပါတယ်။

ဒီစာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘရက် အဒမ်စ် (Brad Adams) ကို မေးကြည့်ရာမှာတော့ သူက စစ်ဥပဒေချုပ်ထံ အခုလို ပို့ရတာဟာ ပထမဆုံးဖြစ်တယ်၊ သူ့ဆီပို့ရတာကလည်း ဒီကိစ္စတွေမှာ သူ့မှာ တာဝန်ရှိလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဥပဒေဆိုင်ရာ ကိစ္စတခု ဖြစ်တာမို့ စစ်တပ် တပ်ဖွဲ့ဝင်တွေကို စနစ်တကျ သင်တန်းပေးထားတဲ့၊ ဒီ့ထက်ပိုပြီး အရေးကြီးတာက တပ်သားတွေ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့မယ်ဆိုရင် အရေးယူခံရမယ် ဆိုတာကို သေချာအောင် လုပ်ဖို့က သူ့ရဲ့တာဝန် ဖြစ်တယ်လေ။”

ဘာဖြစ်လို့ အခုအချိန်မှာ ပို့ရတာလဲလို့ မေးရာမှာတော့ မစ္စတာ အဒမ်စ်က ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းမှု ကော်မရှင်ဖွဲ့ရေး တောင်းဆိုနေတာမို့ ဒီလုပ်ငန်းရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အနေနဲ့ မြန်မာ့ကြည်းတပ်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် တာဝန်ရှိနေတာကို အဆုံးအဖြတ် ပေးနိုင်ဖို့ စုံစမ်းရေး ကော်မရှင် ဖွဲ့ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုမှုရဲ့ အဆင့်တခု အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ် ဆိုတာကို သိနိုင်ဖို့ အကြောင်းကြားတာပါ။”

မစ္စတာ အဒမ်စ်ကပဲ အခုလို တရားဝင် အကြောင်းကြားစာ ပို့တာမို့ မြန်မာအစိုးရ အနေနဲ့ အခုလို ကျူးလွန်မှုတွေ ဖြစ်နေတာကို မသိလိုက်ဘူး၊ တာဝန်မရှိဘူး၊ ဘယ်သူကမှ အကြောင်းမကြားခဲ့ဘူးလို့ နောက်ပိုင်းမှာ ငြင်းလို့မရတော့ဘူးလို့ ဆိုပါတယ်။

အဲဒီတော့ အခုလို ပို့တဲ့အတွက် လက်တွေ့မှာ ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်ပါသလဲ ဆိုတာကိုတော့ မစ္စတာ အဒမ်စ်က အခုလို ဥပမာပေးပြီး ပြောပြပါတယ်။

“ဥပမာဆိုရင် ဘော့စ်နီးယားမှာတုန်းက ဆလိုဘိုဒန် မီလိုဆီဗစ် (Slobodan Milošević) ကို ကျနော်တို့က စာပို့ခဲ့ပါတယ်။ အဲဒီစာကို သူ့ကို အရေးယူတဲ့နေရာမှာ အသုံးပြုနိုင်ခဲ့ပါတယ်။ ဒီလိုချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတာ သူသိခဲ့တယ်ဆိုတာ ပြဖို့လေ။ အဲဒီတော့ သူ အခုလို ဖြစ်တာတွေ မသိခဲ့ဘူးလို့ ငြင်းလို့မရတော့ဘူး။”

