" မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့ခံစားနေရသောဒုက္ခနှင့်ပါတ်သက်၍ မီးမောင်းထိုးပြသော Mr Charls Heactor အပေါ် Asahi Kosei (ဂျပန်ကုမ္ပဏ္ဏီ)မှ USD 3.3သန်း ရယူလိုကြောင်း တရားစွဲဆိုခြင်း ဖြစ်ရပ်တခု Malaysia နိုင်ငံတွင် ပေါ်ပေါက်ခဲ့ပါသည်။"
ရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီ၍် Malaysiaနိုင်ငံတွင် အလုပ်လုပ်ကိုင်လျှက်ရှိပါသည် စွမ်းအင် ခွန်အားမညီမျှခြင်းနှင့် ဘာသာစကားအခက်အခဲများကြောင့် အမျိုးမျိုးသော အလုပ်ရှင်နှင့် အလုပ်သမား ရှာဖွေရေးအေဂျင်စီများ၏ ဖိနိပ်ခေါင်းပုံဖြတ်မှု့များကြုံတွေ့နေရပါသည်။ ထို့အပြင် ကူညီမှု့ကင်းမဲ့သော သံရုံးများကြောင့်၎င်း ကန့်သတ်မှု့ရှိသောတရားမျှတမှု့၊ လုပ်အားခဈေးနိမ်ခြင်း၊ မလေးရှားအာဏာပိုင်များ၏ လုံလောက်သောစောင့်ကြည့်စစ်ဆေးမှု့မရှိခြင်းများလည်း ပါဝင်ပါသည်။
Mr Charls Hector သည်ထင်ရှားသော လူ့အခွင့်အရေးလူ့အခွင့်အရေးလှုတ်ရှားတက်ကြွသူ မလေးရှား နိုင်ငံသား ရှေ့နေတယောက်ဖြစ်၍ အလုပ်သမားနှင့် ရွှေ့ပြောင်းအလုပ်သမား တရားမျှတမှု့နှင့်ပါတ်သက်၍ နှစ်ပေါင်းများစွာ ကိုယ်စားပြုလုပ်ကိုင်သူတဦး ဖြစ်ပါသည်။ တနှစ်အတွင်း ရွှေ့ပြောင်းအလုပ်သမား ၁၅၀၀ ကျော်အတွက် ဥပဒေရေးရာထောက်ပံ့မှု့များပြုလုပ်ခဲ့ပြီးသည့်အပြင် အင်တာနက်နှင့် တယ်လီဖုန်းအဆက် အသွယ်များဖြင့်လည်း အဆက်အသွယ်ပြုလုပ်၍ အလုပ်သမားထောင်ပေါင်းများစွာအတွက် အလုပ်သမား ပြဿနာများအတွက် ဆွေးနွေးလမ်းညွန်မှု့များပြုလုပ်ခဲ့ပါသည်။
Asahi Kosei ကုမ္ပဏ္ဏီမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား အလုပ်မှထုတ်ပယ်ပြစ်ခြင်း၊ နိုင်ငံတွင်းမှ နှင်ထုတ်ခြင်း များနှင့်ပါတ်သက်၍ တိုင်ကြားခြင်းကိုမကြာသေးသောအချိန်ကာလတွင်လက်ခံရရှိခဲ့ပါသည်။ Mr Hector မှ Asahi Kosei ကုမ္ပဏ္ဏီသို့ဆက်သွယ်၍ မြန်မာအလုပ်သမားများ၏ အခွင့်အရေးနှင့်ပါတ်သက်၍ လေးစားလိုက်နာရန်တိုက်တွန်း အတည်ပြုခဲ့ပါသည်။
Asahi Kosei ကုမ္ပဏ္ဏီမှ အကြောင်းပြန်ကြားခြင်းမရှိသော အခါမှစတင်၍ Mr Hector မှမိမိ၏ Blogတွင် အခြေအနေကို အထောက်အထားပြုလုပ်၍ Malaysia နိုင်ငံအတွင်းမှ နှင်ထုတ်ခြင်းခံနေရသော မြန်မာအ လုပ်သမား၃၁ယောက်အား တရားဥပဒေနှင့်ဆိုင်သော ကာကွယ်စောင့်ရှေက်မှု့များပြုလုပ်ခဲ့ပါသည်။ ယင်းတုံ့ ပြန်မှု့နှင့်ပတ်သက်၍ Asahi Kosei ကုမ္ပဏ္ဏီမှ Mr Hector အားအသရေဖျက်မှု့ဖြင့် USD 3.3သန်းလျှော်ကြေး ရလိုကြောင်းတရားဆွဲဆိုခဲ့ပါသည်။
ထို့အပြင် Asahi Kosei စက်ရုံတွင် အလုပ်လုပ်သော ထိုအလုပ်သမားများနှင့်ပါတ်သက်၍တာဝန်မရှိကြောင်း "Asahi Kosei တွင်အလုပ်လုပ်သော ထိုအလုပ်သမာများ" မှာ ကြားခံအလုပ်သမား ငှားရမ်းသောအေဂျင်စီ မှငှားရမ်းခဲ့ခြင်းကြောင့်ဟု ကန့်ကွက်ငြင်းဆိုခဲ့ပါသည်။
မည်သူ၏ လူ့အခွင့်အရေးချိုးဖေါက်ခံရမှု့၊ နစ်နာဆုံးရှုံးမှု့မျိုးမဆို အများပြည်သူသိရှိစေရန် တင်ပြရမည် ဖြစ်ပါသည် ထိုသို့မဟုတ်လျှင် တရားမျှတမှု့ကို ရရှိနိုင်မဟုတ်ပါ။
