Saturday, November 12, 2011

ဒေါ်အောင်ဆန်းစုကြည်ကိုဝန်းရံပေးပါ ( မောင်မောင်ဝမ်း)

X80001s

ကမ္ဘာကြီးကို နိုင်ငံရေး အမြင်နဲ့ ဖြန့်ကျက် ကြည့် မယ် ဆိုရင် တချို့ ကိစ္စရပ် တွေမှာ လုံးလုံး မတူနိုင်သည့်တိုင်… အခြေ နေတွေ…ဖြစ်စဉ်တွေဟာ အနည်းနဲ့အများ တူညီနေတာတွေ ကိုတွေ့ရ တတ် ပါတယ်… ဒါကလည်း သိပ်မဆန်း ပေဘူး ပေါ့…. လူသားတွေ နေထိုင် နေကြ တဲ့… ဒီလောကကြီးမှာ….အသွင်ပြင် သဏ္ဍန်သာ ကွဲပြား ခြားနား နိုင်ပေမဲ့ အတွင်းအနှစ်သာရ ပိုင်းဖြစ် တဲ့ လောဘ၊ ဒေါသ ၊ မောဟ ထူပြောမှု့မှာ… .အနည်းနဲ့ အများဆို တော့ လူဟာ လူ ပါပဲလေ။

တောင်အာဖရိက နိုင်ငံက အသားရောင်ခွဲခြားမှု့ ဆန့်ကျင်ရေး လှုပ်ရှားမှု့ခေါင်းဆောင်လည်းဖြစ်၊ သမ္မတဟောင်းတဦးလည်းဖြစ် ၊နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လည်းဖြစ်တဲ့ နယ်လ်ဆင် မင်ဒရဲလား ဆိုတာကိုတော့ တော်တော်များများ သိနေကြပါတယ်။ သူ့ရဲ့လှုပ်ရှားမှု့တွေ အကြောင်းကိုလည်း သိကြပါတယ်… ကျနော် တင်ပြချင် တာက အဲဒါတွေမဟုတ်ပါဘူး…။ နှစ်ပေါင်း ၃၈ နှစ်တိုင် ချစ်ကြိုးတွေသွယ်ကာ ရစ်ခါနဲ့ ခရောင်းလမ်းကို အတူလျှောက်ခဲ့ပြီးခါမှ…..လမ်းခွဲခဲ့ကြတဲ့…မင်ဒရဲလား နဲ့ သူ့ ဇနီး ၀င်နီမင်ဒရဲလား အကြောင်းပဲဖြစ်ပါတယ်….သာမာန်ကြည့်မယ်ဆို လင်မယားကွဲတာ များ အဆန်း လုပ် နေရ သလား လို့ ထင် စရာ အကြောင်း ရှိပါတယ်…ဆန်း ပါတယ် သိပ်ကို ဆန်း ပါတယ်…တကယ်တော့ သူတို့ လင်မယားနှစ်ယောက်ကွဲပြဲ လမ်းခွဲရခြင်း အကြောင်းတရား အခြေခံ ဟာ….နိုင်ငံရေး ကြောင့်ပါလို့ပြောရင် သိတဲ့သူနည်း နေပါသေးတယ်….။ သိတဲ့သူတွေ လည်း သိနေပြီး ဖြစ်ပါလိမ့်မယ်

သို့သော် မသိသေးတဲ့ သူတွေအတွက် နိုင်ငံရေး အတွေ့အကြုံကို လက်ဆင့်ကမ်း ယူကြတာပေါ့…….စာရေးဆရာ အောင်သင်း ခနခဏ ပြောတဲ့ စကား ကိုပဲ ထပ်မံကိုးကား ပြောပရစေ..လူမိုက်ဆိုတာ ကိုယ်တိုင်မှားမှ နောင်တရတယ်တယ်တဲ့ လူလိမ္မာ ဆိုတာ သူများအမှားကို သင်ခန်းစာ ယူတယ်တဲ့….အလွန် မိုက်မဲသော သူများ က ကိုယ်တိုင် မှားတာ တောင် သံဝေဂ မယူကြဘူးတဲ့။ အဲဒီတော့ စောစောက ဟာခရီးဆက် ကြည့်ရ အောင် ဒီအကြောင်း မပြောခင် တောင်အာဖရိက လှုပ်ရှားမှု့ အကြောင်း လေး အကြမ်း သဘောတင်ပြ ချင် သေးတယ်

