Wednesday, January 30, 2013

ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်နဲ့ သူတို့ပြောပြချက်

ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်နဲ့ သူတို့ပြောပြချက်

Wednesday, January 30, 2013  

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းအချို့၊ သံဃာ အချို့ နဲ့ စာနယ်ဇင်းအချို့က မမှန်မကန် သတင်းတွေထုတ်လွှင့်တယ်၊ အစိုးရနဲ့ တပ်မတော်အပေါ် ပြည်သူ အမြင်လွှဲမှား စေမယ့် သတင်းနဲ့ ကြေညာချက်တွေကို ထုတ်ပြန်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

 ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်ခြင်း မပြုလုပ်ဖို့ သမ္မတညွှန်ကြားခဲ့တဲ့ အချိန်ကစပြီး တပ်မတော်အနေနဲ့ တိကျစွာ လိုက်နာကြောင်း၊ KIA က ဒါကိုအခွင့် ကောင်းယူပြီး တိုက်ခိုက်မှုတွေ၊ ဖောက်ခွဲဖျက်ဆီးမှုတွေ လုပ်လာတာတွေကြောင့် ခုခံ တိုက်ခိုက်ခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ KIA ရဲ့ချိုးဖောက်မှုတွေကို မျက်ကွယ်ပြုပြီး တပ်မတော်ကို အများပြည်သူနဲ့ နိုင်ငံတကာ အထင် အမြင် လွဲမှားအောင် ရေးသားထုတ်ပြန်နေတယ်လို့ ဆိုထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဒေသခံ နိုင်ငံရေးသမား၊ ဒေသနဲ့ အနီးကပ် စစ်ရေးစောင့်ကြည့် လေ့လာသူ၊ စစ်ပွဲဖြစ်ပွားရာဒေသကို ကိုယ်တိုင် သွားရောက် ခဲ့ကြတဲ့ လူမှုအဖွဲ့အစည်း တာဝန်ရှိသူနဲ့ သတင်းထောက် တို့ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထား ပါတယ်။ သူတို့ရဲ့ ပြောဆိုချက်တွေက ဒီလိုပါ -

    ဦးအောင်ကျော်ဇော
    (တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူ)

နှစ်ဖက်ပဋိပက္ခတွေမှာ KIA က ပြည်တွင်းပြည်ပ သတင်းဌာနတွေ အကုန်လုံး ဝင်ခွင့်ပြုတယ်၊ ကုန်ကုန်ပြောရရင် အရင်က အစိုးရ ကောင်းကြောင်းချည်း ရေးနေတဲ့ ပြည်တွင်းက ဂျာနယ်တွေတောင် ဝင်ခွင့်ပြုတယ်၊ သတင်းယူခွင့်ပြုတယ်၊ အစိုးရ စစ်တပ်ကလည်း သူတို့ဘက်က ရိုးသားရင် KIA လို ဘာလို့ သတင်းထောက်တွေကို ဝင်ခွင့် မပြုတာလဲ။ သတင်းသမားကတော့ သူတို့ မြင်ရင်မြင်တဲ့ အတိုင်း အဖြစ်မှန်ကို ရေးကြမှာပဲ။

အစိုးရတပ်က အမြှောက်နဲ့ ပစ်လို့ အရပ်သားတွေ သေကြေနေတာလည်း သတင်းထောက်တွေ မျက်စိနဲ့ ကိုယ်တွေ့မြင်ခဲ့ရပြီး မျက်ရည်တောင် ကျခဲ့ရတာပဲ၊ အဲဒီအချိန် အစိုးရ ပြန်ကြားရေးက ဝါဒဖြန့်လို့ကောင်းနေတုန်း၊ နယ်မြေတွင်းမှာ နဖူးတွေ့၊ ဒူးတွေ့မြင်ရတာကို ရေးနေတဲ့ဟာကို အခု သေနက် ကိုင်နေတဲ့ အစိုးရ စစ်သားတွေက ထပ်ပြီးလိမ်ပြန်ပြီ၊ သူတို့ကို ဘယ်လိုပြောရန်မှန်းကို မသိတော့ဘူး။

အစိုးရနဲ့ KIA ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ယူခဲ့တဲ့ ကာလတုန်းက စုစုပေါင်း မပခ မှာ တပ်ရင်း ၄၆ ရင်း ရှိတယ်၊ တပ်မ ၂ ခုက တပ်ရင်း ၂၀ ပေါ့၊ အဲဒီတုန်းက ဒီတပ်မ ၂ ခုကလည်း အမြဲ မနေဘူး၊ တခုစီလဲပြီးတော့ ကရင်ကို သွားသွားပြီး ထိုးနေတာ၊ အခု ကချင်ပြည်နယ်မှာ ဘာဖြစ်လို့ တပ်ရင်း ၁၀၀ ကျော်လာတာလဲ၊ တပ်မ ၃၃၊ ၉၉ တို့ ၈၈ တို့က ဘယ်ကနေရောက်လာတာလဲ၊ ခုခံစစ်လား ထိုးစစ်လား စဉ်းစားကြည့်လေ သုံးတဲ့ တပ်ရင်းကိုလည်း ကြည့်ဦး မြန်မာနိုင်ငံ ခြေလျင်တပ်ရင်း ၅၆၀ ရှိတဲ့ အထဲမှာ ကချင်မှာ တပ်ရင်း ၁၂၀ ကျော် ရောက်နေတယ်၊ ဒါတောင်အမြှောက်တပ်တွေမပါသေးဘူး၊ ထိုးစစ်မဟုတ်ဘူး ဆိုရင် ဘယ်ကနေ ရောက်လာတာလဲ၊ ဒါကတော့ ရှင်းရှင်းလေးပဲ။

တချို့နေရာတွေမှာ အရပ်သားမောင်းလာတဲ့ ကုန်တင်ကားကို KIA က ဖောက်ခွဲတာတွေရှိခဲ့တယ်၊ အရပ်သားကလည်း အစိုးရ စစ်လက်နက်တွေ၊ ရိက္ခာတွေ ကုန်တင်ကားနဲ့ သယ်လာပေးတယ်၊ ရထားလမ်းကြောင်းနဲ့လည်း သယ်တယ်၊ ဒါတွေဟာ မလုပ်သင့်တဲ့ အရာတွေ၊ အစိုးရက တဖက်လှည့်နဲ့ အရပ်သားတွေကို အသုံးချတယ်။

KIA က သူ့နယ်မြေကို သူကာကွယ်နေတာ KIA ကမြို့တွေကို ဝင်တိုက်လို့ ရဟတ်ယာဉ်တွေ၊ လေယဉ်ပျံတွေသုံးတယ် ဆိုရင် လက်ခံလို့ရသေးတယ်၊ သူ့နယ်မြေသူနေတာပဲလေ၊ သူလည်း ငြိမ်းချမ်းရေး လိုချင်တာပဲလေ၊ အရင် ၁၇ နှစ် လုပ်ပြီးပြီ ဘာမှ မထူးခြားဘူး၊ အပစ်ခတ်ရပ်စဲရေး လုပ်မလား၊ ထာဝရငြိမ်းချမ်းရေးလုပ်မလားဆိုတော့ KIA က ထာဝရငြိမ်းချမ်းရေးလုပ်မယ် ထာဝရ ငြိမ်းချမ်းရေးလုပ်ရင် နိုင်ငံရေး စကားပြောရမယ်၊ အစိုးရဘက်က နိုင်ငံရေးစကားမပြောချင်ဘူး၊ ဒါက အဟန့်အတား ဖြစ်နေတယ်။
---------------------------------------------------------------------------------------------

    ဒေါ်ဘောက်ဂျာ
    (အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF) ပါတီ ၏ ကချင်ပြည်နယ် ခေါင်းဆောင်)

နေပြည်တော်တို့ ရန်ကုန်တို့မှာပဲ နေနေတဲ့ လူဆိုရင်တော့ အစိုးရရဲ့ ဒီထုတ်ပြန်ချက်ကို ဟုတ်မလားတွေးမိမှာပဲ၊ ကချင်ပြည်နယ် အတွင် နေရာအနှံ့သွားနေတဲ့လူ မျက်မြင်ကိုယ်တွေ့တွေ အတွက်တော့ အစိုးရကတော့ ဗြောင်လိမ်တာပဲ၊ ဒါဟာလည်း အခုမှ မဟုတ်ပါဘူး၊ နှစ်ပေါင်းမြောက်များစွာ ဒီလိုပဲ လိမ်နေတာပဲ။ ဒီကိုလာကြည့်လို့ရှိရင် အစိုးရက ကချင်တိုင်းရင်းသား တွေအပေါ်မှာ မတရား အနိုင်ကျင့်နေတာ၊ လူအခွင့်အရေး ချိုးဖောက် နေတာတွေကို မျက်ဝါးထင်ထင်တွေ့ရလိမ့်မယ်။

တချို့ကျေးရွာတွေဆိုရင် KIA နဲ့ ဆက်နွယ်တယ်ဆိုပြီး ပစ်ခတ်မီးရှို့တာ၊ ပစ္စည်းတွေယူတာတွေ လုပ်နေတာပဲ။ အခုလည်း နေ့တိုင်း တိုက်ပွဲတွေဖြစ်နေတာ ကိုယ်တိုင် တွေ့မြင်နေရတာပဲ၊ ထိုးစစ်မဆင်ပါဘူး ဆိုတာကလည်း တပ်တွေဝင်ထွက်၊ သွားလာနေတာတွေ၊ လက်နက်ခဲယမ်း အင်အားတိုးချဲ့တာတွေလျှော့ပြီး တပ်တွေနောက်ဆုတ်ပေးလိုက်ရင် သူ့အလိုလို စစ်ပွဲက အေးချမ်းသွားမှာပဲ၊ ထိုးစစ်ဆင်နေတယ်၊ အင်အားဖြည့်တာတွေ လုပ်နေမှတော့ သူတို့ လက်နက်ကိုင် အချင်းချင်းကတော့ တစ်ဘက်နဲ့ တဘက်ဖြစ်နေမှာပဲ။
---------------------------------------------------------------------------------------------

    ဦးနေမျိုးဇင်
    (မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် အဖွဲ့ခေါင်းဆောင်၊ စစ်အရာရှိဟောင်း)

နှစ်ဖက်စလုံးသော လက်နက်ကိုင် တပ်ဖွဲ့တွေက တိုင်းပြည် အနာဂတ်အတွက် ဖွံ့ဖြိုးတိုးတက်ဖို့ကို မျှော်မြင် ဆင်ခြင်တုံတရားတွေ မွေးဖို့လိုတယ်၊ ဘယ်လောက်ပဲ ခုခံစစ်လို့ပြောနေနေ ကျနော်ရောက်ခဲ့တဲ့ အနေအထားကို ကြည့်ခြင်းအားဖြင့် ရန်လိုမှုနဲ့ လက်ဦးမှု ရယူမှုအတွက် လုပ်ဆောင်နေတဲ့ သဘောတွေကို ကျနော်တို့တွေ့ရတယ်၊  တကယ်ငြိမ်းချမ်းရေးကို လိုလားတယ်၊ တိုင်းပြည် အနာဂတ်အတွက် လက်နက်မပါဘဲ ပဋိပက္ခဖြေရှင်းနည်းနဲ့ ဒေသဖွံ့ဖြိုးရေးကို ကျိုးစားချင်စိတ် ရှိမယ်ဆိုလို့ရှိရင် လက်ဦးမှုနဲ့ လွှမ်းမိုးမှု ရယူလိုမှုရည်မှန်းချက်ကို မထားသင့်ဘူး။

အပြင်းအထန်တိုက်ခိုက်နေတဲ့ နှစ်ဖက်တပ်ဖွဲ့တွေက အင်မတန်နီးကပ်နေတယ်၊ ဟိုဘက် တပ်က ဝါးထင်းနဲ့ ထမင်းချက်လို့ ဝါးကွဲသွားရင် သေနက်နဲ့ ပစ်တယ်ဆိုပြီး ဒီဘက်က လက်နက်အင်နဲ့အားနဲ့ အမြှောက်တွေနဲ့ ပစ်ခတ်ရင် ခုခံစစ်ဖြစ်နိုင်ပါတော့ မလား။ ဒါဖြစ်နိုင်တဲ့ သဘောသဘာဝတွေကိုပြောတာပါ။

အဲတော့ ရန်လိုမာန်စောင်နေတဲ့ နှစ်ဘက်တပ်တွေ အနေနီးနေသမျှ ဘယ်လိုနည်းနဲ့မှ ရိုးသားဖြောင့်မတ် ပွင့်လင်းတဲ့ အပစ်ခတ် ရပ်စဲမှုဖြစ်လာနိုင်မှာ မဟုတ်ဘူး၊ အဲတော့ ခံစစ်အနေနဲ့ပဲ နေမယ်ဆိုလို့ရှိရင် ကိုယ့်စခန်းကို ပြန်ဆုတ်ပါ၊ ဟိုတနေ့က ဘဘ ဦးတင်ဦး (ကာကွယ်ရေးဦးစီးချုပ်ဟောင်း) ဆီကို ကျနော် လိုင်ဇာကို သွားမလို့ ဘာမှာဦးမလဲ ဆိုတော့ တစ်ခွန်းပဲမှာချင်တယ် ကောင်လေးရာတဲ့၊ နှစ်ဖက်တပ်တွေ ကိုယ့်တပ်ကို နေရာပြန်ဆုတ်ပြီး အပစ်အခတ်ကို လုံးဝ တိတိကျကျ ရပ်စဲပြီးမှ စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်အောင် ပြောခဲ့ဆိုပြီး မှာလိုက်တယ်၊ ဒီအတိုင်းပဲ ကျနော်ပြောရမှာပဲ၊ အဲလိုမှ မဟုတ်ဘဲ ငါတို့က ခံစစ်အနေနဲ့ပဲနေမယ် အနီးနားမှာ သွားကပ်နေမယ် သေနတ်သံကြားရင် အင်အားနဲ့ ဆော်လိုက်မယ် ဆိုရင်တော့ လူထုဝေဖန်တာကိုခံရမှာပဲလေ။

ထုတ်ပြန်နေတဲ့ သတင်းတွေ၊ ထုတ်ပြန်ချက်တွေဟာ တစ်ဖက်သက် မဖြစ်ချင်ရင် နှစ်ဖက်သက်မဖြစ်ဖို့ ပွင့်လင်းမြင်သာမှုဖြစ်ဖို့ လိုလိမ့်မယ်၊ ကျနော်တို့သွားတာတောင် ဗျူဟာမှူး ကိုယ်တိုင်က ဖုန်းထဲက ပြောနေတာ ဆတ်ဆတ်ကြားခဲ့ရတယ်၊ ဟေ့ကောင် အဲဒီဗိုလ်ကြီးဟောင်းဆိုတဲ့ ကောင်ရဲ့ ကင်မရာတွေကို စစ်ပါ၊ တပ်စခန်းတွေကို လုံးဝ အရိုက်မခံပါနဲ့ အကုန်ပြန်စစ် ဆိုပြီး စသဖြင့် ညွှန်ကြားနေတာကြားရတယ်။

အဲတော့ တဖက်သတ်မဖြစ်ချင်ရင် သတင်းမီဒီယာတွေကို ရှေ့တန်းစခန်းတွေကို ခေါ်ပါ၊ ဘယ်လောက်ထိ အင်အားကို ဘယ်လိုချထားပါတယ်၊ ဘယ်လိုရည်မှန်းချက်နဲ့ ဘယ်လို အကာအကွယ် လုပ်ထားပါတယ်၊ အဲလိုပွင့်ပွင့်လင်းလင်း လုပ်ထားရင် တစ်ဖက်သတ် ဆိုတဲ့ စကား သုံးစရာမလိုတော့ဘူး၊ အဲဒီအခါကျရင် ကြားထဲက သတင်းမီဒီယာနဲ့ ပြည်သူလူထုက ဆုံးဖြတ်လို့ရပြီ ဘယ်သူကဖြောင့်မှန်ပြီး ဘယ်သူက အကောက်ကြံတယ် ဆိုတာ။

မြန်မာစစ်တပ်ဘက်က အင်မတန်ကို လျှို့ဝှက်သိုသိပ်လွန်း အားကြီး ပြီးတော့ တိုင်းရင်းသားပြည်သူလုထုကို ရန်သူသဖွယ် သဘောထားပြီး နေကြတာကို ကျနော်တွေ့ခဲ့ရတယ်။ ကျနော်တို့ တွေ့ခဲ့တာ ဗန်းမော် လမ်းတစ်လျှောက်မှာဆိုရင် တပ်တွေက လမ်းသွား လမ်းလာတွေကို တချိန်လုံး ဓါတ်မီးနဲ့ ချိန်ပြီး စစ်ဆေးမေးမြန်းနေတာကို တွေ့ခဲ့ရတယ်။

အခုဖြစ်နေတာလည်း အစိုးရက ခုခံစစ်ဆိုတာ ပြောလို့မရနိုင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ လွန်ခဲ့တဲ့ ၁၇ နှစ် လုံးလုံး ငြိမ်းချမ်းရေး တပ်ဖွဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေးယူထားပြီးတော့ KIA ကပဲ ဒီဒေသ၊ ဒီဒေသကို သူတို့နည်း သူတို့ဟန်နဲ့ သူတို့ ဥပဒေ၊ သူတို့နည်းပညာနဲ့ အုပ်ချုပ်ခဲ့တာလေ၊ အခုမှ အဆင်မပြေဖြစ်တော့မှ တိုက်ကြ၊ ခိုက်ကြပြီးမှ ခုခံစစ်မို့ ဆိုပြီးတော့ KIA နှစ်ပေါင်းများစွာ ထိန်းချုပ်လာတဲ့ နေရာတွေကို အတင်း ဝင်သိမ်းတာ ခုခံစစ်လို့ပြောမယ် ဆိုရင်တော့ တမျိုးဖြစ်နေလိမ့်မယ်၊ ကျနော်တော့ လက်သင့်မခံပါဘူး၊ ကချင်လူထုကို လက်နက်နဲ့ သတ်ဖြတ်နှိမ်နင်းပြီးတော့မှ ငြိမ်းချမ်းရေးကို တည်ဆောက်မယ် ဆိုတဲ့ ရည်မှန်းချက်ရှိတယ် ဆိုရင်တော့ အင်မတန် ဝမ်းနည်းစရာကောင်းတဲ့ အနာဂတ်တွေဖြစ်လာလိမ့်မယ်လို့ ကျနော်ထင်တယ်။
---------------------------------------------------------------------------------------------

    စနေလင်း
    ကချင်ပြည်နယ် စစ်မြေပြင်ကို သွားရောက် သတင်းယူခဲ့သည့် ဧရာဝတီ သတင်းထောက်

မီဒီယာအပေါ် ကာကွယ်ရေးဝန်ကြီးဌာန လုပ်နေတာက ကြေညာတာ၊ အသိပေးတာ၊ စုံစမ်းခွင့်ပေးတာ မဟုတ်ဘူး၊ ကာကွယ်ရေးဝန်ကြီးဌာနကို ပြောချင်တာက တကယ်လို့ စာနယ်ဇင်းတွေ တဖက်စောင်းနင်းရေးတယ် လို့မြင်ရင် သူ့စစ်တပ်ရဲ့ရှေ့တန်းကို သွားချင်၊ မြင်ချင်၊ သတင်းရေးချင်နေတဲ့ မီဒီယာသမားတွေကို ၀င်ခွင့်ပေးပါ။KIA  က အဲဒီနေရာမှာ အစိုးရထက် ပိုပြီး မီဒီယာကို ၀င်ခွင့်ပြုတယ်၊ သူတို့စစ်သားတွေကို မေးတယ်၊ ဘာမှ မပြောဘူး၊ အုပ်ချုပ်ရေးပိုင်းကလည်း လာတားတာ မရှိဘူး၊ စစ်တပ်က ရဲဘော်တွေ ခံစားကြုံတွေ့နေရတာတွေကို မေးချင်တယ်၊ သူတို့ရဲ့ သဘောထားကို မေးချင်တယ်၊ အဲဒါကို ကာကွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုပေးသင့်တယ်၊ မီဒီယာတချို့ကြိုးစားဖူးပါတယ်၊ ဒါပေမယ့် ခွင်ြ့ပုချက်မရခဲ့ဘူး။

အဲဒီအပြင် အစိုးရစစ်သားတွေ ပြန်ဆုတ်သွားတဲ့နေရာတွေမှာ စာတွေရေးပေးခဲ့တာကို ကျွန်တော်တို့သိခဲ့ရတယ်၊ တကယ်လို့ ငြိမ်းချမ်းမှုတွေရခဲ့တဲ့ အချိန်မှာ KIA ရဲဘော်တွေနဲ့အတူ ကချင်ထုံးစံအတိုင်း စားသောက်ချင်တဲ့အကြောင်း အစိုးရစစ်သားတွေရေးခဲ့တဲ့စာတွေ ကျန်ခဲ့တာ သိရတယ်။KIA  ဘက်က မီဒီယာအပေါ် ပွင့်လင်းမြင်သာမှု အတိုင်းအတာတစ်ခုအထိ ရှိတယ်၊ အစိုးရဘက်က ဘယ်တော့မှ အဲဒီလိုမရှိခဲ့ဘူး၊ ဒါပေမယ့် ၀င်ခွင့်ပေးတယ်လို့ နာမည် ရအောင်တော့ သူတို့နဲ့ပလဲနံပသင့်တဲ့သူတွေကိုခေါ်ပြ တာမျိုးတော့ လုံးဝ လက်ခံလို့မရဘူး။

အဲဒီလို တစ်ဖက်စောင်းနင်းဖြစ်တယ်လို့မြင်နေရင် ပွင့်လင်းမြင်သာမှုကို အရင် ရှိအောင်လုပ်ဖို့လိုတယ်၊ အခုကေ KIA က ဒီလိုမြင်တယ်၊ စစ်တပ် ဘယ်လိုမြင်လဲ ဆိုတာ ဘယ်နေရာမှာ သွားမေးရမလဲ၊ KIA ဘက်က စစ်ဦးစီးတွေ သူတို့ရဲ့ သဘောထားကို ပွင့်လင်းအောင်ပြောထားတယ်၊ ကာကွယ်ရေးဘက်က ဦးစီတွေ ဘယ်မီဒီယာနဲ့တွေ့ခဲ့လဲ၊ တစ်ဖက်ကမေးပြီး ဆက်သွယ်မရဖြစ်တာကို အပြစ်မတင်နဲ့လို့ ကာကွယ်ရေးဝန်ကြီးဌာနကို ပြောချင်တယ်။

ကချင်စစ်သားတွေလည်း တော်တော်များများက ဘွဲ့ရ ပညာတတ်တွေပါတယ်၊ အစိုးရတက္ကသိုလ်မှာကို ဘွဲ့ရခဲ့ကြတာ။ ဒါပေမယ့် သူတို့ရဲ့စိတ်ထဲမှာ ဒီကချင်မြေက သူတို့နိုင်ငံ၊ သူတို့မြေကို သူတို့ကာကွယ်တာ ဆိုတာကတော့ အမြဲရှိတယ်။

