Thursday, November 10, 2011

လူမျိုးရေး ခွဲခြားမှုနှင့် မလေးရှား စီးပွားရေး ကျဆင်းမှု

Malaysia-airlines

DK၊ ၊မလေးရှား နိုင်ငံသည် လူမျိုးဘာ သာပေါင်းစုံ တို့ဖြင့် ဆူညံစည် ကားနေပြီး မလေး၊
အင်ဒီးယန်း
(အိန္ဒိယလူမျိုး) များ၊ တရုတ်များနှင့် အခြားသောလူမျိုးပေါင်းစုံ တို့ ငြိမ်းချမ်းစွာ
အတူယှဉ်တွဲ
နေထိုင်ကြသော နိုင်ငံတခု ဖြစ်သည်ဟု အစိုးရ၏ ကမ္ဘာလှည့် ခရီးသွားဋ္ဌာနမှ
မလေးရှား နိုင်ငံ၏
ပုံရိပ်အား မြှင့်တင်၍ တိုးရစ်များအား ဆွဲဆောင်ရန် ကြိုးပမ်း
ဝန်ကြီးချုပ် နာဂျစ်မှလည်း ၄င်းဦး
ဆောင်သော အစိုးရ၏ ဆောင်ပုဒ် ဖြစ်သော
1Malaysia” အား ကြေငြာ ခဲ့ချိန်၌ ထိုသဘော
တရားကို တထပ်တည်း နင်း
လေ၏။ “မလေးရှား နိုင်ငံ၏ ပြိုင်ဘက်မဲ့သော ထူးခြားချက်
ဝိသေသ တရပ်မှာ လူမျိုး
ပေါင်းစုံ၊ နိုင်ငံသား ပေါင်းစုံတို့ ယှဉ်တွဲ နေထိုင် နိုင်ကြခြင်း
ပင်ဖြစ်သည်” ဟု နာဂျစ်ဘ် မှဆို၏။

“1Malaysia” ၏ ရည်မှန်းချက် မှာ မလေးရှား နိုင်ငံ၏ အင်အားဖြစ်သော၊ အနာဂတ်
ကာလအ တွက်လည်း အကောင်းဆုံး မျှော်လင့်ချက် ဖြစ်သော အတူတကွ ယှဉ် တွဲနေ
ထိုင် ကြသော ရှိရင်း စွဲအနေ အထားကို မပျောက်ပျက် စေရန်နှင့် စည်းလုံးညီ ညွတ်မှု
အားတိုးတက် မြှင့်တင်ရန် ပင် ဖြစ်သည်ဟု ဆို၏။

အကယ်၍ နာဂျစ်ဘ်သာ ထိုရည်မှန်းချက်ကို အရယူမည်သာ ဆိုပါက အရင်ဆုံး ကြည့်မှန်
တချပ်အား ခပ်ကြာကြာ လေး စိုက်ကြည့်ရန် လိုအပ်၏။ အစိုးရ၏ ဆောင်ပုဒ်သစ် မှာ
“1Malaysia” ဖြစ်သော် ငြားလည်း မလေးရှား ၌ ယနေ့အချိန် တွင် ဖြစ်တည် နေသော
လူမျိုးရေး နှင့် ဘာသာရေး တင်းမာမှု တို့သည် နာဂျစ်ဘ် ဝန်ကြီးချုပ် ရာထူးအား စတင်
လက် ခံခဲ့သော (၂၀၀၉) ထက်ပင် ပိုဆိုးလာ ခဲ့သည်။