� AP

တောင်အာဖရိက နိုင်ငံမှာ လူဖြူ နဲ့လူမဲ ဆိုတာရှိပါတယ်…..ဒါပေမဲ့ လူနည်းစုက လူဖြူတွေဖြစ်ပြီး လူအများစုက လူမဲတွေပါ၊ လူနည်းစု ဖြစ်တဲ့ လူဖြူတွေ ဟာ နိုင်ငံတော် အာဏာကို နှစ်ပေါင်းများစွာ ချုပ်ကိုင် ထားပြီး လူမဲေ တွကို ဖိနှိပ်မှု့ တွေ ခွဲခြားဆက်ဆံမှု့တွေနဲ့ နှိပ်ကွပ်လာရာက အစ မခံနိုင်တော့တဲ့အဆုံး လူမဲတွေဟာ အသားရောင်ခွဲခြားမှု့ဆန့်ကျင်ရေး လှုပ်ရှားမှု့ တွေ

ကို လုပ်ဆောင်ခဲ့ ပါတယ်။ အဲဒီလှုပ်ရှား မှု့ကို အဓိက ဦးဆောင်ခဲ့တာ ကတော့ အေအင်စီ ပါတီ ဆိုတာပဲ ဖြစ် ပါတယ် ၊ နယ်လ်ဆင်မင်ဒရဲလား ဟာ အဲဒီ့ပါတီ ရဲ့ ခေါင်းဆောင် တဦးပါ။ လူဖြူ အစိုးရဟာ သူ့ကိုဖမ်းပြီး ထောင်သွင်းအကျဉ်းချထားလိုက်တာ ( ၂၇ ) နှစ်တောင်ကြာခဲ့ပါတယ်……ဒီလိုနဲ့ နေလာရင်းက အကျဉ်းစခမ်းထဲမှာ မင်ဒရဲလားဟာ စဉ်းစားလာတယ် တောင်အာဖရိကနိုင်ငံရဲ့ အသား ရောင် ခွဲခြား မှု့ ဆန့်ကျင်ရေး အပေါ်သုံးသပ် မိလာတယ်…… လူမဲတွေ အများစုဟာ သေကျေ ပျက်စီးခဲ့ ရပြီ ထောင်တွင်း မှာလည်း နှစ်ရှည်လများ အကျဉ်းချခံ နေရသူတွေ ဘ၀ပျက်သွား သူပျက် နေ သူ တွေဆိုတာ လည်းဒုနဲ့ဒေး၊ အခုထိလူမဲ လွတ်မြောက်ရေးလမ်းစ ဆိုတာ သဲသဲကွဲကွဲ မမြင်နိုင် သေးဘူး…… ကမ်းမမြင် လမ်းမမြင်ကူးခပ်နေဆဲ…. တဘက် လူဖြူအစိုးရကိုလည်းကြည့် အချိန်နဲ့ အမျှ လူမဲတွေရဲ့အနုနည်း အကြမ်းနည်းတွေနဲ့ ဆန့်ကျင်ခံရ မှု့ နိုင်ငံတကာ အသိုင်းဝိုင်းရဲ့ ၀ိုင်းဝန်း ကဲ့ရဲ့ရှုတ်ချ ခံရမှု့ တိုင်းပြည်ရဲ့အထွေထွေ စီးပွားကျဆင်းမှု့ဒါတွေ အားလုံးဟာ နှစ်ဘက်စလုံး အတွက်အနှုတ် လက္ခဏာ ဆောင်သော ဖြစ်စဉ်တွေလို့ရှုမြင်မိလာတယ်……… .ရယ်ဒီကယ်လစ်ဇင် (တော်လှန်အမြစ်ဖြုတ်ဝါဒ) အပေါ်သံသယရှိလာတယ်..။ တိုက်ပွဲနဲ့အောင်ပွဲမှာတခုပဲရှိရမယ်.. အောင်ပွဲမရှိရင်တိုက်ပွဲ… တိုက်ပွဲမရှိရင်အောင်ပွဲဆိုတဲ့…လမ်းရိုးလမ်း ဟောင်းကနေခွဲထွက်ဘို့ကို… အားသန် လာတယ်…နိုင်ငံရေး ဖြစ်စဉ် တခုမှာ တွေ့ဆုံ ဆွေးနွေး အဖြေရှာ ခြင်းဖြင့် လည်း လှမ်းလို့ရနိုင်တယ်ဆိုတဲ့…. အတွေးအခေါ်က မြစ်တွယ်လာတယ်……ဒါပေမဲ့… ဒီကိစ္စဟာ ထင်သလောက်တော့မလွယ်နိုင်ဘူး…. အရင်ဆုံးရင်ဆိုင်ရမှာက…. သူ့ရဲ့လုပ်ဖော်ကိုင် ဘက်ရဲ ဘော် တွေ….ဒါကို နားလည်အောင်ရှင်းပြရမယ်….