နောက်သူတို့က ခံစစ်၊ အစိုးရက ထိုးစစ်၊ စစ်ဗျူဟာအရ ပြောရရင် စစ်ရေး အသာစီးရအောင်လုပ်တယ်လို့ အစိုးရက ပြောပေမယ့် တကယ်တမ်းကြည့်ရင် ကချင်က ခုခံရတာ KIA ရဲ့ အဓိက လိုချင်နေတာက သူတို့လူမျိုးကို သူတို့ကိုယ်တိုင်အုပ်ချုပ်ဖို့၊ ဒီဒေသရဲ့အားလုံးကို သူတို့စီမံခန့်ခွဲဖို့ဆိုတာ စစ်သားတွေတိုင်းမှာ အဲဒီအသိရှိတယ်။

ကျနော်နဲ့စကားပြောခဲ့ရတဲ့ KIA  ကွန်မန်ဒိုရဲဘော်တဦး ဆိုရင် သူတို့က အစိုးရစစ်တပ်က ဗိုလ်ကြီးတွေကို မိတယ်၊ သေနတ်ထိလို့ ဆေးကုပေးခဲ့တယ်။ စစ်တပ်က သူတို့လူတဦးကို မိတယ်။ လဲလှယ်ဖို့လုပ်တော့ သူတို့က အရှင်ပေးလိုက်ပေမယ့် စစ်တပ်က ဘတ်နတ်နဲ့ထိုးချက်တွေနဲ့သေနေတဲ့ အလောင်းကိုပဲ ပေးတယ် တဲ့။

http://blog.irrawaddy.org/2013/01/blog-post_3172.html

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းအချို့၊ သံဃာ အချို့ နဲ့ စာနယ်ဇင်းအချို့က မမှန်မကန် သတင်းတွေထုတ်လွှင့်တယ်၊ အစိုးရနဲ့ တပ်မတော်အပေါ် ပြည်သူ အမြင်လွှဲမှား စေမယ့် သတင်းနဲ့ ကြေညာချက်တွေကို ထုတ်ပြန်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်ခြင်း မပြုလုပ်ဖို့ သမ္မတညွှန်ကြားခဲ့တဲ့ အချိန်ကစပြီး တပ်မတော်အနေနဲ့ တိကျစွာ လိုက်နာကြောင်း၊ KIA က ဒါကိုအခွင့် ကောင်းယူပြီး တိုက်ခိုက်မှုတွေ၊ ဖောက်ခွဲဖျက်ဆီးမှုတွေ လုပ်လာတာတွေကြောင့် ခုခံ တိုက်ခိုက်ခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ KIA ရဲ့ချိုးဖောက်မှုတွေကို မျက်ကွယ်ပြုပြီး တပ်မတော်ကို အများပြည်သူနဲ့ နိုင်ငံတကာ အထင် အမြင် လွဲမှားအောင် ရေးသားထုတ်ပြန်နေတယ်လို့ ဆိုထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဒေသခံ နိုင်ငံရေးသမား၊ ဒေသနဲ့ အနီးကပ် စစ်ရေးစောင့်ကြည့် လေ့လာသူ၊ စစ်ပွဲဖြစ်ပွားရာဒေသကို ကိုယ်တိုင် သွားရောက် ခဲ့ကြတဲ့ လူမှုအဖွဲ့အစည်း တာဝန်ရှိသူနဲ့ သတင်းထောက် တို့ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထား ပါတယ်။ သူတို့ရဲ့ ပြောဆိုချက်တွေက ဒီလိုပါ -

ဦးအောင်ကျော်ဇော
(တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူ)

နှစ်ဖက်ပဋိပက္ခတွေမှာ KIA က ပြည်တွင်းပြည်ပ သတင်းဌာနတွေ အကုန်လုံး ဝင်ခွင့်ပြုတယ်၊ ကုန်ကုန်ပြောရရင် အရင်က အစိုးရ ကောင်းကြောင်းချည်း ရေးနေတဲ့ ပြည်တွင်းက ဂျာနယ်တွေတောင် ဝင်ခွင့်ပြုတယ်၊ သတင်းယူခွင့်ပြုတယ်၊ အစိုးရ စစ်တပ်ကလည်း သူတို့ဘက်က ရိုးသားရင် KIA လို ဘာလို့ သတင်းထောက်တွေကို ဝင်ခွင့် မပြုတာလဲ။ သတင်းသမားကတော့ သူတို့ မြင်ရင်မြင်တဲ့ အတိုင်း အဖြစ်မှန်ကို ရေးကြမှာပဲ။

အစိုးရတပ်က အမြှောက်နဲ့ ပစ်လို့ အရပ်သားတွေ သေကြေနေတာလည်း သတင်းထောက်တွေ မျက်စိနဲ့ ကိုယ်တွေ့မြင်ခဲ့ရပြီး မျက်ရည်တောင် ကျခဲ့ရတာပဲ၊ အဲဒီအချိန် အစိုးရ ပြန်ကြားရေးက ဝါဒဖြန့်လို့ကောင်းနေတုန်း၊ နယ်မြေတွင်းမှာ နဖူးတွေ့၊ ဒူးတွေ့မြင်ရတာကို ရေးနေတဲ့ဟာကို အခု သေနက် ကိုင်နေတဲ့ အစိုးရ စစ်သားတွေက ထပ်ပြီးလိမ်ပြန်ပြီ၊ သူတို့ကို ဘယ်လိုပြောရန်မှန်းကို မသိတော့ဘူး။

အစိုးရနဲ့ KIA ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ယူခဲ့တဲ့ ကာလတုန်းက စုစုပေါင်း မပခ မှာ တပ်ရင်း ၄၆ ရင်း ရှိတယ်၊ တပ်မ ၂ ခုက တပ်ရင်း ၂၀ ပေါ့၊ အဲဒီတုန်းက ဒီတပ်မ ၂ ခုကလည်း အမြဲ မနေဘူး၊ တခုစီလဲပြီးတော့ ကရင်ကို သွားသွားပြီး ထိုးနေတာ၊ အခု ကချင်ပြည်နယ်မှာ ဘာဖြစ်လို့ တပ်ရင်း ၁၀၀ ကျော်လာတာလဲ၊ တပ်မ ၃၃၊ ၉၉ တို့ ၈၈ တို့က ဘယ်ကနေရောက်လာတာလဲ၊ ခုခံစစ်လား ထိုးစစ်လား စဉ်းစားကြည့်လေ သုံးတဲ့ တပ်ရင်းကိုလည်း ကြည့်ဦး မြန်မာနိုင်ငံ ခြေလျင်တပ်ရင်း ၅၆၀ ရှိတဲ့ အထဲမှာ ကချင်မှာ တပ်ရင်း ၁၂၀ ကျော် ရောက်နေတယ်၊ ဒါတောင်အမြှောက်တပ်တွေမပါသေးဘူး၊ ထိုးစစ်မဟုတ်ဘူး ဆိုရင် ဘယ်ကနေ ရောက်လာတာလဲ၊ ဒါကတော့ ရှင်းရှင်းလေးပဲ။

တချို့နေရာတွေမှာ အရပ်သားမောင်းလာတဲ့ ကုန်တင်ကားကို KIA က ဖောက်ခွဲတာတွေရှိခဲ့တယ်၊ အရပ်သားကလည်း အစိုးရ စစ်လက်နက်တွေ၊ ရိက္ခာတွေ ကုန်တင်ကားနဲ့ သယ်လာပေးတယ်၊ ရထားလမ်းကြောင်းနဲ့လည်း သယ်တယ်၊ ဒါတွေဟာ မလုပ်သင့်တဲ့ အရာတွေ၊ အစိုးရက တဖက်လှည့်နဲ့ အရပ်သားတွေကို အသုံးချတယ်။

KIA က သူ့နယ်မြေကို သူကာကွယ်နေတာ KIA ကမြို့တွေကို ဝင်တိုက်လို့ ရဟတ်ယာဉ်တွေ၊ လေယဉ်ပျံတွေသုံးတယ် ဆိုရင် လက်ခံလို့ရသေးတယ်၊ သူ့နယ်မြေသူနေတာပဲလေ၊ သူလည်း ငြိမ်းချမ်းရေး လိုချင်တာပဲလေ၊ အရင် ၁၇ နှစ် လုပ်ပြီးပြီ ဘာမှ မထူးခြားဘူး၊ အပစ်ခတ်ရပ်စဲရေး လုပ်မလား၊ ထာဝရငြိမ်းချမ်းရေးလုပ်မလားဆိုတော့ KIA က ထာဝရငြိမ်းချမ်းရေးလုပ်မယ် ထာဝရ ငြိမ်းချမ်းရေးလုပ်ရင် နိုင်ငံရေး စကားပြောရမယ်၊ အစိုးရဘက်က နိုင်ငံရေးစကားမပြောချင်ဘူး၊ ဒါက အဟန့်အတား ဖြစ်နေတယ်။
---------------------------------------------------------------------------------------------

ဒေါ်ဘောက်ဂျာ
(အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF) ပါတီ ၏ ကချင်ပြည်နယ် ခေါင်းဆောင်)

နေပြည်တော်တို့ ရန်ကုန်တို့မှာပဲ နေနေတဲ့ လူဆိုရင်တော့ အစိုးရရဲ့ ဒီထုတ်ပြန်ချက်ကို ဟုတ်မလားတွေးမိမှာပဲ၊ ကချင်ပြည်နယ် အတွင် နေရာအနှံ့သွားနေတဲ့လူ မျက်မြင်ကိုယ်တွေ့တွေ အတွက်တော့ အစိုးရကတော့ ဗြောင်လိမ်တာပဲ၊ ဒါဟာလည်း အခုမှ မဟုတ်ပါဘူး၊ နှစ်ပေါင်းမြောက်များစွာ ဒီလိုပဲ လိမ်နေတာပဲ။ ဒီကိုလာကြည့်လို့ရှိရင် အစိုးရက ကချင်တိုင်းရင်းသား တွေအပေါ်မှာ မတရား အနိုင်ကျင့်နေတာ၊ လူအခွင့်အရေး ချိုးဖောက် နေတာတွေကို မျက်ဝါးထင်ထင်တွေ့ရလိမ့်မယ်။

တချို့ကျေးရွာတွေဆိုရင် KIA နဲ့ ဆက်နွယ်တယ်ဆိုပြီး ပစ်ခတ်မီးရှို့တာ၊ ပစ္စည်းတွေယူတာတွေ လုပ်နေတာပဲ။ အခုလည်း နေ့တိုင်း တိုက်ပွဲတွေဖြစ်နေတာ ကိုယ်တိုင် တွေ့မြင်နေရတာပဲ၊ ထိုးစစ်မဆင်ပါဘူး ဆိုတာကလည်း တပ်တွေဝင်ထွက်၊ သွားလာနေတာတွေ၊ လက်နက်ခဲယမ်း အင်အားတိုးချဲ့တာတွေလျှော့ပြီး တပ်တွေနောက်ဆုတ်ပေးလိုက်ရင် သူ့အလိုလို စစ်ပွဲက အေးချမ်းသွားမှာပဲ၊ ထိုးစစ်ဆင်နေတယ်၊ အင်အားဖြည့်တာတွေ လုပ်နေမှတော့ သူတို့ လက်နက်ကိုင် အချင်းချင်းကတော့ တစ်ဘက်နဲ့ တဘက်ဖြစ်နေမှာပဲ။
---------------------------------------------------------------------------------------------

ဦးနေမျိုးဇင်
(မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် အဖွဲ့ခေါင်းဆောင်၊ စစ်အရာရှိဟောင်း)

နှစ်ဖက်စလုံးသော လက်နက်ကိုင် တပ်ဖွဲ့တွေက တိုင်းပြည် အနာဂတ်အတွက် ဖွံ့ဖြိုးတိုးတက်ဖို့ကို မျှော်မြင် ဆင်ခြင်တုံတရားတွေ မွေးဖို့လိုတယ်၊ ဘယ်လောက်ပဲ ခုခံစစ်လို့ပြောနေနေ ကျနော်ရောက်ခဲ့တဲ့ အနေအထားကို ကြည့်ခြင်းအားဖြင့် ရန်လိုမှုနဲ့ လက်ဦးမှု ရယူမှုအတွက် လုပ်ဆောင်နေတဲ့ သဘောတွေကို ကျနော်တို့တွေ့ရတယ်၊ တကယ်ငြိမ်းချမ်းရေးကို လိုလားတယ်၊ တိုင်းပြည် အနာဂတ်အတွက် လက်နက်မပါဘဲ ပဋိပက္ခဖြေရှင်းနည်းနဲ့ ဒေသဖွံ့ဖြိုးရေးကို ကျိုးစားချင်စိတ် ရှိမယ်ဆိုလို့ရှိရင် လက်ဦးမှုနဲ့ လွှမ်းမိုးမှု ရယူလိုမှုရည်မှန်းချက်ကို မထားသင့်ဘူး။

အပြင်းအထန်တိုက်ခိုက်နေတဲ့ နှစ်ဖက်တပ်ဖွဲ့တွေက အင်မတန်နီးကပ်နေတယ်၊ ဟိုဘက် တပ်က ဝါးထင်းနဲ့ ထမင်းချက်လို့ ဝါးကွဲသွားရင် သေနက်နဲ့ ပစ်တယ်ဆိုပြီး ဒီဘက်က လက်နက်အင်နဲ့အားနဲ့ အမြှောက်တွေနဲ့ ပစ်ခတ်ရင် ခုခံစစ်ဖြစ်နိုင်ပါတော့ မလား။ ဒါဖြစ်နိုင်တဲ့ သဘောသဘာဝတွေကိုပြောတာပါ။

အဲတော့ ရန်လိုမာန်စောင်နေတဲ့ နှစ်ဘက်တပ်တွေ အနေနီးနေသမျှ ဘယ်လိုနည်းနဲ့မှ ရိုးသားဖြောင့်မတ် ပွင့်လင်းတဲ့ အပစ်ခတ် ရပ်စဲမှုဖြစ်လာနိုင်မှာ မဟုတ်ဘူး၊ အဲတော့ ခံစစ်အနေနဲ့ပဲ နေမယ်ဆိုလို့ရှိရင် ကိုယ့်စခန်းကို ပြန်ဆုတ်ပါ၊ ဟိုတနေ့က ဘဘ ဦးတင်ဦး (ကာကွယ်ရေးဦးစီးချုပ်ဟောင်း) ဆီကို ကျနော် လိုင်ဇာကို သွားမလို့ ဘာမှာဦးမလဲ ဆိုတော့ တစ်ခွန်းပဲမှာချင်တယ် ကောင်လေးရာတဲ့၊ နှစ်ဖက်တပ်တွေ ကိုယ့်တပ်ကို နေရာပြန်ဆုတ်ပြီး အပစ်အခတ်ကို လုံးဝ တိတိကျကျ ရပ်စဲပြီးမှ စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်အောင် ပြောခဲ့ဆိုပြီး မှာလိုက်တယ်၊ ဒီအတိုင်းပဲ ကျနော်ပြောရမှာပဲ၊ အဲလိုမှ မဟုတ်ဘဲ ငါတို့က ခံစစ်အနေနဲ့ပဲနေမယ် အနီးနားမှာ သွားကပ်နေမယ် သေနတ်သံကြားရင် အင်အားနဲ့ ဆော်လိုက်မယ် ဆိုရင်တော့ လူထုဝေဖန်တာကိုခံရမှာပဲလေ။

ထုတ်ပြန်နေတဲ့ သတင်းတွေ၊ ထုတ်ပြန်ချက်တွေဟာ တစ်ဖက်သက် မဖြစ်ချင်ရင် နှစ်ဖက်သက်မဖြစ်ဖို့ ပွင့်လင်းမြင်သာမှုဖြစ်ဖို့ လိုလိမ့်မယ်၊ ကျနော်တို့သွားတာတောင် ဗျူဟာမှူး ကိုယ်တိုင်က ဖုန်းထဲက ပြောနေတာ ဆတ်ဆတ်ကြားခဲ့ရတယ်၊ ဟေ့ကောင် အဲဒီဗိုလ်ကြီးဟောင်းဆိုတဲ့ ကောင်ရဲ့ ကင်မရာတွေကို စစ်ပါ၊ တပ်စခန်းတွေကို လုံးဝ အရိုက်မခံပါနဲ့ အကုန်ပြန်စစ် ဆိုပြီး စသဖြင့် ညွှန်ကြားနေတာကြားရတယ်။

အဲတော့ တဖက်သတ်မဖြစ်ချင်ရင် သတင်းမီဒီယာတွေကို ရှေ့တန်းစခန်းတွေကို ခေါ်ပါ၊ ဘယ်လောက်ထိ အင်အားကို ဘယ်လိုချထားပါတယ်၊ ဘယ်လိုရည်မှန်းချက်နဲ့ ဘယ်လို အကာအကွယ် လုပ်ထားပါတယ်၊ အဲလိုပွင့်ပွင့်လင်းလင်း လုပ်ထားရင် တစ်ဖက်သတ် ဆိုတဲ့ စကား သုံးစရာမလိုတော့ဘူး၊ အဲဒီအခါကျရင် ကြားထဲက သတင်းမီဒီယာနဲ့ ပြည်သူလူထုက ဆုံးဖြတ်လို့ရပြီ ဘယ်သူကဖြောင့်မှန်ပြီး ဘယ်သူက အကောက်ကြံတယ် ဆိုတာ။

မြန်မာစစ်တပ်ဘက်က အင်မတန်ကို လျှို့ဝှက်သိုသိပ်လွန်း အားကြီး ပြီးတော့ တိုင်းရင်းသားပြည်သူလုထုကို ရန်သူသဖွယ် သဘောထားပြီး နေကြတာကို ကျနော်တွေ့ခဲ့ရတယ်။ ကျနော်တို့ တွေ့ခဲ့တာ ဗန်းမော် လမ်းတစ်လျှောက်မှာဆိုရင် တပ်တွေက လမ်းသွား လမ်းလာတွေကို တချိန်လုံး ဓါတ်မီးနဲ့ ချိန်ပြီး စစ်ဆေးမေးမြန်းနေတာကို တွေ့ခဲ့ရတယ်။

အခုဖြစ်နေတာလည်း အစိုးရက ခုခံစစ်ဆိုတာ ပြောလို့မရနိုင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ လွန်ခဲ့တဲ့ ၁၇ နှစ် လုံးလုံး ငြိမ်းချမ်းရေး တပ်ဖွဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေးယူထားပြီးတော့ KIA ကပဲ ဒီဒေသ၊ ဒီဒေသကို သူတို့နည်း သူတို့ဟန်နဲ့ သူတို့ ဥပဒေ၊ သူတို့နည်းပညာနဲ့ အုပ်ချုပ်ခဲ့တာလေ၊ အခုမှ အဆင်မပြေဖြစ်တော့မှ တိုက်ကြ၊ ခိုက်ကြပြီးမှ ခုခံစစ်မို့ ဆိုပြီးတော့ KIA နှစ်ပေါင်းများစွာ ထိန်းချုပ်လာတဲ့ နေရာတွေကို အတင်း ဝင်သိမ်းတာ ခုခံစစ်လို့ပြောမယ် ဆိုရင်တော့ တမျိုးဖြစ်နေလိမ့်မယ်၊ ကျနော်တော့ လက်သင့်မခံပါဘူး၊ ကချင်လူထုကို လက်နက်နဲ့ သတ်ဖြတ်နှိမ်နင်းပြီးတော့မှ ငြိမ်းချမ်းရေးကို တည်ဆောက်မယ် ဆိုတဲ့ ရည်မှန်းချက်ရှိတယ် ဆိုရင်တော့ အင်မတန် ဝမ်းနည်းစရာကောင်းတဲ့ အနာဂတ်တွေဖြစ်လာလိမ့်မယ်လို့ ကျနော်ထင်တယ်။
---------------------------------------------------------------------------------------------

စနေလင်း
ကချင်ပြည်နယ် စစ်မြေပြင်ကို သွားရောက် သတင်းယူခဲ့သည့် ဧရာဝတီ သတင်းထောက်

မီဒီယာအပေါ် ကာကွယ်ရေးဝန်ကြီးဌာန လုပ်နေတာက ကြေညာတာ၊ အသိပေးတာ၊ စုံစမ်းခွင့်ပေးတာ မဟုတ်ဘူး၊ ကာကွယ်ရေးဝန်ကြီးဌာနကို ပြောချင်တာက တကယ်လို့ စာနယ်ဇင်းတွေ တဖက်စောင်းနင်းရေးတယ် လို့မြင်ရင် သူ့စစ်တပ်ရဲ့ရှေ့တန်းကို သွားချင်၊ မြင်ချင်၊ သတင်းရေးချင်နေတဲ့ မီဒီယာသမားတွေကို ၀င်ခွင့်ပေးပါ။KIA က အဲဒီနေရာမှာ အစိုးရထက် ပိုပြီး မီဒီယာကို ၀င်ခွင့်ပြုတယ်၊ သူတို့စစ်သားတွေကို မေးတယ်၊ ဘာမှ မပြောဘူး၊ အုပ်ချုပ်ရေးပိုင်းကလည်း လာတားတာ မရှိဘူး၊ စစ်တပ်က ရဲဘော်တွေ ခံစားကြုံတွေ့နေရတာတွေကို မေးချင်တယ်၊ သူတို့ရဲ့ သဘောထားကို မေးချင်တယ်၊ အဲဒါကို ကာကွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုပေးသင့်တယ်၊ မီဒီယာတချို့ကြိုးစားဖူးပါတယ်၊ ဒါပေမယ့် ခွင်ြ့ပုချက်မရခဲ့ဘူး။

အဲဒီအပြင် အစိုးရစစ်သားတွေ ပြန်ဆုတ်သွားတဲ့နေရာတွေမှာ စာတွေရေးပေးခဲ့တာကို ကျွန်တော်တို့သိခဲ့ရတယ်၊ တကယ်လို့ ငြိမ်းချမ်းမှုတွေရခဲ့တဲ့ အချိန်မှာ KIA ရဲဘော်တွေနဲ့အတူ ကချင်ထုံးစံအတိုင်း စားသောက်ချင်တဲ့အကြောင်း အစိုးရစစ်သားတွေရေးခဲ့တဲ့စာတွေ ကျန်ခဲ့တာ သိရတယ်။KIA ဘက်က မီဒီယာအပေါ် ပွင့်လင်းမြင်သာမှု အတိုင်းအတာတစ်ခုအထိ ရှိတယ်၊ အစိုးရဘက်က ဘယ်တော့မှ အဲဒီလိုမရှိခဲ့ဘူး၊ ဒါပေမယ့် ၀င်ခွင့်ပေးတယ်လို့ နာမည် ရအောင်တော့ သူတို့နဲ့ပလဲနံပသင့်တဲ့သူတွေကိုခေါ်ပြ တာမျိုးတော့ လုံးဝ လက်ခံလို့မရဘူး။