အမှန်မှာ ဤတင်းမာ မှုများသည် လူများစု ဖြစ်သော မလေးတို့ နှင့် လူနည်းစု ဖြစ်သော
တရုတ် တို့အကြား လူမျိုးရေး အဓိကရုဏ်း ကြောင့် လူပေါင်း (၂၀၀) ခန့်သေဆုံး ခဲ့ရသော
(၁၉၆၉) ခုနှစ် မှစ၍ ပို၍ဆိုး ဆိုးလာခဲ့လေသည်။ လတ်တလော ပို၍ ဆိုးရွားလာ မှု
သည်ကား အပြောနှင့် ရော အလုပ်နှင့်ပါ လူမျိုးရေး ဂိုဏ်းဂဏစွဲ ရန်စမှု များကို
မလေးရှား နိုင်ငံ၏ ခေါင်းဆောင်ပိုင်း မှ လွှတ်ထားခြင်း
ဖြစ်၏။ ဥပမာဆိုရသော် (၂၀၁၀) ဒီဇင်ဘာလ အတွင်း၊ ခရစ္စမတ်နေ့ ပျော်ရွင် ပွဲ အခမ်း
အနား အားတက် ရောက်ရန် ကွာလာလမ်ပူ ကက်သလစ် ဂိုဏ်းချုပ် ဘုန်းတော်ကြီး မှ
နာဂျစ်ဘ်အား ဖိတ်ကြားခဲ့ရာ နာဂျစ်ဘ်အား ထိပါးစေ သလို မဖြစ်စေရန် အတွက် လက်ဝါး
ကပ်တိုင် များအား ဖယ်ရှားရန်၊ ခရစ္စမတ်သီချင်း များ မဆိုရန်၊ မဖွင့်ရန် နှင့် ဆုတောင်း
ပတ္တနာ ပြုခြင်း များမလုပ် ရန် ၄င်း၏ လက်ထောက် တဦး ဖြစ်သူ ဟာဒက်ဗ်ကောရ်
(Hardev Kaur) မှ ပြောခဲ့သည်။ မလေးရှား နိုင်ငံသား များအနေ နှင့် ဝန်ကြီးချုပ်
တဦး၏ မေတ္တာရပ် ခံချက်အား လက်မခံဟု ပြော၍ ရသည့် အလား၊ ထိုကိစ္စနှင့်
စပ်လျဉ်း၍ သူမ အနေနှင့် မေတ္တာရပ်ခံ ခဲ့ခြင်းသာ ဖြစ်ပြီး၊ ညွှန်ကြားချက်
ထုတ်ခဲ့ခြင်း မဟုတ်ဟု ဟာဒက်ဗ်ကောရ် မှ နောက်ပိုင်း တွင် ဆိုခဲ့သည်။

အလားတူ ဥပမေယျများ မှာလည်း အများအပြားပင်။ (၂၀၀၉) စက်တင်ဘာ တွင်
နွားခေါင်းပြတ် တခုကို ဟိန္ဒူဘုရား ကျောင်းသို့ သယ်လာသော ဆန္ဒပြသူ များအား
မလေးရှား ပြည်ထဲရေး ဝန်ကြီး ဟီရှမ်မူဒင် မှ တွေ့ဆုံခဲ့ ပြီးနောက်ပိုင်း ဆန္ဒပြသူ
တို့ဘက်မှ ခုခံကာ ကွယ်ပေးသော သတင်းစာ ရှင်းလင်း ပွဲတရပ် အား ဟီရှမ်မူဒင်
မှပြုလုပ် ခဲ့သည်။ ထိုမှ (၂) လအကြာတွင်၊ မလေးရှား စစ်တပ်တွင် မလေးလူ မျိုး
များ သာ အများစု ဖြစ်နေရ ခြင်းမှာ အခြားသော လူမျိုးများ တွင် မျိုးချစ်စစ် ခေါင်း
ပါးသော ကြောင့်ဟု မလေးရှား ကာကွယ်ရေး ဝန်ကြီး ဖြစ်သူ အာမက် ဇာဟစ်
ဟာမီဒီ မှ လွှတ်တော် တွင် ပြောခဲ့၏။