ဒီလိုနဲ့မင်ဒရဲလားဟာ.. အကျဉ်းထောင်အတွင်းက နေလူဖြူအစိုးရနဲ့ ဆက်ဆံရေးလမ်းကြောင်း ကိုစတင် ဖွင့်လှစ်ခဲ့တယ်…..။ ဘာပဲဖြစ်ဖြစ်အခက်အခဲ ဆိုတာ ရင်ဆိုင်ရမယ် ဆိုတာ သူက ကြိုတင် ခန့်မှန်းပြီး သားပါ…ဒေါသ တွေထွက်ခဲ့ရ တယ်…အံကြိတ်ခဲ့ရ တယ်… သီးခံခဲ့ရတယ်… ဇွဲရှိခဲ့ရ တယ်….. သူရဲ့ကြိုးစားမှု့တွေ ဟာ အတိုင်းတာ တခုမှာအရာထင်လာခဲ့တယ်… လူဖြူအစိုးရက သူ့နဲ့ လာရောက် ဆွေးနွေးမှု့တွေ စတင်လာခဲ့တယ်…… တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ကပွင့်လာပြီ… အဲဒီမှာပြသနာက….သူ့ရဲဘော်တွေကသူ့ကိုအယုံအ ကြည်မရှိ ဖြစ်လာ ကြ တယ် လေ…ဖောက်ပြန် သွေဖီသူအဖြစ်မြင်လာကြ တယ်…..အဆိုးဆုံး ဖြစ်ရပ်က တော့ သူသိပ်ချစ် သိပ်အားကိုး အားထား နေရတဲ့ ဇနီးဖြစ်သူ ၀င်နီမင်ဒရဲလား ကိုယ်တိုင်က. .ငြိငြင်ခြင်းကိုခံခဲ့ရတယ်…..၀င်နီ ခံယူထားတာ က “ သွေးစွန်းသောလက်တွေနဲ့ဘယ်တော့မှ လက်ဆွဲနှုတ်မဆက်ဘူးတဲ့ ” ……….

