Friday, October 21, 2011

ပြည်သူကို အသိဉာဏ်ဖွင့်တဲ့ လူထုနိုင်ငံရေး

‘ဆန်ဖြစ်စေကြောင်း ဖွဲကိုထောင်းသော် ပန်းညောင်းကာမျှ ဆန်မရသို့ …’ (ရှင်မဟာရဋ္ဌသာရ၊ ကိုးခန်းပျို့) မကြာသေးခင်က ကျွန်တော် ရေးခဲ့တဲ့ဆောင်းပါးအချို့မှာ အသိ ပညာဗဟုသုတ ရှာမှီးခွင့် နည်းပါး ရှာတဲ့ တောသူတောင်သားများဟာ ကိုယ့်တိုင်းပြည်အခြေအနေ၊ ကိုယ့် လူမျိုးအခြေအနေ ဘာမှမသိဘဲ၊ သိအောင်လည်း မကြိုးစားနိုင်ကြဘဲ ထမင်းနပ်မှန်အောင် စားရဖို့ပဲ လုံးပန်း နေကြရတဲ့အကြောင်း၊ သူတို့တွေ မျက်စိပွင့် နားပွင့်အောင် ကျွန်တော် တို့ မီဒီယာသမားတွေမှာ အများ ကြီးတာဝန်ရှိကြောင်း ရေးခဲ့ပါတယ်။ သည်တုန်းမှာပဲ ဆရာတချို့က လည်း ကျေးလက်ပြည်သူတွေဟာ ချက်ဆို နားခွက်က မီးတောက် တယ်၊ နိုင်ငံရေးရင့်ကျက်ပြီးသား။ ပြည်သူတွေ ဘာမှမသိဘူးလို့ ထင်နေသူတွေဟာ ပြည်သူတွေကို အထင်သေးတာ စော်ကားတာပဲလို့ ပြောလာကြပြန်တယ်။ ကျွန်တော့် မှာ ငါများ တကယ်မှားနေသလားလို့ ပြန်လည် ဆန်းစစ်ရတယ်ဗျ။ အဲဒီ တော့လည်း ကျွန်တော့်ဘက်က ခိုင်မာတယ်ဆိုတာ ပိုပြီးယုံကြည် လာတယ်။

ကျွန်တော်က ထင်တာ တွေ ပြောနေတာမဟုတ်ဘူး။ မြင် တာတွေကို ပြောနေတာကိုး။ ကျွန်တော့် တစ်ယောက်တည်း အမြင်ကို ပြောနေတာလည်း မဟုတ်ဘူး။ ကိုယ်တိုင် ကွင်းဆင်း သွားလာပြီး ကျွန်တော့် နည်းတူ နယ်အစုံ ရောက်ခဲ့သူတွေကိုပါ မေးမြန်း စနည်းနာပြီး ပြောခဲ့တာပါ။ ဆိုးတာက နယ်ပယ်အတော် များများမှာ နိုင်ငံရေးအကြောင်း ပြော လို့မရတာဘဲဗျ။ သတင်းဂျာနယ် တချို့မှာ ဖတ်လိုက်ရတယ်။ အနု ပညာသည် လေးငါးယောက် လောက်နဲ့ အင်တာဗျူးလုပ်တော့ နိုင်ငံရေးကို စိတ်မဝင်စားဘူးလို့ ဖြေကြသတဲ့။