အဲဒီလို တစ်ဖက်စောင်းနင်းဖြစ်တယ်လို့မြင်နေရင် ပွင့်လင်းမြင်သာမှုကို အရင် ရှိအောင်လုပ်ဖို့လိုတယ်၊ အခုကေ KIA က ဒီလိုမြင်တယ်၊ စစ်တပ် ဘယ်လိုမြင်လဲ ဆိုတာ ဘယ်နေရာမှာ သွားမေးရမလဲ၊ KIA ဘက်က စစ်ဦးစီးတွေ သူတို့ရဲ့ သဘောထားကို ပွင့်လင်းအောင်ပြောထားတယ်၊ ကာကွယ်ရေးဘက်က ဦးစီတွေ ဘယ်မီဒီယာနဲ့တွေ့ခဲ့လဲ၊ တစ်ဖက်ကမေးပြီး ဆက်သွယ်မရဖြစ်တာကို အပြစ်မတင်နဲ့လို့ ကာကွယ်ရေးဝန်ကြီးဌာနကို ပြောချင်တယ်။

ကချင်စစ်သားတွေလည်း တော်တော်များများက ဘွဲ့ရ ပညာတတ်တွေပါတယ်၊ အစိုးရတက္ကသိုလ်မှာကို ဘွဲ့ရခဲ့ကြတာ။ ဒါပေမယ့် သူတို့ရဲ့စိတ်ထဲမှာ ဒီကချင်မြေက သူတို့နိုင်ငံ၊ သူတို့မြေကို သူတို့ကာကွယ်တာ ဆိုတာကတော့ အမြဲရှိတယ်။

နောက်သူတို့က ခံစစ်၊ အစိုးရက ထိုးစစ်၊ စစ်ဗျူဟာအရ ပြောရရင် စစ်ရေး အသာစီးရအောင်လုပ်တယ်လို့ အစိုးရက ပြောပေမယ့် တကယ်တမ်းကြည့်ရင် ကချင်က ခုခံရတာ KIA ရဲ့ အဓိက လိုချင်နေတာက သူတို့လူမျိုးကို သူတို့ကိုယ်တိုင်အုပ်ချုပ်ဖို့၊ ဒီဒေသရဲ့အားလုံးကို သူတို့စီမံခန့်ခွဲဖို့ဆိုတာ စစ်သားတွေတိုင်းမှာ အဲဒီအသိရှိတယ်။

ကျနော်နဲ့စကားပြောခဲ့ရတဲ့ KIA ကွန်မန်ဒိုရဲဘော်တဦး ဆိုရင် သူတို့က အစိုးရစစ်တပ်က ဗိုလ်ကြီးတွေကို မိတယ်၊ သေနတ်ထိလို့ ဆေးကုပေးခဲ့တယ်။ စစ်တပ်က သူတို့လူတဦးကို မိတယ်။ လဲလှယ်ဖို့လုပ်တော့ သူတို့က အရှင်ပေးလိုက်ပေမယ့် စစ်တပ်က ဘတ်နတ်နဲ့ထိုးချက်တွေနဲ့သေနေတဲ့ အလောင်းကိုပဲ ပေးတယ် တဲ့။

http://blog.irrawaddy.org/2013/01/blog-post_3172.html

Tuesday, January 29, 2013

ဒေါ်အောင်ဆန်းစုကြည် နဲ့ မိတ်ဆွေတု မိတ်ဆွေယောင်





  • ကျနော်တို့ရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဒဿမမြောက် ပြည်ပနိုင်ငံခရီးစဉ်အဖြစ် တောင်ကိုးရီးယားနိုင်ငံကို တနလာင်္နေ့ကပဲ ဆိုက်ရောက်သွားပါပြီ။

    ဒီခရီးစဉ်မတိုင်မီ ဟာဝိုင်ယီကျွန်း အလည်ပတ်ခရီးစဉ်ကတော့ မွန်းကြပ်ရှုတ်ထွေးပြီး၊ ဝေဖန်မှုတွေ အငြင်းပွားစရာတွေပြည့်နှက်နေတဲ့ လက်ရှိမြန်မာ့နိုင်ငံရေးလောကရဲ့ ဘ၀အမောတွေကို
    ယာယီအခိုက်အတန့်အားဖြင့် မေ့ပျောက်စေမှာပါ။

    ဟာဝိုင်ယီကျွန်းရဲ့ သဘာဝအလှတွေ၊ ကျွန်းသူကျွန်းသားတွေရဲ့ ပျူငှာနွေးထွေးပြီး ချစ်စရာကောင်းတဲ့ ကြိုဆိုဧည့်ခံမှု၊ ထူးခြားတဲ့ယဉ်ကျေးမှု၊
    အစားအသောက်တွေက.. ဒေါ်အောင်ဆန်းစုကြည်အတွက်၊ သတိတရ စာတိုပေစရေးစရာလေးတွေ ဖြစ်လာနိုင်သလို၊ တသက်တာအတွက် လှပတဲ့အိပ်မက်တွေလို သူ့စိတ်အာရုံမှာ မမေ့မပျောက် ရှိနေနိုင်ပါတယ်။

    ကျနော်တို့တတွေက တိုက်ပွဲထဲကနေရထားတဲ့ ရှားရှားပါးပါး လူထုခေါင်းဆောင်ကို အဲဒီလို အေးအေးချမ်းချမ်းနဲ့ အပူအပင်ကင်းကင်း ရှိနေတာ မြင်ချင်တာပေါ့။
    ဒါပေမဲ့ လက်တွေ့မှာတော့ကျနော်တို့ခေါင်းဆောင်ဟာ တိုင်းပြည်အတွင်းမှာသာမက၊ တိုင်းပြည်ပြင်ပမှာပါ အလိမ်အညာတွေ၊ ကိုယ်ကျိုးရှာတွေ၊ ကျင့်ဝတ်ပျက်နေတဲ့.. နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေနဲ့ ဆုံဆည်းနေရတော့ ကျနော်တို့ရင်ထဲ မကောင်းလှဘူး။
    အဲလို ကျင့်ဝတ်ပျက်အတ္တ၀ါဒီတွေဆိုတာ..တိုင်းပြည် အတွင်းအပြင်က မြန်မာလူမျိုးတွေသာမက ပြည်ပနိုင်ငံတွေက နိုင်ငံရေးသမားတွေ၊ အစိုးရတွေပါ ကျနော်တို့ခေါင်းဆောင်ကို ၀န်းရံပြီး ကျနော်တို့နိုင်ငံနဲ့ပြည်သူတွေကို ပါးပါးလှီးနေလို့ဖြစ်တယ်။
    အဲဒါတွေ ကျနော်တို့မြင်နေရလို့လည်း..ဒီလိုစာမျိုး ရေးဖြစ်သွားတာ။
    အခုဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကိုးရီးယားခရီးစဉ်အနေအထားတွေကိုပဲ ဖွင့်ချပြောပြချင်တယ်။

    လက်ရှိ သမတ အီမြောင်ဘတ် ရန်ကုန်သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေဆုံ၊ ဓာတ်ပုံရိုက်ခဲ့တာကြောင့်၊ ကိုရီးယား သတင်းစာတွေက.. နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နဲ့ အာဏာရှင်အတွေးအခေါ်သမား မတူမတန် ဓာတ်ပုံတွဲရိုက်သင့်သလား လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
    အခုလည်း သမတနဲ့ သမတလောင်းကို သူတို့ဆီက သတင်းစာတွေ ဝေဖန်သရော်နေပါပြီ။
    ..အာဏာရှင်သမီးနဲ့ လွတ်လပ်ရေးဖခင်တယောက်ရဲ့သမီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နဲ့ ယှဉ်တွဲ ဓာတ်ပုံမရိုက်ပါနဲ့ ဆိုပြီး ရေးသားခဲ့တာတွေ ရှိပါတယ်။

    ဒေါ်စုကိုဖိတ်ခေါ်တဲ့ အာဏာရ Saenuri Party က လက်ရှိ သမတအီမြောင်ဘတ်၊ ရွေးကောက်ပွဲအနိုင်ရပါတီ(Saenuri Party)ရဲ့ အမျိုးသမီး သမတလောင်း
    ဘတ်ဂွန်ဟှဲတို့ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကာလက မိမိတို့နဲ့ လားလားမှမသက်ဆိုင်သလို နေခဲ့ပြီး မြန်မာ့အရေးအတွက် စိတ်ဝင်စားမှုလည်းမပြခဲ့ဘူး။
    ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကိုရီးယားနိုင်ငံကမြန်မာ့ဒီမိုကရေစီ အင်အားစုတွေ၊ ပါတီပေါင်းစုံ လက်မှတ်ထိုး တောင်းခံမှုမှာလည်း ခေါင်းရှောင်ခဲ့သလို၊ အဲဒီကာလတွေက စစ်အစိုးရနဲ့ စီးပွားရေး ပူးတွဲလုပ်ခဲ့တယ်။

    သမတလောင်းဘတ်ဂွန်ဟှဲကိုယ်တိုင် အတိုက်အခံအမတ်ဘ၀က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုးဖို့ငြင်းဆန်ခဲ့ရုံမက.. ဒီလို
    လက်မှတ်ထိုးလိုက်ရင် မိမိတို့နဲ့ မြန်မာအစိုးရ(စစ်အစိုးရ)တို့ စီးပွားရေး အကျိုးတူဆောင်ရွက်နေတာကို ပျက်ပြားနိုင်တယ်လို့ ပြောင်ပြောင်တင်းတင်း ပြောခဲ့ဖူးသူပါ။
    အခုသမတလောင်း ဘတ်ဂွန်ဟှဲ.ဆိုတဲ့ အမျိုးသမီးကလည်း အာဏာရှင်သမတ ပတ်ချုံဟီးရဲ့သမီး ဖြစ်တယ်။
    (ကျနော်တို့ငယ်ငယ်ကပတ်ချုံဟီးဖလားဘော်လုံးပွဲ ဟာနာမည်ကြီးတယ်။
    အာဏာရှင်ဦးနေ၀င်းက မြန်မာအားကစားသမားတွေကို စေလွှတ်ခဲ့တယ်) ပတ်ချုံဟီးက
    ဦးနေ၀င်းထက်တနှစ်စောပြီး ၁၉၆၁ မှာ စစ်အာဏာသိမ်းပြီး တက်လာသူဖြစ်တယ်။
    ၁၉၇၉ ကျတော့ သူ့ရဲ့ထောက်လှမ်းရေး အကြီးအကဲကပဲ လုပ်ကြံခဲ့တယ်။
    အဲဒီနောက်ပိုင်း တောင်ကိုးရီးယားရဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ အာဏာရှင်ပတ်ချုံဟီးခေတ်ထက် ပိုမိုပွင့်လင်းခဲ့တယ်။
    ပတ်ချုံဟီးလက်ထက်က စီးပွားရေးကိုပဲ လုပ်ခဲ့ပြီး၊ ဒီမိုကရက်တစ်စံချိန်စံညွှန်းတွေ မျက်ကွယ်ပြုခဲ့တယ်။
    ဒီမိုကရေစီယဉ်ကျေးမှုထက် စီးပွားရေးဖံွ့ဖြိုးမှုကို အသားပေးခဲ့သူဖြစ်တယ်။ ဒီနေ့စစ်အစိုးရအမွေကို ဆက်ခံတဲ့ ကြံ့ဖွတ်အစိုးရရဲ့အတွေးအခေါ်နဲ့ တထပ်တည်းပဲ။

    ကျနော်တို့ခေါင်းဆောင် နေအိမ်အကျယ်ချုပ်ကျနေတုံးက တကယ်တမ်း လူအား၊ ငွေအား၊ စိတ်ဓာတ်အားတွေနဲ့ ကူညီအားပေးပြီး လွတ်မြောက်ရေးအတွက် ရှေ့တမ်းက ဆောင်ရွက်ပေးခဲ့တာက ဒီမိုကရက်တစ်ညီညွတ်ရေးပါတီ(DUP)က အခုတော့ အတိုက်အခံပါတီ ဖြစ်နေတယ်။

    အဲဒီပါတီရဲ့ခေါင်းဆောင်၊ ယခင်နိုဘယ်ဆုရှင် သမတကင်ဒေးဂျုံပါတီက.. ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ရှိနေတုန်း အားတက်သရောထောက်ခံခဲ့တယ်။
    ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဖို့ ကိုယ်တိုင် သံရုံးသွားပြီး၊ ဗီဇာလျှောက်ခဲ့ပေမဲ့ မြန်မာအာဏာပိုင်တွေ လက်မခံလို့ မတွေ့နိုင်ခဲ့ဘူး။
    သူဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုမှုတွေ၊ လှုံ့ဆော်မှုတွေ တက်တက်ကြွကြွ လုပ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဆုရရှိဖို့ ဆုံးဖြတ် ဆောင်ရွက်ပေးခဲ့သူဖြစ်တယ်။

    ဒီမိုကရက်တစ်၊ ပါတီဝင်တွေကိုယ်တိုင် ဟိုတုံးက စစ်အစိုးရကို ကန့်ကွက်ရှုံ့ချတာ၊ အရေးယူတာ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲဖော်ဆောင်တာတွေကအစ တက်တက်ကြွကြွ ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်။
    မြန်မာအတိုက်အခံ ဒီမိုကရေစီအဖွဲ့အစည်းတွေကို ကူညီအားပေး ထောက်ခံခဲ့တယ်။

    ဒီနေ့အာဏာရပါတီဟာ တချိန်က မြန်မာ့ဒီမိုကရေစီရေး၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ ကင်းကင်းကွာကွာ နေခဲ့သူတွေဖြစ်တယ်။
    အခုဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာခေါင်းဆောင်တန်း ၀င်ပြီး၊ အာရှ၊ ဥရောပ၊ အမေရိကားနိုင်ငံတွေကို အလည်အပတ်တွေသွား၊ စီးပွားရေးလုပ်ငန်းတွေ ညှိနှိုင်း ၀င်လုပ်နေတာတွေ့တော့မှာ တချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာရင် နောက်ကောက်ကျမှာ စိုးရိမ်ပြီး အလောတကြီး ဆက်ဆံလာဟန်တူတယ်။

    အခုဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်ကိုးရီးယားခရီး အစီအစဉ်အသေးစိတ်ကို ဖတ်ကြည့်တော့ တချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အင်အားစုတွေ မိုးထဲလေထဲ ရောက်နေချိန် စာနာ အားပေး ကူညီခဲ့ကြတဲ့ သမတဟောင်း ကင်ဒေးဂျုံပါတီက လူတွေကို ဘေးဖယ်ထားတာတွေ့ရတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ဘက်ရေတခွက် အတူသောက်ခွင့်တောင် ပေးမထားဘူး။
    ကိုရီးယားက မြန်မာ့ဒီမိုကရေစီအင်အားစုတွေအတွက်တောင် မျက်နှာပူစရာအဖြစ်။
    မြန်မာ့ဒီမိုကရေစီရေးအတွက်၊ တစိုက်မတ်မတ်
    စေတနာထား ဆောင်ရွက်ပေးနေတဲ့ အင်ချွန်းမြို့တော်ဝင် ဆုံရောင်ဂီးနဲ့တောင်.. ကိုရီးယားက မြန်မာ့ဒီမိုကရေစီအင်အားစုတွေ
    “အတိုက်အခံအဖွဲ့ ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတောင် ဒီပုဂ္ဂိုလ်နဲ့တော့တွေ့ဖြစ်အောင် တွေ့ခွင့်ပေးပါ” လို့ မေတ္တာရပ်ခံလို့ ဖေဖော်ဝါရီ ၁ ရက် မနက်ကျမှ မိနစ်၂၀ လောက် တွေ့ခွင့်ရခဲ့တယ်။
    ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ ကိစ္စမှန်သမျှ ထောက်ပံ့ကူညီပေးနေတဲ့ ဘုန်းတော်ကြီးတပါးနဲ့လည်း တွေ့ခွင့်မရဘူး။

    “ဘုန်းတော်ကြီးအင်မ်ရောင်တန်” ဟာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် လွတ်လွတ်ချင်း ရန်ကုန် အင်းယားကန်နဘေးက အိမ်အမှတ် ၅၄ ကို အပြေးအလွှားသွားခဲ့သူပါ။
    ပြီးတော့ဘုန်းတော်ကြီး ဦးဆောင်တဲ့ Dongguk University ဟာ မြန်မာ့အရေးကို အားပေးရုံမက၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ NLD လူငယ်တွေရဲ့ ပညာရေးထောက်ပံ့မှု အစီအစဉ်တွေ၊ စာသင်ကျောင်းတွေအပြင်၊ နာဂစ်ဒုက္ခသည်၊ မိဘမဲ့များ၊ ရွှေဝါရောင်သံဃာတော်များ ထောက်ပံ့ရေး၊ ထိုင်းမြန်မာနယ်စပ်၊ ရွှေ့ပြောင်းကျောင်း၊ ဒုက္ခသည်စခန်း.. အစရှိတာတွေကို မပျက်မကွက် ထောက်ပံ့ အားပေးနေတာဖြစ်တယ်။

    ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာတွေတွေ့ဆုံမဲ့အစီအစဉ်ကို Seoul University နဲ့ Yonsei University မှာပဲ လုပ်ရမယ်လို့စီစဉ်လိုက်တော့ ကိုးရီးယားက မြန်မာတွေ မျက်နှာပူစရာ အနေအထားတွေဖြစ်နေရော..။

    ဒီထက်ဆိုးတာက..ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အတွက်..လေယာဉ်လက်မှတ်ကိစ္စပါ။

    ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ယူဖိတ်ကြားတဲ့ ဖျောင်ချမ်းအိုလံပစ်ကော်မတီက.. ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လိုက်ပါမယ့်လူ ၄ ယောက်အတွက်၊ အလာလက်မှတ်ပဲ တာဝန်ယူပြီး၊ အပြန်လက်မှတ် ဝယ်မပေးပါဘူး။

    နိုင်ငံခြားရေးဝန်ကြီးရုံးက မြန်မာ့ဒီမိုကရေစီအဖွဲ့တွေကို အပြန်လက်မှတ်အတွက် တာဝန်ယူခိုင်းပါတယ်။ ဒီသတင်းက ဟုတ်မှဟုတ်ရဲ့လား၊ တခုခုတော့လွဲနေပြီလို့ထင်ပြီး မယုံနိုင်ဘူး။
    ဒါနဲ့ တောင်ကိုးရီးယားကမိတ်ဆွေတွေကို မေးမြန်းစုံစမ်းကြည့်တော့..အဟုတ်ပဲ။ သတင်းက မှန်တယ်။ နောက်ဆုံးတော့ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရတဲ့.. ဘုန်းတော်ကြီးအင်မ်ရောင်တန်ကပဲ.. သူလေးစားချစ်ခင်တဲ့မိတ်ဆွေအတွက် အပြန်လက်မှတ် ၀ယ်ပေးလိုက်တယ် တဲ့..။
    ဘယ်လောက်များဝမ်းနည်းစရာကောင်းလဲ..။

    ပြီးတော့ရှိသေးတယ်.. အရင်စစ်အစိုးရလက်ထက်က.. စီးပွားရေးတွေ တွဲပြီး အကြီးအကျယ်လုပ်ခဲ့ကြတဲ့ (အခုလည်းလုပ်တုံး) ကိုရီးယားခရိုနီတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ခမ်းနားတဲ့ညစာစားပွဲတွေ၊ တွေ့ဆုံ ညှိနှိုင်းပွဲတွေလည်း (၅)ရက်ကြာ ကိုရီးယားခရီးစဉ်မှာ ပါတယ်။
    အဲဒီ ကိုရီးယားခရိုနီတွေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရန်ကုန်တက္ကသိုလ် ဘက်စုံမွန်းမံရေးနဲ့ ပညာရေးအစီအစဉ်အတွက် ဒေါ်လာ သိန်းနဲ့ချီလှုဒါန်းမယ့် သတင်းတွေကလည်း ကြိုထွက်နေတယ်။

    ကဲ….ဇာတ်လမ်းကတော့ မသန်းပဲ..။
    ဆင်သွားရင် လမ်းတော့ဖြစ်ပါရဲ့..တိုးတိုက်ထိခိုက်မိလို့ ကျိုးကြေ၊ နင်းမွခံလိုက်ရတွေတော့ အများကြီး။
    မြန်မာနိုင်ငံအဖို့ ဒီလိုကာလမှာ ဘက်ပေါင်းစုံက အကူအညီတွေလိုတာတော့အမှန်ပဲ။
    ငွေကြေးနဲ့နည်းပညာ အထောက်အပံ့တွေက ထိတ်တန်းက လိုတာပေါ့။

    ဒီထက်ပိုပြီးလိုအပ်တာက“မိတ်ဆွေကောင်း”တွေပါ။ အလည်အပတ်သွားခဲ့တဲ့နိုင်ငံတိုင်းမှာ ဒေါ်စုက..မိတ်ဆွေကောင်းတွေအကြောင်း၊ ကျင့်ဝတ်တရားတွေနဲ့မေတ္တာ၊ စေတနာတွေလွမ်းခြုံတဲ့ ဗုဒ္ဓအတွေးအခေါ်ဒဿနတွေကို အမြဲဆွေးနွေး ဝေငှလေ့ရှိတာ သတိထားမိပါတယ်။
    ဒါပေမဲ့ဒေါ်စုယုံကြည်တဲ့၊ လိုလားတဲ့..ကျင့်ဝတ်သီလနဲ့ မိတ်ဆွေစစ် အမျိုးအစားတွေ အမှန်တကယ်ရှာဖွေတွေ့ရှိ၊ မရှိတော့ကျနော်တို့ မသိဘူး။
    ဒါပေမဲ့ကျနော်တို့ကတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် မိတ်ဆွေကောင်းတွေ တွေ့ခဲ့ပါတယ်။ သူတို့ဟာ ရိုးရှင်းတယ်။ အပေးပဲ ရှိတယ်၊ အယူမရှိဖူး။

    ကျနော်တို့လိုအင်ရင် အမြဲပြုံးပြီးပေးတတ်တယ်။ သူတို့ဆီက အများဆုံးရတတ်တာက.. မေတ္တာ၊ စေတနာနဲ့စာနာယိုင်းပင်းမှုတွေ ဖြစ်တယ်။ အဲဒါတွေနဲ့ပဲ အနှစ်(၂၀)ကျော် ကျနော်တို့ မတ်မတ်ရပ်နိုင်ခဲ့တယ်။
    ကျနော်တို့ပြန်ပေးနိုင်တာကလည်း အသိအမှတ်ပြုမှုနဲ့၊ အပြန်အလှန်မေတ္တာလေးပါပဲ။ ကျနော်တို့မှာ..ငွေမရှိဘူး၊ အာဏာမရှိဘူး၊ လုပ်ပိုင်ခွင့်လည်းမရှိဖူး။
    ဒါပေမဲ့ကျနော်တို့အပေါ် အမြဲခွင့်လွှတ် နားလည်ချစ်ခင်နေတဲ့.. အမိလိုအဖလို ညီလိုအကိုလို…မိတ်ဆွေကောင်းတွေတော့ ရှိပါတယ်။

    အာဏာတွေ၊ ငွေတွေထက် သစ္စာတရားနဲ့လူ့ကျင့်ဝတ်တရားတွေပဲ ကျနော်တို့မက်မောတယ်။ လူကိုလူလိုပဲ အသိအမှတ်ပြုချင်တယ်။
    သူခိုးကိုသူခိုးလို့ပဲ သဘောပေါက်ထားချင်တယ်။
    လူသတ်သမားကို လူသတ်သမားလို့ပဲ နားလည်ထားချင်ပါတယ်။

    မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်နဲ့ပတ်သက်ပြီး သတိရတာတခုပြောပြချင်တယ်။
    ၂၀၀၄ ခုနှစ်က နယူးဒေလီမှာ မြန်မာ-အိန္ဒိယချစ်ကြည်ရေးအဖွဲ့တခုရဲ့ နှီးနှောဖလှယ်ပွဲ သွားတက်ခဲ့တယ်။
    သိတဲ့အတိုင်း အိန္ဒိယက တရုတ်နဲ့မြန်မာ နီးနီးကပ်ကပ်ရှိတာကို တချိန်လုံးဝေဖန်နေတာ..။
    အဲဒီ အခမ်းအနားကိုမြန်မာ သံအမတ်ကြီးဦးကျော်သူ (နောက်ပိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး) တက်စကားပြောတယ်။
    သူပြောတာက A friend in need is a friend indeed. တဲ့.. လိုအပ်တဲ့အချိန်မှာ..ကူညီသူဟာ မိတ်ဆွေစစ်တဲ့။
    ၈၈ တုန်းက စစ်တပ်က ဒုက္ခရောက်တော့ အိန္ဒိယက ဘာအကူအညီပေးလို့လဲ..တဲ့၊ တရုတ်က ကျနော်တို့ကို အကူအညီပေးခဲ့တယ် တဲ့။
    ရှင်းရှင်းပဲပြောသွားတယ်။ လက်ပံတောင်းမှာ ဦးအောင်မင်း တရုတ်ကျေးဇူး ဖော်ထုတ်သွားတာ နောက်မှ..၊
    သမတဟောင်း ဒေါက်တာမောင်မောင်ရဲ့သား သံအမတ်ဦးကျော်သူက နယူးဒေလီမှာ အပြတ်ပြောပြီးပြီ။
    နားထောင်နေတဲ့ အိန္ဒိယနိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ ဘာတခုမှ မပြောနိုင်ဘူး၊ ပါးစပ်ဟောင်းလောင်းနဲ့။

    ၈၈ က စလို့ ကျနော်တို့ဒီမိုကရေစီအင်အားစုတွေ မိုးထဲလေထဲ ဒုက္ခရောက်တုန်း ဘယ်သူတွေ ကူညီခဲ့လဲ? ဘယ်သူတွေဝင်ရှုတ်ခဲ့လဲ?
    ခရိုနီတွေလား? စီအိုင်အေလား? NGOတွေလား? ..စစ်ဗိုလ်ချုပ်တွေလား?
    ကျနော်တို့တတွေ..မိတ်ဆွေစစ်ဆိုတာ ဘာမှန်းမသိရသေးရင်တောင်…

    မိတ်ဆွေတု၊ မိတ်ဆွေယောင်တွေ အကြောင်းတော့ သေသေချာချာသိသင့်တယ်..ထင်တာပဲ။ ။

    အေးချမ်းမွန်မှ ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
    https://www.facebook.com/excellencemedia

Monday, January 28, 2013

ပဋိပက္ခဖန်တီးသူတွေ အဆုံးသတ်ရဲတဲ့ သတ္တိ ရှိဖို့လို

ဒေါ်အောင်ဆန်းစုကြည် ဟာဝိုင်ယီကျောင်းသားများနဲ့ တွေ့ဆုံပွဲ။ (ဇန်န၀ါရီလ ၂၆ ရက်၊ ၂၀၁၃)

ကိုသိန်းထိုက်ဦး
ကချင်ဒေသ လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ အပြစ်မဲ့ ပြည်သူတွေ မြေဇာပင်ဖြစ်ပြီး အတိဒုက္ခရောက်နေရတဲ့အကြောင်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဟာဝိုင်ယီ ငြိမ်းချမ်းရေး အဖွဲ့အစည်းတခုဖြစ်တဲ့ Pillars of Peace အဖွဲ့ကြီးက ကျင်းပတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။ ပဋိပက္ခကို ဖန်တီးသူတွေအနေနဲ့ အဆုံးသတ်ရဲတဲ့ သတ္တိရှိဖို့လိုတယ်လို့ သူက ဆိုပါတယ်။ ဆွေးနွေးပွဲကို တက်ရောက် သတင်းယူခဲ့တဲ့ ကိုသိန်းထိုက်ဦးက ဟိုနိုလူလူကနေ သတင်းပေးပို့ပါတယ်။

ငြိမ်းချမ်းရေးအတွက် အပေးအယူလုပ် ညှိနှိုင်းရဲတဲ့သတ္တိရှိဖို့ လိုတယ်ဆိုတာ ပြောဆိုရင်း အပေးအယူ ညှိနှိုင်းတာကို အရှုံးပေးလိုက်ရတာ ဆိုပြီး မှားယွင်း ရှုမြင်တတ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းထဲမှာ ထောက်ပြ ပြောဆိုသွားပါတယ်။ စေ့စပ်ညှိနှိုင်းအဖြေရှာဖို့ ပျက်ကွက်ခဲ့ တာကြောင့် မြန်မာနိုင်ငံမှ လူမျိုးစု ပဋိပက္ခတွေ ဆက်ရှိနေသေးတာ ဖြစ်တဲ့အကြောင်း ပြောဆို သွားရင်းနဲ့ ကချင်ပြည်နယ် တိုက်ပွဲတွေကြား အမျိုးသမီးနဲ့ ကလေးငယ်တွေ အတိဒုက္ခရောက်နေရတဲ့ အနေအထားတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

“ဘေးဒုက္ခအများဆုံး ရင်ဆိုင်နေရသူတွေဟာ အပြစ်မဲ့တဲ့ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်ပြီး သူတို့ဟာ ပဋိပက္ခကို ဖန်တီးသူ၊ ပဋိပက္ခ ဖြစ်နေအောင် လုပ်နေသူတွေ မဟုတ်တဲ့အကြောင်း၊” - ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အာဏာနဲ့ လုပ်ပိုင်ခွင့် ရှိသူတွေက မေတ္တာထားဖို့နဲ့ သတ္တိရှိဖို့၊ တခြား အရာတွေကို ပိုပြီး ဦးစားပေးနေတာကြောင့် အပြစ်မဲ့ပြည်သူတွေအတွက် ငြိမ်းချမ်းရေးကို မရနိုင်တာလို့ သူက ဆိုပါတယ်။

“ဒီနေရာမှာ သတ္တိဆိုတာ ရုပ်ပိုင်းဆိုင်ရာ အရ ပြသတဲ့ သတ္တိမျိုးကို ဆိုလိုတာ မဟုတ်သလို စစ်မြေပြင်မှာပြတဲ့ သတ္တိမျိုးကို သတ္တိလို့ ဆိုလိုတာ မဟုတ်ဘူး။ တခါတရံမှာ စစ်မြေပြင်မှာ မသွားတော့ဘူးလို့ ငြင်းဆန်တာကလည်း သတ္တိဖြစ်ပြီး ဒီလောက်ဆိုရင် တော်ပြီ၊ လုံလောက်ပြီလို့ ပြောရတာကလည်း သတ္တိဖြစ်တဲ့အကြောင်း၊ တယောက်ယောက်က ဒါကို အဆုံးသတ်သင့်ပြီလို့ ပြောရဲဖို့လိုတဲ့အကြောင်းနဲ့ ပဋိပက္ခကို အစပြု ဖန်တီးတဲ့သူတွေ ရှည်ကြာအောင် ဆက်လုပ်နေသူတွေ ဘက်က အဆုံးသတ်ရဲတဲ့သတ္တိရှိဖို့ လိုတဲ့အကြောင်း၊” - ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားတာပါ။

ငြိမ်းချမ်းရေးအတွက် အပြောင်းအလဲတွေ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အပြောင်းအလဲတွေ အတွက် ပြင်းပြင်းထန်ထန် အလုပ် လုပ်ရမှာ ဖြစ်ပြီး မဖြစ်မနေ ဆက်လုပ်မယ်ဆိုတဲ့ သံန္နိဌာန် ခိုင်မာဖို့လည်း လိုတယ်လို့ သူက ပြောပါတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် လက်တွေ့ လုပ်ဆောင်ဖို့ လိုတယ်ဆိုတာကိုလည်း မီးကို ငြိမ်းချင်ရင် မဖြစ်မနေ လက်တွေ့ ငြိမ်းသက်ရတဲ့ဥပမာနဲ့ နှိုင်းယှဉ်ပြောပြသွားပါတယ်။
အရင် စစ်အစိုးရဘက်က တွေ့ဆုံဆွေးနွေးတယ် ဆိုတာကို တဘက်ဘက်က လုံးဝ ရှုံးနိမ့်သွားမှ ဆွေးနွေးတာလို့ ရှုမြင်ခဲ့တဲ့အတွက် တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်ခဲ့တဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။

“တွေ့ဆုံ စကားပြောတယ်ဆိုတာ တဘက်နဲ့တဘက် အပေးအယူလုပ် ညှိနှိုင်းတာမျိုး ဆိုတာကို သူ့ဘက်က အကြိမ်ကြိမ် ရှင်းပြခဲ့တဲ့အကြောင်း၊” - ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အပေးအယူဆိုတာ ကိုယ့်ဘက်က အားလုံးကို ယူတာဆိုတဲ့ မှားယွင်းတဲ့ ရှုမြင်ချက်မျိုးနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့ပါတယ်။

မြန်မာပြည် ဒီမိုကရေစီခရီး နှစ် ၂၀ ကျော်အတွင်းမှာ ဒီမိုကရေစီ မရသေးဘူး ဆိုရင်တောင် ပဋိပက္ခတွေကို စေ့စပ်ညှိနှိုင်းရမယ်ဆိုတဲ့ အမြင်သဘောထားတွေ ကိုတော့ အစပျိုး လက်ခံလာတာတွေ ရှိနေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ကချင်ဒေသ ငြိမ်းချမ်းရေးဟာလည်း စေ့စပ်ဆွေးနွေးရေး လုံးဝ ပျက်ပြယ်သွားပြီဆိုတာမျိုး မဟုတ်တဲ့အကြောင်း၊ အားလုံး လိုလားတဲ့ ငြိမ်းချမ်းရေးမျိုး မျှော်လင့်ချက်တွေ ရှိနေသေးတယ် ဆိုတာကို ဒေါ်အောာင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ 
ဗွီအိုအေ

Saturday, January 26, 2013

ကချင်ငြိမ်းချမ်းရေးအတွက် သွားရောက်သူများကို စစ်တပ် တားမြစ်

ကချင်ငြိမ်းချမ်းရေးအတွက် သွားရောက်သူများကို စစ်တပ် တားမြစ်
ရန်ပိုင် (ဧရာဝတီ)၊ January 25, 2013
  • ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ရန်အတွက် ပဋိပက္ခဖြစ်ပွားနေသည့် ကချင်ဒေသသို့ သွားရောက်သော ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် ၅ ဦးကို လိုင်ဇာမြို့မှ ၁၅ မိုင်ခန့် အကွာသို့အရောက် အစိုးရစစ်တပ်က ဆက်လက်မသွားရန် တားမြစ်ခဲ့သည်။
  • မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ကိုနေမျိုးဇင်နှင့်အဖွဲ့သည် တာဝန်ရှိသူများ တားမြစ်နေသည့်ကြားမှ လဂျားယန်မှတဆင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ သွားရောက်လိုသည်ဟု အကြောင်းပြ ထွက်ခွာလာရာ နယ်မြေလုံခြုံရေးနှင့် မိုင်းအန္တရာယ်ကြောင့် ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နှင့် ၅ မိုင်ခန့် အကွာတွင် လာလမ်းသို့ ပြန်လည်စေလွှတ်ခဲ့သည်ဟု ဇန်န၀ါရီ ၂၅ ရက်နေ့ထုတ် အစိုးရသတင်းစာများ၌ ရေးသားထားသည်။
  • ဗိုလ်ကြီးဟောင်း နေမျိုးဇင်က “ဒေါ့ဖုန်းယန် ဗျူဟာကုန်းဘေးက ဖြတ်ကတည်းက သူတို့သိနေတာပဲ မတားဘူး၊ ခက်ခက်ခဲခဲ သွားပြီး လိုင်ဇာ ရောက်ခါနီး ခါယာတောင်ခြေ သိန်းဆင့်လမ်းခွဲရောက်မှ စစ်ကြောင်းကားတွေ ရောက်လာပြီး ဗျူဟာမှူးအမိန့်ဆိုပြီး တားမြစ်ခံရတာ စိတ်မကောင်းဘူး” ဟု ပြောဆိုသည်။
  • ဇန်န၀ါရီ ၂၄ ရက်က လာရောက်တားမြစ်သည့် အရာရှိများက ရှေ့လမ်းခရီးတွင် မိုင်းအများအပြား ရှိသည့်အတွက် အန္တရာယ်များကြောင်း ကောင်းမွန်စွာ ပြောဆိုသည်ဟု ကိုနေမျိုးဇင်က ပြောသည်။
  • ၎င်းတို့ လာရောက်သည်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း ဒေသခံများမှ တဆင့်သိရှိကြောင်း၊ ယခုပဋိပက္ခတွင် မည်သည့်ဘက်မှ ရပ်တည်ရန်မဟုတ်၊ ကချင်ခေါင်းဆောင်များ၏ ပြောကြားလိုသည့် အကြောင်းအရာများကို နားထောင်ပြီး ပြန်လည်စေ့စပ်ရန် ယုံကြည်ချက်ဖြင့် ခရီးထွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
  • လမ်းခရီးတလျှောက်တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှု၊ မိုင်းခွဲမှုများကြောင့် တံတားများ၊ လမ်းများ ပျက်စီးနေသည့် စစ်၏အနိဋ္ဌာရုံများကို မြင်တွေ့ရကြောင်း၊ ဆွဲမိုင်း၊ နင်းမိုင်းနှင့် အဝေးထိန်းမိုင်း အများအပြား ထောင်ထားသည်ဟု ဒေသခံများကလည်း ပြောဆိုကြောင်း၊ လိုင်ဇာအနီးတ၀ိုက်တွင် အစိုးရစစ်တပ် စစ်ကြောင်းများ သွားလာလှုပ်ရှားနေပြီဖြစ်သည့်အတွက် ထိုးစစ်လည်း ကျရောက်လာနိုင်ကြောင်း ကိုနေမျိုးဇင်က မျက်မြင်အခြေအနေကို ပြောပြသည်။
  • “စစ်ဆင်ရေးက တနှစ်လောက်ရှိပြီဆိုတော့ ရဲဘော်တွေမှာ ဆံပင်တွေလည်း ရှည်၊ ကွမ်းဆေးလိပ် ငတ်ပေါ့၊ ကျနော့်ကား မြင်တော့ ပြေးလာပြီး ငြိမ်းချမ်းချင်ပြီလို့ ပြောတယ်၊ ၀မ်းနည်းစရာပါ”ဟုလည်း ၎င်းက ပြောသည်။
  • အလားတူ ကချင်၊ ရှမ်း၊ လီဆူး စသည့် ဒေသခံများလည်း စစ်၏ဆိုးကျိုးများကို ခံစားနေရကြောင်း၊ ဘွဲ့ရပညာတတ် အမျိုးသမီးများကိုလည်း စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်မှုများရှိကြောင်း၊ စစ်ပွဲပြင်းထန်နေသည့်ကာလတွင် လက်ကိုင်ဖုန်းများကို သိမ်းဆည်းထား၍ နေအိမ်များနှင့် ဆက်သွယ်ခွင့်မရသည့်အတွက် ပြန်လည်ခေါ်ဆောင်ပေးရန် တိုင်ကြားမှုများကိုလည်း ကြုံခဲ့ရကြောင်း ကိုနေမျိုးဇင်က ဆက်ပြောသည်။
  • ထို့ကြောင့် ဒေသငြိမ်းချမ်းရေး စစ်ပွဲများ ရပ်တန့်ရေးအတွက် နှစ်ဘက်အဖွဲ့အစည်းများကို ငြိမ်းချမ်းစွာဖြေရှင်းရန် မေတ္တာရပ်ခံလိုကြောင်း၊ ဒေသတွင်းငြိမ်းချမ်းစေရန် လူထုအင်အားဖြင့် ထပ်မံလုပ်ဆောင် သွားဦးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
  • မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်အနေဖြင့် ဗန်းမော်-ဒေါ့ဖုန်းယန် လမ်းတလျှောက်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ခြုံစောင်နှင့် အနွေးထည်၊ အစားအသောက်များကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
  • ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့အထိ ပထမဆုံးအကြိမ် လမ်းလျှောက်ချီတက်သည့် လှုပ်ရှားမှုတခုကိုလည်း ဇန်န၀ါရီ ၂၁ ရက် နံနက်ပိုင်းက စတင်ခဲ့ကြသည်။ 
  •  

ဒေါ်အောင်ဆန်းစုကြည် Hawaii ကို ရောက်ရှိ

  • မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ်နဲ့ တောင်ကိုရီးယားခရီးစဉ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာစဉ်။
  • ကိုသိန်းထိုက်ဦး စုမြတ်မွန်
  •  
  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ Hawaii ပြည်နယ်မှာ ကျင်းပတဲ့ Rotary ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံမှာ မိန့်ခွန်းပြောဖို့အတွက် ကြာသပတေးနေ့က Hawaii ပြည်နယ် Honolulu မြို့တော်ကို ရောက်ရှိလာပါတယ်။ အဲ့ဒီမှာ သတင်းယူဖို့အတွက် VOA  ဝိုင်းတော်သား ကိုသိန်းထိုက်ဦး လည်း ရောက်နေတာကြောင့်  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အစီအစဉ်တွေကို သိရဖို့ မစုမြတ်မွန်က ကိုသိန်းထိုက်ဦးကို ဆက်သွယ်မေးထားပါတယ်။
  • မစုမြတ်မွန်- ကိုသိန်းထိုက်ဦးရေ၊ သိထားတဲ့ အစီအစဉ်အတိုင်းဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ကြာသပတေးနေ့မှာ Hawaii ကို ရောက်လာဖို့ ရှိတယ်လို့ သိရပါတယ်။ အခု ကိုသိန်းထိုက်ဦးလည်း Honolulu မှာ ရောက်နေတယ်ဆိုတော့ နောက်ဆုံး သူ့ရဲ့ခရီးစဉ်အခြေအနေ သိထားသမျ ပြောပြပေးပါရှင့်။
  • ကိုသိန်းထိုက်ဦး- ဟုတ်ကဲ့။ ဒီခရီးစဉ်ကို စီစဉ်သူတွေရဲ့ အပြောအရတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ Honolulu စံတော်ချိန် မနက်ပိုင်းမှာ ရောက်လာမှာပါခင်ဗျ။ ဒါပေမဲ့ သူ့ရဲ့ လုံခြုံရေးအရ ဘယ်လေယာဉ်နဲ့ ဘယ်အချိန်မှာ ရောက်မယ်ဆိုတာမျိုးကို ကြိုပြီးတော့ ကြေညာတာမျိုးတော့ မရှိပါဘူး။ နောက်ပြီးတော့ လေဆိပ်မှာလည်း တခြားနေရာတွေမှာလို ဒေါ်အောင်ဆန်းစုကြည်ကို လူတွေ အုံနဲ့ကျင်းနဲ့ ကြိုဆိုတာမျိုးတွေတော့ မတွေ့ရပါဘူးခင်ဗျ။ ဒါပေမဲ့ ပွဲစီစဉ်သူတွေကတော့ ဒီနေ့မနက် ရောက်မှာ သေချာတယ်။ မနက်ဖြန်မှာလည်း သူ အစီအစဉ်တွေ စပြီး စီစဉ်မှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ရောက်ပြီလို့ပဲ သိရပါတယ်ခင်ဗျ။
  • မစုမြတ်မွန်- ဟုတ်ကဲ့ပါရှင့်။ အဲ့တော့ ကိုသိန်းထိုက်ဦးပြောသလို၊ သူ့ရဲ့ အစီအစဉ်တွေရှိတယ်ဆိုတော့ ဘာအစီအစဉ်တွေ ရှိတာပါလဲရှင့်။
  • ကိုသိန်းထိုက်ဦး- ဟုတ်ကဲ့။ မနက်ဖြန်မှာတော့ သူက ဟာဝိုင်အီပြည်နယ် လွှတ်တော်ကို သွားပြီးတော့ လေ့လာမယ်။ နောက်ပြီးတော့ East- West Center ပေါ့နော်၊ အာရှပစိဖိတ်ဒေသနဲ့ အနောက်နိုင်ငံတွေကြားမှာ ပိုပြီးတော့ နီးစပ်ဖို့၊ ပိုပြီးတော့ နားလည်မှုရှိဖို့နဲ့ သုတေသနလုပ်နေတဲ့ အဖွဲ့အစည်းတခုကို သွားပြီး အဲ့ဒီ့က ခေါင်းဆောင်တွေကို သွားပြီးတော့ တွေ့ပါမယ်ခင်ဗျ။ Asia-Pacific Center for Security Studies ဆိုတာကို သွားပြီးတော့ လေ့လာဖို့ရှိသလို၊   ညနေပိုင်းမှာတော့ မြန်မာနိုင်ငံ အသင်းက မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်ခင်ဗျ။
  • မစုမြတ်မွန်- ဒေါ်အောင်ဆန်းစုကြည် အဓိက သူ Hawaii ကို လာရတာက သူငြိမ်းချမ်းရေးဆု လက်ခံဖို့အတွက်နဲ့ နောက်ငြိမ်းချမ်းရေး ညီလာခံမှာ မိန့်ခွန်းပြောဖို့ လာတာဆိုတော့ အဲ့ဒီ့ဆုပေးပွဲကရော ဘယ်တော့ပါလဲရှင့်။
  • ကိုသိန်းထိုက်ဦး- ဟုတ်ကဲ့။ ဒီငြိမ်းချမ်းရေး ညီလာခံကတော့ တကယ်တမ်းကျတော့ ဇန်နဝါရီ ၂၅ရက်နေ့ကနေ ၂၇ရက်နေ့အထိ ကျင်းပနေတာပါခင်ဗျ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ၂၆ရက်နေ့ ညနေ မှာ Rotary  နိုင်ငံတကာ ငြိမ်းချမ်းရေးအဖွဲ့ကြီးရဲ့ ညီလာခံမှာ သူ အထူးဧည့်သည်တော်အဖြစ် မိန့်ခွန်းပြောကြားပြီးတော့ Hawaii ငြိမ်းချမ်းရေးဆုကို သူလက်ခံယူမှာပါ ခင်ဗျ။ သူ့ရဲ့ မြန်မာပြည် ဒီမိုကရေစီရေးအတွက် အကြမ်းမဖက်တဲ့ လှုပ်ရှားမှုတွေအတွက် ဒီဆုကို ရွေးချယ်ချီးမြှင့်တာလို့လည်း သိရပါတယ် ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည် ဟာ ၂၆ ရက်နေ့မှာ Hawaii အုပ်ချုပ်ရေးမှူးနဲ့ နေ့လည်စာ စားဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်ခင်ဗျ။ ညနေပိုင်းမှာ ငြိမ်းချမ်းရေး ညီလာခံမှာ ဆုပေးပွဲအခမ်းအနား တက်ရောက်ပြီးလို့ရှိရင် ၂၇ ရက်နေ့မှာတော့ Honolulu ကနေ တောင်ကိုရီးယားနိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်ခင်ဗျ။
  • မစုမြတ်မွန်- ဟုတ်ကဲ့။ ကိုသိန်းထိုက်ဦး၊ အခုနောက်ဆုံးမေးချင်တာကတော့ Hawaii မှာ ဒေါ်အောင်ဆန်းစုကြည် လာမယ့်အတွက်ပေါ့လေ။ အဲ့ဒီ့မှာရှိနေတဲ့ ဒေသခံတွေရဲ့ စိတ်လှုပ်ရှားမှု၊ သူလာမယ့်ခရီးစဉ်ကို ဘယ်လောက်ကြိုဆိုနေကြတယ်။ ဘယ်လောက်အထိ လူတွေ စိတ်ဝင်စားမှုရှိကြတယ်လို့ရော ပြောလို့ရပါလားရှင့်။
  • ကိုသိန်းထိုက်ဦး- မြန်မာနိုင်ငံသားတွေကို သူ့ကို ကြိုဆိုဖို့ တော်တော်လေး ပြင်ဆင်နေကြ တာ တွေ့ရပါတယ်ခင်ဗျ။ ဒါပေမဲ့လည်း သူ့ရဲ့လုံခြုံရေးအရ ဒီခရီးစဉ်မှာ တော်တော်များများ ကို တွေ့ဆုံပွဲတွေက သီးသန့်သဘောဆောင်နေတာတော့ တွေ့ရပါတယ်ခင်ဗျ။ သတင်းဌာနတွေကို တချို့နေရာမှာဆိုလို့ရှိရင် ဝင်ပြီးတော့ သတင်းယူခွင့်မပေးပါဘူး။
  • မစုမြတ်မွန်- ဟုတ်ပြီ။ ကိုသိန်းထိုက်ဦးရေ၊ နောက်နေ့တွေလည်း သိသမျ သတင်းတွေ ထပ်ပြီးတော့ ပြောပြပေးပါဦးရှင့်။ 
  • http://burmese.voanews.com/

