Saturday, October 22, 2011

စစ်တက္ကသိုလ်ဆင်းတွေ အရည်အချင်း မပြည့် ဟု တရုတ်က အကြောင်းပြ နှင်ထုတ်ပြီ



တရုတ် စစ်တက္ကသိုလ် တွေ မှာ မြန်မာ စစ်တပ် က စေလွှတ် တဲ့ သင်တန်း သား တွေ အရည်
အချင်း ပြည့် မှီ မှု မရှိ လို သင် မပေး တော့ နိုင် ဘူး ဆို သည်။
တရုတ် က ယခု ကဲ့ သို့  မြန်မာ စစ်တပ် မှ ပညာတော် သင်စေလွှတ် သည့် သင်တန်းသား များကို လက်မခံခြင်းမှာ မြစ်ဆုံ ဆည် တည် ဆောက် မှု ကို ရပ်တန့် ကြောင်း မြန်မာ က ကြေငြာခြင်း ကို လက် စား ချေခြင်း ဟု ရုရှား နိုင်ငံ မော်စကို မြို့ ရောက် မြန်မာ စစ်တက္ကသိုလ် ကျောင်းသား တစ်ဦး က FNG သို့ ပြောသည်။

မြစ်ဆုံ ဆည် ရပ် ပြီး ကတည်းက တရုတ် စစ်တက္ကသိုလ် တွေ မှာ ရောက် နေ တဲ့ မြန်မာ ကျောင်းသား တွေ ကို နှိမ်တာ တို့  ၊ ရန် စတာ တို့  ၊ အနိုင် ကျင့်တာ တို့ လုပ်လာ တယ်။ သင်တန်း ဆရာတွေ ကို တိုင် လဲ မသိချင် ယောင် ဆောင် တယ်၊ တကယ် တော့ တရုတ် ကျောင်းသား တွေထက် တောင် မြန်မာ တွေ က တော် တယ် ၊ သူ တို့  က လောင်းကစား လုပ်တယ်၊ ဘိန်းရှုတယ်၊ လို့  ကျွန်တော် တို့  သူငယ်ချင်း တွေ က ပြောသည် ဟု အဆိုပါ မော်စကို ရောက်မြန်မာ အရာရှိ ငယ် က ပြောသည်။

တရုတ်က ၀န်ကြီးချုပ် ၀မ်ကျားပေါင် က မြန်မာ ဒုသမ္မတတင်အောင်မြင့်ဦး နှင့်
တွေ့ ဆုံရာတွင်ပေးထား သည့် ကတိတွေ တည် အောင် လုပ် ဖို့  လို သည် ဟု ခြိမ်းခြောက် သည့် အသုံး အနှုံးဖြင့် ပြောခဲ့ သည်။


တရုတ် က မြန်မာ အရာရှိ လောင်း တွေ ကို နှင်ထုတ်ပြီ
(http://www.myanmarwikileaks.org/2011/10/blog-post.html)

တရုတ် အစိုးရ ၀န်ကြီးချုပ် ၀မ်ကျားပေါင်း နှင့် မြန်မာ ဒု သမ္မတ တင်အောင်မြင့်ဦး တို့  တွေ့ 
ဆုံ ချိန် ဉ် တရုတ် စစ်တပ် မှ ထိပ်တန်း စစ်ဘက် အရာ ရှိ များ က မြန်မာ ကိုယ်စားများ နှင့်
သီးသန့်  တွေ့ ဆုံ ရာ ဉ် မြန်မာ့ တပ်မတော်မှ စေလွှတ် သည့် မည် သည့် သင်တန်း သား
ကို မျှ တရုတ် စစ်တက္ကသိုလ် များ ဉ် ၂၀၁၂ ခုနှစ် မှ စပြီ ပညာ သင်ပေး တော့ မည် မဟုတ်
ဟု သိရသည်။

အကြောင်းပြချက် မယ်မယ်ရရ မရှိ ပဲ ရပ်တန့် ခဲ့ သည့် တရုတ် စစ်တပ် က မြန်မာ ကိုယ်
စားလှယ်ကို ပြော ဆို ရာတွင် " မြန်မာ စစ်တက္ကသိုလ် များ မှာ တော် သည် ၊ ထက်မြက်သည် ဆိုပြီး ပို့ ဆောင် လိုက် သည့် ပညာတော်သင် များ သည် တရုတ် စစ်တက္ကသိုလ် များ၏ လို အပ် သည့် အရည် အချင်း ကို ပြည့်မှီရန် အများ ကြီး လို အပ် နေ သည် ဟု တင်အောင်မြင့်ဦး နှင့် အတူ လိုက်ပါ သည့် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမောင်မြင့် ကိုပြော ဆို လိုက်သည်။

တရုတ် နိုင်ငံရှိ စစ်တက္ကသိုလ် များ တွင် မြန်မာ စစ်တပ် က စေလွတ် သည့် ပညာ တော် သင်၂၀၀ ခန့် ရှိ ပြီး ၎င်း တို့  အနက် ထက်ဝက် မှာ မြန်မာ က ၀ယ်ယူထား သည့် တရုတ် စစ်လက်နက် ပစ္စည်း များ ၊ တိုက်လေယာဉ် နှင့် အခြား စစ်ဘက် သုံး ယာဉ် နှင့် ယန္တယား များ ကို ကိုင်တွယ် ၊ ထိမ်းသိမ်း ပြု ပြင် နိုင်ရန် ရောက် ရှိ နေ ခြင်း ဖြစ်သည်။

တရုတ် စစ်တက္ကသိုလ် ဉ် ယခင် မြန်မာ စစ်အာဏာရှင် ၏ မြေးဖြစ်သူ နေရွှေသွေးအောင် ပါ
ပညာ သင်ယူ မည် ဟု သတင်း များ ထွက် ပေါ် ခဲ့ သည်။

တရုတ်က မြန်မာ သင်တန်း သား ပို့  လွှတ်မှု ကို လက်မခံခြင်း ကြောင့် ကာကွယ်ရေး ၀န်ကြီး ဒုဗိုလ်ချုပ်ကြီး လှမင်း က အင်ဒိုနီးရှား နှင့် မလေးရှား စစ်တက္ကသိုလ်များ ဉ် မြန်မာ စစ်တက္ကသိုလ်မှ ကျာင်း သား များ တက်ရောက် ပညာသင်ကြား နိုင်ရန် အပူ တပြင်း ကမ်းလှမ်း နေရ သည်
ဟု မြန်မာ ၀ီကီလိခ် မှ သိရှိ ရသည်။

မြန်မာ စစ်တပ်က ပို့ ဆောင် စေလွှတ် သည့် သင်တန်းသားများ နှင့် ပညာတော် သင်များသွားရောက် သည့် နိုင်ငံ များ

ရုရှား
တရုတ်
တောင်ကိုရီးယား
မြောက်ကိုရီးယား
စင်္ကာပူ
ဗီယက်နမ်
ယူကရိန်း
ဘီလာရုစ်

ယခင်
အမေရိကန် ပြည်ထောင်စု
ဗြိတိသျှ
ယူဂိုဆလားဗီးယား
နှင့် ဥရောပ နိုင် ငံ အချို့ 

(http://freedomnewsgroup.com/2011/10/21/china-halt-myanmar-cadet-to-attend-whampo/)

0 ယောက် အကြံပြုထားပါသည်:

Post a Comment