ရုပ်ရှင်မင်းသား လူမင်း ကတော့ ခြွင်းချက်ဖြစ်တယ်။ ခုထိ တော့ သူတစ်ယောက်ပဲ နိုင်ငံရေး ကို စိတ်ဝင်စားတယ်လို့ ပွင့်ပွင့် လင်းလင်း ပြောသူရှိတယ်။ သူ ယုံကြည်လောက်တဲ့ နိုင်ငံရေးပါတီ တွေ့ရင် နိုင်ငံရေး ဝင်လုပ်မယ်လို့ ပြောတယ်။ အောင့်နိုင်ရမယ်၊ စောင့်နိုင်ရမယ် ရှာမှရှားတဲ့နိုင်ငံရေးသမားလို့ ကျွန်တော် ရည်ညွှန်းရေးသားခဲ့တဲ့ သခင်ဝတင်က ၁၉၈၈ မှာ ကျွန် တော် နိုင်ငံရေးနယ်ထဲဝင်တော့ ပွင့်ပွင့်လင်းလင်း မေးတယ်။ ”မောင်ဝံသ ဘာကြောင့်နိုင်ငံ ရေးထဲဝင်သလဲ၊ တိုင်းပြည်နဲ့လူမျိုး အတွက် လုပ်ချင်လို့ပါလို့ ဖြေမှာပဲ မဟုတ်လား။ တိုင်းပြည်နဲ့ လူမျိုး အတွက် ရာခိုင်နှုန်းဘယ်လောက်၊ ကိုယ့်အကျိုးအတွက် ရာခိုင်နှုန်း ဘယ်လောက် ချိန်ဆကြည့်၊ ကိုယ့် ဘာသာအဖြေထုတ်၊ ကိုယ့်ဘာသာ အမှတ်ပေး။ နိုင်ငံရေးသမားကောင်း ဖြစ်ချင်ရင် အောင့်နိုင်ရမယ်၊ စောင့် နိုင်ရမယ်ကွဲ့” အဘသခင်ဝတင် အဲသလို ပြောခဲ့တုန်းက မှန်တာပြောရရင် ကျွန်တော် အတော်လေး အောင့် သည်းအောင့်သက် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်က မိမိကိုယ်မိမိ ခုခံကာကွယ်တဲ့အနေနဲ့ ကျွန်တော်ဟာ နိုင်ငံရေးနယ်ထဲ ဝင်ပြီး ကိုယ်ကျိုးရှာဖို့ စိတ်ကူးပင် မရှိကြောင်း သင်္ကာရှင်းခဲ့ပါတယ်။

လောလောဆယ်မှာကို မိမိရဲ့ ကြီးပွားရာ ကြီးပွားကြောင်း လမ်းစ ကို စွန့်လွှတ်ပြီးနိုင်ငံရေးထဲ ဝင်ခဲ့ တယ်ဆိုတာ အဘကို ကျွန်တော် ရှင်းပြတော့ကျေနပ်သွားပုံရပါတယ်။ သူကိုယ်တိုင်ကလည်း ဝန်ကြီးရာထူး စိတ်ကြိုက်နေရာကို အချိန်မရွေး ယူလို့ရတဲ့ ဆိုရှယ်လစ်ပါတီ ထိပ်ပိုင်း ခေါင်းဆောင်ဘဝက ကျောခိုင်း ထွက်လာခဲ့သူ ဖြစ်လေတော့ ရာထူး မမက်ဘဲ စွန့်လွှတ်ဝံ့သူကို တန်ဖိုး ထားဟန်တူပါတယ်။

ကျွန်တော် ဟာ အဲဒီအချိန်မှာ သတင်းစာတိုက် မှာ ယာယီဒုတိယအယ်ဒီတာချုပ် တာဝန်ကို ထမ်းဆောင်နေပါတယ်။ အသက်က ၄၄ နှစ်ပဲ ရှိသေးတယ်။ နောက်တက်လမ်းတွေ အများကြီး ပေါ့။ အဲဒီခေတ်က နိုင်ငံပိုင် သတင်း စာမှာ အလုပ်လုပ်တဲ့ သတင်းစာ သမားတွေအဖို့ ပင်စင်မသွားခင် အယ်ဒီတာချုပ်ဖြစ်သွားရင်ပဲ ဘဝမှာ ပြည့်စုံလှပြီလို့ ယူဆကြရတာကိုး။ နောင်နှစ်အတော်လေး ကြာသွားပြီး အလှူတစ်ခုမှာ အဲဒီတုန်းက ပြန် ကြားရေး ဒုဝန်ကြီးအဖြစ် ဆောင် ရွက်ခဲ့တဲ့ ဦးတိုက်စိုး(ဆင်ပေါင်ဝဲ)နဲ့ တွေ့တော့ ကျွန်တော့်ကို ရာထူးတိုး ပေးဖို့ သူလက်မှတ်ထိုးပြီးပြီ၊ ဝန်ကြီး (ဦးအောင်ကျော်မြင့်) လက်မှတ်ထိုး ဖို့ပဲ ကျန်တော့တဲ့အချိန်မှာ ကျွန် တော်ပြဿနာဖြစ်တာလို့ ရှေး ဟောင်းနှောင်းဖြစ် ပြန်ပြောပါတယ်။ ကျွန်တော်ကပြုံးပြီး နားထောင်နေ လိုက်ပါတယ်။ ခုထိလည်း နောင်တ မရပါဘူး။