မစ္စတာ အဒမ်စ်ကပဲ အခုလို မြန်မာပြည်က စစ်ဥပဒေချုပ်ဆီ ပို့တဲ့စာကြောင့်လည်း ဗိုလ်ချုပ် ရာပြည့် အနေနဲ့ သူ့မှာ တာဝန်ရှိတယ်၊ တချိန် အရေးယူခံရနိုင်တယ် ဆိုတာကို သိသွားပြီး တခုခု လုပ်လာဖို့ မျှော်လင့်ပါတယ်လို့ ဆက်ပြောပါတယ်။ သူကပဲ ဗိုလ်ချုပ် ရာပြည့်ဆီက စာပြန်လာမှာကိုတော့ မမျှော်လင့်ဘူး၊ အရင်တုန်းက အစိုးရထံ ရေးတဲ့စာတွေလည်း ပြန်လာခဲ့တာ မရှိဘူး၊ ဒါပေမဲ့ အခုအချိန်မှာက စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ထောက်ခံတဲ့ နိုင်ငံတွေက တဖြည်းဖြည်း များလာတာမို့ အရင်ထက်တော့ မြန်မာခေါင်းဆောင်တွေ အနေနဲ့ ဒီစာအပေါ် ပိုပြီး ဂရုထားလိမ့်မယ်၊ ဒီချိုးဖောက်မှုတွေအတွက် သူတို့မှာ တာဝန်ရှိတယ် ဆိုတာကို ပိုသတိပြုလာမိလိမ့်မယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာ မြန်မာနိုင်ငံမှာ မကြာခင် တပ်မတော်နေ့ ကျင်းပဖို့ ရှိနေချိန်မှာ ဒီစာထွက်လာတာကြောင့် အဲဒီအတွက် ရည်ရွယ်ပြီး ဒီစာကို ရေးပါသလား ဆိုတာကိုတော့ မစ္စတာ အဒမ်စ်က…

“ဒီနေ့ဟာ စစ်တပ်အနေနဲ့ နေ့ထူးနေ့မြတ်အဖြစ် ကျင်းပတဲ့နေ့ ဖြစ်တယ်လေ။ ဒီလိုနေ့မျိုးမှာ သူတို့အနေနဲ့ ဘယ်လောက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တယ်ဆိုတာ စဉ်းစားမိကြတာ အပြင် တခြားတဘက်မှာလည်း ဒီစွမ်းဆောင်မှု တချို့ကြောင့် အနှိပ်စက်ခံနေရတဲ့သူတွေ ရှိနေပါလား၊ အခုလို မကောင်းတာတွေ ကျူးလွန်မိခဲ့တာတွေ ရှိနေပါလား ဆိုတာကိုလည်း သိမြင်လာစေချင်လို့ပါ။”

မစ္စတာ အဒမ်စ်ကပဲ ဒီ လူ့အခွင့်အရေးအဖွဲ့ အနေနဲ့ ကြိုးစားနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ဖွဲ့ရေး ကိစ္စဟာ အချိန်ယူပြီး စိတ်ရှည်ရှည် ဆက်ကြိုးပမ်းသွားရမယ့်ကိစ္စ ဖြစ်တယ်လို့ ဆိုပါတယ်။

http://www.voanews.com

Thursday, March 24, 2011

မြန်မာခြိမ်းခြောက်မှု နျူကလီးယားမဟုတ် စကဒ်ဒုံးကျည်

မြန်မာနိုင်ငံက စကဒ်ပုံစံဒုံးကျည်များ ထုတ်လုပ်ရန် စီစဉ်နေသည်ဟူသော သတင်းများသည် အရှေ့တောင်အာရှ နိုင်ငံများအတွင်း အာဏာချိန်ခွင်လျှာကို ပျက်စီးသွားစေနိုင်ပြီး ဒေသတွင်း စစ်လက်နက်ပြိုင်ပွဲတရပ် ပေါ်ထွက်လာစေနိုင်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ဘာတီလင်တနာ Bertil Lintner က သတိပေးထားသည်။

မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံများအကြောင်း ယုံကြည်အားထားလောက်သည့် စာအုပ်များ ရေးသားခဲ့သူ လင်တနာက "ကျနော်ရထားတဲ့ အထူးသီးသန့် သတင်းတွေအရ ဧရာဝတီအနောက်ဘက်ကမ်း မကွေးတိုင်း မင်းဘူးမြို့တောင်ဘက်မှာ ရှိတဲ့ မင်းလှဆိုတဲ့ မြို့လေးက စစ်တပ်လက်နက်စက်ရုံတွေမှာ ခေတ်မီဆန်းပြားတဲ့ စကဒ်ဒုံးကျည်တွေ ထုတ်လုပ်နေတယ်လို့ သိထားရပါတယ်'' ဟု ပြောသည်။

ဤထိပ်တန်း လျှို့ဝှက်စီမံကိန်းတွင် မြန်မာစစ်တပ်ပညာသည်များကို မြောက်ကိုရီးယား လက်နက်ပါရဂူများက အကူအညီပေးနေသည်ဟု ဟောင်ကောင်အခြေစိုက် သတင်းဌာန Asia Pacific Media Services ၏ ဝဘက်ဆိုက်တွင် တင်ထားသော ဘာတီလင်တနာ၏ စာတမ်းတွင် ပါရှိသည်။