မည်သူမဆို (သို့) မည်သည့်အဖွဲ့အစည်းမဆို ရွှေ့ပြောင်းအလုပ်သမားများ၏ တရားဝင်နစ်နာမှု့များကို အများပြည်သူ၏အထူးဂရုပြု သတိမှုအောင်ဆောင်ရွက်ခြင်း အပေါ် ဒဏ်ခတ်ခြင်းအားခွင့်ပြုလျှင် အကာ အကွယ်ကင်းမဲ့သော ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေမှာ ပိုမိုဆိုးရွားသွားစေနိုင်ပါသည်။
Mr Hector အား တိုက်ခိုက်ထိုးနှက်ခြင်းသည် လူ့အခွင့်အရေးအတွက် ကိုယ်စားပြုသူများ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအား ထိုးနှက်တိုက်ခိုက်ခြင်းနှင့်အလားသဏ္ဏန်တူနေပါသည် ထို့အပြင် လွတ်လပ်စွာပြောရေးဆိုခွင့်နှင့် စစ်မှန်သောတရားမျှတမှု့ရရှိအောင် သတင်းအချက်အလက်ရယူပိုင်ခွင့် များအားခြမ်းခြောက်စိန်ခေါ်ခြင်းတခုဖြစ်ပါသည်။
ထို့ကြောင့်အောက်ပါအချက်အလက်များဖြင့် Mr Hector အားဝိုင်းဝန်ကူညီထောက်ခံမှု့များ ပြုလုပ်ရန် မိမိ တို့မှ မေတ္တာရပ်ခံအပ်ပါသည်။
တောင်းဆိုချက်များ….
1. Asahi Kosei ကုမ္ပဏီမှ Mr Hector အပေါ်တရားဆွဲဆိုမှု့အား အမြန်ဆုံး ရုပ်သိမ်းပေးရန်။
2. ဖြစ်ပွားခဲ့သော အခြေခံလူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု့များနှင့် ပါတ်သက်၍ ပြန်လည်ပြေလည်မှု့ရအောင် ဆောင်ရွက်ပေးရန်နှင့် အလုပ်သမားများ၊ အလုပ်သမားကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးကာကွယ်စောင့်လျှေက်သူများနှင့် အလေးအနက်ညှိနိုင်းဆွေးနွေးမှု့ ပြုလုပ်ရန်။
3. ထိခိုက်နစ်နာခဲ့သော အလုပ်သမားများအား အရင်အခြေအနေထက်ပို၍ပြည့်ဝသော အခွင့်အရေး နှင့် ခံစားခွင့်များ ပြန်လည်ပေးအပ်ရန် အထူးသဖြင့် (လက်ရှိထွက်ပြေးပုန်းရှောင်နေသူများ နှင့် အလုပ်ခွင်သို့ပြန်လည်ဝင်ရောက်ခွင့် မရသေးသောသူများ)
4. အနာဂတ်တွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှု့များမှရှောင်လွှဲနိုင်ရန် Asahi Kosei ကုမ္ပဏီ တွင်အလုပ်လုပ်ကိုင်ရန် မည်သည့်အလုပ်သမားငှားရမ်းသော အေဂျင့်မှသွင်းသော မည်သည့် အလုပ်သမားကိုမဆို Asahi Kosei တွင် အလုပ်လုပ်သူ အလုပ်သမားအားလုံးအား တာဝန်ယူမှု့ ပြုလုပ်ရန် မေတ္တာရပ်ခံ အပ်ပါသည်။
Asahi Kosei (M) Sdn Bhd သည် ဂျပန်ပိုင် ကုမ္ပဏီတခုဖြစ်ပြီး Malaysia နိုင်ငံ Selangor ပြည်နယ်တွင် တည်ရှိပါသည်။ Asahi Kosie Japan Co;Ltd ၏လက်အောက်ခံကုမ္ပဏီတခုဖြစ်ပြီး အလုပ်သမား ၁၃၀၀ ခန့်ရှိပြီး မော်တော်ကားနှင့် လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများထုတ်လုပ်ပါသည်။ Hitachi, Sony, Toshiba, Guneral Motors, Foard and Chrysler စသည်တို့ပါဝင်ပါသည်။
ဆက်သွယ်ရန်; Ms Liz Hilton , Ms Pranom Somwong Email: hrdef.chector@gmail.com http://indefenceofcharleshector.blogspot.com/
(ယနေ့ ၂၁.၃.၂၀၁၁ တွင် မလေးရှားနိုင်ငံ ကလန်းမြို့နယ် တရားရုံး၌် ပထမဆုံးအကြိမ် တရားရင်ဆိုင်ကြသည်။)
.facebook.HRmyanma မှကူးယူတင်ပြပါသည်။
0 ယောက် အကြံပြုထားပါသည်:
Post a Comment