ပါလီမန်ရဲ့ အပြင်မှာ အဘသခင်ဝတင်က သူတို့ ခေတ်(ဒုတိယကမ္ဘာစစ် မတိုင်မီ ကစ၍) မြန်မာ့နိုင်ငံရေးလောကမှာ အရိုးစွဲနေတဲ့ အယူအဆအချို့ကို ‘ဒို့ဘာဖြစ်နေကြသလဲ’ စာအုပ်မှာ အတည့်အလင်း ဝေဖန်ခဲ့ပါတယ်။ ‘ဗမာပြည်နိုင်ငံရေး လောက၌ နိုင်ငံရေး ဆရာကြီးများတို့သည် ¤င်းတို့၏ နောက်လိုက်များကို သင်ကြားကြရာ၌ နိုင်ငံရေးဆိုတာ ရွေးကောက်ပွဲကို ဝင်ရတယ်၊ အမတ်လုပ်ရတယ်၊ လွှတ်တော်တွင် အမတ်အများဆုံး ရသောအဖွဲ့က အစိုးရဖွဲ့ပြီး တိုင်းပြည်ကို အုပ်ချုပ် ရတယ်။ ဤကဲ့သို့ တစ်နည်းထဲပင် သင်သွားကြသည်ဟုယူဆပါသည်။ ထင်ပါသည်။ ပါလီမန်၏အပြင်တွင် လုပ်ကိုင်ဆောင်ရွက်ရသော တိုင်းသူ ပြည်သားများကို အသိဥာဏ်ပေးရေး လုပ်ငန်းများ၊ လူမှုဆက်ဆံရေး၊ တိုး တက်ရေးလုပ်ငန်းများ စနစ်ပြောင်း လွှဲရေးလုပ်ငန်းများ၊ လယ်သမား အရေးလုပ်ငန်းများ၊ အလုပ်သမား အရေးလုပ်ငန်းများတို့ကို မိမိတို့၏ နောက်လိုက် နိုင်ငံရေးပေါက်စများ အား သင်ကြား၍ မပေးကြဟုထင် ပါသည်။ ကျွန်တော်၏ တွေးတော ချက်များ မှန်ကောင်းမှန်ပါမည်။ ယနေ့တိုင်အောင်ပင် နိုင်ငံရေးသမား အချို့နှင့် တိုင်းသူပြည်သား အချို့တို့ သည်အမတ်များ၊ ဝန်ကြီးများကိုမှ နိုင်ငံရေးတိုင်းရေးပြည်ရေးကို ရွက် ဆောင်နေသူများဟု ၄င်းတို့စိတ် တွင် အောက်မေ့နေကြသည်။ အထင်ကြီးနေကြသည်။ ဓနရှင်စနစ်၊ အရင်းရှင်စနစ်၊ နယ်ချဲ့စနစ်တို့ကို တော်လှန်ချင်ကြတာထက်၊ အမတ် လုပ်ချင် ကြတာကပိုကဲနေသည်ဟု ထင်ပါသည်။ ဤအချက်များကို သက်သေခံသည်ကား ယနေ့မြန်မာ ပြည်အရပ်ရပ်တွင်ရှိသော နိုင်ငံရေး သမားဆိုသူများသည် လာမည့်ရွေး ကောက်ပွဲကြီး၌ ယှဉ်ပြိုင်ကြရန် တစ်မတ်နှင့် နှစ်မတ်လုနေကြသည် ဟု သိရပါသည်။ မဖြစ်ရသေးသော သူကလည်း တစ်လှည့်တစ်ခါစီဖြစ် ချင်သည်။ အမတ်ဖြစ်ပြီးသူများက လည်း နောက်တစ်ခါထပ်၍ ဖြစ်ချင် ကြသည်။ ဆက်၍တွေးပြန်သည်။ ဘုရားအလောင်းများ သတိရပါ သည်။ ဘုရားအလောင်းများသည် ပါရမီဖြည့်ကြပါသည်။ ဘုရားဖြစ်ချင် လို့လား၊ သတ္တဝါတွေ ကယ်ချင်လို့ လား၊အဘယ်စေတနာကစပါသလဲ၊ ကယ်ချင်တာက ပထမ၊ ဘုရားဖြစ်ဖို့ က ဒုတိယဖြစ်သည်ဟု ယူဆပါ သည်။ ကယ်ချင်၍ ဘုရားဖြစ်ရန် ပါရမီဖြည့်ရပါသည်။ ဘုရား အရမ်း ဖြစ်ချင်၍ အောင့်သည်းအောင့်သက် နှင့် ပါရမီကိုဖြည့်ရခြင်း မဟုတ်ဟု ယူဆပါသည်။