နည်းဗျူဟာသုံး ပဲ့ထိန်းအမျိုးအစား ဒုံးကျည်များဖြစ်သော စကဒ်ဒုံးကျည်များကို စစ်အေးတိုက်ပွဲကာလအတွင်း ဆိုဗီယက်ယူနီယံက စတင်ထုတ်လုပ်ခဲ့သည်။ ထို့နောက် မြောက်ကိုရီးယားက အဆိုပါ စကဒ်ဒုံးကျည်များကို သူ့လက်နက်တိုက်အတွင်း လွန်ခဲ့သော နှစ် ၂ဝ ကျော်ကပင် ထည့်သွင်းတပ်ဆင်ခဲ့သည်။ အီဂျစ်နိုင်ငံမှ နည်းဗျူဟာသုံး လက်နက်အမြောက်အမြား ဝယ်ယူတပ်ဆင်ခဲ့သည်။ လက်ရှိအသုံးပြုနေသော သူ့ကိုယ်ပိုင် Hwasong-6 အမျိုးအစား ဒုံးကျည်ကို နောက်ပိုင်းတွင် ထုတ်လုပ်ခဲ့ပြီး အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့ခဲ့သည်။

လက်ရှိ အသုံးပြုနေသော ထိုလက်နက်သည် ထိပ်ဖူး ၈ဝဝ ကီလိုဂရမ်ကို သယ်ဆောင်ကာ ၇ဝဝ ကီလိုမီတာ အကွာအဝေးအထိ ရောက်ရှိအောင် ပစ်ခတ်နိုင်သည်။ ထို့ကြောင့် ဒေသတွင်း စစ်ပွဲများတွင် ထိရောက်သော အလွန်အစွမ်းထက်သည့် တာလတ်ပစ်လက်နက် ဖြစ်လာခဲ့သည်။

"မြန်မာနိုင်ငံသာ စကဒ်ဒုံးလက်နက် ပိုင်ဆိုင်သွားပါက ယင်းသို့ တာဝေးပစ် ဒုံးကျည်မရှိသည့် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများကြားတွင် နှာတဖျား သာသွားမည် ဖြစ်သည်။ လက်နက်ပြိုင်ပွဲတရပ်လည်း အဆိုပါ နိုင်ငံများကြားတွင် ပေါ်ပေါက်လာစေနိုင်ပြီး၊ အိမ်နီးချင်း ထိုင်းနိုင်ငံကိုလည်း အလားတူ ဒုံးလက်နက်များ ထုတ်လုပ်ရန်သော်၎င်း၊ ဝယ်ယူရန်သော်၎င်း တွန်းအားပေးလိုက်သလို ဖြစ်လိမ့်မည်'' ဟု လင်တနာက သတိပေးသည်။

မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်ဆိုသည့် ယူဆချက်များအစား မြန်မာနိုင်ငံ၏ ဒုံးလက်နက် အစီအစဉ်ကို ပို၍ အလေးအနက်ထား ကိုင်တွယ်သင့်သည်ဟု သူက ဆိုသည်။ မြန်မာနိုင်ငံက နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးဆိုသည်မှာ လတ်တလော ကာလအတွင်း ဖြစ်နိုင်ခြေမရှိသည့် စိတ်ကူးယဉ်စီမံကိန်း တခုမျှသာဖြစ်သည်ဟုလည်း သူက ပြောသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ စကဒ်ဒုံးကျည် ထုတ်လုပ်ရေး အစီအစဉ်ကိုသာ လေးနက်စွာ ကိုင်တွယ်ရန် လိုအပ်သည်ဟုပါ သူက ပြောသည်။

ဤဒုံးကျည် အစီအစဉ်များအကြောင်း ပထမဆုံးပေါ်ထွက်လာသည်မှာ ဝီကီလိ ဝဘ်ဆိုဒ်က ဖော်ထုတ်ခဲ့သည့် ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ဝါရှင်တန်သို့ ၂ဝ၁ဝ ခုနှစ်တွင် ပေးပို့ခဲ့သော ကြေးနန်းစာတွင် ဖြစ်သည်။