ဝင်နီမင်ဒရဲလားဟာ တောင်အာဖရိက လူမဲလူထုအပေါ်မှာ နိုင်ငံရေးသြဇာရှိ သူတယောက်ပါ… အထူးသ ဖြင့် လူမဲလူငယ်ထုရဲ့မိခင်ဖြစ်ခဲ့တယ်…..သူက မင်ဒရဲလားရဲ့စေ့စပ် ဆွေးနွေးညှိနှိုင်းမှု့ အယူအဆကို လုံးလုံးလက်မခံခဲ့ဘူး….. လူငယ်တွေက သွေးထိုး လှုံ့ဆော် မြှောက်ပေးခဲ့တယ်….. ဆက်လက်ပြီး အကြမ်းဖက် လုပ်ရပ်တွေကို အစဉ်ဆက်မပြတ်လုပ် ဆောင်လာခဲ့တယ်… .အဆိုးဆုံး ကိစ္စကတော့…Necklace လို့ခေါ်တဲ့ အကြမ်းဖက်လုပ်ငန်းစဉ်ပဲ ( Necklace ဆိုတာ အင်္ဂလိပ် ဝေါဟာရ မှာ လည်ဆွဲ ဆိုတဲ့ဖွင့်ဆိုချက်နဲ့ လှပ သလောက် နိုင်ငံရေး နယ်ပယ်မှာ ကြောက်စရာ ကောင်းတယ်….… အုပ်ချုပ်သူအစိုးရရဲ့ အာဏာစက် ပျောက်ပြီး…လူအုပ်ကြီးက သူ့တို့ သဘောထား သူ့တို့ဆုံးဖြတ်ချက်နဲ့စီရင် အကြမ်းဖက်တာ ကို ခေါ်တယ်… ဒါကတောင်အဖရိကမှာ တင်မကပါဘူး…. နိုင်ငံ တော်တော် များများမှာ ဖြစ်ပျက် နေစဲပါ… ဥပမာထိုင်းနိုင်ငံမှာ မြန်မာ နိုင်ငံသား ရွေ့ပြောင်း အလုပ်သမားတွေ ကို ထိုင်းလူမျိုးတချို့က ကားတာယာတွေ စွပ် လည်ပင်းလေးပဲဖော်ထားပြီး ဓါတ်ဆီလောင်း မီးရှို့သတ်တာ မျိုး… .တောင်အာဖရိကမှာလည်း Necklace တွေ က ဒီနည်းကို အသုံးပြု တတ်ကြတယ် ) သူတို့ရဲ့ ပစ်မှတ်က လူဖြူ အစိုးရနဲ့ လူဖြူတွေတင် မကတော့ ဘူး သူတို့ လူမဲအချင်းချင်း တွေ ပါ အသတ် ခံ ရတဲ့ အထဲမှာ ပါဝင် လာတယ်…ကမ္ဘာမှာတော့ (Black..on..Black…violence) လို့ကျော်ကြားတယ်…..လူမဲ အချင်းချင်းလည်း တယောက်ကိုတယောက် မယုံကြည်ကြတော့ ပဲ… စိတ်မထင်ရင် မထင်သလို အစိုးရဘက်တော်သား ၊ အစိုးရကိုထောက်ခံသူ သတင်းပေး ဆို သတ်ဖြတ် ကြတယ်။ အပြစ်မဲ့ လူမဲပြည်သူတော်တော် များများ Necklace တွေလက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ကြရတယ် ။ နောက်ဆုံးမတော့ ၀င်နီမင်ဒရဲလား ကိုယ်တိုင် ၁၄ နှစ်သားလေး တစ်ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ်မှု့မှာ နောက်ကွယ်က ပါဝင်တယ်ဆို….အရေးယူအပြစ်ပေးခြင်းခံခဲ့ရပြီး…ထောင်နန်းစံခဲ့ရတယ်လေ။ အရင်ကထဲက အေအင်စီ ပါတီအနေနဲ့ ၀င်နီမင်ဒရဲလား ကိုသဘောမတွေ့ ခဲ့ပါဘူး…..ဒါပေမဲ့ မင်ဒရဲလားရဲ့ပုဂ္ဂိုလ်ရေး အရ မေတ္တာ ရပ်ခံ ချက် အ ပေါ်မှာသီးခံ နေကြတယ်…နောက်တော့ မင်ဒရဲလား ကိုယ်တိုင် လုံးဝ ခွင့်မလွှတ် နိုင်တော့တဲ့ အနေထားကို ရောက်ရှိ လာတော့တယ်……. တဘက်က လူဖြူ အစိုးရ ဟာအခုလို အကြမ်းဖက် လှုပ်ရှားမှု့များကို လက်ညှိုးထားလာကြ တယ်….လူမဲတွေဟာ …နိုင်ငံ ရဲ့ အုပ်ချုပ်ရေး ကိစ္စတွေ မှာဝင်ရောက်နိုင်လောက်အောင် ယဉ်ကျေးသူတွေ မဟုတ် ဘူးတဲ့………

© Reuters

တကယ်တော့ ၀င်နီမင်ဒရဲလား ဟာ မင်ဒရဲလား ထောင်သွင်းအကျဉ်းကျခံနေရ ဆဲ ကာလ များမှာ အေအင်စီ ပါတီကို ဦးဆောင်ခဲ့သူ အသားရောင်ခွဲခြားမှု့ဆန့်ကျင်ရေးလှုပ်ရှား မှု့များ ကို စဉ် ဆက်မပြတ် လုပ်ဆောင်ပေးခဲ့သူ…မင်ဒရဲလား လွတ်မြောက်ရေးနဲ့ …နိုင်ငံရေးနယ်ပယ်မှာ သြဇာ သိက္ခာရှိရေး ကို အစွမ်းကုန် လုပ်ဆောင် ပေးခဲ့သူ … .ဇနီးကောင်း တဦးဖြစ် ခဲ့ပါတယ်… သို့သော် လည်း… အချစ်တွေ မေတ္တာတရားတွေ…အနစ်နာခံမှု့တွေနဲ့ရစ်နှောင် လာခဲ့တဲ့ အိမ်ထောင် သက် ၃၈နှစ် တာကာလအရောက်မှာတော့… .ယုံကြည်မှု့တွေ ကွဲပြားခဲ့ကြတဲ့ ဇနီးမောင်နှံဟာ လမ်းခွဲခဲ့ကြ ပါတယ်…..။

