Monday, November 14, 2011

ဒေါ်အောင်ဆန်းစုကြည်ကို ရာထူးကြီးတခုယူဖို့ သမ္မတ ဦးသိန်းစိန်ကမ်းလှမ်း

Al Jazeera။ ။ဒေါ်အောင်ဆန်းစုကြည်ကို ရာထူးကြီးတခုခု ယူဖို့ သမ္မဦးသိန်းစိန်က ကမ်းလှမ်းထားတဲ့အကြောင်း Al Jazeera ရုပ်မြင်သံကြား သတင်းဌာနက ယမန်နေ့က လွှင့်ထုတ်သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရာထူးကြီးတခုခု ယူဖို့ အစိုးရက ကမ်းလှမ်းထားတဲ့အကြောင်း အဖွဲ့ချုပ် အရာရှိတဦးက Al Jazeera ရုပ်မြင်သံကြားဌာနကို ပြောတယ်လို့ Al Jazeera သတင်းထောက် Wayne Hay က ချင်းမိုင်မြို့ကနေ သတင်းပို့ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုရာထူးမျိုးကို သမ္မတ ဥိးသိန်းစိန်က ကမ်းလှမ်းထားသလဲဆိုတာကိုတော့ သတင်းထောက်က တိတိကျကျ ပြောမသွားပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို အမြင့်ဆုံး ပြည်ထောင်စုဝန်ကြီး ရာထူးထက်ပိုပီး အစိုးရက ကမ်းလှမ်းနိုင်စရာမရှိဘူးလို့ အာအက်အေ မြန်မာပိုင်း ရေဒီယိုကနေ မကြာခင်က ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သာ ပြည်ထောင်စုဝန်ကြီးရာထူးတခုခု လက်ခံမယ်ဆိုရင် အခြေခံဥပဒေအရ ပါတီခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရှိမှာမဟုတ်သလို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကလဲ နှုတ်ထွက်ပေးရမှာ ဖြစ်ပါတယ်။

by ခင် ရတနာ

0 ယောက် အကြံပြုထားပါသည်:

Post a Comment