ဤနမူနာများကို ယူ ၍ ခေါင်းဆောင်များသည် နောက် လိုက်တပည့်များကို သင်ကြားသင့် သည်ဟု ယူဆပါသည်။’ (သခင် ဝတင်၊ ဒို့ဘာဖြစ်နေကြသလဲ၊ စာ ၁၂-၁၃) တောင်ပုလုဆရာတော်ကြီးရဲ့ စကား အဘသခင်ဝတင်ရဲ့ ဤအယူ အဆကို အားဖြည့်ထောက်ခံတဲ့ သည်ဘက်ခေတ် အမြင်တစ်ရပ်ကို အတွေးအမြင်စာစောင်တစ်ခုမှာ တင်ပြထားတာ တွေ့လိုက်ရတယ်။ မိတ္ထီလာတက္ကသိုလ်ရဲ့ လက်ရှိ ပါမောက္ခချုပ် ဒေါက်တာမောင် သင်းရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ‘ပြည်သူကို အသိဥာဏ်ဖွင့်တဲ့လူထု နိုင်ငံရေး’အကြောင်း ပြည့်ပြည့်စုံစုံ ရှင်းပြထားပါတယ်။ (အတွေးအမြင်၊ ၂၁၅၊ ဖေဖော်ဝါရီ ၂ဝ၁ဝ) ဒေါက်တာမောင်သင်း ဆောင်း ပါးမှာ လွန်ခဲ့တဲ့ ၃၅ နှစ်လောက်က လုပ်ပိုင်ခွင့်အာဏာရှိသူ ပုဂ္ဂိုလ်တစ် ယောက်က တောင်ပုလုဆရာတော် ကြီးကို လိုအပ်တာမိန့်ကြားပါလို့ လျှောက်ထားတော့ ဆရာတော် ကြီးက ”ကူနိုင်မယ်ဆိုရင်တော့ တို့နယ်သားတွေ စရိုက်ကြမ်း ကြတယ်ကွဲ့။ အဲဒီလို ကြမ်းတမ်း ကြတာဟာ ပညာမတတ်လို့၊ ပြီးတော့လည်း ဆုံးမတတ်တဲ့ ပညာတတ်တွေ နည်းနေသေးလို့၊ ပညာတတ်ရင်၊ ပညာတတ်တွေ ပေါရင် ကြမ်းတမ်းမှု ကင်းကြပြီး ယဉ်ကျေးကြမှာ၊ ဒါကြောင့်မို့ တို့အရပ်မှာကျောင်း ကောင်း ကောင်းလေး ဖွင့်နိုင်အောင်တော့ ကူပေးပါ” ဆိုတဲ့ အချက်ရယ်၊ ”တို့အရပ် ရေရှားတာမို့ ရေတွင်း တူးနိုင်ရင် တူးပေးခဲ့ပါ” ဆိုတဲ့ အချက်ရယ် တောင်းဆိုလိုက်သတဲ့။ လုပ်ပိုင်ခွင့်အာဏာရှိတဲ့ ဒကာ ကြီးရဲ့ကျေးဇူးနဲ့ သဲတောဝမ်းတွင်း နယ်က တောင်ပုလု ကျောင်းအနီး က ပင်းတလဲတဲစုရွာမှာ အထက် တန်းကျောင်း ဖြစ်လာတယ်။ အဲသလိုနဲ့ ပညာတတ်သူတွေ များ လာတဲ့အခါ လူတွေလည်း ကြမ်း တမ်းတဲ့စရိုက် ကင်းလာကြတယ် တဲ့။ ပြည်သူတွေ အသိမြင့်တက်မှ ဒေါက်တာမောင်သင်းက ခုလို ကောက်ချက်ဆွဲပါတယ်။ ‘ပညာတတ်တဲ့ ပြည်သူတွေ ပေါများ လာရင်၊ ငြိမ်းချမ်းရေးတို့ တိုးတက် ဖွံ့ဖြိုးမှုတို့ဆိုတာ ‘ကျွဲကူး ရေပါ’ ဆိုသလို သူ့အလိုလို ပါပြီး သားပါ။ ဘာလို့လဲဆိုတော့ ပညာ ပြည့်ဝတဲ့ ပြည်သူဆိုတာ အစွန်း ရောက်မှုတွေ တစ်ယူသန်မှုပယ်ပြီး ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှုကို မြတ်နိုးကြ သူတွေ ဖြစ်လို့ပါပဲ။ အဲဒီအလုပ်ကို ဘယ်သူမှ ခိုင်းစရာမလိုဘဲ ကိုယ့် အသိကိုယ်စီနဲ့ ဆောင်ရွက်ကြမှာပါ။ ရေမြင့်မှ ကြာတင့်တာမို့ ပြည်သူ တွေ အသိဥာဏ်မြင့်မှ ငြိမ်းချမ်းမှု၊ သာယာမှု၊ ဖွံ့ဖြိုးမှု၊ တိုးတက်မှုတွေနဲ့ ပြည့်စုံပြီး နိုင်ငံနှင့်လူမျိုးလည်း ကမ္ဘာ့ အလယ် တင့်တယ်နိုင်မှာပါ’ တဲ့။ ဒေါက်တာမောင်သင်းက သူ့ရဲ့ ကျေးဇူးရှင်ဆရာကြီး ဒေါက်တာ ကျော်စိုး (ဟားဗတ် ရွှေတံဆိပ်ဆု ရှင်) ရဲ့ အဆုံးအမတွေကို ကိုးကား တင်ပြသွားတာလည်း အလွန်မှ မှတ်သားဖွယ်ကောင်းလှပါတယ်။

