Thursday, October 13, 2011

မပြီးဆုံးသေးသော တာဝန်


တချို့တွေတော့ လွတ်လာခဲ့ပြီ..။

တချို့ကတော့ ကျန်နေခဲ့ဆဲ...

တချို့တွေက ၀မ်းသာကြပြီ..။

တချို့ကတော့ လွမ်းနေရဆဲ..

တချို့တွေက တံတိုင်းပြင်ပ

ရောက်ခဲ့ရငြား.တချို့မှာကား

တံတိုင်းအတွင်းဝယ်လျှောက်နေရမြဲ

လူတစုရဲ့ ခွဲခြားမှုကြောင့်

လူထုအများ ဒွိဟပွားရ

မတိကျမရေရာ

သတင်းတွေတင်လို့

ဆင်ကြံကြံနေကြတာလား

မမြင်ဟန်ပြု လူထုအပေါ်

မတော်စိတ်ထား မွေးနေသလား

တွေးပူနေတဲ့ မိသားစုတွေ

မျက်ရည်မခမ်းသရွေ့

ငါတို့မကျေသေး.

ရှေ့ဆက်အရေးဆိုသွားဦးမယ်

အားလုံးပြန်လည် လွတ်မြောက်ဖို့..

နိုင်ငံရေး အကျဉ်းသားများ အားလုံး ပြန်လွှတ်ပေးရန် တောင်းဆိုပါသည်။

အားလုံးကို ချစ်ခင်လေးစားသော.. ဖိုးသိကြား (12-10-11)

by ဖိုး သိကြား

ကိုဖိုးသကြားအားကျေးဇူးတင်ပါသည်.

0 ယောက် အကြံပြုထားပါသည်:

Post a Comment