လူထု ဖိအားကြောင့် နောက်ပိုင်းတွင် ၄င်းမှ သူ၏စ ကား အတွက် တောင်းပန် မှု ပြုခဲ့ရသည်။
လံကြုပ်များ နေ့စဉ် ဖွနေပြီး၊ လူမျိုးရေး အမုန်းတရား များ ရိုက်သွင်း မှုများ အား ပုံနှိပ် ဖြန့်ချိ
နေ သည်ဟု မလေးရှား အတိုက်အခံ ခေါင်းဆောင်တဦး ဖြစ်သော လင်မ်ကစ်တ်ဆျန်း (Lim
Kit Siang) မှဆိုသော မလေးဘာ သာဖြင့် ထုတ်ဝေ သော ရှေ့ဆောင် သတင်းစာ တစောင်မှာ
မလေးသံတော်ဆင့် ဟု အမည်ရသော ဥူတူဆန်မလ္လာယု (Utusan Melayu) ဖြစ်သည်။
ထို ဥူတူဆန်မလ္လာယု သတင်းစာ ၏ပိုင်ရှင်မှာ နာဂျစ်ဘ်၏ ပါတီဖြစ်သော ညီညွတ်သော
မလေးနိုင်ငံတော်ပါတီ – အမ်နို ဖြစ်နေ ပြန်၏။ အတိုက်အခံ များသည် မလေးရှား နိုင်ငံအား
အကျင့် ပျက် ကွန်မြူနစ် တရုတ်နိုင်ငံ ၏ လက်အောက်ခံ ကိုလိုနီ ဖြစ်စေလိမ့် မည်ဖြစ်ပြီး
မလေးဘုရင် စနစ်အား ဖျက်သိမ်း လိမ့်မည် ဖြစ်သည်ဟု ဥူတူဆန် သတင်းစာ မှ ဖွသည်။
ဥူတူဆန်သည် မလေးရှား နိုင်ငံသား တရုတ်နွယ် ဖွားနိုင်ငံ ရေးသမား များအား ပုံမှန်
ဝေဖန်တိုက် ခိုက်လေ့ရှိ ပြီး တရုတ် နွယ်ဖွား အတိုက်အခံ အမျိုးသမီး လွှတ်တော် အမတ်
တဦးဖြစ်သော ဆီပူတဲရ် မြို့နယ်၏ လွှတ်တော် အမတ် ဖြစ်သူ ထရီဇာကော့ခ် (Teresa Kok)
အား သုတ်သင် သင့်သည် ဟူ၍ပင် ပင့် ခဲ့သေးသည်။ သည်းခံနိုင် စွမ်းများ တစထက်တစ
လျော့ပါးလာ နေခြင်းမှာ နိုင်ငံရေး အရ စိန်ခေါ်မှုသာ မကပဲ စီးပွားရေး ပြဿနာ တရပ်
လည်းဖြစ်သည်။