Friday, January 25, 2013

သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် တကယ်ပဲ သဘောထားကွဲလွဲနေသလား




  • မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရအဖွဲ့သစ်တက်လာပြီး နောက်ပိုင်း ကချင်ပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ ပြန်ဖြစ်ပွားလာတဲ့အပေါ် နိုင်ငံရေးဝေဖန်သူတွေနဲ့ ပြည်သူတွေအကြား ဝေဖန်သုံးသပ်မှု အမျိုးမျိုး ပေါ်ပေါက်နေပါတယ်။
  • သမ္မတက စစ်တပ်ကို ထိုးစစ်တွေ မဆင်ဖို့ အမိန့်ထုတ်ထားပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတဲ့အပေါ် သမ္မတက တမျိုး စစ်တပ်က တဖုံ ဖြစ်နေသလား၊ သမ္မတက စစ်တပ်အပေါ် ဩဇာမညောင်း ဖြစ်နေသလား၊ အခုနောက်ဆုံး လဂျားယန်ဒေသမှာ စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ ပြီးဆုံးပြီ။ ဒါကြောင့် ထိုးစစ်ဆင်တာတွေ မလုပ်တော့ဘူးလို့ သမ္မတက ပြောနေတဲ့တိုင် အဲဒီ ဒေသအပါအ၀င် ကချင်ပြည်နယ် အနှံ့အပြား တိုက်ပွဲတွေ အရှိန်ပြင်းပြင်း ဆက်ဖြစ်နေတာ ဘာကြောင့်လဲ စတဲ့မေးခွန်းတွေ အများကြီး ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီအကြောင်းတွေကို ခုတပတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။
  • တကယ်တော့ သမ္မတဦးသိန်းစိန်အစိုးရ ဆိုတာ အရင် မြန်မာနိုင်ငံကို ဆင်းရဲတွင်းနက်အောင် လုပ်ခဲ့ပြီး ဒုက္ခပင်လယ်ဝေအောင် လုပ်ခဲ့၊ ဖျက်ဆီးခဲ့တဲ့ စစ်အာဏာရှင် အစိုးရရဲ့အဆက် ဖြစ်ပါတယ်။
  • ဒါကို လက်ရှိ နိုင်ငံတာဝန်ရှိတဲ့ သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ပါတီခေါင်းဆောင် ဦးဌေးဦး တို့ ၃ ဦးစလုံးဟာ ပြည်တွင်းနဲ့ ပြည်ပခရီးစဉ်တွေမှာ မြန်မာနိုင်ငံ ခုလို အပြောင်းအလဲ ဖြစ်လာအောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ အရင် စစ်ခေါင်းဆောင်တွေက လုပ်ပေးခဲ့တာ၊ လမ်းခင်းပေးခဲ့တာ စသဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပြီးလည်း ဖြစ်ပါတယ်။
  • လက်ရှိ အခြေအနေဟာ မြန်မာပြည် ပြည်မ နိုင်ငံရေးအခင်းအကျဉ်းမှာ တရားဝင် ၀န်ခံတာ မရှိပေမယ့် ဒိုင်ယာလော့လို့ ခေါ်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ် ဖြစ်ပေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ စစ်အစိုးရလက်ထက် စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးစီးတဲ့ အစိုးရအဖွဲ့၊ လွှတ်တော်၊ စစ်တပ်၊ တရားရုံးအပါအ၀င် အဖွဲ့အစည်းအသီးသီးနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံတွေ ပုံစံတမျိုးနဲ့ ဒိုင်ယာလော့ လုပ်နေကြတယ် ဆိုရင် မမှားပါဘူး။
  • ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ကြံ့ခိုင်ရေးပါတီ ကြီးစိုးထားတဲ့ လွှတ်တော်၊ ဗဟိုအစိုးရ၊ ပြည်နယ်နဲ့ တိုင်းအစိုးရတွေမှာပါ စစ်အာဏာပိုင်ဟောင်းတွေ အာဏာချုပ်ကိုင်ထားတဲ့ အစိုးရအဖွဲ့အသီးသီး၊ အဲဒီ စစ်ဗိုလ်ချုပ်ဟောင်းတွေကို ကျောထောက်နောက်ခံ ပေးထားတဲ့ စစ်တပ် အဲဒီ အခင်းအကျင်းအပေါ်မှာ လုပ်ကိုင်ကြရတဲ့ ဒိုင်ယာလော့ ဖြစ်ပါတယ်။
  • ဒီအခြေအနေဖြစ်လာအောင် အရင် စစ်အာဏာရှင်ဟောင်းတွေဟာ ဟန်ပြ အမျိုးသားညီလာခံကို နှစ်ရှည်လများခေါ်ယူ၊ သူတို့ လိုချင်တာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းထဲ အတင်းအကျပ်ထည့်၊ နောက်တော့ ၂၀၀၈ ခုနှစ်မှာ မတရားမှု လိမ်လည်အကောက်ကြံမှုပေါင်းများစွာနဲ့ ဖွဲ့စည်းပုံကို အတည်ပြု၊ ၂၀၁၀ မှာ မသမာတဲ့ နည်းပေါင်းစုံ အသုံးပြုပြီး ကြံ့ခိုင်ရေးပါတီ အနိုင်ရအောင် ဖန်တီး၊ အဲဒီ မတရားတဲ့ ရလဒ်တွေကနေ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရအဖွဲ့၊ သူရဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်အဖွဲ့တွေကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် စစ်အာဏာရှင်တွေဟာ ဒီလို နေရာအားလုံးမှာ အသာစီးရတဲ့ အခင်းအကျင်းမျိုးကို ဖန်တီးပြီးမှ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ နိုင်ငံရေးလုပ်ခွင့်ပေးတာ၊ အန်အယ်လ်ဒီနဲ့ အတိုက်အခံ နည်းနည်းပါးပါးကို လွှတ်တော်ထဲရောက်အောင် ဖန်တီးပေးတာ ဖြစ်ပါတယ်။ ပြောရရင် အရာရာမှာ အသာစီးယူထားပြီးမှ ဒိုင်ယာလော့ လုပ်ခွင့်ပေးထားတဲ့ ပုံစံ ဖြစ်ပါတယ်။
  • စစ်ရေးကိစ္စမှာလည်း စစ်အာဏာရှင်ဟောင်းတွေဟာ ဒီအတိုင်း စဉ်းစားတာ ဖြစ်ပါတယ်။ ကချင်မှအပ အခြား လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးကို ပိုနေမြဲ ကျားနေမြဲ အခြေအနေအပေါ်မှာ အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေးစကား ပြောနေတာ ဖြစ်ပါတယ်။ ကချင်အရေးကို စဉ်းစားတော့လည်း ဒီအတိုင်းပါပဲ။ ရွေးကောက်ပွဲ မတိုင်ခင် အရင်စစ်အစိုးရက ကေအိုင်အေကို နယ်ခြားစောင့်တပ်လုပ်ဖို့ ဖိအားပေးရင်း ပဋိပက္ခတွေ အရှိန်မြင့်တက်လာနေချိန် ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်တဲ့ ကချင်ပါတီ ၃ ပါတီစလုံးကို ပါတီထောင်ခွင့်တောင် မပေးခဲ့ပါဘူး။ ဒီနည်းနဲ့ လွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်နဲ့ အစိုးရအဖွဲ့ထဲမှာ အရင်တုန်းကလို အစိုးရ အလိုတော်ရိတွေကိုပဲ နေရာပေးထားတဲ့ အခင်းအကျင်းကို ဖန်တီးခဲ့ပါတယ်။
  • အလားတူ ရှမ်းပြည်နယ်နဲ့ အောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ် ငြိမ်းချမ်းရေးယူ၊ ဒိုင်ယာလော့ လုပ်သလို၊ ကေအိုင်အေ၊ ကေအိုင်အိုနဲ့ ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေး၊ ဒိုင်ယာလော့ လုပ်တဲ့အခါ အပေါ်စီးက လုပ်နိုင်အောင် နေရာတကာ အသာစီးရယူတဲ့ အနေအထားနဲ့ လုပ်လိုစိတ် ပိုင်းဖြတ်ထားပုံ ရပါတယ်။ ဒါကြောင့်လည်း တိုက်ပွဲတွေဖြစ်နေတဲ့ ၁ နှစ်ခွဲကျော်ကာလအတွင်း အစိုးရတပ်ဖွဲ့အင်အား အတော်များများ ကချင်ပြည်နယ်ထဲ ရွှေ့ပြောင်းခဲ့သလို ခုခံစစ်ပဲ လုပ်မယ် ပြောပေမယ့် ထိုးစစ်ဆင်လာလိုက်တာ လေယာဉ်အကူအညီ၊ ရဟတ်ယာဉ်အကူအညီနဲ့ တိုက်ပွဲဝင်တဲ့အထိ ကြမ်းတမ်းလာတာကို တွေ့နိုင်ပါတယ်။
  • တကယ်တော့ ဒီလိုဖြစ်လာတာဟာ သမ္မတက စစ်တပ်အပေါ် ဩဇာမညောင်းတာ မဟုတ်သလို သမ္မတနဲ့ စစ်တပ်ခေါင်းဆောင် သဘောထားကွဲလွဲတာမျိုးလည်း မဟုတ်ပါဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ရင် ပြည်မမှာ အရာအားလုံးကို အပေါ်စီးရယူတဲ့ အခင်းအကျင်းဖန်တီးပြီးမှ ဒိုင်ယာလော့ လုပ်သလို စစ်ရေးမှာလည်း အသားစီး အလွန်အကျွံရယူပြီးမှ စေ့စပ်ဆွေးနွေးတာ လုပ်လိုတဲ့ သဘောကို ဖော်ပြခြင်းသာ ဖြစ်ပါတယ်။ ဒီလို အရင် စစ်အာဏာရှင်ဟောင်းတွေရဲ့ မရိုးသားတဲ့ လုပ်ရပ်တွေကြောင့် နောင်လာမယ့် အနာဂတ်မှာ နိုင်ငံရေးအရရော စစ်ရေးအရပါ တိုင်းပြည်အတွက် ကောင်းမွန်တဲ့ အဖြေတခု ရလာမှာ မဟုတ်သေးပါကြောင်း တင်ပြလိုက်ရပါတယ်။
  • တိုင်းကျော်
  • .myanmar1.com မှဖေါ်ပြပါသည်။ 

Thursday, January 24, 2013

KIA နှင့် သမ္မတ၊ လွှတ်တော်တို့အကြား ချောင်ပိတ်မိနေသော တပ်ချုပ်

သိန်းစိန်၊ မင်းအောင်လှိုင်နဲ့ ဂမ်ရှောင်
  • တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းမှူး/ တပ်မမှူး ၄ လပါတ် ပြုလုပ်ခဲ့ပြီးနောက် စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့ ချစ်ကြည်ရေး ခရီး သွားရောက်ရန် ရှိ၍ လွှတ်တော်မှ တိုက်ပွဲ အခြေအနေအား တောင်းဆိုလာမည့် အသံနှင့် ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး တပ်အသစ် ထပ်ထည့်ခြင်း၊ တပ်လဲလှယ်ခြင်း ဆက်လက် ပြုလုပ်သွားရန် မှတ်ချက်ပေးခဲ့ကြောင်း စစ်ရုံးနဲ့ နီးစပ်သူများက သတင်းပေးပို့လာပါသည်။ KIA နှင့် တပ်မတော် ရင်ဆိုင် တိုက်ပွဲများတွင် စစ်မျက်နှာ အခင်းအကျဉ်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
  • (၁) ကချင်ပြည်နယ် အိမ်ရှင်တပ်မများဖြစ်သော မိုးကောင်းအခြေစိုက် အမှတ် (၃) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ဗန်းမော်အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းလက်အောက်ရှိ တပ်ရင်း ၄၆ ရင်းအပြင် စစ်ကိုင်း -ရွာထောင် အခြေစိုက် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်၊ မကွေးတိုင်းဒေသကြီး မကွေး အခြေစိုက် အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ်၊ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာအခြေစိုက် အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူအခြေစိုက် အမှတ် (၁ဝ၁) ခြေမြန်တပ်မ ဌာနချုပ်များနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းလက်အောက်ခံ တပ်ရင်း ၁ဝ ရင်း (ဖားကန့်ဒေသ စိုးမိုး လှုပ်ရှားနေသည်။) အပါအဝင် ခြေလျင်ခြေမြန်တပ်ရင်း စုစုပေါင်း ၉၆ ရင်းဖြင့် ကေအိုင်အေအား ထိုးစစ်ဆင်တိုက်ခိုက်နေလျက်သည်။ မြစ်ကြီးနား လေတပ်စခန်း ဌာနချုပ်မှ တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ကုန်းကြောင်း၊ လေကြောင်းမှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည့် အပြင် အမြောက်တပ်မ ဌာနချုပ်များမှလည်း ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများနှင့် ၁၂၀ မမ စိန်ပြောင်းကြီးများ တို့ဖြင့် ပိုက်စပ်တိုက် ပစ်ခတ်လျက် ရှိပါသည်။
  • ကချင် လွတ်မြောက်ရေး တပ်မတော်မှ စစ်သည် တစ်ဦး ကင်းလှည့်နေပုံ (ဓာတ်ပုံ - http://pulitzercenter.org)
  • (၂) မြန်မာနိုင်ငံ အခြား စစ်မျက်နှာများရှိ တပ်ဖြန့်ထားသော အခင်းအကျဉ်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
  • (က) အိန္ဒိယနယ်စပ်တလျှောက် ပြည်ပရန်ကာကွယ်ရန် အရန်တပ်မအင်အား မထားဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖြတ်တောက် ပိတ်ဆို့စစ်ဆင်ရန် စကခ (၁ဝ) ကို ကိုးကန့် - လောက်ကိုင်ဒေသသို့ စေလွှတ် ပို့ဆောင်ထားသည်။ မြန်မာပြည် အလယ်ပိုင်း ဧရာဝတီနှင့် ချင်းတွင်း တကြောအထိ အရန်တပ်မ မရှိ ဖြစ်နေသည်။
  • (ခ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အရန်တပ်မ အဖြစ်ထားလေ့ရှိသော တမခ (၁၁) အား အရန်တပ်မ အဖြစ်မထားနိုင်တော့ဘဲ ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေး တာဝန် ထမ်းဆောင်နေသည့် တမခ (၆၆) ဖြင့် လဲလှယ်ရန် စီစဉ်နေသည်။
  • (ဂ) ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးဝင်နေသည့် တမခ (၇၇) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ဒေသအတွင်း စစ်ဆင်ရေး ဝင်နေသည့် စကခ (၁ဝ) အား အနားပေး လဲလှယ်အစားထိုးရန် အရန် တပ်မ မရှိ ဖြစ်နေသည်။
  • (၃) ကချင်ပြည်နယ် စစ်ဆင်ရေးသို့ အစားထိုး လဲလှယ်နိုင်သော တပ်မများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
  • (က) ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအရေးအခင်း တည်ငြိမ်မှုမရှိသေးသော်လည်း အရန် တပ်မမရှိ၍ ကျောက်တော် အခြေစိုက် စကခ (၉) အား ကချင်ပြည်နယ် စစ်ဆင်ရေးသို့ စေလွှတ်ရန် ပြင်ဆင်နေသည်။
  • (ခ) ကယားပြည်နယ်တွင် ရှိနေတဲ့ တပ်မ (၅၅) နှင့် စကခ (၇) တပ်မ (၂) ခု ရှိရာ မူလက တပ်မ (၅၅) ကို ကချင်ပြည်နယ် ထွက်ဖို့ လျာထားရာမှ စကခ (၇) ပြောင်းလဲပြီး ကချင် - ဖားကန့် ဒေသသို့ စေလွှတ်လိုက်ပြီး ဖြစ်သည်။
  • (ဂ) ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော တမခ (၈၈) သည် တနှစ်ကျော်နေပြီး တမခ (၉၉) သည် နှစ်နှစ်ရှိနေသော်လည်း အနားပေး အစားထိုး လဲလှယ်ရန် အရန်တပ်မ မရှိဖြစ်နေသည်။
  • ကချင် ပြည်နယ်အတွင်းရှိ မြန်မာ့ တပ်မတော်မှ စစ်သည်ရဲဘော်များ ကင်းလှည့်နေပုံ (ဓာတ်ပုံ - Kachin News Group)
  • (၄) မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်မှ တပ်မ (၈၈) အား KIA စခန်းကုန်းများ သတ်မှတ်ပြီး ၄င်းစခန်းများ ရမှ တပ်မ (၁၀၁) နှင့် လဲလှယ်ပေးပြီး နောက်တန်း မကွေးကို ပြန်ခိုင်းမည်ဟု ပြောသောကြောင့် တပ်မ (၈၈) မှာ ထိခိုက်ဒဏ်ရာ အကျအဆုံး များစွာဖြင့် စစ်တိုက် နေရကြောင်း သိရှိရပါသည်။
  • (၅) တပ်မ (၉၉) သည်လည်း စစ်ဆင်ရေး ထွက်နေသည်မှာ (၂) နှစ်နီးပါး ရှိသော်လည်း တခြား တပ်မများနှင့် မတူဘဲ (၂) ဗျူဟာ စစ်ဆင်ရေး ၀င်ပြီး (၁) ဗျူဟာ နားသည့် စနစ် ကျင့်သုံးနေပါသည်။ တပ်မ (၉၉) သည် မူလကတည်းက အကြံအဖန် ဂွင်ကောင်းသည့် ပုံသေ စစ်ဆင်ရေး နေရာကို ရထားသည့် အားလျော်စွာ အခြား တပ်မများက အသေအကြေ တိုက်နေသော်လည်း တန်းတူ အခွင့်အရေး မရသည့်အပေါ် ကျေနပ်မှု မရှိကြကြောင်း သိရှိရပါသည်။
  • (၆) စစ်ဆင်ရေး (၁) နှစ်ပြည့် ပြီးသော တပ်မများ အောက်ပါအတိုင်း ဖြစ်ပါသည် -
  • (က) တမခ (၄၄)/ (၆၆)/ (၇၇) - ကရင်ပြည်နယ် (ခ) တမခ (၈၈)/ (၉၉) - ကချင်ပြည်နယ် (ဂ) စကခ (၁၀) - ရှမ်းမြောက် ကိုးကန့်ဒေသ
  • (၇) အရံ ရှိနေသော တပ်မများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
  • (က) စကခ (၆) (နေပြည်တော် အရံ မသုံးပါ)
  • (ခ) တမခ (၁၁) (ရန်ကုန်တိုင်း အရံ - ဖြစ်သော်လည်း စစ်ဆင်ရေး သွားရန် အသင့် အနေအထားဖြင့် အမိန့်စောင့်နေရပါသည်။ ရခိုင်ပြည်နယ်သို့ စေလွှတ်ထားသော တပ်မ ဆေးအဖွဲ့ များကိုလည်း ပြန်လည် ခေါ်ယူထားပြီး တပ်အားလုံးအသင့် ပြုလုပ်ရန် ညွှန်ကြားထားပါ သည်။)
  • (ဂ) ရခိုင်ပြည်တွင် မြို့တွင်း လုံခြုံရေး - စကခ (၅)၊ ဖြစ်ပြီး စကခ (၉) / (၁၅) တို့သည် နယ်စပ် ဘင်္ဂလားဒေ့ရှ် လုံခြုံရေး ယူထားသော်လည်း ၄င်းတို့အထဲမှ စကခ (၁) ခုအား ဆွဲထုတ်ကာ စစ်ဆင်ရေး သွားခိုင်းမည်ဟု သိရပါသည်။
  • (ဃ) တမခ (၂၂) ဘားအံတွင် အသင့်ရှိ။
  • (၈) တပ်မ (၆၆) နှင့် (၇၇) တို့ လစာပေးအဖွဲ့ ရှေ့တန်းသို့ တက်သွားကြောင်း ထပ်မံ သိရသဖြင့် ၂၀၁၃ ဇန်န၀ါရီလ အတွင်း နောက်တန်းသို့ ပြန်လည် အနားယူရန် မဖြစ်နိုင်တော့ကြောင်း စစ်ရေး လေ့လာသူများက သုံးသပ် ပါသည်။
  • (၉) ပုံမှန် အနေအထားအရ ဆိုလျှင် တမခ (၁၁) (၂၂) နှင့် စကခ (၉) တို့သည် ကရင်ပြည်နယ်ထဲရှိ တမခ (၄၄) (၆၆) (၇၇) တို့အား လဲလှယ်ရမည် ဖြစ်သော်လည်း ယခုအထိ စစ်ဆင်ရေး အမိန့်မလာဘဲ Stand By သာ ထားသောကြောင့် လိုအပ်လျှင် ကရင်ပြည်နယ်သို့ မသွားနိုင်ဘဲ ကချင်ပြည်နယ် KIA စစ်မျက်နှာသို့ စေလွှတ်ရန် ရည်ရွယ်သည်ဟု ယူဆရပါသည်။
  • (၁၀) သို့သော်လည်း ကရင်ပြည်နယ်ရှိ တပ်မ (၃) ခုမှာလည်း (၁) နှစ် ပြည့်၍ လဲလှယ်ရမည် ဖြစ်ရာ ကချင်သို့ ကြားဖြတ်ခိုင်းရန် တပ်ချုပ်အနေဖြင့် အခက်အခဲ ဖြစ်နိုင်သည်ဟု ယူဆပါသည်။
  • (၁၁) ထွက်ပေါက်တခု ရှိနိုင်သည်မှာ ရှမ်းမြောက်မှ စကခ (၁၆) မှ တပ်များမှ ထုတ်နှုတ်ပြီး ကချင်သို့လည်း စေလွှတ်ရနိုင် သည်ဟု ယူဆပါသည်။ ထို့အပြင် တချို့ ဒကစများမှာ တပ်မအသွင် စစ်ဆင်ရေး လှုပ်ရှားခဲ့ဖူးသဖြင့် နယ်မြေ အေးချမ်းတည်ငြိမ်ပါက နီးစပ်ရာ တပ်မ ဌာနချုပ်များနှင့် ဧရိယာ ပြောင်းလဲခြင်းသော်လည်းကောင်း၊ တိုက်ရိုက် ကချင်ပြည်နယ်သို့ လည်းကောင်း စေလွှတ်နိုင်သည်ဟု ယူဆပါသည်။
  • (၁၂) စကခ (၁၀) အား လဲရန် တပ်မအား စီစစ် ဖေါ်ထုတ်ဆဲ ဖြစ်ပါသည်။
  • (၁၃) ကရင်ပြည်နယ် ဖာပွန် စစ်ဆင်ရေးမှ ကျွံဝင်လာသော တမခ (၄၄) ၏ ရိက္ခာများအား KNU မှ ဖျက်ဆီးထားနိုင်သဖြင့် ၄င်းတို့သည် ကရင်ပြည်နယ်ရှိ တပ်မများကို ထုတ်နှုတ်ပြီး ကချင်သို့ စေခိုင်းရန် မဖြစ်နိုင်တော့ကြောင်း သုံးသပ်ပါသည်။
တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး Madam Fu Ying ဦးဆောင်သော အထူး ကိုယ်စားလှယ်အဖွဲ့အား သမ္မတ ဦးသိန်းစိန်မှ လက်ခံ တွေ့ဆုံ (ဓာတ်ပုံ - သမ္မတရုံး ၀က်ဘ်ဆိုဒ်)
  • (၁၄) တပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီ မင်းအောင်လှိုင် အနေဖြင့် တပ်မတော်၏ မူဝါဒ သဖွယ် ဖြစ်သော တပ်မများကို (၁) နှစ်ကျော်သည်အထိ တာဝန်ပေး ခိုင်းစေခြင်း မပြုရ ဟူသော ညွှန်ကြားချက်ကို သွေဖီပြီး မျက်စိမှိတ် ခိုင်းနေသည့် သဘော ဖြစ်နေပါသည်။ ကချင် ပြည်နယ် တွင် KIA နှင့် ဖြစ်ပွားနေသည့် စစ်ဆင်ရေး ကနဦးပိုင်းမှာ တပ်မတော်မှ ဦးကျိုးနေသဖြင့် ဂုဏ်သိက္ခာကျဆင်းလျက် ရှိရာ ယခုအခါ လေတပ် အမြောက်တပ် အင်အားများကိုပါ သုံးစွဲပြီး ကျားနာခဲလျက် ရှိပါသည်။ သို့ရာတွင် လွှတ်တော်မှ ပြင်းထန်သည့် တောင်းဆိုချက်/ လေသံများ ပေါ်ထွက်လာသကဲ့သို့ တရုတ်နိုင်ငံမှလည်း သံတမန် အသုံးအနှုန်း မောက်မာသည့် စကားလုံးများ မကြုံစဖူး ထွက်ပေါ်လာပါသည်။ အထူးသဖြင့် တရုတ် နယ်စပ်ထဲသို့ အမြောက်ကျည်များ ကျရောက်နေခြင်းနှင့် KIA နှင့် အမျိုးအနွယ် နီးစပ်သည့် ယူနန်ပြည်နယ်မှ တရုတ်လူမျိုးများ၏ အကျိုးစီးပွား ထိခိုက်နေခြင်းအပေါ် တရုတ်အစိုးရက ဒေါသတကြီး ဖြစ်နေပုံ ရပါသည်။ မကြာသေးခင်က အထူးသံတမန် တရုတ် ဒုနိုင်ငံခြားရေး ၀န်ကြီး သမ္မတ ဦးသိန်းစိန် သို့ လာရောက် တွေ့ဆုံခဲ့သည့်အပေါ် သမ္မတနှင့် တပ်ချုပ် မျက်နှာပျက်ရမည့် အနေအထားမျိုး ကြုံတွေ့နိုင်ပါသည်။ ပိုပြီး ဆိုးဝါးသည်မှာ လိုင်ဇာမြို့ထဲသို့ အမြောက်ကျည်ကျ၍ အရပ်သားများ သေဆုံးခြင်းအပေါ် နိုင်ငံတကာမှ ကန့်ကွက်သည့် လေသံများ ထွက်ပေါ်လာပါသည်။ အစိုးရမှ တရားဝင် အပစ်ရပ်ခိုင်းသည့်အပေါ် တပ်မတော်မှ ဆက်လက် တိုက်ခိုက်နေခြင်းသည်လည်း သမ္မတ အမိန့်အပေါ် တပ်ချုပ်က အပြည့်အ၀ လေးစား လိုက်နာခြင်း မရှိသည့် အသွင်သဏ္ဍာန် မျိုး ပေါ်ထွက်နေပါသည်။ ထို့ကြောင့် တပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် လွှတ်တော်နှင့် သမ္မတတို့၏ ငြိုငြင်ခြင်းကို ခံရဖွယ် ရှိပြီး ထွက်ပေါက်အနေဖြင့် KIA ကသာ ဇန်န၀ါရီလတွင် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာမှသာ ရှိနိုင်ကြောင်း၊ KIO သည် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တစ်ဖွဲ့ တည်းမဆွေးနွေးဘဲ UNFC ဆုံးဖြတ်ချက် အတိုင်း UNFC တွင်သာ ဆွေးနွေးလိုကြောင်း ပြန်ကြားချက်သည် ကာချုပ် မင်းအောင်လှိုင်အတွက် အခက် တွေ့စေကြောင်း စစ်ဘက်နီးစပ်သူများက လေ့လာ သုံးသပ် တင်ပြ သွားပါသည်။