အမေရိကန်သံရုံး၏ သတင်းရင်းမြစ်တခုက မကွေးတိုင်းအတွင်း စစ်တပ်ပိုင်မြေအတွင်း သံကူကွန်ကရစ် မြေအောက်အဆောက်အအုံတခု တည်ဆောက်လျက်ရှိပြီး ထိုအထဲတွင် မြောက်ကိုရီးယား ပညာသည်များက မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ တပ်ဆင်လျက်ရှိသည်ဟု သတင်းပေးပို့လာသည်။ အဆိုပါ သတင်းရစ်မြစ်ကပင် "ပုံမှန်အရွယ်ထက် ပိုမိုကြီးမားသော အရွယ်အစားရှိသည့် အားဖြည့် သံမဏိထည်ကြီးတခုကို ဖောင်ကြီးတခုဖြင့် တင်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ရကြောင်း'' ပြောကြားခဲ့သည်။

လက်နက်စက်ရုံကို မြေအောက်တွင် တဝက်တပျက်မြှုပ်၍ တည်ဆောက်ထားခြင်းကြောင့် ဝေဟင်မှ ထောက်လှမ်း လေ့လာရန် ခဲယဉ်းသည်ဟု လင်တနာက ပြောသည်။ ယခုအခါ လက်နက်စက်ရုံနှစ်ခုက စကဒ်ပုံစံ ဒုံးကျည်များ အပါအဝင် တိုင်းပြည်တွင်း ယခုထိ ထုတ်လုပ်ခဲ့သမျှထက် ပိုမိုအဆင့်မြင့်သော လက်နက်များကို ထုတ်လုပ်လျက်ရှိသည်ဟု သူ့သတင်းရင်းမြစ်များက သူ့ကိုပြောပြသည်ဟု သူက ဆိုသည်။

"သံရုံးကြေးနန်းထဲမှာ ရည်ညွှန်းဖော်ပြထားတဲ့ စက်ရုံဟာ မင်းလှမြို့နယ် ကုန်းကြီးကျေးရွာအတွင်း တည်ရှိတဲ့ ကပစ အမှတ် ၁ဝ စက်ရုံဖြစ်တယ်ဆိုတာ အခုအခါ ရှင်းသွားပြီ။ အဲဒီစက်ရုံကို ၁၉၉၃ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး မကြာသေးခင်ကမှ ပြီးစီးသွားခဲ့တယ်'' ဟု လင်တနာက ပြောသည်။

"အဆိုပါ စက်ရုံသည် မြေဧက ၆ဝဝဝ (၂၄၂၈ ဟက်တာ) ကျယ်ဝန်းပြီး စက်ရုံတည်ဆောက်ခြင်း ရည်ရွယ်ချက်မှာ မြေပြင်မှ ဝေဟင်ပစ်၊ မြေပြင်မှ မြေပြင်ပစ်နှင့် ဝေဟင်မှ ဝေဟင်ပစ် ဒုံးလက်နက်များ ထုတ်လုပ်ရန်ဖြစ်သည်'' ဟု စက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သူ သတင်းရင်းမြစ်၏ အပြောအရ သိရသည်။

''စက်ရုံမှာ အလုပ်လုပ်တဲ့ မြောက်ကိုရီးယား ပညာရှင်တွေက ပထမတော့ တရုတ်ပြည်ကတဆင့် ကုန်းလမ်းကနေ တိတ်တဆိတ် ဝင်လာတာလို့ သိရတယ်။ သူတို့ကို မြန်မာနိုင်ငံ ကာကွယ်ရေးဌာန လက်နက်ထုတ်လုပ်ရေး ညွှန်ကြားရေးမှူးရုံး (ကကထုတ်) က အရာရှိတွေက နယ်စပ်မှာ သွားကြိုပြီး ခေါ်လာခဲ့တာလို့ သိရတယ်'' ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ကပစ ၁ဝ တွင် စစ်ဘက်ပညာသည်နှင့် အခြားစစ်သည် ၆ဝဝ မှ ၉ဝဝ ကြား အခြေစိုက်ကာ တာဝန်ထမ်းဆောင်နေသည်ဟု လင်တနာက ပြောသည်။ "အစပိုင်းမှာ ရုရှနဲ့ တရုတ်ပညာရှင်တွေလည်း စက်ရုံဆောက်လုပ်ရေးမှာ ပါသေးတယ်။ နောက်တော့ သူတို့ ထွက်သွားပြီး မြောက်ကိုရီးယား စစ်လက်နက်ပါရဂူတွေ အစားဝင်လာပုံရတယ်'' ဟု သူက ပြောသည်။