တချိန်က ဖွံ့ဖြိုးဆဲ နိုင်ငံ များထဲတွင် စတား ဖြစ်ခဲ့သော နိုင်ငံများ အနက် တခု ဖြစ်သော
မလေးရှား နိုင်ငံ၏ စီးပွားရေး သည် ပြီးခဲ့သော ဆယ်စုနှစ် တွင် သာမန်အောက် အဆင့်
တွင်သာ ရှိခဲ့သည်။ (၂၀၂၀) မတိုင်မီ ဖွံ့ဖြိုးပြီး နိုင်ငံတ နိုင်ငံ ဖြစ်စေရ မည်ဆိုသော မလေးရှား
လေလုံးကြီးကြီး အား လက်တွေ့ဖြစ် လာစေရန် ယခု ဆယ်စုနှစ် အတွင်း မလေးရှား နိုင်ငံ၏
စီးပွားရေး သည် နှစ်စဉ် (၈%) တိုးတက်မှု ရှိနေရန် လိုအပ်သည်။ (၈%) တိုးတက်မှု အဆင့်
အတန်း ရရှိရန် အတွက်မှာ ပြည်တွင်း နှင့် ပြည်ပမှ အဓိက ကျသော ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှု
များ၊ အဆင့်မြှင့် တင်ထားသော လူ့စွမ်းအား ရင်းမြစ်နှင့် ထင်ရှားသော စီးပွားရေး ပြုပြင်
ပြောင်းလဲမှုများ လိုအပ်နေပြန်၏။ သို့သော် ထိုတိုးတက် မှုကို ရရှိရန် လိုအပ်သော
လမ်းကြောင်း တွင် ပိုပိုဆိုး လာနေသည့်ု လူမျိုးရေး နှင့် ဘာသာရေး တင်းမာမှု များက
ပိတ်နေကြ၏။ (၂၀၀၇) နှင့် (၂၀၀၉) ခုနှစ်များ အတွင်း၊ နိုင်ငံမှ ထွက်ခွာသွား ကြသော
မလေးရှား နိုင်ငံသား အရေ အတွက် မှာ ငါးသိန်း နီးပါးရှိခဲ့ပြီး နိုင်ငံခြား ရှိ မလေးရှား
နိုင်ငံသား ပညာ ရှင်များ ၏ စုစုပေါင်း အရေ အတွက် ထက်နှစ်ဆ ပင် ကျော်နေခဲ့သည်။
(၂၀၀၈) ခုနှစ်တွင် စင်္ကာပူနိုင်ငံရှိ စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS) ရှိနည်းပြ၊
ကထိက (၃၀%) မှာ မလေးရှား နိုင်ငံသားပညာတတ်များ ဖြစ်ကြသည်။။ မလေးရှားမှ
ပြည်ပ သို့ထွက် ခွာသွား ကြသူ အများစု မှာ ကိုယ့်နိုင်ငံ အတွင်း၌ ပင် ပညာရေး၊ စီးပွားရေး
လုပ်ငန်းများ နှင့် အစိုးရ အလုပ်များ ၌ သာတူညီမျှ ကြိုးစား ယှဉ် ပြိုင် ခွင့် မရှိသော
ဒုတိယ တန်းစား နိုင်ငံသား အဆင့် အတန်းအား စိတ်ကုန်နေ ကြသော တရုတ်နွယ်ဖွား
များနှင့် အိန္ဒိယနွယ်ဖွား အတတ်ပညာ ရှင်များ ဖြစ်ဟန်ရှိသည်။