သူတို့နှစ်ဦးလမ်းခွဲအပြီး သတင်းဌာန တွေကို ပြောကြ ဆိုကြတဲ့စကား တွေ တချို့က လည်း စိတ်ဝင်စားစရာပါ ။ ၀င်နီက ပြောတယ်……… “ကျမ…သူ့အပေါ်ကိုဘယ်လောက် အနစ်နာ ခံ ပေးဆပ်ခဲ့ သလည်း ဆိုတာ…. အားလုံး သိ ပါတယ်… လင်သား တယောက်အနေနဲ့ရော… ခေါင်းဆောင်တယောက် အနေ နဲ့ပါ…ရိုသေ လေးစားခဲ့ပါတယ်…ဒါပေမဲ့… လူဖြူအစိုးရ နဲ့ လက်ကမ်း ပြီး…စေ့စပ် ဆွေးနွေး အပေး အယူလုပ် ကထဲက သူ့ အပေါ်ကို ကျမ တော်တော် ငြိုငြင် မိတယ်….အဆိုးဆုံး ကတော့…ငြိမ်းချမ်းရေးနိုဘယ်ဆုကို… သွေးစွန်းတဲ့ လူသတ်လက်တွေနဲ့….. ယှဉ်တွဲယူတဲ့ အပေါ် ကျမ လုံးဝ မကျေနပ် ဘူး…ဒီကိစ္စ ကို တားတယ်…… မင်ဒရဲလား ဟာ…တောင်အာဖရိကရဲ့လူမဲတော်လှန် ရေးကို အမြတ် ထုတ်သွားသူတယောက်ပါ……

မင်ဒရဲလားကတော့ သိပ်ရှည်ရှည် ဝေးဝေး မပြောခဲ့ဘူး……ဒီအထဲက လိုရင်းလေး တချက်က သိပ်ကောင်းတယ်…..မျိုးချစ်မျက်ကန်း ဆိုတာ…မျိုးချစ်မဟုတ် ပါဘူးတဲ့…….. တောင်အာဖရိက မှာရှိတဲ့ လူထုဟာ မင်ဒရဲလားရဲ့စွမ်းဆောင်ရည်တွေကို တဖြေးဖြေးခြင်း နားလည်လာ ကြ တယ်…. နယူးယောက်တိုင်း(မ်) သတင်းစာမှာ ဖော်ပြခဲ့တဲ့….တောင်အာဖရိက ကလူမဲ ဆရာဝန် တယောက်ရဲ့ ထင်မြင်ချက်က လည်း….

“ကျနော်အစပထမ မင်ဒရဲလားရဲ့လုပ်ဆောင်ချက် များ အပေါ်သံသယရှိခဲ့တယ်… သတိကြီး စွာနဲ့ စောင့်ကြည့်နေခဲ့တယ်…. တကယ်က သူ့ရဲ့လုပ်ရပ်ကမှန်ကန်တယ်ဗျ…… ဒီနေ့တောင် အာဖရိကမှာ အစစအရာရာ နိမ့်ကျ နေတဲ့….လူမဲထုရဲ့ ဘ၀ကို လက်တွေ့ ကျကျ မြှင့်တင် လိုတယ်…. အဲဒီလို မြှင့်တင်ဘို့ဆိုတာ… တော်လှန်ရေးနဲ့ တဘက်ကို တဘက် အမြစ်ပြတ် ချေမှုန်း သွားလို့ မဖြစ်နိုင် ဘူး… လူမဲ ပြည်သူတွေအနေနဲ့ ကလည်း ဒါတွေကို စိတ်ကုန် နေပါပြီဗျာ….. ကျနော် ကတော့… ၀င်နီမင်ဒရဲလား ရဲ့ Necklace တွေကိုကြည့်ပြီး…တော်တော် အော့နှလုံးနာမိတယ်….. ဒီနေ့လူထု လိုလား တာ… တန်းတူ အခွင့်ရေးတွေရ ဘို့နဲ့. နိမ့်ကျနေတဲ့ဘ၀တွေကို မြှင့်တင်ပေးဘို့ပဲ…ဒါတွေသာ ပြည့်စုံအောင်လုပ်ပေးနိုင်မယ်ဆို ကျေနပ် တယ်….. တဘက်နဲ့တဘက် အငြိုးအာဃာတကြီးတွေနဲ့ ချေမှုန်း တိုက်ခိုက် နေမှု့တွေကိုလည်း စိတ်မ၀င်စားဘူး…….ကျနော်ကတော့ မင်ဒရဲလား လုပ်ရပ်ကို အကြွင်းမဲ့ ထောက်ခံတယ်….”