မင်းလှမြို့နယ်ရှိ ဒုတိယစစ်လက်နက်စက်ရုံဖြစ်သော ကပစ ၂ ကို မလွန်ကျေးရွာအနီး မြေဧက တသိန်းပေါ်တွင် ခွဲဖြန့်တည်ဆောက်ထားသည်ဟု သူက ဆိုသည်။ ထိုစက်ရုံဟောင်းတွင် အင်ဂျင်နီယာနှင့် အခြားစစ်သည် ၉ဝဝ တာဝန်ထမ်းဆောင်နေပြီး ၆ဝ မမ၊ ၈၁ မမ၊ ၁၂ဝ မမ စိန်ပြောင်းများနှင့် ၁ဝ၅ မမ အမြောက်များ ထုတ်လုပ်နေသည်ဟု သူ့သတင်းရင်းမြစ်က သူ့ကို ပြောပြသည်။

အဆိုပါ စက်ရုံဝင်းအတွင်း အလွန်ကြီးမားသည့် စက်ပစ်ကွင်းနှင့် လက်နက်စမ်းသပ်ကွင်းတခုလည်း ထည့်သွင်းတည်ဆောက်ထားပြီး အမြောက်နှင့် ဒုံးများ အပါအဝင် လက်နက်ကြီးများကို စမ်းသပ်ပစ်ခတ်နေသည်ဟု အဆိုပါ သတင်းရင်းမြစ်ကပင် လင်တနာကို ပြောသည်။

"ဒီသတင်းရင်းမြစ်ရဲ့ အပြောအရ စင်္ကာပူလို မြေလုံလုံလောက်လောက် မရှိတဲ့ နိုင်ငံက ဒီလက်နက်စမ်းသပ်ကွင်း တည်ဆောက်ရေးအတွက် ငွေထုတ်ပေးခဲ့တယ်။ လက်နက်တွေကို စင်္ကာပူက ယူလာပြီး ဒီမှာ စမ်းသပ်ပစ်ခတ်ကြတယ်'' ဟု လင်တနာက ပြောဆိုသည်။

"အခုအထိ ရရှိထားတဲ့ သတင်းတွေအရတော့ မင်းလှမှာရှိတဲ့ ကပစ စက်ရုံနှစ်ရုံကနေ အခုမှ အစပျိုးစ၊ အလွန်အငြင်းပွားဖွယ် လျှို့ဝှက်သိပ်သည်းလှတဲ့ နျူကလီးယားလက်နက်တွေ ထုတ်လုပ်နေတယ်၊ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေတော့ မကြားရသေးပါဘူး။ နျူကလီးယား သုတေသန လုပ်ငန်းတွေကို ပခုက္ကူမြောက်ဘက်က မြိုင်မှာ လုပ်နေတယ်လို့ သိရတယ်။ မကွေးတိုင်းအတွင်း မင်းလှစက်ရုံတွေနဲ့ အတော်ဝေးဝေး နေရာမှာလည်း လုပ်နေတယ်လို့ သိရတယ်'' ဟု လင်တနာက ပြောသည်။

ကပစ ၂ စက်ရုံတွင် မြောက်ကိုရီးယားနိုင်ငံ ပါဝင်ပတ်သက်နေမှုမှာ နိုင်ငံတကာအတွက် စိုးရိမ်ပူပန်စရာ ဖြစ်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံ၏ အစဉ်အလာ စစ်ရေးမဟာမိတ် တရုတ်နိုင်ငံအတွက်ပင် စိုးရိမ်စရာ ဖြစ်နေသည်။ ၁၉၉ဝ စုနှစ်များအတွင်း ၂ဝဝဝ စုနှစ်များ အစောပိုင်းအထိ အလုံးအရင်းဖြင့် စစ်လက်နက်ပစ္စည်း အမြောက်အမြားကို တင်ပို့ခဲ့ပြီးနောက် တရုတ်နိုင်ငံမှ လက်နက်များ ပေးပို့ခြင်းမှာ သိသာစွာ လျော့နည်းကျဆင်းသွားပြီဟု လင်တနာက ပြောဆိုသည်။
http://www.mizzimaburmese.com