မလေးရှား နိုင်ငံ မှ ပြည်ပ သို့ ထွက်ခွာ သွားကြသူ များ နှင့် ပြည်ပတွင် ပညာသင် ယူကြသော
မလေးရှား ကျောင်းသား အများအပြား တို့သည် မလေးရှား သို့ ပြန်မလာ ကြတော့ချေ။
၎င်းတို့ အနက်မှ အများစုမှာ တရုတ်နှင့် အိန္ဒိယ နွယ်ဖွား များ ဖြစ်ကြ ပြန်သည်။ ၄င်းတို့၌
မလေးရှား နိုင်ငံ၏ အနာဂတ် အတွက် လိုအပ် နေသော စီးပွားရေး လုပ်ငန်း များဆိုင်ရာ၊
အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ၊ သိပ္ပံပညာ ရပ်ဆိုင်ရာ ကျွမ်းကျင်မှု အရည်အချင်း များ
ရှိနေ၏။ ထိုမျှမကသေး၊ အာရှတိုက်၏ ကြီးထွားမှု နှုန်း အမြန်ဆုံး ဖြစ်နေသော ဈေးကွက်
နှစ်ခု ဖြစ်သည့် တရုတ် နှင့် အိန္ဒိယ တို့နှင့် မလေးရှား နိုင်ငံ တို့အကြား စီးပွားရေး အရ
ဆက်နွယ် မှု များအား ပိုမို တိုးတက်စေရန် လိုအပ်သော ယဉ်ကျေးမှုနှင့် ဘာသာစကား
ကြွယ်ဝမှု တို့ မှာလည်း ၄င်းတို့တွင် ရှိနေပြန်သည်။ ဤတရုတ်နှင့် အိန္ဒိယနွယ်ဖွား များ
အတွက် လူမျိုးရေးအရ ခွဲခြားဆက်ဆံခံရမှုမှာ အသစ်အဆန်းတော့ မဟုတ်ပါ။ အရင်းအနှီး
ထောက်ပံ့ငွေ ပမာဏ ခွဲဝေပေးခြင်း မှစ၍ အိမ်ယာဈေး နှူန်း လျှော့ချပေးမှု များအထိ
|မလေးလူမျိုးများ အတွက် မျက်နှာလိုက် ၍ ပိုမိုခွဲဝေပေး ထားခဲ့ခြင်းဖြစ်သည့် မလေးရှား
အစိုးရမှ အတည်ပြု ထောက်ခံ ထားသော မူဝါဒများမှာ ဆယ်စုနှစ် အတော်ကြာ ကြာ
ရှိနေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် လူနည်းစု တရုတ်နှင့် အိန္ဒိယ နွယ်ဖွားများ အား နိုင်ငံ
ကို စွန့်ခွာသွား စေသည့် အချက်မှာ စဉ်းစား စရာဖြစ်လာသည်။

ပထမအချက်မှာ မလေးရှားအစိုးရ အတွင်း၌ ၄င်းတို့၏ သဘောထား ဆန္ဒများကို
ထုတ်ဖေါ် နိုင်စွမ်းမရှိဟု ထိုလူနည်းစု တရုတ်နှင့် အင်ဒီးယန်း များမှ ပို၍ပို၍ ခံစား
လာ နေကြရသည်။ လက်ရှိ အာဏာရ ညွန့်ပေါင်း အစိုးရ အတွင်းရှိ တရုတ်နှင့်
အင်ဒီးယန်းပါတီ များမှာ ၄င်းတို့၏ လူမျိုးများအာ ကာကွယ်ပေးရန် ဖြစ်သော်လည်း
လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းမှ စပြီး ကြားနေ သည့် အနေ အထား ဖြစ်လာ
ခဲ့ကြသည်။ ၄င်းတရုတ် နှင့် အင်ဒီးယန်းပါတီ များသည် တွဲဘက်ဖြစ်သည့် မလေးနိုင်ငံရေး
သမားများထံမှ ထွက်လာခဲ့သော လူမျိုးရေး ထိုးနှက်မှုများ နှင့် ပတ်သက်ပြီး ကြီးစွာ
ရေငုံနှုတ်ပိတ် နေခဲ့ကြသည်။ ယနေ့ မလေးရှား နိုင်ငံ၏ အစိုးရအလုပ်များ၊ ရဲတပ်ဖွဲ့၊
စစ်တပ်၊ တက္ကသိုလ်နည်းပြများ၊ နိုင်ငံရပ်ခြားရှိ သံတမန်များ အားလုံးတို့၏ ၉၀%
သည် မလေး လူမျိုးများမှ နေရာယူ ထားကြသည်။