တခါက တောင်အာဖရိက နိုင်ငံရဲ့လူမဲပြည်သူတွေအပေါ်မှာ နိုင်ငံရဲ့မိခင် လို့တင်စားသတ်မှတ်ခြင်းခံခဲ့ရတဲ့ ၀င်နီမင်ဒရဲလားတစ်ယောက်ကတော့…ခုတော့သူ့ကို အများစုက (the woman once called the "mother of the Nation" by many black South Africans but now called the "mugger of the Nation" ) မုဆိုးတပိုင်း မိန်းမရိုင်းလို့ သတ်မှတ်ခေါ်ဝေါ်နေကြပါပြီ

အနှစ်ချုပ်အားဖြင့်တင်ပြလိုတာ ကတော့….. ယနေ့မြန်မာနိုင်ငံမှာလည်း…. ဒေါ်အောင်ဆန်းစုကြည် ဟာ. . လက်ရှိ

အစိုးရသစ် နဲ့ပူးပေါင်းဆွေးနွေး လုပ်ဆောင်ခြင်း အပေါ်….ဝေဖန် တိုက်ခိုက် နေသူများ လည်းရှိနေပါတယ်….ဒါကလည်းသူတို့ယုံကြည်ချက်သူတို့ရှုဒေါင့်နဲ့ပဲလေ…..ကျနော်တို့ပြည်သူလူထုဟာ.ခေါင်းဆောင်ကို အားကိုးတယ်….. ဒါပေမဲ့ မျက်စိမှိတ်ပြီး..အားကိုး ကြ တာတော့ မဟုတ် ပါဘူး…ဒေါ်အောင်ဆန်းစုကြည် ဟာ အားကိုး ထိုက်တဲ့ ခေါင်းဆောင် ဖြစ်နေလို့ အားကိုး ကြတာ…အနိမ့်ဆုံး လူတွေမှာ ဘယ်ဟာ အကောင်း လည်း ဘယ်ဟာ အဆိုးလည်း ဆိုတာခွဲခြားနိုင်တဲ့… အတွေးအခေါ် လောက်တော့ ရှိနေပါတယ်…. . ဒေါ်အောင်ဆန်းစုကြည် အပေါ် ဝေဖန် တိုက်ခိုက် နေ မှု့များ ဟာ လည်း… တကယ်တော့… ၀င်နီမင်ဒရဲလား… မင်ဒရဲလား ကို တိုက်ခိုက် တာလောက် မဆိုးသေးပါဘူး…. ၀င်နီမင်ဒရဲလား လောက် လည်း စွမ်းစွမ်း တမံ… မနှောက်ယှက်နိုင်လောက်ပါဘူး… .၀င်နီမင်ဒရဲလားလောက်လည်း နိုင်ငံရေးသြဇာမရှိပါဘူး…ဒီလို နိုင်ငံရေးသြဇာရှိတဲ့သူကတိုက်တာတောင် မင်ဒရဲလား ဆိုးဆိုးဝါးဝါးဘာမှဖြစ်မသွားပါဘူး..ဒီတော့… ကြီးကြီးမားမားစိုးရိမ်ဖွယ်ရာ မှာမရှိပါဘူး….ဝေဖန်တိုက်ခိုက်နေသူများကလည်း…ဝေဖန်တိုက်ခိုက်နိုင်တဲ့ အခွင့်အရေးရှိပါတယ်….ကျနော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံခွင့်ရှိပါတယ်…..

ပြည်သူလူထုတရပ်လုံးရဲ့တာဝန်က ဒေါ်အောင်ဆန်းစုကြည် ကို ၀န်းရံပေးဘို့ပါပဲ………….

အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

0 ယောက် အကြံပြုထားပါသည်:

Post a Comment