နိုင်ငံရေးလုပ်ချင်တယ်ဆိုတာ တစ်နေ့ညနေမှာတော့ အဘက လှည်းတန်းမှာရှိတဲ့ စားသောက်ဆိုင် ခေါ်ပြီးမေးပါတယ်။ ”မင်းနိုင်ငံရေးကို စိတ်ဝင်စားတုန်းပဲလား”တဲ့၊ ကျွန် တော်က ”ဟုတ်ကဲ့” လို့ ဖြေတော့ အဘက နိုင်ငံရေးလုပ်ချင်တယ် ဆိုတာ ပြည်သူတွေရဲ့ဘဝတိုးတက် ဖို့၊ နိုင်ငံဖွံ့ဖြိုးဖို့လုပ်ချင်တာ မဟုတ် လားလို့ထပ်မေးပါတယ်။ ကျွန်တော် က ”ဟုတ်ပါတယ်”လို့ ပြန်ဖြေ တော့”နိုင်ငံဖွံ့ဖြိုးဖို့၊ပြည်သူတိုးတက် ဖို့ လုပ်မယ်ဆိုရင်လူတွေကို အရင် ဆုံး ပညာမျက်စိပွင့်၊ ပညာနားပွင့် အောင်လုပ်ပေးရမယ်။ လူတွေကို ပညာပြည့်ဝအောင် အရင်လုပ်ရ မယ်။ ဖွံ့ဖြိုးမှု၊ တိုးတက်မှုဆိုတာ လူတွေရဲ့အရည်အသွေး တက်လာ မှဖြစ်မှာ။ အရည်အသွေး နိမ့်တဲ့ လူတွေနဲ့ နိုင်ငံဖွံ့ဖြိုးဖို့တိုးတက်ဖို့ မလွယ်ဘူး။ မင်းကြည့်လေ။ တို့ဆီ ကို စစ်အတွင်းကလာတဲ့ ဂျပန်တွေ ကို မြန်မာတွေက ငပုတဲ့၊ အရိုင်း အစိုင်းတဲ့။ အခု တခြားစီပဲ ဂျပန်နိုင်ငံ ဆိုတာ ကျွန်းပင်လည်း မပေါက်။ ရေနံလည်းမရှိ။ ကျောက်သံပတ္တမြား နတ္ထိ။ သဘာဝအရင်းအမြစ် ဆင်းရဲ တဲ့နိုင်ငံပါ။ အဲဒီငပုတွေ တိုးတက်နေ လိုက်ကြတာ ကမ္ဘာ့ထိပ်ရောက်နေ ပြီး ဘာလို့လဲဆိုတော့ ‘သဘာဝ အရင်းအမြစ် ဆင်းရဲပေမယ့် ပညာ တတ်တဲ့သူတွေ ပေါကြွယ်ဝလို့’ ကွ။ လူတွေ ပညာတတ်လာရင် တိုးတက် အောင်လုပ်တတ်တာပဲ” (ကျွန်တော် တို့ စကားပြောနေတဲ့အချိန်က ၁၉၇၈ ခုနှစ်၊ ဆရာကြီး ဂျပန်မှာ ဧည့်ပါမောက္ခ တစ်နှစ်လုပ်ပြီး ပြန်လာခါစပါ။) အသိဥာဏ်မြင့်အောင် ပညာ တတ်အောင် ”မင်းက ထင်လိမ့်မယ်။