ပြည်ပရှိ မလေးရှား နိုင်ငံသား များ (အများစုမှာ တရုတ်နှင့် အိန္ဒိယ နွယ်ဖွားများဖြစ်)
ကို နိုင်ငံသို့ ပြန် လာစေရန် လုပ်ဆောင်ရန် အတွက် (၂၀၁၀) တွင် စတင်ဖွဲ့စည်း
တည်ထောင် ခဲ့သော အစိုးရ အဖွဲ့အစည်း တခု ဖြစ်သည့် (Talent Corp) ကိုပင်
မလေးလူမျိုး တဦးမှ ဦးဆောင် နေပြီး၊ ဘုတ်အဖွဲ့ ဝင်များမှာ လည်း မလေး
လူမျိုးများ သာဖြစ်လေသည်။ ပြည်သူပိုင်ဘဏ္ဍာငွေများကို ကျခံသုံးစွဲပြီး ဖွဲ့စည်း
|တည်ထောင်ထားသော မလေးများသာ ကြီးစိုးလွှမ်းမိုးနေသည့် ထို Talent Corp
မှ ပြန်လည်ဆွဲဆောင်နိုင်ခဲ့သည့် မလေးရှား နိုင်ငံသားပညာရှင် အရေအတွက် နှင့်
ပတ်သက်ပြီး အတိုက်အခံလွှတ်တော် အမတ်များမှ မကြာသေးမီက မေးခွန်းထုတ်
ခဲ့ကြရာ ထုံးစံအတိုင်း တိတိကျကျ ပြန်မဖြေနိုင်ကြပဲ ဝေဝေဝါးဝါး လုပ်ခဲ့သည်။

ဒုတိယအချက်မှာ၊ အစိုးရမှ အတည်ပြု ထောက်ခံထား သော လုပ်ငန်း ဆောင်ရွက်ရေး
မူဝါဒ များနှင့် စပ်လျဉ်း ၍ စီးပွားရေး ပြုပြင် ပြောင်းလဲ မှုနှင့် ညှိနှိုင်း လုပ်ဆောင်မှု
များမှာ ဆိုင်းငံ့ထားခြင်း ခံရသည်။ တမြန် မနှစ်က ဈေးကွက်နှင့် လိုက်လျော
ညီထွေရှိပြီး၊ အရည်အချင်း ပေါ် အခြေခံသော၊ ပွင့်လင်း မြင်သာမှုရှိကာ၊
လိုအပ်ချက် များအရ ဖြစ်သည့်၊ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်သော အစိုးရမှ
ထောက်ခံသော လုပ်ငန်း ဆောင်ရွက်မှု မူဝါဒ (Affirmative Action Policy)
ဖြစ်သည်ဟု ဝန်ကြီးချုပ် နာဂျစ်ဘ်မှ ဆိုသော ၄င်း၏ စီးပွားရေး ပုံစံသစ် (New
Economic Model) အား ၄င်းကိုယ်တိုင်မှ လိုက်ပါ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။
အကြောင်းမှာ အရည်အ ချင်း ပေါ် အခြေခံ သောစနစ် (Meritocracy) နှင့်
ပွင့်လင်းမြင်သာမှု (Transparency) တို့ကို ဖေါ်ဆောင်ခြင်းသည် မလေးများ
၏ရပိုင်ခွင့် များ ဟု ၄င်းတို့မှဆိုသည့် အရာကို ခြိမ်းခြောက် နေသည်ဟု ယုံကြည်
ကြသော ပါကာဆာ (Perkasa) ကဲသို့သော လက်ယာယိမ်း မလေးအဖွဲ့
အစည်းများ မှ ဆန့်ကျင် ကြသော ကြောင့် ဖြစ်သည်။

