Saturday, September 24, 2011

ကော့သောင်းကမ်းလွန်ပြင်မှသည် စင်ကာပူနိုင်ငံဆီသို့..... (အပိုင်း ၁)

မြန်မာပိုင် ကော့သောင်း ပင်လယ်ပြင်မှ သဲများသယ်ဆောင်လာတဲ့ HAM 318 သဲစုပ်သင်္ဘောမှ စင်ကာပူ ကုန်းတွင်းပိုင်းသို့ သဲများ မှုတ်တင်နေသောပုံ
(ဓာတ်ပုံ စင်ကာပူရောက် တာဝန်သိ ပြည်သူ့သတင်းထောက်အား ကျေးဇူးတင်ပါသည်)

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ရက်နေ့က မြန်မာပြည်မြောက်ဖျား ဧရာဝတီမှသည်.. ကော့သောင်း ကမ်းလွန်ပင်လယ်ပြင်ဆီသို့... ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့မြေ ကော့သောင်းပင်လယ်ပြင်မှာ စင်ကာပူမှ သဲတင်သဘောင်္များနဲ့ သဲများစုပ်ယူ ပို့ဆောင်နေတဲ့ အကြောင်း တင်ပြခဲ့ပါတယ်...။ (ပြန်ဖတ်ချင်ရင် Click )Link
ယနေ့ကော့သောင်း ပင်လယ်ပြင်အနီး တဝိုက်မှာ သဲများစုပ်ယူ သယ်ဆောင်နေမှုကြောင့် Linkပတ်ဝန်းကျင် ကျေးရွာတွေနဲ့ ငါးဖမ်းလုပ်ငန်းများ ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်...။ ကော့သောင်းမြို့မှ သဲများစင်ကာပူနိုင်ငံသို့ ရောက်ရှိလာပြီး မည်သို့ အသုံးပြုနေပုံ အကြောင်း ပေးပို့လာတဲ့ စင်ကာပူရောက် မြန်မာတဦးမှ မှတ်တမ်းတင် ရိုက်ကူးထားတဲ့ သတင်း၊ ဓာတ်ပုံများအား ဖော်ပြလိုက်ရပါတယ်...။
စင်ကာပူနိုင်ငံဟာ မိမိနိုင်ငံအကျယ်အဝန်းကို ချဲ့ထွင်ဖို့အတွက် ယခင်က မလေးရှားနိုင်ငံမှ စတင်ဝယ်ယူခဲ့ပါတယ်...။ စတင်ဝယ်ယူစဉ်က ကမ်းပါးထိန်းသိမ်းယုံသာ အသုံးပြုမည်ဟု အကြောင်းပြချက်ဖြင့် ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်...။ နောက်ပိုင်းမှာ နယ်မြေဧရိယာချဲ့ထွင်ဖို့ ဝယ်ယူတယ်ဆိုတာ သိရှိသွားခဲ့တဲ့ အချိန်မှာတော့ မလေးရှားမှ သဲရောင်းချမှုအား ရပ်ဆိုင်းခဲ့ပါတယ်...။ မလေးရှားနိုင်ငံမှ သဲရောင်းချမှုအား ရပ်ဆိုင်းခဲ့တဲ့ အခါမှာတော့ အင်ဒိုနီးရှားနိုင်ငံမှ ဆက်လက်ဝယ်ခဲ့ပါတယ်...။ အင်ဒိုနီးရှားအား မလေးရှားမှ ကန့်ကွက်ခဲ့မှုကြောင့် ရောင်းချမှုအား ရပ်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်...။ နောက်ပိုင်း ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံမှ ဝယ်ယူခဲ့ပြီး အဆိုပါနိုင်ငံများမှလည်း နှစ်အနည်းငယ်အတွင်း ရောင်းချမှုကို ရပ်ဆိုင်းခဲ့ပါတယ်...။
ကော့သောင်း ပင်လယ်ပြင်မှ သဲများစုပ်ယူမှုကြောင့် ကြီးမားတဲ့ ဂလိုင်များဖြစ်ပေါ်ပြီး အနီးပတ်ဝန်းကျင် ရပ်ကွက်များမှာ ပုံပါအတိုင်းမြင်တွေ့ရပုံ
(ဓာတ်ပုံ ကော့သောင်း အဖွဲ့ချုပ်အား ကျေးဇူးတင်ပါသည်..)