စည်းလုံးခြင်းရဲ့ အင်အားမှ ကူးယူဖေါ်ပြပါသည်။

“အစိုးရ၀န်ကြီးများ "၀ါးတားတား"လို့ လွှတ်တော်က ပြောပြီ”

  • “အစိုးရ၀န်ကြီးများ "၀ါးတားတား"လို့ လွှတ်တော်က ပြောပြီ”

  • လွှတ်တော်အစည်းအဝေးတွေမှာ အမတ်တွေမေးမြန်းတာကို ဖြေဆိုရာ အစိုးရ၀န်ကြီးတွေက တိတိကျကျ၊ ရေရေရာရာ မဟုတ်ဘဲ ၀ါးတားတားတွေဖြေနေကြတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက မနေ့က လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
  • ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ အစီရင်ခံစာကို ဦးဖေသန်းက ၀င်ရောက် ဆွေးနွေးရင်း အဲဒီလို ပြောသွားတာပါ။
  • "ကြယ်ပွင့်မပြ မေးခွန်းတွေကို ဖြေရာမှာ တချို့ဝန်ကြီးတွေက ပြီးစလွယ်ဖြေတာတွေ၊ ခပ်ပါးပါးနဲ့ ဝါးတားတားဖြေတာတွေကို တွေ့ရပါတယ်" လို့ ဦးဖေသန်းက ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။
  • ဒါ့အပြင် အစိုးရ၀န်ထမ်းတွေ ဝေစား မျှစားလုပ်ကြတယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။
  • "ကျောင်းတစ်ဆောင် ဆိုပါတော့၊ ဘတ်ဂျက်တွက်ချက်ပြီး ချပေးတာက သစ်မာသား၊ ပျဉ်းကတိုးသား တာဝန်ခံလုပ်တဲ့သူက သစ်ပွသားနှင့် လုပ်ပြီးတော့ သင်္ဘောဆေးသုတ် ဓာတ်ပုံရိုက် လက်မှတ်ထိုးပြီး အပေါ်တင်ပြ၊ ဝေစားမျှစား စားကြသောက်ကြ။
  • ဥပမာ မြေပုံ-မင်းပြား လမ်းပေါ်မှာရှိတဲ့ ပြိုင်ချောင်းတံတား ဆိုရင် အပေါ်က သံယက်မ သံပေါင်တန်းတွေနဲ့ ဘေလီတံတားတိုင်ကျတော့ နှစ်ထွာခွဲလောက်ရှိတဲ့ သစ်လုံးမျောတိုင် အပေါ်ပိုင်း ဓာတ်ပုံရိုက်ပြီး အပေါ်တင်ပြ။ အဲဒီလို ကိစ္စမျိုးလည်း နိုင်ငံအနှံ့မှာ ဖြစ်နေတဲ့ကိစ္စဖြစ်ပါတယ်။
  • ဒါတွေကို ပြည်သူ့ကိုယ်စား လွှတ်တော် မှာမေးတယ်" လို့ ဦးဖေသန်းက ဆိုပါတယ်။
  • “ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း တင်ပြချက်”
  • ဦးဖေသန်း(မြေပုံမဲဆန္ဒနယ်)။ ။ အားလုံးပဲ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သဂါရဝပြုပါတယ်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ဖြစ်ပါတယ်။ ကျွန်တော် ဒီနေ့ ဆွေးနွေးမှာကတော့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး တတိယနေ့က ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာကို အကြံပြုဆွေးနွေးသွားမှာဖြစ်ပါတယ်။ လွှတ်တော်ရဲ့ အမြဲတမ်းကော်မတီတွေဖြစ်တဲ့ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီ၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတွေဟာ လွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို ပိုမို ပီပြင်လာစေဖို့ စွမ်းရည်မြင့်မားလာစေဖို့ အခွင့်‌အရေးတွေမဆုံးရှုံးစေဖို့ အချိန်တိုတိုနဲ့ ထိထိရောက် ရောက်ဆောင်ရွက်နိုင်ဖို့ စတဲ့ရည်ရွယ်ချက်ကောင်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ လွှတ်တော်ကို အဓိကအားဖြည့် ကျားကန်ပေးနေတဲ့ ဒေါင့်ကြီး ၄ ချောင်းလို့လည်းပြောလို့ရပါတယ်။ ဒီကော်မတီ တွေဟာ မိမိရဲ့လုပ်ဆောင်ချက်တွေကို လွှတ်တော်အစည်းအဝေးတွေမှာ အခါမလပ် အစီရင်ခံစာ တင်ပြခြင်း လွှတ်တော်ကိုယ်စားလှယ်များအား ပြန်လည်ဆွေးနွေးခွင့်ပေးခြင်းအားဖြင့် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးတွေကိုလည်း မဆုံးရှုံးအောင် ဆောင်ရွက်ပေးနေကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။ အမြဲတမ်းကော်မတီ ၄ ခုအပြင် နောက်ထပ် လွှတ်တော်က ဖွဲ့ထားတဲ့ ကော်မတီ၊ ကော်မရှင် ၂၀ လောက်ပဲ ရှိပါသေးတယ်။ ဒီကော်မတီ၊ ကော်မရှင်တွေကလည်းပဲ ပြည်သူ့အသံ၊ လွှတ်တော်အသံလို့ ကြွေးကြော်ထားတဲ့ လွှတ်တော်ရဲ့တာဝန်များ ဟန်ချက်ညီညီဝိုင်းဝန်းကြိုးစား တည်ဆောက်နေကြပါတယ်။ ၂ နှစ်တာ လွှတ်တော်သက်တမ်း ရလာသည်နှင့်အမျှ ကော်မတီတွေဟာ အတွေ့အကြုံနှင့်အရည်အချင်းတွေ တဖြည်းဖြည်းပြည့်ဝလာတယ်လို့ မြင်တွေ့ရပါတယ်။ စနစ်တစ်ခု ကတစ်ခုအပြောင်းအလဲကာလမှာ အတွေ့အကြုံအားနည်းကြပေမယ့် ကိုယ့်တိုင်းပြည်ကိုချစ်တဲ့ စေတနာနဲ့ ကြိုးစားခဲ့ကြတာဖြစ်လို့ ဒီနေ့ ပြည်သူတွေရဲ့ တစ်ရပ်လုံးကလည်းပဲ လွှတ်တော်ကို တစ်နှစ် ထက်တစ်နှစ် အားကိုးလာနေကြပြီဖြစ်ပါတယ်။ အစိုးရနှင့်လွှတ်တော်ကြားမှာလည်း အပြန်အလှန် စောင့်ကြည့်ထိန်းညှိမှုတွေ ရုပ်လုံးပီပြင်ပေါ်လွင် လို့လာနေပါတယ်။ ကော်မတီ ၄ ခုစလုံးရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုက ပြည်သူ့အကျိုးအတွက် အစိုးရကိုကောင်းမွန်သန့်ရှင်းတဲ့အစိုးရဖြစ်အောင် အားဖြည့်ကူညီပေးနေခြင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီဟာ အစိုးရကို ပညာရှိသတိမြင်ရေးဖို့ အတွက် ထောက်ပြအသိ ပေးနေတာလည်းဖြစ်ပါတယ်။
  • ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီကနေ့ ပြောင်းလဲကျင့်သုံးနေတဲ့စနစ်နှင့်အညီ ပြည်သူ့ ကိုယ်စားလှယ်တွေ ဟာ ပြည်သူ့အကျိုးကိုရည်မှန်းပြီးတော့ ပြည်သူ့ကိုယ်စား ဒေသန္တရ ဖွံ့ဖြိုးရေး နဲ့ အခက်အခဲပြဿနာတွေကို လွှတ်တော်မှာ မေးခွန်းမေးပြီးတောင်းဆိုဖြေရှင်းနေကြပါတယ်။ အစိုးရဟာ ပြည်သူတွေရဲ့ အခက်အခဲကို ပြည်သူ့ကိုယ်စားလှယ်တွေလောက် မှန်မှန်ကန်ကန်နဲ့ မြန်မြန် ဆန်ဆန်မသိနိုင်ကြပါဘူး။ အစိုးရအသိနောက်မကျရအောင် အလိမ်မခံရအောင် လွှတ်တော် ကိုယ်စားလှယ်တွေက မေးခွန်းတွေဖွဲ့ပြီး ကူညီပံ့ပိုးနေခြင်းသာဖြစ်ပါတယ်။ ဝင်ရောက်စွက်ဖက်တာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် ကျောင်းတစ်ဆောင် ဆိုပါတော့ ဘတ်ဂျက်တွက်ချက်ပြီး ချပေးတာက သစ်မာသား၊ ပျဉ်းကတိုးသား တာဝန်ခံလုပ်တဲ့သူက သစ်ပွသားနှင့်လုပ်ပြီးတော့ သင်္ဘောဆေးသုတ် ဓာတ်ပုံရိုက်လက်မှတ်ထိုးပြီး အပေါ်တင်ပြ ဝေစားမျှစား စားကြသောက်ကြ ဥပမာ မြေပုံ-မင်းပြား လမ်းပေါ်မှာရှိတဲ့ ပြိုင်ချောင်းတံတားဆိုရင် အပေါ်က သံယက်မ သံပေါင်တန်းတွေနဲ့ ဘေလီတံတား တိုင်ကြတော့ နှစ်ထွာခွဲလောက်ရှိတဲ့ သစ်လုံးမျောတိုင် အပေါ်ပိုင်းဓာတ်ပုံရိုက်ပြီး အပေါ်တင်ပြ အဲဒီလို ကိစ္စမျိုးလည်း နိုင်ငံအနှံ့မှာ ဖြစ်နေတဲ့ကိစ္စဖြစ်ပါတယ်။ ဒါတွေကို ပြည်သူ့ကိုယ်စား လွှတ်တော် မှာမေးတယ်။ နိုင်ငံတော်အစိုးရသိအောင်တင်ပြပေးတာလည်း ဖြစ်ပါတယ်။ ပြည်သူ့ကဏ္ဍ၊ ပြည်သူ့ ဘဏ္ဍာတွေအလဟသမဆုံးရှုံးရအောင် ပြည်သူတွေအသက်အန္တရာယ်မဖြစ်ရအောင် နိုင်ငံတစ်ခု လုံးရဲ့အကျိုးအတွက်ဖြစ်ပါတယ်။ အဆိုတွေတင်ပြီး ဆွေးနွေးပြီးတော့ ဥပဒေအသစ်တွေပြဋ္ဌာန်း ပြီးတော့ အဆုံးအဖြတ်ရယူပြီး အစိုးရကိုတာဝန်ရှိစေတာဖြစ်ပါတယ်။ ဒီလိုလည်း လွှတ်တော်မှာ မေးမြန်းကြတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးအတည်ပြုကြတဲ့ အဆိုတွေနဲ့ပတ်သက်ပြီး တော့ ရေရှည်ရေးဆွဲခဲ့ကြတဲ့ ဥပဒေတွေနဲ့ပတ်သက်ပြီးတော့ အစိုးရဝန်ကြီးဌာနတွေမှာ ကတိတွေ၊ အာမခံချက်တွေ၊ တာဝန်ခံချက်တွေ ပေးခဲ့တဲ့ အတိုင်းအတာအတိုင်း လုပ်၊ မလုပ် စောင့်ကြည့်ဖို့ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှာ တာဝန်ရှိတာ ဒီလို စောင့်ကြည့်တဲ့နေရာမှာ ဒီကော်မတီအနေနဲ့ ဖော်ပြချက်တွေဟာ မှန်ကန်ရဲ့လား။ ဘယ်လိုပုံစံမျိုးနဲ့ ဆောင်ရွက်တယ်။ ပြီးပြတ်တယ်၊ မပြီးပြတ်ဘူးဆိုတာ ဘယ်လိုအချက်အလက်တွေ ရယူခဲ့သလဲဆို တာကို ဒါတွေဟာ စဉ်းစားစရာဖြစ်ပါတယ်။ အစီရင်ခံစာ စာမျက်နှာ ၁၀ မှာ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းရယူခဲ့တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်တွေကို ကတိတည်၊မတည် ကျွန်တော်တို့က တရားခံစစ်သလိုစစ်လို့ မရဘူးဆိုတာ သိပါ တယ်။ ဒါဖြင့်ရင် ပေးထားတဲ့ကတိတွေ၊ အာမခံချက်တွေ လုပ်ဖြစ်၊မလုပ်ဖြစ်၊ ပြီးပြတ်၊ မပြီးပြတ်ဆိုတာ ကိုရော သေချာရဲ့လား။ ဥပမာပြောရရင် ဒုတိယအချိန်ပုံမှန်အစည်းအဝေးတုန်းက ကျွန်တော်တင်သွင်း မေးမြန်းခဲ့တဲ့ ကြယ်ပွင့်မပြ ကားထောင်ကြီး-တရာ-ကျေးတော-ပေါက်ထုတောင် ရွာချင်းဆက်လမ်းနှင့် ပတ်သက်ပြီးတော့ နယ်စပ်ရေးရာဝန်ကြီးဌာနက စာဖြင့်သတိပေးခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ မှာ ကားထောင်ကြီး-တရာ လမ်းပိုင်း ၃ မိုင် အတွက် ကျပ်ငွေ ၃၂.၈ သန်း ကျန်လမ်းပိုင်း ၈ မိုင်ကို နှစ်စဉ် အလိုက် စီမံချက်များရေးဆွဲပြီးတော့ ဦးစားပေးအစီအစဉ်အရ ဆောင်ရွက်သွားပါမယ်လို့ ဖြေကြားခဲ့ ပေမယ့် ၂၀၁၂-၂၀၁၃ မှာ မလုပ်ပေးခဲ့ပါဘူး။ ၂၀၁၃-၂၀၁၄ ဘတ်ဂျက်မှာလည်း ပါမလာပါဘူး။ ဒါမျိုး တွေကလည်း တခြားဒေသမှာလည်း ရှိနိုင်ပါတယ်။ အဖြစ်မှန်ကိုအသိဆုံးက လွှတ်တော်ကိုယ်စားလှယ် တွေဖြစ်ပါတယ်။ ကတိဖြစ်ထားတဲ့လုပ်ငန်းတွေ အလုပ်ဖြစ်၊မဖြစ်၊ ပြီးပြတ်၊ မပြတ် သက်ဆိုင်ရာ ကိုယ်စားလှယ်တွေကို ခေါ်ပြီးဆွေးနွေး ဒါမှမဟုတ် နိုးဆော်စာတွေ ထုတ်ပြီးတော့ ပြန်ကြားခိုင်းရင် အဖြစ်မှန်တွေကို တိတိကျကျ ကြိုသိနိုင်ပါတယ်။ ဒါမှပဲ ပြည်ထောင်စု ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်း ရယူတဲ့အခါမှာ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကဖြင့် ဒီကိစ္စကို ဒီလိုပြောပါတယ်ဆိုပြီး ဆွေးနွေးနိုင်ရင် အကျိုးရလဒ်ကောင်းတွေ ရလာမှာဖြစ်ပါတယ်။ အစီရင်ခံစာလည်း ပိုမိုပြည့်စုံလာ မယ်လို့ယူဆပါတယ်။
  • ဥက္ကဋ္ဌကြီးခင်ဗျား။ ကော်မတီရဲ့လုပ်ဆောင်ချက်တွေကို အပိုင်း ၄ ပိုင်းခွဲပြီးတော့ တင်ပြ ထားရာမှာ အပိုင်း(၁)မှာ ပဉ္စမပုံမှန်အစည်းအဝေးရဲ့ ကြယ်ပွင့်ပြမေးခွန်း၊ အပိုင်း(၂)မှာ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထပုံမှန်အစည်းအဝေးက မေးခွန်းတွေရဲ့ ကြယ်ပွင့်ပြမေးခွန်း၊ အပိုင်း(၃) မှာ တတိယနှင့် စတုတ္ထပုံမှန်အစည်းအဝေးတွေရဲ့ ကြယ်ပွင့်မပြမေးခွန်း အပိုင်း(၄)မှာ စတုတ္ထနှင့် ပဉ္စမပုံမှန် အစည်းအဝေးတွေရဲ့ ကြယ်ပွင့်ပြမေးခွန်း စသဖြင့် ကတိဖြစ်တဲ့မေးခွန်းတွေ လုပ်ငန်းပြီးပြတ်၊ မပြီးပြတ် ကိုစာရင်းဇယားနှင့် တိကျစွာဖော်ပြထားတာကို တွေ့ရလို့ ကျေနပ်အားရမိပါတယ်။ ဒါပေမယ့် အပိုင်း အလိုက် အစီရခံရာမှာ အစည်းအဝေးကို ပထမအကြိမ်ကစပြီး ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ စသည်ဖြင့် အစီအစဉ်အလိုက် စနစ်တကျဖော်ပြသင့်ကြောင်း အကြံပြုလိုပါတယ်။ ပထမနှင့်ဒုတိယ အကြိမ် ကြယ်ပွင့်မပြမေးခွန်းတွေနဲ့ပတ်သက်လို့ ဖော်ပြပေးထားတာမရှိတာဟာ အစီရင်ခံစာရဲ့ အားနည်းချက်တစ်ခုလို့မြင်ပါတယ်။
  • ဥက္ကဋ္ဌကြီးခင်ဗျား။ အစီရင်ခံစာရဲ့သုံးသပ်ချက်မှာ ကတိဖြစ်ခဲ့သော မေးခွန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာန၏ွဖေကြားချက်များကို လေ့လာရာတွင် ဘတ်ဂျက်တောင်းခံ၍ ဘတ်ဂျက် ရရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်ွးဖေကြားချက်မှာ အများဆုံးဖြစ်သည်ဟု ဖော်ပြထားပါ တယ်။ ဘတ်ဂျက်ရရှိမှ လုပ်ပေးမယ်ဆိုတာ ကတိဖြစ်ပါသလား။ ဒီလိုမျိုးကတိတွေဟာ ဘယ်လောက် များသေချာပါသလဲ။ တစ်နှစ်လား၊ နှစ်နှစ်လား ဘယ်လောက်အကြာစောင့်ဆိုင်းရမယ်ဆိုတာကို မသေ ချာပါဘူး။ ဒီထက်သေချာတာတောင် မသေချာဘူးဆိုတာကို ဥပမာတစ်ခုတင်ပြပါမယ်။ ၂၈-၉-၂၀၁၁ ရက်နေ့က ဒုတိယပုံမှန်အစည်းအဝေးမှာ ကျွန်တော်မှ ကြယ်ပွင့်ပြမေးခွန်းတစ်ခုမေးခဲ့ပါတယ်။ ရခိုင် ပြည်နယ်အတွင်းရှိ မြေနိမ့်ပိုင်း ဒီရေရောက်လယ်ကွင်းတွေကို နိုင်ငံတော်အစိုးရက စက်ယန္တရား တွေသုံးပြီး ကူညီဆယ်ဖို့ပေးနိုင်ပါမည်လားလို့ ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးက အရေးကြီးဦးစားပေး ဆောင်ရွက်ရန်လိုအပ်နေသည့် တာများကို စိစစ် ရွေးချယ်ပြီး နိုင်ငံတော်အစိုးရအဖွဲ့သို့ ရန်ပုံငွေတင်ပြတောင်းခံ၍ နိုင်ငံတော်အစိုးရ၏ ဦးစားပေး လုပ်ငန်းအစီအစဉ်အရ ရန်ပုံငွေခွဲဝေခွင့် ပြုပေးနိုင်မှုပေါ်တွင်မူတည်ပြီး လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင် မည်ဖြစ်ကြောင်းလို့ဖြေကြားပါတယ်။ မပေးဘူးလို့ မပြောပါဘူး။ အရေးကြီးဦးစားပေးဆောင်ရွက်ရန် လိုအပ်သော တာများကိုစိစစ်ရွေးချယ်ပြီးဆိုတဲ့ ဒီအထူးပြုပုဒ်က လုပ်ပေးမယ်ဆိုတာကိုဖော်ပြပါတယ်။ နောက်မှလာတဲ့ ဒီအစိုးရအဖွဲ့ရဲ့ ဦးစားပေးအစီအစဉ်အရ အဲဒါ တစ်ပိုဒ် နောက်တစ်ခုက ဒုတိယရန်ပုံငွေခွဲဝေခွင့်ပြုပေးနိုင်မှုပေါ်တွင်မူတည်ပြီးတော့ အဲဒါဟာ နောက်တစ်ပိုဒ်ပါ။ ပေးသွားနိုင်မည်ဖြစ်ပါကြောင်း စတဲ့ကြိယာဝိသေသနပုဒ်တွေ အဆင့်ဆင့်ခံထား တာဖြစ်ပါတယ်။ ကတိဖြစ်၊ မဖြစ်ကို ဆုံးဖြတ်ဖို့အတွက် လွှတ်တော်မှာ မြန်မာစာ၊ မြန်မာစကား အဓိပ္ပာယ်ဖွင့်ဆိုရေးကော်မတီတစ်ခုတောင် ဖွဲ့ရမလိုဖြစ်နေပါတယ်။ ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဝင်းသန်းက ကတိဖြစ်၊ မဖြစ် အဓိပ္ပာယ်မဖွင့်‌တတ်လို့ ဝန်ကြီးကို သွားမေးတဲ့အခါမှာ ဝန်ကြီးက ကတိမဖြစ်ဘူးလို့ ပြောတယ်ဆိုပြီး ဦးဝင်းသန်းက ကျွန်တော်ကိုပြန်ပြော ပြပါတယ်။ ဒါကြောင့် ဒါထက်သေချာတာတောင်မသေချာဘူးလို့ အစက ကျွန်တော်ပြောခဲ့တာ ဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ မေးခွန်းတွေရဲ့အဖြေတစ်ခုဟာ ကတိဖြစ်၊မဖြစ်ကို ဘယ်လိုတိုင်းတာမလဲ။ ဘယ်သူကအဆုံးအဖြတ်ပေးမှာလဲဆိုတာ ကော်မတီအနေနဲ့ပြတ်သားတဲ့မူတစ်ခု ရှိရမှာဖြစ်ပါတယ်။ ဝန်ကြီးက ကတိဖြစ်မှ ဖြစ်ရတယ်ဆိုရင် ဒီကော်မတီကလည်းဖြစ်မှဖြစ်ရလေကော်မတီဖြစ်သွား ပါလိမ့် မယ်။
