Monday, March 26, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သတင်းထုတ်ပြန်ချက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်

ရက်စွဲ - ၂၀၁၂ခုနှစ် မတ်လ(၂၆)ရက်

သတင်းထုတ်ပြန်ချက်

သစ္စာသတင်းဂျာနယ်အတွဲ(၄)၊ အမှတ်(၂၇)တွင် ဇမ္ဗူသီရိမြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှ ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးအတွက် မဲဆွယ်ကြော်ငြာကို တွေ့ရှိရပါသည်။ ယင်းကြော်ငြာတွင်

“နိုင်ငံတော်သမ္မတကြီးဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းဦးဝင်းဌေးအား ထောက်ခံအားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟုဖော်ပြထားပါသည်။

ဖွဲ့စည်းပုံအခြခံဥပဒေပုဒ်မ ၆၄ တွင်

“နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတခုခု၏အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့်နေ့မှစ၍ မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ” ဟုပြဌာန်းထားပါသည်။

သို့ဖြစ်ရာ ကိုယ်စားလှယ်လောင်းဦးဝင်းဌေး၏ မဲဆွယ်ကြော်ညာသည် ပြည်ခိုင်ဖြိုးပါတီ၏လုပ်ငန်းဖြစ်၍ “နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော” ဟုဖော်ပြချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိဟု ယူဆကြောင်း ဖော်ပြလိုက်ပါသည်။

ဗဟိုအောင်နိုင်ရေးအဖွဲ့
National League for Democracy ပြည်တွင်း

0 ယောက် အကြံပြုထားပါသည်:

Post a Comment