ယနေ့အချိန်မှာတော့ ကော့သောင်းမြို့အနီး တနင်္သာရီကမ်းရိုးတန်းနှင့် ပါချန်မြစ်ဆုံရာမှာ စင်ကာပူနိုင်ငံမှ သဲစုပ်ရေယာဉ်များနဲ့ သဲတင်သဘောင်္များ ဥဒဟိုဝင်ထွက် သွားလာနေပြီး မြန်မာ့သဲများအား စင်ကာပူနိုင်ငံသို့ ပို့ဆောင်နေပါတယ်...။ စင်ကာပူ သဲဈေးကွက်မှာ သဲ(၁)တန် ပွဲစားဈေး ဒေါ်လာ၅၀ ပေါက်ဈေးရှိပေမယ့် မြန်မာပြည်မှ ဝယ်ယူတဲ့ ဈေးကတော့ (၁)တန်ဒေါ်လာ (၂၀)ဈေးနဲ့ဝယ်ယူတယ်လို့ ဆိုပါတယ်...။ ၂၀၁၀ခုနှစ် အောက်တိုဘာလမှ ကော့သောင်း ကမ်းလွန်ပြင် (၁၀)မိုင်ခန့်အကွာမှာ လာရောက်စုပ်ယူနေရာမှ ယနေ့အချိန်မှာ ၁မိုင်နဲ့ ၂ဖါလုံ အကွာအဝေးအထိ အနီးကပ် လာရောက်စုပ်ယူနေတဲ့ အတွက်ကြောင့် ပတ်ဝန်းကျင် လူနေအိမ်ခြေများ ပျက်ဆီးမှုနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်..။ အိမ်နီးချင်းနိုင်ငံများမှ မိမိနိုင်ငံ၏ သဘာဝအရင်းအမြစ်များအား ပျက်စီးဆုံးရှုံးမှုကြောင့် ရောင်းချမှုအား ရပ်တန့်ထားခဲ့သော်လည်း မြန်မာအစိုးရမှ ငွေမျက်နှာသာ ကြည့်ပြီး အထူးနည်းပါးသော ဈေးနှုန်းများဖြင့် ရောင်းချနေမှုကြောင့် ပတ်ဝန်းကျင်ဂေဟ စံနစ်များ ပျက်စီးမှုများ၊ ကြီးမားတဲ့ ဂလိုင်များ ဖြစ်ပေါ်မှုကြောင့် ရေပြင်အနေအထား နိမ့်ကျမှုများ၊ လူနေအိမ်ခြေများ ပျက်စီးမှု ရေနေသတ္တဝါများ ရှားပါးမှုများနဲ့ ကြုံတွေ့နေရပါတယ်...။
ကော့သောင်း ပင်လယ်ပြင်မှ သဲတင်ဗော်ယာအား အနီးကပ် မြင်တွေ့ရစဉ် (ဓာတ်ပုံ ကော့သောင်းအဖွဲ့ချုပ်)
စင်ကာပူနိုင်ငံ Pulau Tekong မူလကျွန်းမြေပုံ...
တိုးချဲ.မြေပေါ်မှာ တည်ဆောက်ရေ လုပ်ငန်း လုပ်နေသောအပိုင်း
သဲဖို့ပြီးသောနေရာ အစိမ်းရောင်ပေါ်၌ တည်ဆောက်ရေးလုပ်သော အပိုင်းနှင့် သဲဖို့ရန် ကျန်သေးသော အဝါရောင် အပိုင်း အကွာအဝေး ရေမိုင်ဖြင့်
ကုန်ချနေသော သဲသင်္ဘောကြီး နှင့် သဲကုန်တင်ရန် စောင့်နေသော ဆွဲသင်္ဘောငယ်
တိုးချဲ့မြေပေါ်က ၂၀၁၀-၁၁မှာ တည်ဆောက်ပြီးသွားသော စက်ရုံတစ်ခု မြေဖို့ရန် ကျန်နေသေးသော အတွင်းပိုင်းနှင့် အပြင်မှ ဘောင်ခတ်ပြီး ဒီရေတားရန် ကျောက်စီထားသော ကမ်းပါးတစ်ခုအား မှန်ပြောင်းဖြင့် ဆွဲရိုက်ထားပုံ..

ကိုယ့်တိုင်းပြည်မှာ မြေနေရာတွေ ဆုံးရှုံး၊ လူနေအိမ်တွေ ပျက်စီး.. ဂေဟစံနစ်တွေပျက်စီး တခြားတဖက် စင်ကာပူမှာတော့ မြေနေရာတွေ ထပ်တိုး ကိုယ့်မြေက သူတပါးဆီရောက် ... တိုင်းပြည်ကို သဲမြေပါမကျန် ရောင်းစားနေတဲ့ ဘနဖူးသိုက်တူးတွေ ကိုယ်ကျိုးသာကြည့်ပြီး ပြည်သူတွေကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့ မထင်တဲ့ တဘို့တည်း သမားတွေရဲ့ လုပ်ရပ်တွေပါပဲ..

အပိုင်း(၂) သတင်းဓာတ်ပုံများ၊ ဆက်လက်ဖော်ပြပါမည်...။ ဓာတ်ပုံများအတွက် ကော့သောင်း (NLD)နဲ့ စင်ကာပူမှ တာဝန်သိ ပြည်သူ့သတင်းထောက်အား ကျေးဇူးတင်ပါသည်...။


ကော့သောင်း အိမ်နဲ့ ကမ်းပါးပြိုမှု သတင်း ဖတ်ချင်ရင် ဒီနေရာမှာ Click ပြီးဖတ်ပါ။

မူရင်း ။။ ဒီမိုဝေယံ

0 ယောက် အကြံပြုထားပါသည်:

Post a Comment