  • ဥက္ကဋ္ဌကြီးခင်ဗျား။ အစီရင်ခံစာအပိုဒ် ၁၆ မှာ ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်းများနည်းပြီး။ ကြယ်ပွင့်မပြမေးခွန်းတွေ များလာတာကို တွေ့ရှိရပါသည်လို့ ဖော်ပြထားပါ တယ်။ ပဉ္စမအကြိမ်အစည်းအဝေးတုန်းက ကြယ်ပွင့်ပြမေးခွန်းတွေများလွန်းလို့ လွှတ်တော် ဥက္ကဋ္ဌကြီးက အရေးကြီးတဲ့မေးခွန်းတွေကလွဲလို့ ကျန်တာကိုစာနဲ့ပဲဖြေမယ်လို့ ပြောသွားကို မှတ်မိပါတယ်။ ကျွန်တော်မေးခွန်းတွေအားလုံး စာနဲ့ပဲအဖြေခံခဲ့ရပါတယ်။ ပဉ္စမပုံမှန်အစည်းအဝေး မှာ ဥက္ကဋ္ဌကြီးကကြိုတင်ပြောထားလို့ ကျွန်တော်တို့နားလည်ခဲ့ရပါတယ်။ ဒီအစည်းအဝေးတွေ ထဲမှာ ကြယ်ပွင့်ပြမေးခွန်းတွေ စာနဲ့‌ဖြေကြားတာတွေ ခံကြရပါတယ်။ စာနဲ့ဖြေဖြေ နှုတ်ဖြင့်ဖြေဖြေ အတူတူပဲလို့တွေးစရာရှိပါတယ်။ မတူပါဘူးခင်ဗျား။ ပထမအချက်က မဲဆန္ဒရှင်တွေဟာ မိမိကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေကို မသိနိုင်ပါဘူး။ ဒုတိယအချက်က လွှတ်တော်ကိုယ်စားရဲ့ တင်ပြချက်တွေဟာ လွှတ်တော်မှတ်တမ်းမှာ မကျန်ရစ်ခဲ့ပါဘူး။ တတိယအချက်က ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ အခန်း(၁၆) အပိုဒ် ၁၁၆ အပိုဒ်ခွဲ(ဃ)အရ ဝန်ကြီးရဲ့အဖြေကို အမေးနဲ့ လွဲချော်နေတဲ့အခါမှာ၊ မပြည့်စုံတဲ့အခါမှာ တစ်ဆက်တစ်စပ်တည်း မေးခွန်းကိုမေးနိုင်ခွင့် အခွင့်အရေး ကိုဆုံးရှုံးရပါတယ်။ ကြယ်ပွင့်ပြမေးခွန်းတွေကိုမေးတဲ့အခါ ရည်ရွယ်ချက်က ဝန်ကြီးကိုယ်တိုင် လွှတ်တော်ထဲကိုလာရောက် ဖြေစေချင်လို့ဖြစ်ပါတယ်။ ကြယ်ပွင့်မေးခွန်းတွေကို မေးမြန်းခွင့်ရလို့ ဆိုတာလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးဖြစ်ပါတယ်။ အရေးကြီး၊ မကြီးဆိုတာ နေဒေသနှင့် ဆိုင်ပါလိမ့်မယ်။ နေပြည်တော်က ဟိုင်းဝေးလမ်းမကြီးအရေးကြီးသလို လမ်းပန်းဆက်သွယ်ရေးခက်ခဲ တဲ့ရွာချင်းဆက်လမ်းကလေး တစ်ထွာတစ်မိုက်ရဖို့အရေးဟာ အလွန်အရေးကြီးပါတယ်။ နောက်တစ်ခု ကကြယ်ပွင့်မပြမေးခွန်းတွေကို ဖြေရာမှာ တချို့ဝန်ကြီးတွေက ပြီးစလွယ်ဖြေတာတွေ ခပ်ပါးပါးနဲ့ ဝါးတားတားဖြေတာတွေကို တွေ့ရပါတယ်။ ဥပမာ ပြရမယ်ဆိုရင် ကျွန်တော်မေးတဲ့မေးခွန်းတွေ တချို့ တင်ပြပါမယ်။ စာနဲ့အဖြေပေးတဲ့မေးခွန်းတွေဖြစ်ပါတယ်။ စတုထ္တပုံမှန်အစည်းအဝေးတုန်းက ကြယ်ပွင့်မပြမေးခွန်းတစ်ခုပါ။ အဲ့ဒါကဘာလဲဆိုတော့ မြေပုံမြို့နယ်အတွင်းမှာရှိတဲ့ ကုန်းမြင့်မရှိတဲ့ ရွာ ၉ ရွာမှာ မုန်တိုင်းဝင်လာလို့ရှိရင်အသက်အန္တရာယ်ကာကွယ်နိုင်အောင်လို့ဆိုပြီတော့ အသက်ကယ် သောက်ရေကန်နဲ့ တွဲပြီးတော့ အသက်ကုန်းများ တည်ဆောက်ပေးနိုင်ပါမည်လားလို့ ကျွန်တော်မေးခဲ့ပါတယ်။ အဲဒီအဖြေကို ဖြေကြားရာမှာ အဆိုပါ ၉ ရွာအတွက် အသက်ကယ်ကုန်း တည်ဆောက်ပေးရန်ခန့်မှန်းတန်ဖိုး ၁၃၂၁.၁ သန်းကျပ်ကုန်ကျမည်ဖြစ်ပြီး တည်ဆောက်ပေးရန် ပထမ ဦးစားပေးအဆင့်ထားရှိရေးဆွဲ တင်ပြထားပါတယ်။ နိုင်ငံခြားအကူအညီ အထောက်အပံ့များရရှိပါက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပါမည်လို့ ပြောထားပါတယ်။ အဲ့ဒါလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး လက်မှတ်ထိုးပြီးဖြေတာဖြစ်ပါတယ်။ ကျွန်တော်တို့ တောင်းတာက နေ့ပဲညပဲ ကျွန်တော်တို့ အသက်တွေကယ်ဖို့တောင်းတာပါ။ အဲဒါကို အကောင်အထည် ဖော်ဆောင်ရွက်ပေးပါမည်လို့လည်း ပြောတယ်။ နောက်ပြီးတော့ နိုင်ငံခြားအကူအညီရမှ ပေးမယ်လို့ လည်းပြောတယ်။ အဲဒီတော့ ဒါတွေဘယ်လိုကတိမျိုးလဲ။ ကျွန်တော်က လွှတ်တော်အတွေ့အကြုံကို သွားရှင်းတော့ ရွာသားတွေက ကျွန်တော်ကိုမေးပါတယ်။ နိုင်ငံခြားအကူအညီမရခင် ကျွန်တော်တို့ သေရင်ဘယ်လိုလုပ်မလဲ။ ဘယ်သူတာဝန်ခံမလဲလို့မေးပါ။ အဲဒါမျိုးက တာဝန်ယူနိုင်မှုအနေအထား ရှိဖို့လိုပါတယ်။ ဒုတိယမေးခွန်းတစ်ခုကိုပြောပါမယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ပုဇွန်ကွင်းတွေ၊ လယ်ကွင်းတွေနဲ့ တွဲပြီးတော့ လုပ်ကြပါတယ်။ အဲဒီအခါမှာ ပုဇွန်ကွင်းတွေက ရေငန်တွေကျော်ပြီးတော့ လယ်ကွင်းတွေပျက်ဆီးရတယ်။ အဲဒါကို ကျွန်တော်က ဒီလိုပုဇွန်ကွင်းက လယ်ကွင်းကိုဖြတ်ပြီးတော့ ပုဇွန်ကွင်းလုပ်နေတာကို ဘယ်လိုနည်းနဲ့တားဆီးပေးနိုင်မလဲလို့ မေးတဲ့အခါမှာ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနက လက်မှတ်ထိုးပြီးပြန်ပါတယ်။ အခု လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းတဲ့ ဧရိယာအတွင်းမှာ တောင်သူ လယ်သမား၏ ဆန္ဒသည် စပါးစိုက်ပျိုးလိုပါသလား။ ပုဇွန် မွေးလိုပါသလား။ အဲဒါကို အဓိကထားပြီးတော့ ကွင်းဆင်းလေ့လာစိစစ်ပါမယ်လို့ဖြေပါတယ်။ ကျွန်တော်ထောက်ပြတာက လယ်ယာမြေကိုခွင့်ပြုချက်မရဘဲ အခြားနည်းနဲ့အသုံးမပြုရဆိုတဲ့ လယ်ယာမြေဥပဒေကို တိတိကျကျထောက်ပြတာပါ။ ဒါကိုဖြေတဲ့အခါမှာ ဒီလယ်သမားတွေရဲ့ဆန္ဒ ကိုအဓိကထားပြီးတော့ လုပ်မယ်ဆိုတော့ ကျွန်တော်တို့ဥပဒေကို မျက်ကွယ်ပြုရာ ရပါတယ်။ အခု ဘယ်လောက်ထိဖြစ်လာလဲဆိုတော့ အဲဒီနေရာတွေမှာ အစိုးရကဆယ်ထားတဲ့ တာတမံတွေထဲမှာကို ပုဇွန်ကွင်းတွေလုပ်လာတယ်။ နောက်ပြီးတော့ နိုင်ငံတော်ကဆယ်ဖို့တဲ့ တာတမံကို မဆယ်ရဘူးလို့ အာဏာပိုင်တွေနဲ့ လုပ်ငန်းရှင်တွေက တားတဲ့အထိ အခုရပ်တန့်ထားတဲ့အထိဖြစ်နေပါတယ်။ ကျွန်တော် မနက်က ဝန်ကြီးကို တင်ပြထားပါတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့ ကတိကိုကတိ အတိုင်းဖြေတဲ့အခါမှာ လိုအပ်တဲ့အတိုင်းမဖြေခဲ့လို့ အဲဒီလို ပြဿနာမျိုးကြုံတွေ့ရပါတယ်။ နောက် စတုတ္ထပုံမှန်အစည်းအဝေးမှာလည်း မြို့နယ်ပညာရေးကို တိုးတက်စေချင်တဲ့အတွက် ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အတွင်းမှာ တစ်ရပ်တစ်ရွာကို သွားပြီးတော့ စာသင်ဖို့အခက်အခဲရှိတဲ့အတွက် နဲ့မူလတန်းကျောင်းရှိ တယ်ဆိုရင် ကျောင်းရှိတဲ့နေရာဆိုရင် အလယ်တန်းကျောင်းအဆင့်၊ အလယ်တန်း ကျောင်းရှိတဲ့နေရာဆိုရင် အထက်တန်းကျောင်းအဆင့် ကိုယ်ထူကိုယ်ထ ကိုယ်လုပ်အားနဲ့ ကိုယ့်စရိတ် စကနှင့် ကျောင်းဆောင်တွေဆောက်ပြီးတော့ သင်ကြပါတယ်။ ဒါပေမယ့် အဲဒီလို ကျောင်းက ကျောင်းသားတွေကို ဒီအစိုးရကျောင်းတွေမှာ တွဲပြီးတော့ စာမေးပွဲဝင်ဖြေခွင့်မပေးပါဘူး။ အဲဒါကြောင့် သူတို့ဟာ ပြည်နယ် ပညာရေးဌာနက ဒီလိုခွင့်မပြုဘူးဆိုတာနဲ့ပတ်သက်ပြီးတော့ တော်တော်ကို အခက် အခဲဖြစ်ရပါတယ်။ အဲဒါ တကယ်လို့များ ကိုယ့်စရိတ်နှင့် ကိုယ့်ကျောင်းဆောင်နဲ့ ဆရာသမားငှား ပြီးတော့ သင်တဲ့အပေါ်မှာ နိုင်ငံတော်က ဘယ်လိုလုပ်ပြီးတော့ ဒီကျောင်းသားတွေ စာမေးပွဲဝင်ခွင့် ပေးနိုင်မလဲလို့ မေးတာပါ။ အဲဒါကို ဝန်ကြီးက လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး စီးပွားရေးနိမ့်ကျသော ဒေသများတွင် အိုးမကွာ အိမ်မကွာ ပညာသင်ကြားနိုင်ရေးအတွက် သတ်မှတ်ထားသော ကျောင်းသား ဦးရေပြည့်မီစွာ ကိုယ်ထူကိုယ်ထကျောင်းများကို တွဲဖက်မူလတန်းကျောင်း သို့မဟုတ် အခြေခံမူလတန်း ကျောင်းခွဲများအဖြစ် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေပါတယ်။ အမေးနှင့်အဖြေဟာ တစ်ခြားစီပဲဖြစ်ပါတယ်။ ကျွန်တော်က မူလတန်းကျောင်းကို အလယ်တန်းကျောင်းအဆင့် အလယ် တန်းကျောင်းကိုအထက်တန်းကျောင်းအဆင့် တွဲဖက်သင်နိုင်ဖို့ရည်ရွယ်ချက်နဲ့မေးတာဖြစ်ပြီးတော့ ဝန်ကြီးဖြေတာက မူလတန်းကျောင်း တရားဝင်ဖြစ်မြောက်ရေးကို ဖြေတာဖြစ်ပါတယ်။ နောက် ပညာရေးဌာနမေးခွန်းတစ်ခုပဲ ဥပမာပြောပြပါမယ်။ ပဉ္စမပုံမှန်အစည်းအဝေးတုန်းက ကျွန်တော် ကြယ်ပွင့်ပြမေးခွန်းတစ်ခုမေးခဲ့ပါတယ်။ အဲဒါကဘာလဲဆိုတော့ ၂၀၁၂ မေလ တက္ကသိုလ်ဝင် စာမေးပွဲမှာမျိုး စာစစ်ဌာနက ခုံအမှတ် ဒဖ ၂၁၃ နဲ့ မောင်မင်းသန့်လွင်ဟာ ဂုဏ်ထူး ၅ ဘာသာ ရပြီးတော့ ဘောဂဗေဒဘာသာမှာ ၁၅ မှတ်နဲ့ ကျရှုံးပါတယ်။ အဲ့ဒါကိုမောင်မင်းသန့်လွင် က လုံးဝလက် မခံနိုင်ပါဘူး။ ကျွန်တော်ဟာ ဘောဂဗေဒဘာသာကို အဖြေနိုင်ဆုံးဘာသာအဖြစ် ကျွန်တော်လက်ခံ ထားပါတယ်။ ဆရာမတွေကလည်းကျွန်တော်ရဲ့ ဖြေဆိုချက်တွေကို လက်ခံပါတယ်။ မြန်မာစာ ၇၇ မှတ် ရပါတယ်။ အင်္ဂလိပ်စာ ၇၈ မှတ်ရပါတယ်။ သင်္ချာ ၈၂ မှတ်ရပါတယ်။ ဓာတုဗေဒ ၉၃ မှတ်ရပါတယ်။ ရူပဗေဒက ၈၄ မှတ်ရပါတယ်။ ဘောဂဗေဒမှာ ၁၅ မှတ်နဲ့ ကျရှုံးပါတယ်။ အခုသူကစာစစ်ဌာနကို အဖြေလွှာတောင်းခံပါတယ်။ သူ့ရင်ထဲမှာလည်း ခံစားနေရတယ်။ မိဘတွေကလည်း ဆောက်တည်ရာ မရအောင်ထိခံစားရပါတယ်။ သူတို့က စာစစ်ဌာနကို အဖြေလွှာတောင်းတဲ့ အခါမှာ စာစစ်ဌာနက ပြန်ကြားတာက အဖြေလွှာဟာမှန်ပါတယ်။ အဲဒီလိုပဲအတည်ပြုပေးပါတယ်။ အဲ့ဒါကိုကျွန်တော်က လွှတ်တော်မှာ မေးခွန်းတင်တဲ့အခါမှာ ဝန်ကြီးဌာနကဖြေတဲ့ အဓိကအဖြေတဲ့ အချက်ကတော့ မြန်မာနိုင်ငံစာစစ်ဌာနအနေဖြင့် အဖြေလွှာများကို ပြင်ပပုဂ္ဂိုလ်များကို ပြသဆောင်ရွက်ခဲ့ခြင်း အစဉ်အလာမရှိပါကြောင်းဖြေပါတယ်။ ဒီအစဉ်အလာဟောင်းကြီးကိုပဲ အကျိုးမရှိ အသေကိုင်ထား ပြီးတော့ ဖြေတာဖြစ်ပါတယ်။ ကျွန်တော်ဖြေစေချင်တာက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း တွေကို ကိုးကားပြီးငြင်းပယ်သင့်ပါတယ်။ အဲ့ဒီဖြစ်စေချင်ပါတယ်။ အခုတော့ အစဉ်အလာဟောင်းကြီး ပွင့်လင်းမြင်သာမှု မရှိတဲ့ဥစ္စာကြီးကို သက်သေအဖြစ်ထားပြီးတော့ အစဉ်အလာမရှိပါကြောင်းဆိုတော့ ကျွန်တော်တို့ကတော့ ဒီဟာကိုတကယ်တမ်းလွှတ်တော်မှာမေးမယ် ကြယ်ပွင့်မေးခွန်းလည်းဖြစ်ပေမယ့် လွှတ်တော်မှာ မမေးရလို့ အခွင့်အရေးဆုံးသွားတာကျွန်တော်ပြောတာပါ။ တစ်ဆက်တစ်စပ်တည်း ကျွန်တော်ကမေးမှာပါ။ ဒါ‌ပေမယ် အဲ့ဒီလိုမေးခွင့်တွေမရလိုက်လို့ ကြယ်ပွင့်ပြမေးခွန်းတွေကို စာဖြင့်ဖြေတဲ့အခါမှာ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လောက်နစ်နာရသလဲဆိုတာ ကို ဥပမာပြောပြီးတင်ပြပေးတာဖြစ်ပါတယ်။ ဒါတွေဟာကြယ်ပွင့်ပြမေးခွန်းတွေကို စာနဲ့ဖြေခဲ့တာ ဆုံးရှုံးသွားတဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒါကြောင့် ကြယ်ပွင့်ပြမေးခွန်းတွေကို အခြေအနေအရ စာဖြင့်ဖြေမယ်ဆိုရင်လည်းပဲ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားတွေကို ခေါ်ပြီးတော့ ဆွေးနွေးသင့် ပါတယ်။
  • ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်တင်ပြလိုတာကတော့ အစိုးရ၏ အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဟာ လွှတ်တော်ရဲ့အစိုးရကိုစောင့်ကြည့် ထိန်းညှိတဲ့အပိုင်းမှာ အလွန်အရေးကြီးတဲ့ ကော်မတီဖြစ်ပါတယ်။ ကော်မတီဝင်တွေဟာ မိမိရဲ့တာဝန်တွေကို အထူးစိတ်ဝင် စားတဲ့ အစီရင်ခံစာနဲ့အတူ စာရင်းဇယားများ အစိုးရရဲ့လုပ်ဆောင်ချက်များကို အကျယ်တဝင့် ရေးသားတင်ပြထားတာကိုတွေ့ရပါတယ်။ အစီရင်ခံစာ မှန်ကန်ပြည့်စုံဖို့ အတွက် ဒေသအလိုက် မေးခွန်းတွေကို စုစည်းပြီးတော့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လုပ်ငန်းရဲ့ အခြေအနေ တွေကို ဆွေးနွေးအတည်ပြုသင့်ပါတယ်။ ဖြစ်နိုင်ရင် လွှတ်တော်ကော်မတီဝင်ကိုယ်တိုင်က သက်ဆိုင်ရာနယ်မြေတွေကို ဆင်းပြီးတော့ လေ့လာဆန်းစစ်သင့်ပါတယ်။ လေစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အကြံပြုချင်တာလေးတစ်ခုကိုတင်ပြရရင် ဆဋ္ဌမပုံမှန် အစည်းအဝေးကာလဟာ ဘတ်ဂျက်ကိုရေးဆွဲနေတဲ့အချိန်ကာလလည်းဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဘတ်ဂျက်ရေးဆွဲရာမှာ မိမိဒေသကိုအခြေခံပြီး လိုအပ်တာတွေကိုဉာဏ်မီ သလောက် ကြိုးစားပြီး တင်ပြနေကြတာဖြစ်ပါတယ်။ ဒီလိုပင်ဖြစ်စေ ကောင်းကာမွန်ကာနဲ့ ဘတ်ဂျက် တစ်ခုပြုပေးနိုင်ဖို့ဆိုတာ လွှတ်တော်ရဲ့အဓိကတာဝန်ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက် အားနည်းချက် ရှိလို့လွဲချော်မှားယွင်းသွားမှာကိုစိုးပါတယ်။ လွှတ်တော်ထဲမှာ ဘတ်ဂျက်နှင့်ပတ်သက်လို့ ကျွမ်းကျင်သူ တွေ တစ်စုတစ်စည်းတည်းလုပ်ကိုင်ကြမယ်ဆိုလို့ရှိရင် ပညာရှင်တွေပါဝင်တဲ့ ဝပ်ရှော့တွေလုပ်မယ် ဆိုရင်ဖြစ်နိုင်ပါတယ်။ အခုပြည်သူ့လွှတ်တော်က ဖွဲ့ထားတဲ့ ကော်မတီတွေထဲမှာ ငွေရေးကြေးရေး ဘဏ္ဍာရေးနှင့်ဆိုင်တဲ့ ပြည်သူ့ငွေစာရင်းကော်မတီ၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးတိုးတက်မှုကော်မတီစတဲ့ ဒီကော်မတီတွေအမည်အမျိုးမျိုးနဲ့ ကွဲပြား နေကြပေမယ့် နိုင်ငံတော်ဘတ်ဂျက်ဆိုတဲ့ မြစ်ထဲကို စီးဝင်တဲ့ မြစ်တစ်သွယ်ပဲဖြစ်ပါတယ်။ ကော်မတီ ၃ ရပ်ကိုပေါင်းစည်းပြီးတော့ ပြည်သူ့ငွေစာရင်းနှင့် ဘတ်ဂျက်ကော်မတီစသဖြင့်ပေါ့လေ။ သင့်တော်ရာ နာမည်တစ်ခုခုကိုထားပြီးတော့ လုပ်ဆောင်မယ်။ အစီရင်ခံစာတွေရေးမယ်။ တင်ပြမယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ အခုလိုပဲ အစီရင်ခံစာတွေကို ဝင်ရောက်ဆွေးနွေးမယ်။ လွှတ်တော်ကာလ မဟုတ်တဲ့အချိန်မှာလည်း အချင်းချင်းဆွေးနွေးမယ်။ ချပြမယ်။ အဲဒီလိုလုပ်ချင်းဖြင့် ကျစ်ကျစ်လျစ်လျစ် နဲ့အချိန်ကုန်သက်သာပြီးတော့ ခိုင်မာအားကောင်းတဲ့ဘတ်ဂျက်တစ်ရပ်ကို ပေါ်ပေါက်လာမယ်ဆိုပြီး အထောက်အကူပြုနိုင်မယ်လို့ယူဆမိပါကြောင်း စေတနာကောင်းနဲ့ တင်ပြရင်းနဲ့ နိဂုံးချုပ်အပ်ပါ တယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။
  • New MyanmarFoundation

