ဘာသာပေါင်းစုံ ဆုတောင်းပွဲတွင် အကယ်ဒမီ မင်းသမီးကြီး ဒေါ်မြင့်မြင့်ခိုင်နှင့် တက်ရောက်လာသူများ ဆုတောင်းပေးနေသည်ကို မတ်လ ၁၉ ရက် ၂ဝ၁၁ ခုနှစ် ညဦးပိုင်းက တွေ့ရစဉ်။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူနှင့် ခရစ်ယန်ဘာသာများမှ ဘုန်းတော်ကြီးများ၊ သာသနာ့ခေါင်းဆောင်များ စုပေါင်းကာ ဂျပန်၊ နယူးဇီလန်၊ တရုတ်နိုင်ငံ၊ ချီလီနှင့် အခြားနိုင်ငံများမှ သဘာဝဘေးသင့်ပြည်သူများအတွက် ဆုတောင်းပွဲအခမ်းအနားကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ YMCA ခန်းမတွင် ၁၉.၃.၂ဝ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ဘာသာပေါင်းစုံ ဆုတောင်းပွဲတွင် မြန်မာနိုင်ငံ့ဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr.Takashi Saito(ရှေ့တန်း ဝဲ)၊ အငြိမ်းစားသံအမတ်ကြီး ဦးမြသန်း (ရှေ့တန်း အလယ်)၊ YMCA ဥက္ကဌ ဒေါက်တာဦးတင်လှ(ရှေ့တန်း ယာ)နှင့် သံဃာတော်များကိုကို မတ်လ ၁၉ ရက် ၂ဝ၁၁ ခုနှစ် ညဦးပိုင်းက တွေ့ရစဉ်။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူနှင့် ခရစ်ယန်ဘာသာများမှ ဘုန်းတော်ကြီးများ၊ သာသနာ့ခေါင်းဆောင်များ စုပေါင်းကာ ဂျပန်၊ နယူးဇီလန်၊ တရုတ်နိုင်ငံ၊ ချီလီနှင့် အခြားနိုင်ငံများမှ သဘာဝဘေးသင့်ပြည်သူများအတွက် ဆုတောင်းပွဲအခမ်းအနားကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ YMCA ခန်းမတွင် ၁၉.၃.၂ဝ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်က ကျင်းပပြုလုပ်ခဲ့သည်။
facebookmizzima မှကူးယူပါသည်။
0 ယောက် အကြံပြုထားပါသည်:
Post a Comment