Thursday, November 8, 2012

အဖိုးမိုင်း..သို့ ..တမ်းချင်း

--တိုင်းရင်းသားအရေး တွင်တွင် ဟစ်ကြွေးကြပါတဲ့ အဝေးရောက်... ကိုရွှေမြန်မာ တိုင်းရင်းသားတို့ ရယ် ညီညွှတ်စွာအရင် ပေါင်းစည်းကြစို့ လား...၊ --ပြည်တွင်းစစ် အစဉ်သာရပ်ဆဲဖို့  မသေခင်မြင်ချင်စမ်းပါတဲ့ သူ့ ဆန္ဒတွေ အဖိုးမိုင်းရယ်... အရိုးပြိုင်းပြိုင်းသာ မြေမှာ ဆွေးခဲ့ပြီပေါ့ ပြည်တွင်းစစ် ငြိမ်းချမ်းရေးဆိုတာ ရွှေပြည်တော် မျှော်တိုင်းဝေးထင်ပါ့.....၊ --ချော်တော်တော် နိုင်ငံတည်ထောင်ချင်သူ မိုက်စိတ် တွေးတွေကြောင့် ညီညွှတ်မူ့  ကင်းဝေးနေရင်ဖြင့် ပြည်သူကို စစ်ကျွန်လက်အောက်သို့  တဖန်ပြန် တွန်းပို့ နေလျှင် ပြည်သူမှာ... ဘ၀င်အေးလိမ့်မည်ထင်ပ (ကိုရွှေမြန်မာ တိုင်းရင်းသားတို့ ရယ်) ညီညွတ်စွာ လက်တွဲနေမှ ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာ အရှေ့ ဘက်က နေ၀န်းထွက်သည့်နှယ် လင်းလု ရောင်နီသန်း....၊၊ ၊၊ လူသစ်.အမရပူရ (၁၈.၉.၂၀၁၂)

0 ယောက် အကြံပြုထားပါသည်:

Post a Comment