Tuesday, January 22, 2013

နွေဦးကာလ ဖုန်ထသောအခါ

နွေဦးကာလ ဖုန်ထသောအခါ 


  • မြန်မာနိုင်ငံ၏ အပြောင်းအလဲကို အနောက် နိုင်ငံများတွင် အေးခဲသော ဆောင်းတွင်း ကုန်လွန်ပြီး သာတောင့်သာယာ ကာလအစ နွေဦးနှင့် တင်စားပြီး မြန်မာ့နွေဦးဟု ခေါ်ဝေါ်ကြသည်။ ထိုနာမည် စီးသောကြောင့်ပေလား မသိ၊ နွေဦးကာလ လေပွေ အမွှေ့ တွင် ဖုန်လုံးတို့ ထောင်းခနဲ ထောင်းခနဲ ထသည့် အတိုင်း ယနေ့ မြန်မာနိုင်ငံသည် ဖုန်ထသော ကာလ၊ ရှုပ်ထွေးသော ကာလကို ဖြတ်သန်း နေရသည်။
  • ထိန်းချုပ်ထားသော အားများကို ဖြည့်လွှတ် လိုက်သည့် ကာလ ဖြစ်သည့် အတိုင်း သိပံ္ပသဘော အရ မျှခြေ အသစ် (New Equilibrium) တစ်ခုကို သွားနေသေးရာ ထိုမျှခြေသစ်သို့ မရောက်မချင်း မတည်မငြိမ်ဖြစ်နေဦးမည်။
  • စပ်ကူးမပ်ကူး ကာလနှင့် လျော်ညီစွာ အရာရာ အားလုံးသည် ရောယောင် ရှုပ်ထွေးနေသည်။ အားလုံး အသွင်ကူးပြောင်း နေကြသော ကာလ ဖြစ်သည့်အတိုင်း သူ့အခန်းကဏ္ဍ၊ ကိုယ့်အခန်းကဏ္ဍ မပီပြင် သေးသလို တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အစပ်အဟပ် မတည့် သေး။ ပြုပြင် ပြောင်းလဲရေးသည် တစ်နှစ်ခွဲ၊ ၂ နှစ်သားသာ ရှိသေးရာ အားလုံး မြန်မြန်ဆန်ဆန် ရှောရှောရှူရှူ တည့်မတ် ဖြောင့်တန်းသွား ရန် စောလွန်း သေးသည်။ အသွင်ကူးပြောင်းရေး ကာလကို ဦးဆောင် နေသူများ၊ အဖွဲ့အစည်းများ ကိုယ်တိုင် အသွင်ကူးပြောင်း နေကြရသည်။ယခင် အကျဉ်းစံ ပုဂ္ဂိုလ်တို့သည် ယခုအချိန်တွင် ရပ်ရေးရွာရေး ပြည်ရေးတွင် လွတ်လွတ်လပ်လပ် ပါဝင် လုပ်ဆောင်နေကြသည်။ ယခင်က လက်နက်ကိုင် ဆန့်ကျင်ခဲ့သူ အချို့ အစိုးရနှင့် အနီးကပ် လက်တွဲကာ နိုင်ငံဖွံ့ဖြိုးရေး လုပ်ဆောင် နေကြသည်။ ပြည်ပတွင် ဆယ်စုနှစ် နှစ်စု ကြာ အနေကြာခဲ့သူတို့ ပြည်တွင်းသို့ ရွှေ့ပြောင်း အခြေစိုက်ရန် ပြင် ဆင်လာကြပြီ။ အစဉ်အလာအရ တန်ခိုးထွားခဲ့သည့် အုပ်ချုပ်ရေး မဏ္ဍိုင်သည် အခြားသော မဏ္ဍိုင်များဖြစ်သည့် ဥပဒေပြုရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်တို့နှင့် အာဏာခွဲဝေ ကျင့်သုံး နေရပြီး ဥပဒေပြုရေးနှင့် တရားစီရင် ရေးတို့သည်လည်း အပြောင်းအလဲ အတိုင်း လိုက်ပါနိုင်အောင် ပြောင်းလဲ နေရသည်။ တပ်မတော်သည် အုပ်ချုပ်ရေးတွင် တိုက်ရိုက် ဝင်ပါခဲ့ရာမှ ယခုအချိန်တွင် ထိန်းညှိရေးနှင့် တပ်မတော် သက်သက်ကဏ္ဍသို့ ကူး ပြောင်းနေပြီ။ အတိုက်အခံသာ လုပ်ခဲ့ရသည့် အတိုက်အခံ နိုင်ငံရေးမှ သည် ဆုံးဖြတ်ချက် ယန္တရားတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရသည့် ပုံမှန်နိုင်ငံရေးဘက်သို့ ဦးလှည့် လာသည်။
  • ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုခန့် ကို အိမ်တွင်းတွင်သာ ကုန်လွန်ခဲ့၊ ပြင်ပနှင့် အထိအတွေ့ နည်းခဲ့ရရာမှ အိမ်ပြင်တွင် အနေများသော၊ လူအများနှင့် ထိတွေ့မှုများသည့် ဘဝသို့ ချက်ချင်းလက်ငင်း ကူးပြောင်းခဲ့ပြီး လက်တွေ့နိုင်ငံရေး၊ ဆုံးဖြတ် ချက်ယန္တရားထဲသို့ ရောက်ရှိနေပြီ။ စတုတ္ထမဏ္ဍိုင် မီဒီယာတို့သည် ဆယ်စုနှစ်များစွာ နှုတ်ဆိတ်ခဲ့ရာမှ အသံထွက်လာခဲ့ကာ အစဉ်အလာ အာဏာကြီး အဖွဲ့အစည်း တို့က သတိထား အသိအမှတ်ပြုခံလာရ သည်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ပြည်သူတို့ ခံစားလာရသည်။
  • စပ်ကူးမပ်ကူး ကာလ အစိုးရသည် စပ်ကူးမပ်ကူးကာလ အစိုးရ တို့ ကြုံတွေ့ရမြဲ အခက်အခဲများကို ရင်ဆိုင် ဖြေရှင်းနေရသည်။ ပွင့်လင်း စွာ ဝေဖန်နိုင်သည့်၊ တောင်းဆိုနိုင်သည့် ကာလတွင် ကိုလိုနီအစိုးရ အပါအဝင် အစိုးရ အစဉ်အဆက်တို့၏ ကောင်းမွေ ဆိုးမွေကို ခံကာ ပြဿနာသစ်၊ ပြဿနာဟောင်း တစ်သောင်းခြောက်ထောင်ကို မနိုင့် တနိုင် ဖြေရှင်းနေရသည်။ ပြုပြင်ပြောင်းလဲရေး ကာလကို အစိုးရပိုင်း၊ ပုဂ္ဂလိကပိုင်း ကဏ္ဍစုံတို့သည် ချိုကျိုးနားရွက်ပဲ့၊ ချုံးချုံးကျ ပညာရေး က မွေးထုတ်ပေးခဲ့သည့် လူသား အရင်းအမြစ် ပါချီပါချက်တို့ အင်အား နှင့် မနိုင့်တနိုင် စမ်းတဝါးဝါး ဖြတ်သန်းနေရသည်။
  • တစ်ခုချင်းစီ ဖော်ဆောင်ရသည်ပင် ခက်ခဲနက်နဲလှသည့် စီးပွား ရေးပြုပြင်ပြောင်းလဲမှု၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို နှစ်ခုလုံး တစ်ပြိုင်နက် မောင်းနှင် ပြောင်းလဲနေသည်မှာ ကာယကံရှင်တို့မူ နီးလွန်းသဖြင့် မြင်ချင်မှ မြင်ကြမည် ဖြစ်သော်လည်း အဝေးမှ လေ့လာ သူတို့ပင် ‘လှံဖျား ပုစဉ်းနား၊ ကျီးကန်းက ချေးပါ’ ဖြစ်နေကြရသည်။ မြန်မာနိုင်ငံသာ အောင်မြင်သွားလျှင် အခြားနိုင်ငံများ အတွက် လိုက်နာ အတုယူစရာ မော်ဒယ်လ် ဖြစ်လာနိုင်သည့် ရှားရှားပါးပါး ဖြစ်ရပ်မျိုး ဖြစ်သောကြောင့် ကမ္ဘာအရပ်ရပ်မှ ဂုရုများစွာတို့ စိတ်ဝင်တစား စောင့် ကြည့်နေကြသည်။
  • လွတ်လပ်စွာ ဆန္ဒထုတ် ဖော်ခွင့် ရလာခြင်းကြောင့် ဆန္ဒထုတ် ဖော်ပွဲများသည် မိုးဦးကျ မှိုများ ပွင့်သကဲ့သို့ အစီအရီ ပေါ်ထွက်လာကြ သည်။ သဘာဝ ပတ်ဝန်းကျင် အရေး၊ လျှပ်စစ်မီး အရေး၊ အလုပ်သမား အရေး၊ ကျောင်းသား အရေး၊ အမျိုးသမီး အရေး စသည်ဖြင့် အရေးသစ် အရေးဟောင်း အရေးတကာတို့ စုံလင်သည်။ မျှော်လင့်ချက်တို့သည် ခြေ တစ်လှမ်းချင်း တစ်လှမ်းချင်း မယုံမရဲဖြင့် နင်းခဲ့ရာမှ ရဲရဲတင်းတင်း ခြေလှမ်း လှမ်းလာကြသည်။ မျှော်လင့်ချက်တို့ ထိုးအတက်နှင့် လွတ်လပ် စွာ ဆန္ဒ ထုတ်ဖော်ခွင့်တို့ တိုက်ဆိုင်သော ကာလဖြစ်သည့်အတိုင်း မျှော်လင့်ချက် တောင်းဆိုချက် တို့ကို ဖြည့်ဆည်း မပေးနိုင်လျှင် ခံစားချက်တို့ ပွင့်ထွက် လျှံကျနိုင်သော ကာလဖြစ်သည်။
  • စီးပွားရေးကို ပြုပြင်ပြောင်းလဲရင်းမှ နိုင်ငံရေးကို တစ်ထစ်ပြီး တစ်ထစ် ပြောင်းလဲ လာသည့် တရုတ်နှင့် ဗီယက်နမ်ကဲ့သို့ နိုင်ငံများ တွင်ပင် နိုင်ငံသားတို့၏ မြင့်မားလာသော မျှော်လင့်ချက်များကို စီမံခန့်ခွဲရန် ခေါင်းခဲနေကြရရာ မြန်မာနိုင်ငံကဲ့သို့ ပြိုင်တူ ပြောင်းလဲ နေသည့် နိုင်ငံမျိုး၊ နာလန်ထစ နိုင်ငံမျိုးတွင် မည်မျှ ခက်ခဲမည်ကို မြင် သာနိုင်သည်။ တရုတ်နဂါးနှင့် အိန္ဒိယကျားတို့ ခြေကုပ် ယူထားသည့် နေရာ ဒေသအဖြစ် မြန်မာနိုင်ငံကို မြင်ခဲ့ကြရာမှ ပစိဖိတ်သမုဒ္ဒရာ တစ်ဖက် ကမ်းမှ လင်းယုန် ထိပ်ပြောင်ကြီး ပျံဝဲလာပြီး မြေပြင်သို့ပင် ခြေချသွားခဲ့ သောအခါ မဟာအင်အားကြီးတို့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရာ ကွင်းသစ်အဖြစ် အရှေ့ အနောက်မီဒီယာ၊ လေ့လာဆန်းစစ်သူတို့က သူ့ထက်ငါ သတ်မှတ်လာကြသည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်လာသော ကြောင့် မိမိနှစ်သက်ရာ ခေါင်းခေါက် ရွေးချယ်နိုင်ခွင့် ရလာသော် လည်း နိုင်ငံကြီးတို့ ကစားကွက်ပြိုင်ရာ မြေတလင်း ဖြစ်မသွားရန်လို သည်။ စီးပွားရေး၊ နိုင်ငံရေး အကျိုးစီးပွားတို့ ထိပ်တိုက် တွေ့ရာတွင် မလိုလားအပ်သော အဆိုးတရားတို့ စီးဝင်မလာစေရေး ကိုင်ရန်တွယ် ရန်၊ ထိန်းချုပ် စီမံတတ်ရန် အရေးကြီးသည်။
  • မြန်မာ့ပြုပြင် ပြောင်းလဲမှုသည် ဟိုတိုးသည်တိုက်နှင့် အရှိန်မြန် လွန်းသောကြောင့် ရင်လည်းမောရသည်။ မြန်မာနိုင်ငံသွားနေသော အရှိန်နှင့် နိုင်ငံတွင်း ကိုယ်ခံစွမ်းရည် အားနည်းမှုတို့ကို ပေါင်းစပ်သုံး သပ်ကာ မြန်မာနိုင်ငံသည် အရှိန်တင်ကိရိယာ လီဗာသာပါပြီး ဘရိတ်မပါသည့် ကားများ ဖြစ်နေရော့သလားဟု အချိုးအကွေ့တို့တွင် ပြုပြင်ပြောင်းလဲရေးကို အရှိန်လျှော့နိုင်စွမ်းရှိမရှိ ပညာရှင်အချို့က စိုးရိမ်ကြသည်။
  • မြန်မာနိုင်ငံ၏ အခက်အခဲတို့မှာ ကြီးမားသလို အမျိုးစုံလင်လှ သောကြောင့် ရှေ့မှ ရင်ကို မြေကတုတ်လုပ်ကာ ရင်ဆိုင်ကြမည့် ခေါင်းဆောင် တို့ ကိုယ်ခံအားကောင်းရန်၊ ရှေ့သို့ကြိုမြင်ရန်လိုသည်။ မြန်မာ့နိုင်ငံ ရေးတွင် ပြည်တွင်းပြည်ပကစားသမား များလာပြီဖြစ်ပြီး မြန်မာ့အကျိုး စီးပွားထက် နီးစပ်ရာအကျိုးစီးပွား၊ ကိုယ်ကျိုးစီးပွားတို့ကို ဦးထိပ် ထားကစားသူများလည်း ပါလာနိုင်သောကြောင့် မျိုးချစ်ခေါင်းဆောင် တို့ တစ်ကွက်မက သုံးလေးကွက် ရှေ့က ကြိုမြင်မှရလိမ့်မည်။ စပ်ကူး မပ်ကူးကာလ ဆင်းရဲနိုင်ငံကို ဦးဆောင်ရသူများ ဖြစ်သည့်အတိုင်း အခြေကျပြီးသား တိုင်းပြည်များကို ဦးဆောင်ရသူတို့ထက် အဆပေါင်း များစွာ အားကုန်ထုတ်ရလိမ့်မည်။
  • အကျပ်အတည်းနှင့် ကြုံချိန်သည် ခေါင်းဆောင်တို့၏ တကယ့် မှတ်ကျောက်ဖြစ်သောကြောင့် ခေါင်းဆောင်တို့၏ ထက်မြက်မှုကို မြင်တွေ့ရမည့် ကာလဖြစ်သည်။ ခေါင်းဆောင်ဆိုသည်မှာ သူဦးဆောင် သော သူများထက် အဝေးကို လှမ်းကြည့်နိုင်သလို မိမိမြင်လျှင် မြင် သည့်အတိုင်း အဖွဲ့သားများကို ရှင်းပြနိုင်ရမည်။ံမွေှိမကအ့ ခေါ် ကြားရနားဝ မသက်သာသည့် အမှန်တရားကို အများအကျိုးရှိလျှင် ပြောရဲရမည်။ ခေါင်းဆောင်ဆိုသည်မှာ အဖွဲ့သားများထက် ထက်မြက် သည်ထင်သောကြောင့် ခေါင်းဆောင်နေရာ ရောက်နေခြင်းဖြစ်ရာ နောက်မှလိုက်နေလျှင်မဖြစ်၊ ရှေ့မှ ခေါင်းဆောင်ရန်လိုသည်။ နိုင်ငံကို တည်ဆောက်နေသည့် တစ်ချိန်တည်းတွင် အဆိုပါ ခေါင်းဆောင် တို့သည် ခေါင်းရှိပြီး ကိုယ်မရှိသည့်၊ ခေါင်းဆောင်ပျောက်သည်နှင့် နောက်ကောက်ကျလေ့ရှိသည့် မြန်မာအဖွဲ့အစည်း (Myanmar Institutions) တို့၏ ကောက်ရိုးမီး အစဉ်အလာကို တော်လှန်ကာ ဆင့်ကဲဆင့်ကဲ တာဝန်ယူနိုင်သည့်၊ တစ်ဗိုလ်ကျ တစ်ဗိုလ် တက်နိုင် သည့် အဖွဲ့အစည်းတို့ကို စနစ်တကျတည်ဆောက်ရဦးမည်။
  • မြန်မာနိုင်ငံသားတို့နှင့် မြန်မာနိုင်ငံကို အခြားနိုင်ငံ တို့က စုတ်တသပ်သပ် နှုတ်ဖြင့် သနားခဲ့ကြရာမှ အချို့က မနာလို မရှုစိမ့်ဖြစ်ကြ ရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီ။ သနားခြင်းမှာ မိမိထက် နိမ့်ကျ သူဟု ထင်သောသူကို၊ မနာလိုခြင်းမှာ မိမိထက် သာလွန်သောသူကို ဖြစ်သောကြောင့် အနည်းဆုံး အခြားသူတို့ အမြင်တွင် မြန်မာ့အနေ အထား မြင့်တက်လာခဲ့ပြီ။
  • သမိုင်းတစ်လျှောက် မကြုံဖူးသေးသော အခွင့်အလမ်းကို မြန်မာ နိုင်ငံ ကြုံတွေ့နေသည်။ ‘ကံသည် အလုပ်’ ဖြစ်သည်။ အစိုးရနှင့် သြဇာကြီး ပုဂ္ဂိုလ်များ အပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ စုပေါင်းလုပ်ရပ်များ၊ စုပေါင်း အတွေးအကြံများသည် ပြုပြင်ပြောင်းလဲ ရေးကာလမှ ထွက်ပေါ်လာသော အဆိုးအကောင်းများ တစ်နည်း အားလုံး၏ စုပေါင်းကံကို ဖော်ဆောင်လိမ့်မည်။
  • (ေဇယ်သူ)
  ဒေါက်တာမျိုးချစ် by drmyochit