သို့သော် ပြုပြင်ပြောင်းလဲ မှုများအား ဆိုင်းငံ့ ထားခြင်း ဆိုသည် မှာ နိုင်ငံတကာ တွင်
ယှဉ်ပြိုင်နိုင်စွမ်း ရှိမှုအား ထပ်မံ ထိခိုက် ဆုံးရှုံး စေပြီး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်
မှု နှူန်းအား ပိုမို နှေးကွေး သွားစေမည်ဟု အဓိပ္ပာယ် ရသည်။ ဘေးတွင် သယံဇာတ
ဟူ၍ ဘာမှ မယ်မယ်ရရမရှိလှပဲ ရေပင် ဝယ်သုံးနေရသော စင်္ကာပူနိုင်ငံ၏ GDP
per capita မှာ US$ 50000 အထက်တွင် ရှိနေချိန်တွင် မလေးရှား နိုင်ငံ၏
GDP per capita မှာမူ US$ 20000 ဝန်းကျင်တွင်သာရှိနေသည်။ စင်္ကာပူနှင့်
ကပ်လျက်မြို့ဖြစ်သော ဂျိုဟိုဘာရူမြို့ တွင် နံနက်မိုးလင်းလျှင် စင်္ကာပူနိုင်ငံတွင်း
အလုပ်သွားလုပ်ကြသော မလေးရှား နိုင်ငံသားများ အပြည့်ဖြစ်သည်။ အများစုမှာ
အလုပ်ကြမ်းသမားများဖြစ်ကြသည်။ ငွေလဲနှုန်း (S$1 ~ MYR 2.4) ဖြစ်နေခြင်း
က မလေးရှား နိုင်ငံသားများအတွက် အတော့်ကို မက်မောစရာဖြစ်နေ၏။
အရှေ့တောင်အာရှ ဒေသတွင်း ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကိုဖိတ်ခေါ်နိုင်
စွမ်းရှိမှုတွင် လည်း စင်္ကာပူနှင့် ထိုင်းတို့၏နောက်တွင်သာ ရှိနေလေ၏။ ယခု
ဗီယက်နမ်ကပါ စိန်ခေါ်လာပြီဖြစ်သည်။

၎င်း၏ပါတီနှင့် အစိုးရ အရာရှိများထံ မှ ထွက်လာသော ဖွလုံး များကို နာဂျစ်ဘ်
အနေနှင့်လည်း ယုံကြည်လက် ခံမှု ရှိချင်မှ ရှိမည်ဖြစ် သော်လည်း မလေးလူမျိုး
များ၏ ထောက်ခံမှု ရရှိရန်အတွက် သူ့အနေနှင့် ငြိမ်သက် နေခဲ့သည်။ မျက်မှောက်
ကာလတွင် ၄င်း၏ ပါတီ အနေနှင့် အတိုက်အခံ ဘက်မှ အကြီးကျယ်ဆုံးသော
စိန်ခေါ်မှု နှင့် ရင်ဆိုင် နေရချိန်တွင်၊ အထူးသဖြင့် လူမျိုးရေးဆိုင်ရာ မူဝါဒနှင့်
နောက်ဆက်တွဲ စီးပွားရေး အကျိုးဆက် များ နှင့် ပတ်သက်ပြီး အတိုက်အခံ မှ
အစိုးရ အား ထိုးနှက် နေချိန် တွင် ထိုသို့ ရေငုံနှုတ် ပိတ်နေခြင်း သည် နိုင်ငံ ရေး
အရ မူ ကွက်တိ ဖြစ်လေသည်။ မလေးရှား ဒု-ဝန်ကြီးချုပ် ဟောင်း အန်ဝါအီဘရာဟင်
၏သမီး ဖြစ်ပြီး ငယ်ရွယ်သော လွှတ်တော် အမတ် ဖြစ်သူ နူရူလ်အစ်ဇာအန်ဝါ မှ
မလေးနိုင်ငံ (သို့) မလေးရှား နိုင်ငံ မည်သည့်အရာ ဖြစ်သင့်သည် ဆိုသော
မလေးရှား နိုင်ငံ၏ အနာဂတ် အတွက် အခြား အမြင်သစ် များ ဟု သူမမှဆို
သည့် ကိစ္စရပ် နှင့် ပတ်သက်၍ အမျိုးသား စကားရည်လုပွဲ တရပ် ကျင်းပရန်
အဆိုပြုခဲ့သည်။ ထိုကိစ္စကြောင့် သူမအား ပါကာဆာအဖွဲ့မှ အမျက်သိုခဲ့ပြီး
၊ သူမ၏ စကားသည် နိုင်ငံတော် အကြည်ညို ပျက်စေသည်ဟု လည်း အစိုးရမှ
ဖွခဲ့သေးသည်။

