Monday, September 26, 2011

သံဃာ့အရေးအခင်း ၄ နှစ်ပြည့်နေ့ အဖြစ် ရန်ကုန်တွင် ဆန္ဒပြ










နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးပါ စာတန်းပါသောအင်္ကျီ အ၀ါရောင်များကိုတူညီစွာဝတ်ဆင်ထားသည့် လူအယောက်၁၀၀ ခန့်သည် ယနေ့ နေ့လည်၁နာရီခန့်ကမ္ဘာအေးဘုရားလမ်း အတိုင်းချီတက်လာရာ မိုးလေ၀သနှင့်ဇလဗေဒရုံးရှေ့အရောက်တွင် လုံခြုံရေးရဲများကတားဆီးသဖြင့် လမ်းဘေးတွင်ထိုင်ကာလက်အုပ်ချီဆုတောင်းမှု့များပြုလုပ်လျှက်ရှိသည်ဟု မျက်မြင်တွေ့ ရှိသူများ
ကပြောကြားသည်။

"အော်တာဟစ်တာမရှိပါဘူး ။ ငြိမ်ငြိမ်လေးဘဲရှိခိုးပြီးဆုတောင်းနေကြတယ်။ ဘာတွေဆုတောင်းလဲဆိုတာ ဝေးတော့ မကြားရဘူး" ဟု
ထိုနေရာတွင်ရောက်ရှိနေသူတဦးက ဖုန်းဖြင့်ပြောကြားသည်။အ၀ါရောင်အင်္ကျီဆင်တူများဝတ်ဆင်ထားသည့်လူတစ်ရာတွင် အသက်
၂၀မှ ၅၀ အထိ အမျိုးသား၊အမျိုးသမီး အရွယ်စုံပါဝင်ကြောင်းယင်းက ပြောကြားသည်။

"ရဲတွေ၊လုံခြုံရေးတွေနဲ့ ရပ်ကွက်ကလူကြီးတွေက လူ၁၀၀လောက်ရှိတယ်။ လမ်းမပိတ်အောင် ယာဉ်ထိန်းကရှင်းပေးနေတယ်။ ရပ်ကွက်
ထဲက လမ်းကြားမှာတော့ လက်နက်အပြည့်နဲ့ လုံခြုံရေးကားတစ်စင်းရပ်နေတာလှမ်းတွေ့ ရတယ်" ဟုထိုနေရာအနီးတွင်ရောက်ရှိနေသူ
ူတစ်ဦး ကပြောသည်။

ထိုနေရာသည်ကမာအေးဘုရားလမ်းမပေါ် ၊ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု့ဦးစီးဌာနရှေ့ ၊ မရမ်းကုန်းမြို့နယ်တွင်ဖြစ်သည်။

မေးဖြင့်ပေးပို့ လာသူ ပြည်တွင်း မြတ်သူ

0 ယောက် အကြံပြုထားပါသည်:

Post a Comment