နိုင်ငံ ရေးဆိုတာ ပါတီတွေဝင်၊ လုပ်ပိုင်ခွင့် ရအောင်လုပ်တော့မှ နိုင်ငံရေးလို့ ထင်လား။ မင်းတို့ ပြောပြောနေတဲ့ ပြည်သူကောင်းစားဖို့၊ ပြည်သူတိုး တက်ဖို့ဆိုတော့ ပြည်သူတွေကို အသိဥာဏ်မြင့်အောင် ပညာတတ် အောင်လုပ်တာလည်း (အဲဒီတုန်းက လူ့စွမ်းအား အရင်းအမြစ်ဆိုတဲ့ စကားမသုံးကြသေးပါ) နိုင်ငံရေးပါပဲ ကွာ” ကျွန်တော့်ရဲ့ ကလျာဏမိတ္တ အဘသခင်ဝတင်၏ အာဘော်များ နှင့် ဒေါက်တာမောင်သင်းရဲ့ ဆရာ ကြီး အဘဒေါက်တာကျော်စိုး၏ အာဘော်များ မတိုင်ပင်ဘဲ တူညီ နေတာ တွေ့ရပါတယ်။ ဘာကြောင့် လဲဆိုတော့ အဘ နှစ်ယောက်လုံး ဟာ အမှန်တရားတွေကို ဟောခဲ့ကြ တာ ဖြစ်သောကြောင့်ပါ။

မောင်ဝံသ

http://popularmyanmar.com/mpaper/?p=59

0 ယောက် အကြံပြုထားပါသည်:

Post a Comment