လူမျိုးရေး နှင့် ဘာသာရေး ကိစ္စအား တုတ်နှင့် ထိုးခြင်းသည် နိုင်ငံရေး အရ
အတော်ပင် တွက်ခြေကိုက် သည်ဟု မလေးရှား အစိုးရ အနေနှင့် ယူဆကောင်း
ယူဆမည် ဖြစ်သော်လည်း အခွင့်အရေးအား ဖြတ်လမ်းလိုက်ခြင်း နှင့်အတူ
စီးပွားရေး ပေးဆပ်ရမည့် တန်ဖိုး မှာလည်း ဒွန်တွဲပါလာမည်ဖြစ်သည်။

မြင့်သထက်မြင့်လာနေသော အုံနှင့်ကျင်းနှင့်အကျင့်ပျက်ခြစားမှု (Institutionalized
Corruption) နှုန်းမှာလည်း မလေးရှား နိုင်ငံ၏ စီးပွားရေး ကို အပြင်းအထန်
ထိုးနှက်နေလေ၏။ ထိပ်ဆုံးမှ အောက်ဆုံးအထိ အကျင့်ပျက်ချစားနေကြ၍
(2010 CPI Index) တွင် အကျင့်ပျက်ခြစားမှု အနည်းဆုံးအနေအထားဖြင့် ဒိန်းမတ်နှင့်
နယူးဇီလန်နိုင်ငံများနှင့် ယှဉ်တွဲ၍ ပထမဆင့် ရရှိခဲ့သော စင်္ကာပူနိုင်ငံနှင့် ယှဉ်ပါက
အလွန်ပင် အလှမ်းကွာဟနေသည်။ လူနည်းစု မလေးရှား နိုင်ငံသား များသည်လည်း
သူတို့ပိုင်ငွေ များ နှင့် ကျွမ်းကျင်မှု အရည် အသွေးများကို တခါတည်း မပြီး မလေးရှား
ကို အပြီး စွန့်ခွာသွားကြမည် သာဖြစ်သည်။ လူမျိုးရေး မတည်ငြိမ် မှု များနှင့် အဓိပ္ပာယ်
ရှိရှိ စီးပွားရေး ပြုပြင် ပြောင်းလဲ မှု များ မရှိခြင်းအား ပူပန်ကြောင့် ကြမှုများ ရှိနေကြသော
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ များသည်လည်း စီးပွားရေး လုပ်ရန် အတွက် အခြား သော နိုင်ငံ
များကိုသာ လေ့လာ ကြည့်ရှုနေကြ လိမ့်မည် ဖြစ်သည်။

(DK: မလေးရှားနိုင်ငံတွင် ၁၉၉၅-၁၉၉၈ ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့သော
အမေရိကန်သံအမတ်ကြီး ဂျော်န်မားလော့တ် (John R. Malott) ၏ The Price
of Malaysia’s Racism ကိုဆီလျော်အောင် ပြန်ဆိုပါသည်။ ယခုဆောင်းပါးသည်
အနာပေါ်တုတ်ကျဖြစ်သွားရသည့် မလေးရှားအစိုးရ၏ အရှိုက်ကိုထိုးနှက်ခဲ့ပြီး
ဝန်ကြီးချုပ်နာဂျစ်ဘ်၏ လက်ထောက်၊ ဝန်ကြီးတဦးဖြစ်သူ နာဇရီအဇစ် မှ အမေရိကန်
သံအမတ်ကြီးဟောင်း ဂျော်န်မားလော့အား ပြည်ဝင်ခွင့် ပိတ်ပင်ရန်ပင် အကြံပြုခဲ့သည်
အထိ တုန့်ပြန်မှုများရှိခဲ့သည်)

by FNG

http://freedomnewsgroupမှကူးယူဖေါ်ပြပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment