Sunday, April 29, 2012

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံ ခရီးစဉ် အသေးစိတ်.. ======================================


Photo: Channel News Asia

မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖြစ်ထွန်းရေး ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရန်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန် တတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဧပြီလ၂၉ ရက်နေ့တွင် ရောက်ရှိလာ၊ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောမည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖြစ်ထွန်းရေး ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရန်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်သည် တတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဧပြီလ ၂၉ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဦးစွာရောက်ရှိလာခဲ့ပြီး အဆိုပါနေ့ ညနေပိုင်းတွင် အုပ်ချုပ်ရေးမြို့တော် နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ပြည်တွင်းမီဒီယာအချို့နှင့် နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်တွင် တွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့်မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်သည် ဧပြီလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လည်းကောင်း၊ နံနက် ၁၀ နာရီ ၁၀ မိနစ် အချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လည်းကောင်း၊ နံနက် ၁၀ နာရီ ၄၀ အချိန်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် လည်းကောင်း အသီးသီးတွေ့ဆုံပြီးနောက် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားကြောင်း သိရှိရသည်။

ထို့နောက် နေပြည်တော်မှ ရှမ်းပြည်နယ် ဟဲဟိုးမြို့သို့ ဆက်လက် ထွက်ခွာမည်ဖြစ်ပြီး ဟဲဟိုးမှကျောက်ကချား UNODC စီမံကိန်း (ဟိုပုန်း မြို့နယ်)သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ကျောက်ကချားရှိ UNODC စီမံကိန်းနှင့် နိုင်ငံတော်အစိုးရတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးစီမံကိန်းနှင့် ဒေသခံတို့အား မျိုးစပါးဖြန့်ဖြူးပေးမှု အခြေအနေများကို သွားရောက်လေ့လာမည် ဖြစ်ကြောင်း သိရှိရသည်။

ဘန်ကီမွန်သည် ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မေလ ၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးရန်လည်း စီစဉ်ထားကြောင်း သိရသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့တွေ့ဆုံဆွေးနွေးမှုမှာ ပထမဆုံးအကြိမ် ဖြစ်လာမည်ဖြစ်သည်။

''ယခုခရီးစဉ်မှာ ကျွန်တော့်အနေနဲ့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ကိုယ်တိုင်ကိုယ်ကျ ပြောနိုင်ဖို့ မျှော်လင့်နေပါတယ်''ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က မြန်မာနိုင်ငံသို့ မလာရောက်မီ ကုလသမဂ္ဂဌာနချုပ်တွင် ဧပြီလ ၂၃ ရက်နေ့က ပြောကြားထားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်၏ မြန်မာနိုင်ငံခရီးစဉ်တွင် အဖွဲ့ဝင် ၂၄ ဦး လိုက်ပါလာပြီး မေလ ၁ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သိရှိရသည်။
Source: EMG

““ခွပ်ဒေါင်းတို့ ပျံလေပြီ””


ဦးဖြိုးဇေယျာသော်၊ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်းသိန်းနှင့်ဦးလင်းလင်း တို့လေးဦးကို မင်္ဂလာဒုံလေဆိပ်တွင် တွေ့ရစဉ်

ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ် သုံးဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်း သိန်း၊ ဦးဖြိုးဇေယျာသော် (ဇေယျာသော်)နဲ့ တေးသံရှင် လင်းလင်းတို့ လေးဦးဟာ ဒီနေ့ နံနက် ၉း၃ဝ နာရီ တွင် မင်္ဂလာဒုံလေဆိပ်မှ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာသွားခဲ့ပါတယ်။

သြစတေးလျ နိုင်ငံမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ လေဘာပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ကမ်းလှမ်း ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဆစ်ဒနီတက္ကသိုလ် (University of Sydney’s Graduate School of Government) မှာ ဧပြီလ ၃ဝ မှ မေလ ၄ ရက်နေ့အထိ ဒီ/ချုပ်ပါတီ ဝင်လေးဦးဟာ နိုင်ငံရေးနှင့် မူဝါဒရေးဆိုင်ရာ အကြံပေး သင်တန်းကို တက်ရောက် သင်ကြားလေ့လာမှာ ဖြစ်ပါတယ်။

““ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကို ပြန်ရောက်ရောက်ချင်း ပုဗ္ဗသီရိမြို့နယ် ကို အမြန်ဆုံးပြန်လာမယ်လို့ ပုဗ္ဗသီရိက မဲဆန္ဒရှင် များကို ပြောခဲ့ပါရစေ”” လို့ ဦးဖြိုးဇေယျာသော်က မထွက်ခွါမီ မင်္ဂလာဒုံလေဆိပ်မှာ မြန်မာအင်ဒီပဲန်ဒင့်ကို ပြောကြားခဲ့ပါတယ်။ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ပုဗ္ဗသီရိမြို့နယ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ဦးဖြိုးဇေယျာသော်ဟာ ပုဗ္ဗသီရိကို လွမ်းဆွတ်နေပုံရပါတယ်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကတော့ ““ ဒီခရီးစဉ်ဟာ သြစတေးလျ လေဘာပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား ပထမဆုံး ဖိတ်ကြားခဲ့တဲ့ခရီးစဉ်ပါ””လို့ မြန်မာအင်ဒီပဲန်ဒင့်ကို မင်္ဂလာဒုံလေဆိပ်မှာ ပြောကြားခဲ့တာပါ။

ပြည်ပသို့ ထွက်ခွါမယ့်သူများရော ပို့ဆောင်သူများပါ ပြည့်နက်နေတဲ့ မင်္ဂလာဒုံလေဆိပ် ထွက်ခွါခန်းမအတွင်းမှာ ဦးဋ္ဌေးကြွယ်ရဲ့ညီမဖြစ်သူ ဒေါ်ခင်မိမိကြွယ်ကိုလည်း သူ့ရဲ့ခင်ပွန်း ဦးဖြိုးမင်းသိန်း အနီးမှာ တွေ့ခဲ့ရပါတယ်။ ““ဒီခရီးစဉ်ဟာ ပါတီချင်း ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့လည်း ရည်ရွယ်ပါတယ်””လို့ ဦးဖြိုးမင်းသိန်း က သတင်းထောက်များကို ပြောကြားခဲ့တာပါ။ ပါတီ နှစ်ခုကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီးလည်း ဦးဖြိုးဇေယျာသော်က ““အခုချိန်မှာ ပါတီနှစ်ခုကြား ဆက်ဆံရေး ပိုမိုခိုင်မြဲနေပါတယ်၊ သင်တန်းတင်မက လေဘာဌာနချုပ် လေ့လာဖို့၊ ပါလီမန် အတွင်း လေ့လာဖို့တို့ ပါလာတော့ ပိုမိုခိုင်မြဲတဲ့သဘော ပိုဆောင်တယ်လို့ ယူဆပါတယ်””ဟု ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

၎င်းတို့ လေးဦးဟာ မြို့တော်ကင်ဘာရာသို့လည်း သွားရောက်မှာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးကို အမြဲ ထောက်ခံခဲ့တဲ့ သြစတေးလျမှ ပြည်သူ့ကိုယ်စားလှယ်များနှင့် ပါလီမန်အတွင်း တွေ့ဆုံခြင်း၊ ဝန်ကြီးအချို့နှင့် တွေ့ဆုံခြင်း၊ အစိုးရအဖွဲ့ စည်းဝေးပွဲများ နိုင်ငံတော်ဘဏ္ဍာ အရ အသုံးငွေစာရင်းဆိုင်ရာဆုံးဖြတ်ချက်ချတဲ့ ပါလီမန်အစည်းအဝေးတို့ကို လေ့လာခြင်းများပြုလုပ်မှာ ဖြစ်တဲ့အပြင် လေဘာပါတီဌာနချုပ်သို့လည်း သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ ပါသွားတဲ့ တေးရေး၊ တေးဆို လင်းလင်းမှာ မြန်မာ့ရော့ခ်ဂီတ စင်မြင့်မှာ အောင်မြင်စွာ နေရာယူထားနိုင်သူများထဲမှ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးလှုပ်ရှားသူများထဲမှာ ထင်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဆံပင်ကို နောက်တွင် စည်းထားပြီး သပ်ရပ်သော ဝတ်စုံနှင့် လင်းလင်းမှာ တွေ့မြင်နေကြထက် ပိုမိုပြည့်စုံစွာ ရှိနေပြီး မင်္ဂလာဒုံလေဆိပ်ဝင်းအတွင်းမှာ လူအများ၏အာရုံကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။ ““ကျွန်တော် လူမှန်းသိစ ကတည်းက ပေါ်လာတဲ့ နိုင်ငံရေး အသိ၊ နိုင်ငံရေး စိတ်၊ နိုင်ငံရေး အမြင်နဲ့ပဲ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ဂီတနဲ့ နိုင်ငံရေးကို တွဲပြီး လုပ်ပါ့မယ်”” လို့ သူရဲ့ အနာဂတ်ရွေးချယ်မှုအတွက် မေးခွန်းကို မြန်မာအင်ဒီပဲန်ဒင့်ကို ဖြေကြားခဲ့ပါတယ်။

ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီမိုကရေစီရေးအတွက် ခရီးကြမ်းလမ်းရှည်ကြီးကို ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ အရုဏ်ဦးရောင်ခြည်နဲ့အတူ နိုင်ငံတကာသို့ ခြေလှမ်းများ စတင်နေပြီဖြစ်ပါတယ်။ ဒီ/ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လာမယ့်ဇွန်လအတွင်းမှာ နော်ဝေးနှင့် ဗြိတိန်နိုင်ငံများကို အလည်အပတ်သွားရောက်ဖို့ ရှိပါတယ်။

၎င်းတို့ လေးဦးဟာ မြန်မာနိုင်ငံကို မေလ ၉ ရက်နေ့မှာ ပြန်လည်ရောက်ရှိမယ်လို့ သိရပါတယ်။

မူရင်း ။ ။ .myanmarij.com

Saturday, April 28, 2012

လင်းလင်းအပါအ၀င် ဒီချုပ်ကိုယ်စားလှယ်များ သြစတေးလျနိုင်ငံသို့ထွက်ခွာ


သြစတေးလျနိုင်ငံ အလုပ်ရုံဆွေးနွေးပွဲသို့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ဒက္ခိဏသီရိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းနှင့် အဆိုတော်လင်းလင်းတို့ ယနေ့ မနက် ဧပြီ ၂၈ ရက်နေ့ ရန်ကုန်မှ ထွက်ခွာ သွားခဲ့ကြောင်း သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်တာပါ။ ဒေါ်စုက လူရွေးပြီးတော့ လွှတ်တာပါ။ အလုပ်ရုံ ဆွေးနွေးပွဲမှာ (၅)ရက် သင်တန်းတက်ရမယ်။ ပြီးတော့ သြစတေးလျ လွှတ်တော်ကို သွားပြီးလေ့လာရမယ်။” ဟု ဦးဖြိုးမင်းသိန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်က ပြောသည်။

သြစတေးလျနိုင်ငံ လေဘာပါတီဖိတ်ခေါ်မှုကို ယခင်က ကိုဘိုဘိုဦးဆိုသူအပါအ၀င် (၅)ဦး သွားရောက်ရန် စီစဉ်ထားကြောင်း သိရှိရသည်။ ကိုဘိုဘိုဦးသည် နိုင်ငံကူးလက်မှတ် အချိန်မှီမရရှိသဖြင့် ကျန်နေခဲ့ကြောင်း ဒေါ်ခင်မိမိကြွယ်ကပြောသည်။

အဆိုတော်လင်းလင်းသည် ဒီချုပ်ပါတီဝင်တစ်ဦးဖြစ်ပြီး ၄င်းအားဒေါ်အောင်ဆန်းစုကြည်မှ ရွေးချယ်စေလွှတ် ခြင်းဖြစ်ကြောင်း သိရသည်။ သူသည် စဉ်းစားပါတေးစီးရီးခွေဖြင့် လူငယ်ပရိတ်သက်များကြား အောင်မြင်မှု ရရှိနေသည့် လူငယ်အဆိုတော်ဖြစ်သည်။

မူရင်း။။ ရှုမ၀အောင်(မြစ်မခ)

Friday, April 27, 2012

NLDပါတီက လွှတ်တော်အတွင်းက နိုင်ငံနှင့်ပြည်သူ့အကျိုးဆောင် ရွက်ပေးလိုကြောင်း ပြောဆို


အန်အယ်လ်ဒီပါတီအနေဖြင့်လွှတ်တော်တွင်းက နိုင်ငံနှင့်ပြည်သူများအတွက်ဆောင်ရွက်ပေးလိုကြောင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကအီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံမှုအပြီးတွင်သတင်းထောက်များအားပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အီတလီ နိုင်ငံခြားရေး ၀န်ကြီး (Giulio Terzi)တို့သည် ယနေ့ ဧပြီလ ၂၆ ရက်နေ့ နံနက် ၉နာရီ ၃၀မိနစ်ခန့်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ရသည်။

“မြန်မာနိုင်ငံပြုပြင်ပြောင်းလဲနေသော နိုင်ငံရေးအရ နောက်ပြန်မဆုတ်ဘူးဟု ယုံကြည်ကြောင်း” အီတလီ နိုင်ငံခြားရေးဝန်ကြီးမှ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမှုအပြီးတွင် သတင်းများရှေ့တွင်ပြောကြား ခဲ့ပြီး ပြည်သူလွတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့ တွေ့ဆုံစဉ်ကလည်းထိုသို့ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုအပြီး သတင်းထောက်များဖြင့် နံနက် ၁၀နာရီ မိနစ် ၃၀ ၀န်းကျင်ခန့်တွင်တွေ့ဆုံခဲ့ပြီး ပြည်တွင်းပြည်ပ သတင်းထောက်များမေးမြန်းချက်များကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

“မိမိတို့အနေဖြင့် နိုင်ငံတော်သမ္မတကြီး၏ ပြုပြင်ပြောင်းလဲမှုဆောင်ရွက် ချက်များသည် ရိုးသားမူရှိခြင်းကြောင့် နိုင်ငံတိုးတက်ရေး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတို့အတွက် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ ပါတီအနေဖြင့် လည်းလွတ်တော်ပြင်ပ တွင်သာနိုင်ငံရေး လုပ်ခဲ့ရပြီး လွတ်တော်တွင်းမှလည်း နိုင်ငံနှင့် ပြည်သူများ အတွက် ဆောင်ရွက်တာဝန်ယူချင်ပါတယ်” ဟုသတင်းထောက်များဖြင့်တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောကြားခဲ့သည်။

အီတလီနိုင်ငံခြားရေးဝန်းကြီးသည် ၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်သူ့လွတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းနှင့်အခြားတာဝန်ရှိသူများဖြင့်လည်း တွေ့ဆုံခဲ့ ကြောင်းသိရသည်။

ထို့အပြင် အီတလီနိုင်ငံခြားရေး ၀န်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ၈၈ ကျောင်းသားမျိုးဆက် များနှင့်လည်း အင်းယားမြိုင်လမ်းရှိ အီတလီ နိုင်ငံခြားရေး ၀န်ကြီး တည်းခိုသည့် နေအိမ်၌ နံနက် ၁၁နာရီ ခွဲ အချိန်ခန့်တွင် တွေ့ဆုံခဲ့ကြောင်း သိရပါသည် ။

အောင်ကိုကိုလတ် (မြစ်မခ)

Thursday, April 26, 2012

ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို လုပ်ထုံးလုပ်နည်းဆိုင်ရာ အခက်အခဲ သက်သက်အဖြစ်သာရှူမြင်/ရုပ်/သံ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလက်ရှိကြုံတွေ့နေရတဲ့အကျပ်အတည်းတွေကိုလုပ်ထုံးလုပ်နည်းဆိုင်ရာအခက်အခဲသက်သက်အဖြစ်သာရှူမြင်ကြောင်း ပြောဆိုလိုက်ပါတယ်။
DVB TV News

လွှတ်တော်မလိုသော ကျမ်းသစ္စာကျိန်ဆိုမှု့စာသားပြောင်းလည်းခြင်း ( မောင်မောင်ဝမ်း)

မီဒီယာမှာ ကျမ်းသစ္စာ ကျိန်ဆိုခြင်းစာသားပြောင်းလဲပြင်ဆင်ပေးရေးနဲ့ပတ်သက်လို့ အင်တာဗျူးတွေကို နားထောင်လိုက်ရတဲ့အခါ…ပညာယူစရာ၊ဆင်ခြင်နိုင်စရာ၊မှတ်သားစရာတွေ မကြားရပဲ..အာဏာကိုဘယ်လောက်ငန်းငန်းတက်နေသလဲ ဆိုတာလူသိအောင် ကိုယ့်အထုတ်ကို ဖြည်လိုက်တာပဲ အဖတ်တင်သွားတယ်…။ ဦးအောင်သောင်း တို့ ဦးဋ္ဌေးဦး တို့ အင်တာဗျူးတွေ နားထောင်ကြည့်ပါ…တိုင်းပြည်ရဲ့ပြသနာကို..အကောင်းဆုံးဖြစ်အောင် ဘယ်လိုဖြေရှင်းကြမလည်းဆိုတဲ့..အရိပ်အရောင် တခုမှ မတွေ့ရဘူး….ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နေရာအများစု နိုင်သွားတဲ့ အပေါ် ကလဲ့စားချေလိုတဲ့ မထိတထိမျက်နှာပေးတွေနဲ့…..ကျမ်းသစ္စာကျိန်ဆိုခြင်းစာသားပြောင်းလဲပြင်ဆင်ရေးကိစ္စမှာ..သူတို့က အထက်စီးကရှိနေလေတဲ့ လေသံတွေနဲ့ပြောဆိုနေတာတွေ့ရတော့..အတော်စက်ဆုတ်မိတယ်ဗျာ။ မိမိ အတ္တကလွဲလို့..တိုင်းပြည်အရေးအတွက် အမျှော်အမြင်မရှိသူများအဖြစ်မှတ်တမ်းတင်ထားပါတယ်။

အမှန်တကယ်က တိုင်းပြည်ကိုပြန်လည်ဦးမော့စေချင်တဲ့ စေတနာကောင်းသာရှိမယ်ဆိုရင်…တိုင်းပြည်စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာအောင်လုပ်ဘို့လိုပါတယ်။ ဒီလိုလုပ်ဆောင်ဘို့ဆိုတာ…မိမိနိုင်ငံတံခါးကိုပိတ်ပြီး…ကိုယ့်အားကိုယ်ကိုးလုပ်ဆောင်ဘို့ဆိုတာ… ဆိုရှယ်လစ်ခေတ်မဟုတ်တော့ပါ….။နိုင်ငံတကာအကူညီအများကြီးလိုပါတယ်…ကိုယ့်အားကိုယ်ကိုးပြီး တိုင်းပြည်တည်ဆောက်မယ်ဆိုတဲ့ လူတွေ လိုက်စုံစမ်းကြည့်ပါ….သူတို့သားသမီးတွေဆွေမျိုးတွေအကုန် နိုင်ငံတကာလွှတ်…သူတို့ကိုယ်တိုင်က…၀တ်ထားတဲ့အ၀တ်..စီးထားတဲ့ဘိနပ်…ကအစ နိုင်ငံခြားဖြစ်မလွတ် ပါးစပ်ဖျားစကားက လွဲလို့ ဘယ်သူမှ လက်တွေ့ကျင့်ကြံတာမရှိ…၊ ဒီတော့…သေချာအောင်ထပ်ပြောချင်တယ် နိုင်ငံတကာအကူညီလိုတယ်….တရုတ်လောက် ထိုင်းလောက်နဲ့ မြန်မာပြည်ဦးမမော့ဘူး စိတ်ချ……အထူးသဖြင့် အနောက်အုပ်စုရဲ့စီးပွားရေးရင်းနှီးမြှုတ်နှံမှု့အများအပြားလိုတယ်……။ အနောက်အုပ်စုက စီးပွားရေးရင်းနှီးမြှုတ်နှံသူတွေ မြန်မာနိုင်ငံတွင်းကို ၀င်ရောက်လာဘို့လိုတယ်…..။ဒါမှ တိုင်းပြည်စီးပွားရေး ဦးမော့မယ်….။ သူတို့ ဘယ်လိုရောက်လာနိုင်မလည်း…………….။

- လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတည်းတွေပြေလည်အောင်ရှင်းနိုင်တဲ့အခါ

- တိုင်းပြည် ငြိမ်းချမ်းသာယာတဲ့အခါ

ဒီလောက်ယျေဘူယသဘောပြေလည်ရင်တောင်….နိုင်ငံတကာစီးပွားရေးရင်းနှီးမြှုတ်နှံသူတွေဝင် ရောက်လာနိုင်ပါတယ်……

လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတည်းပြေလည်အောင်….လက်ရှိအစိုးရအနေနဲ့နိုင်ငံတကာရော ပြည်သူကပါ..ထောက်ခံမှု့အပြည့်အ၀ရထားတဲ့..အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြေလည်ဘို့လိုပါတယ်…..ဒီလို မပြေလည်သမျှ ကာလပတ်လုံး….ဘယ်အနောက်အုပ်စု စီးပွားရေးအုပ်စုကမှ ၀င်ရောက်မလာတဲ့ အပြင်….စီးပွားရေးပိတ်စို့ထားမှု့ပွင့်လင်းလာရေးကိုလည်း..မျှော်လင့်လို့မရပါဘူး……။ တိုင်းပြည်ငြိမ်းချမ်းသာယာဘို့…တရားဥပဒေစိုးမိုးဘို့လိုပါတယ်…လက်နှက်ကိုင်တိုင်းရင်းသား ညီအစ်ကိုများနဲ့…ချစ်ကြည်ရင်းနှီးပြီး..စစ်မှန်တဲ့ ငြိမ်းချမ်းရေးရှိဘို့လိုပါတယ်…..။

ဒီအချက်ကို ပြည်သူတွေကလည်း မျှော်လင့်ကြတယ်…..သူတို့ မျှော်လင့်ချက်တွေ အကောင်ထည်ဖော်နိုင်ဘို့….ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့…အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုံထောက်ခံကြတယ်….ပုံမဲပေးကြတယ်…….မဲအောင်နိုင်တယ်….ပြည်သူတွေပျော်ကြတယ်…..။ ဒီလို အပျော်တွေက မကုန်သေးခင်ပဲ….လွှတ်တော်ထဲဝင်ဘို့ ကျမ်းသစ္စာကျိန်ဆိုရေးစာသား အခက်အခဲက…လာခုနေလေတော့ ရှေ့ကို ဘယ်လိုခရီးဆက်ကြမလဲ……စဉ်းစားစရာတွေ…ရင်မောစရာတွေဒေါသထွက်စရာတွေအပြည့်နဲ့…..အမျိုးမျိုးသောဝေဖန် ချက်တွေအပြည့်နဲ့။

ဒီနေရာမှာ ပြသနာတခုက…ကျမ်းသစ္စာကျိန်ဆိုရေးစာသား ကိစ္စမှာ NLD လုပ်ရပ်မှန်တယ်ဆိုတာ ကျနော် ထောက်ပြခဲ့ပြီးပါပြီ….သို့သော် NLD အနေနဲ့ ပြောလို့မရတာတွေ…မပြောသင့်တာတွေ သူတို့မှာရှိတယ်…ဒါကဘာလို့လည်းဆိုတော့…အစိုးရနဲ့နားလည်မှု့တည်ဆောက်နေဆဲကာလ….အမျိုးသားပြန်လည် သင့်မြတ်ရေးတံခါးကိုစတင်ဖွင့်လှစ်ဆဲကာလများဆိုတော့….အပြောအဆို..အနေအထိုင် သတိထားရတယ်…အရာရာသတိထားရတယ်…အယင် NLD မဟုတ်ဘူး…..။ လူထုက တခါ..အာဏာအပ်နှင်းထားခံရတဲ့ ( Mandate power ) တရားဝင်ရထားတဲ့ ပါတီ….။နိုင်ငံတကာရော…အစိုးရရော ပြည်သူများကပါ…အချိန်ပြည့်စောင့်ကြည့်ခံနေရတဲ့ ပါတီ…။ ဒီတော့..သူတို့ရဲ့ပြုမူဆောင်ရွက်…ပြောဆိုချက်တွေဟာ…အရပ်ဆန်လို့ မရဘူး…ထင်တာတွေ…ခန့်မှန်းတွေနဲ့လျှောက်ပြောလို့မရဘူး….။ဟိုကွေ့ကို ဟိုတက်နဲ့လှော်..ဒီကွေ့ကို..ဒီတက်နဲ့လှော်လုပ်လို့မရဘူး……။ ကတိတွေကို လွယ်လွယ်ပေးလို့မရဘူး….။ ဒီအချက်တွေကိုတည်မှီပြီး….အခွင့်သာခိုက် အလစ်ချောင်းတိုက်ခိုက်ချင်သူများကလည်း…..လက်လှမ်းမှီရာ…ဒသန အတွေးအခေါ်တွေနဲ့ တိုက်ခိုက်ကြပေါ့။

သို့သော် မြန်မာ့နိုင်ငံရေးမှာ ကံကောင်းတယ်လို့ပြောနိုင်တဲ့…အစိုးရဘက်က ပြုပြင်ပြောင်းလည်းရေးကို လိုလားသူ သမ္မတ ဦးသိန်းစိန်လို…..လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းလို လူမျိုးတွေ ပေါ်ပေါက်လာလေတော့…..နည်းနည်းတော့…..အနာဂါတ် ရောင်ခြည်တန်းလေးမြင်နေရပြီလားလို့တွေးမယ်ဆိုတွေးနိုင်ပါတယ် ( ဒါပေမဲ့ မသေချာသေး )။….ဒီနေရာမှာ ကျနော် ရင်ထဲ ကလိ ကလိဖြစ်နေတာရှိတယ်…..ဒါက….ဦးဋ္ဌေးဦး နဲ့ ဦးအောင်သောင်း အင်တာဗျူးကိုနားထောင်လိုက်ရတဲ့အခါ…ဘာသွားတွေ့ရသလည်းဆိုတော့…..

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တွေ့ဆုံခြင်းမှ ထွက်ပေါ်လာတဲ့ ရလာဒ်တွေအပေါ် သိပ်အစာကြေချင်ပုံမရဘူး….ဦးသိန်းစိန်ကိုလည်း…အထက်လူမို့သာ…သီးခံထားရတယ်..သိပ်ကျေနပ်ချင်ပုံမရဘူး…. .ဦးဋ္ဌေးဦး ပြောတဲ့စကားတွေမှာဆို…သဘောက…ခင်ဗျားတို့ နဲ့ပြေလည်တဲ့ သမ္မတက..သူ့ပါဝါ ရှိသလောက် သူလုပ်ပေးပြီးသွားပြီ…..အခု ကျမ်းသစ္စာ ကျိန်ဆိုရေး စာသားပြောင်းလည်းပေးဘို့ ကိစ္စက သမ္မတ တယောက်ထဲ လုပ်လို့မရဘူး…..ကျုပ်တို့ လွှတ်တော်က…လုပ်ပေးမှရမှာ….ဒီအလုပ် ကျုပ်တို့ မလုပ်နိုင်ဘူး…လုပ်မပေးနိုင်ဘူး…(ဒီအဓိပ္ပါယ်သက်ဝင်နေတယ်)….နောက်တခါ…ဒီစာသားပြသနာဆိုတာ… .ဘာမှ အရေးမကြီးတဲ့ပုံစံ…( NLD ဘက်က ဘယ်လောက်ပဲ အရေးကြီးတယ် သဘောထားထား ) ပြင်ရမယ်ဆိုရင်တောင်…လွှတ်တော်မှာ အဆိုတင်…မဲခွဲ…၇၅ % စသဖြင့်ပေါ့…..လုပ်ရမှာ…အရေးမကြီးတဲ့..ကိစ္စမို့ မလိုအပ်………..။ အခြေခံဥပဒေပြုပြင်ပြောင်းလဲရမှာ ( Amandment ) ကို အလိုမရှိ……….။

ဒါဆို….ကျနော် အကြံပြုချင်တယ်…………

လူကြီးမင်းတို့ပြောသလို..စဉ်းစားတွေးခေါ်လုပ်ဆောင်နေသလို….ကျမ်းသစ္စာ ကျိန်ဆိုရေးစာသားပြောင်းလည်းပေးဘို့..ကိစ္စမှာ…ခင်ဗျားတို့လိုလူတွေ မလိုအပ်တဲ့…လွှတ်တော်လည်း ဘာမှ မလိုအပ်ပဲ လုပ်လို့ရတဲ့…သာဓက တွေ…ကမ္ဘာမှာရှိခဲ့ဘူးတယ်…ဒါကို ကျနော် ထောက်ပြမယ်……။

Informal amendment ( အခြေခံဥပဒေ၏သာမာန်အစိတ်အပိုင်းများကိုပြုပြင်ခြင်း)

နိုင်ငံတော်တော်များများက အခြေခံဥပဒေများကို လေ့လာကြည့်တဲ့အခါ…..ဘယ်နိုင်ငံမှာ ပြည့်စုံတဲ့ ဟာမရှိဘူးဆိုတာ..၀န်ခံထားကြပါတယ်…သို့သော်လည်း..တတ်နိုင်သလောက်..ပြင်ဆင်စရာမလိုအောင် ပြဋ္ဌာန်းထားတာတွေရှိပါတယ်…။ ဥပဒေတွေထဲမှာ..အားနည်းချက်တွေလည်းရှိပါတယ်..။ လုံးလုံလျှားလျှား ပြင်ဆင်ဖြည့်စွက်ဘို့ လိုအပ်လို့ပြင်ဆင်လိုက်ရတာကို ( Amendment ) လို့ခေါ်ပါတယ်….။ ဒါကတော့..အခြေခံဥပဒေထဲမှာပါရှိတဲ့…အဓိကအရာ ( Main Article )ကို ပြုပြင်ခြင်း ၊ ပြောင်းလည်းပြင်ဆင်သတ်မှတ်ခြင်း ၊ ဖျက်သိမ်းခြင်းများပဲဖြစ်ပါတယ်……။ အဓိက ( Main Article ) မဟုတ်ပဲ…အဲဒီ့ အထဲက..လိုအပ်နေတဲ့ နားလည်မူ့လွဲမှားသွားစေနိုင်တဲ့…အဓိပ္ပါယ် အမျိုးမျိုးထွက်စေနိုင်တဲ့ အချက်အလက်အချို့ကိုပြင်ဆင်ခြင်းကိုတော့ ( informal amendment ) လို့ခေါ်ပါတယ်။ အဓိက ( main article ) ကိုပြုပြင်ခြင်းအတွက်….အားလုံးသိနေကြသလို….လွှတ်တော်နှစ်ရပ် မှ ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်း မှထောက်ခံ၊ လူထုကလည်း အတည်ပြု စသဖြင့် ( ဦးဋ္ဌေးဦး တို့ ဦးအောင်သောင်း တို့ ထင်နေသလို ) လိုအပ်သော်လည်း…….Informal amendment ပြင်ဆင်ခြင်းမှာတော့…ဒါတွေ မလိုအပ်ပါဘူး….။

What are the five ways that the constitution can be informally amended?

Five methods to informally amend the Constitution

1. Basic Legislation

a. Details were added by Congresses

b. Ways it interprets the Constitution and carries out its duties

2. Executive Actions

a. Presidential use of “Necessary and Expedient Clause”

b. Executive Agreement

3. Supreme Court Decisions

a. Marbury v. Madison

4. Political Parties

a. Nomination process

b. Election process

5. Custom

a. Cabinet

b. 2 terms per President

c. Presidential succession

( Link -http://dhsvideo.tripod.com/id2.html )

အထက်ဖော်ပြပါ အချက်များကတော့ အမေရိကန် အစိုးရက ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ( အခြေခံဥပဒေ၏ သာမာန် အချက်အလက်များကို ပြုပြင်ခြင်း - informal amendment ) ပါ…..။ အားလုံးကို တချက်ခြင်းရှင်းပြနေရင် ပေရှည်ပြီး လိုရင်း မရောက်မှာမို့….အဓိက အချက်ကိုပဲ တင်ပြပေးပါ့မယ်…..။ အထက်မှာ ဖော်ပြခဲ့သလို…..informal amendment ကို လွှတ်တော်မှာတင်ဆွေးနွေး ၇၅ ရာခိုင်နှုန်းထောက်ခံ လုပ်စရာမလိုပဲ….သမ္မတ အခွင့်အာဏာနဲ့ လုပ်လို့ရကြောင်း…အပိုဒ် ( ၂ ) မှာ ဖော်ပြထားပါတယ်။

အမေရိကားမှာကြုံတွေ့ခဲ့ဘူးတဲ့ သာဓက ကိုတင်ပြချင်ပါတယ်….အမေရိကား ပြည်တွင်းစစ်အပြီးမှာ ကျွှန်များကို လွတ်မြောက်ခွင့်ပေးတဲ့အကြောင်း ကွန်ဂယက် ( မြန်မာပြည်လိုဆို လွှတ်တော် ) ကနေ ဥပဒေ ကျမ်းကို အတည်ပြုပြဋ္ဌာန်းလိုက်တဲ့အခါ ကျွှန်အများအပြားဟာ လွတ်မြောက်သွားခဲ့ပါတယ်…သို့သော်ပြသနာက ဘာဖြစ်သလည်းဆိုတော့…ကျွှန်အများပြားကိုလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ ကျွှန်ပိုင်ရှင်များက….ဥပဒေပါ ပြဋ္ဌာန်းချက်ရဲ့ဟာကွက်ကို ထောက်ပြီး….ကျွှန်များက မွေးဖွားလာတဲ့ သားသမီး မျိုးဆက်များကို တော့ လွတ်မြောက်ခွင့်မပြုဘူး….အဲဒီမှာတင်…အရေးပေါ်အနေနဲ့ ဗဟိုတရားရုံးချုပ်ကနေ နောက်ဆက်တွဲ ဖြစ်တဲ့

မျိုးဆက် (descendants) ဆိုတာ ထပ်မံဖြည့်တင်းပေးခဲ့ရပါတယ် လွှတ်တော် မလိုအပ်ခဲ့ပါဘူး….ဥပဒေပါ စကားလုံးများဟာ ဘယ်လောက် အရေးကြီးသလည်းဆိုတာ…မှတ်သားစရာပါ….( ဥပမာဆိုပါတော့..အဲဒီနေရာမှာ…Descendants အစား Sons and daughters ဆိုတာ ဖြည့်တင်းလိုက်ရင် ဘာဖြစ်နိုင်မလည်း….မြေးတွေ မြစ်တွေ တီတွေ တွတ်တွေ ဒုက္ခရောက်မှာပေါ့…..)အလားတူ လွှတ်တော် မလိုပဲ…ပြင်ဆင်ဖြည့်စွက်ချက်ကို ဘယ်လ်ဂျီယံ နိုင်ငံမှာလည်းကြုံခဲ့ဘူးပါတယ်။အခြား ကျနော် လေ့လာ မသိရှိသေးတဲ့ နိုင်ငံများလည်း ရှိဦးမှာပါ…..။

ကျမ်းကျိန်စာသားပြောင်းလည်းရေးကိစ္စဟာ တကယ်တော ဖွဲ့စည်းပုံအခြေခံဥပဒေ ( Main Article ) ကိုပြောင်းလည်းခြင်းမဟုတ်ပါဘူး…အစိတ်အပိုင်း ( portion ) ကိုသာပြောင်းလည်းခြင်းဖြစ်သည့်အတွက် လွှတ်တော်မှ အပြီးသတ်ဆုံးဖြတ်ပေးဘို့ မလိုအပ်ပါ….တစုံလုံးကိုပြောင်းလည်းခြင်း ( Amendment ) လုပ်ရန်မလိုပါ။

လက်ရှိမြန်မာနိုင်ငံက ဖြစ်နေတဲ့ ကျမ်းသစ္စာ ကျိန်ဆိုရေးစာသား အပြောင်းအလည်း ကိစ္စမှာ ပထမအဆင့် အခြေခံဥပဒေ ခုံရုံး ( အခြားနိုင်ငံတွေမှာတော့ ဗဟိုတရားရုံးချုပ် )ကနေပယ်ချလိုက်ပါတယ်….သို့သော် ပြသနာမရှိ…သမ္မတ ရဲ့အခွင့်အာဏာကျန်ရှိနေပါသေးတယ်…တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်နားလည်မှု့တစုံတရာရှိမယ်…..သမ္မတဟာ တိုင်းပြည်ရဲ့အနာဂါတ်အတွက် အမျှော်အမြင်ရှိသူတယောက်ဖြစ်မယ်ဆိုရင်..စိုးရိမ်စရာမလိုလောက်ဘူးလို့ ယူဆရပါတယ်။ပြေလည်နိုင်မယ်လို့ယုံကြည်ပါတယ်။

တကယ်လို့ ဒီကိစ္စတွေ ကိုကျော်လွန်အောင်မြင်ပြီးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ..လွှတ်တော်အတွင်း လျှောလျှောရှုရှု ၀င်ရောက်နိုင်ပြီး……မိမိတို့ ရည်မှန်းချက်ပန်းတိုင်များကို အကောင်ထည်ဖော်နိုင်မည် ဆိုရင်ဖြင့်….တိုင်းပြည်တိုးတက်ရေးထက် မိမိ အတ္တ မာနများကို…ရှေ့တန်းတင်သော..ဦးအောင်သောင်း ၊ ဦးဋ္ဌေးဦးလို လူများအပါဝင်…ကြံ့ဖွတ် တယောက်တလေမှ လွှတ်တော်နား မကပ်နိုင်အောင် ၂၀၁၅ မှာ ကြိုးစားကြပါစို့။

( အားလုံးကို လေးစားစွာဖြင့် )

မောင်မောင်ဝမ်း

Wednesday, April 25, 2012

ဧပြီလ ၂၄ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့ လွတ်တော် အတွင်း မှာ တရားစီ ရေးမဏ္ဍိုင် တောင့်တင်းခိုင်မာရေး အဆိုကို အတည်ပြူနိုင်ခဲ့../ရုပ်သံ



ဧပြီလ ၂၄ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့ လွတ်တော် အတွင်း မှာ တရားစီ ရေးမဏ္ဍိုင် တောင့်တင်းခိုင်မာရေး အဆိုကို အတည်ပြူနိုင်ခဲ့ပီ ဖြစ်ပါတယ်။
DVB TV News's

ကုလသမ္မဂ္ဂ အတွင်းရေးမှုချုပ် ဖြစ်သူ ဘန်ကီမွန်းမှာ မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်။ -----------------------------

ကုလသမ္မဂ္ဂ အတွင်းရေးမှုချုပ် ဖြစ်သူ ဘန်ကီမွန်း လာမည့် တနင်္ဂနွေ နေ့တွင် ရန်ကုန်သို့ ရောက်ရှိနိုင်ကြောင်း ပြောခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုမှာလည်း အရေးကြီးသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုအချိန်မှာ နိုင်ငံတကာမှ အဖွဲ့ အစည်းများ အနေဖြင့် အတူတကွ ပူးပေါင်းပြီး မြန်မာနိုင်ငံဘက်မှ ရပ်တည်ရမည့် အချိန်ပင် ဖြစ်ကြောင်းနှင့် ပါလီမန် အဖွဲ့အတွင်း ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိခဲ့သည့် အတွက် မှတ်တမ်းပြုရမည့် ကြားဖြတ် ရွေးကောက်ပွဲ တစ်ခု ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့သည်။ အလားတူပင် ဥရောပ သမ္မဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့မှ ပိတ်ဆို့မှုများကို ဆိုင်းငံ့ထားမှု လုပ်ရပ်များကိုလည်း ကြိုဆိုပါကြောင်း ကုလသမ္မဂ္ဂ ရုံးချုပ်တွင် စာနယ်ဇင်း သမားများသို့ ပြောကြား သွားခဲ့သည်။
Channel News Asia (CNA)

Tuesday, April 24, 2012

သမ္မတဦးသိန်းစိန်က ကတိသစ္စာဆိုရမယ့် စာသားကို မပြင်ပေးဘူးလို့  ပြောဆိုမှု မမှန်ကန်ကြောင်း ကျိုဒိုသတင်းဌာနနှင့်အငြင်းပွား

သမ္မတဦးသိန်းစိန်ကကတိသစ္စာဆိုရမယ့်စာသားကိုမပြင်ပေးဘူးလို့ ပြောလိုက်ပါတယ်ဆိုပြီးကျိုဒိုသတင်းဌာနမှာဖေါ်ပြခဲ့ပါတယ်။

ဒီသတင်းနဲ့ ပါတ်သက်ပြီးသတင်းမှား ရေးသားဖော်ပြခဲ့တဲ့ကျိုဒိုသတင်းဌာနရဲ့အကြီးအကဲMr.IshikawaSatoshi နဲ့ တွေ့ဆုံစဉ်မှာသမ္မတဦးသိန်းစိန်ကအဲဒီအမှားကို သေသေချာချာ ထောက်ပြပြီးဒီအမှားအယွင်းဟာယုံကြည်မှုတခု တည်ဆောက်ထားတဲ့သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားနားလည်မှုကိုလွဲမှားစေနိုင်တယ်လို့ ပြောလိုက်ပါတယ်။ဒီအမှား

ကိုပြင်ဆင်ပေးရန်ပြောကြားလိုက်ပါတယ်။ကျိုဒိုသတင်းဌာနရဲ့အကြီးအကဲMr.IshikawaSatoshiက ပြန်လည်စစ်ဆေးပြီး မှားယွင်းနေပါက ပြင်ဆင်ပေးပါမည်ဟု ပြောဆိုခဲ့သည်။

လည်းကောင်းအငြင်းပွားမှုသည်ကမ္ဘာအနှံပြန့် နှံသွားပြီးသတင်းဌာနတခု၏ဂုဏ်သိက္ခာနှင့်လည်းသက်ဆိုင်နေပါတယ်။သတင်းအမှားအမှန်ကိုသိရှိရန်နှင့် အများယုံကြည်မှုရှိအောင်အသံဖိုင်ကိုအင်တာနက်ပေါ်တင်ပေးလိုက်လျှင်အမှန်တရားကို မြန်မာပြည်သူများသိရှိနိုင် မည်ဖြစ်သောကြောင့် ဖုံးကွယ်မထားဘဲ သတင်းဌာနကြီးမှ သတင်းအမှန်ကို ဖော်ထုတ်သင့်ပါတယ်။

fb သတင်းများအားစုစည်းတင်ပြထားပါသည်။

Monday, April 23, 2012

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော် စတင်မတက်ရောက်နိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘာထားအမြင


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖွဲ့စည်းပုံအခြေခံဥပဒေကျမ်းသစာကျိန်ဆိုရေး ဥပဒေစကားရပ်အသုံးအနှုံး အခက်အခဲတွေကြောင့် လွှတ်တော် စတင်မတက်ရောက်နိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘာထားအမြင်တွေကို စုစည်း တင်တင်ဆက်ပေးပါတယ်။ — at Naypyitaw.
DVB TV News

ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမူကို မပြုလုပ်နိုင်ဟု လုံးဝ လုံးဝ မပြောပါ။ ရုပ်/သံ



သမ္မတကြီးရဲ့ ယနေ့ ဂျပန်နိုင်ငံတွင် အင်တာဗျူးသည့် အသံဖိုင် ...... ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမူကို မပြုလုပ်နိုင်ဟု လုံးဝ လုံးဝ မပြောပါဟု ပြောဆိုသွားပါသည်။



ရင်ဖွင့်မိတာ အပြစ်လား



ခုတလော တပ်မတော်တွင်းမှာ ပြောင်းလဲမှုမဟုတ်တဲ့ ထူးခြားဖြစ်စဉ်တွေ ဆက်တိုက်ဆိုသလို ကြားသိနေရပါ တယ်။ အင်တာနက်မှာ တပ်မတော်ထဲက ဖြစ်ရပ်မှန်တွေ ထုတ်ဖော်ရေးသားတဲ့ တပ်မတော်သားတွေကို အရေးယူ အပြစ်ပေးတဲ့ ဖြစ်စဉ်တွေပါ။ ဒီအထဲမှာ လေတပ်က အရာရှိငယ်တွေရဲ့ ဖြစ်စဉ်တွေဟာ ရင်နင့်ဖွယ်ရာ အကောင်းဆုံးဖြစ်ပါတယ်။ တပ်မတော်သားတိုင်း ကြားနေရမြဲဖြစ်တဲ့ “နံရံတိုင်းမှာ နားရှိတယ်” ဆိုတဲ့ စကားဟာ..ခုတော့ “စကြဝဠာတခွင်လုံး နားတွေအပြည့်ရှိနေပြီ” လို့ ထပ်ပြီးတင်စားခေါ်ဝေါ်ရမလို ဖြစ်နေပါပြီ။
အိုင်တီခေတ်မှာ အင်တာနက်ဆက်သွယ်ရေး နည်းပညာအစွမ်းနဲ့ ကမ္ဘာပြားပြီ ဆိုရလောက်အောင် ကမ္ဘာအနှံ့ ဆက်သွယ်ရေးကွန်ရက်ဖြန့်နေကြချိန်၊ မြန်မာပြည်သူလူထု အများစုဟာ တောင်ကုန်း တောင်ထွတ်တွေကြားထဲ မှာ အမှောင်ချပိတ်မိနေဆဲ.. တပ်မတော်သားတွေရဲ့ ဘဝက ပိုပြီး ဆိုးရွားကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတုန်း ပါ..
တပ်မတော်ထဲမှာ အင်တာနက် အသုံးပြုတတ်သူ အသုံးပြုနိုင်သူ ဦးရေ နည်းပါးလွန်းလှတာနဲ့အမျှ ပေါ်ပေါ် ထင်ထင်လည်း မသုံးရဲကြပါ။
တပ်ထဲက အခြေအနေမှန်တွေကို အင်တာနက်မှာ ထုတ်ဖော်ရေးသားမိလို့ အီလက်ထရောနစ် ဥပဒေနဲ့ ထောင်ဒဏ် အနှစ်(၂၀) ချမှတ်တယ်ဆိုတာ စံပြသဘောလုပ်ပြလိုက်တာလို့ ယူဆပါတယ်... ဒီလိုနည်းနဲ့ အပြစ်ပေးလို့တော့ အမှန်တရားဖော်ထုတ်မှုတွေ ရပ်တန့်သွားမှာ မဟုတ်ပါ။ တပ်မတော်ရဲ့ ဂုဏ်လည်း ထွန်းပြောင်လာမှာ မဟုတ်ဘဲ ဖိနှိပ်မှု သရုပ်တွေသာ ပိုပိုပြီးပေါ်လွင်လာမှာပါ။
တပ်မတော်အတွင်း အကျင့်စာရိတ္တပျက်ယွင်းမှု နဲ့ဆိုင်တဲ့ ပြစ်မှုတွေကျူးလွန်မိတဲ့ တပ်မတော်သား တွေကို အရပ်ဖက်ထောင်ချပြီး ထုတ်ပစ်လေ့ရှိပါတယ်။ ဒါပေမဲ့ ခုလိုနှစ်ရှည် ပြစ်ဒဏ်တော့ မဟုတ်ပါဘူး။ ၁ နှစ်ကနေ ၅ နှစ်လောက်အတွင်းပဲ ကျခံရတာ။ ခုတော့ ဆင်းရဲကျပ်တည်း နေတဲ့ မိသားစုဘဝတွေကို ဖော်ထုတ်ရေးသား မိလို့ လူသတ်မှုထက် ၂ ဆပြင်းတဲ့ ပြစ်ဒဏ်ကို ခံစားနေရတဲ့သတင်းကြားရတာ စိတ်မချမ်းမြေ့စရာ...။
စစ်သားတွေလည်း လူသားတွေမို့ တခြားလူတွေလိုပဲ တွေးခေါ်ခံစားတတ်ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေ လောက်အထိ စစ်သည်တွေဟာ ထောင်ကျမှာကို ကြောက်ကြတယ်။ ထောင်ရဲ့ မကောင်းတဲ့ အနိဌာရုံတွေကို သိနေကြလို့ပါပဲ..။ ဒါကြောင့်မို့ တပ်ပြေးလုပ်ဖို့ ဝန်လေးကြတယ်။ ပြေးပြီးနောက်ပိုင်း ပြန်ဖမ်းမိလို့ဖြစ်ဖြစ် ကိုယ့်ဟာကို ပြန်အဖမ်းခံလို့ပဲဖြစ်ဖြစ် ထောင်ဒဏ် ၆ လလောက် ကျတာကိုတောင် မခံနိုင်ကြဘူး။ သူတို့ကို ရာဇဝတ်အကျဉ်းသားတွေနဲ့ တတန်းတည်းထားပြီး ရဲဘက်စခန်း ပို့တယ်။ အဲဒီမှာ သေလုမျောပါး အလုပ်ကြမ်း ခိုင်းတာ ခံရတယ်။ အိမ်ကနေ ငွေနဲ့မလိုက်နိုင်သူ သေဖို့သာပြင်ပေတော့ပဲ..။ သူတို့ထောင်က ထွက်ပြီး တပ်မှာ တပ်ထွက်လက်မှတ် လာယူတဲ့အခါ သူတို့လိုမလုပ်ဖို့ ကျန်တဲ့သူငယ်ချင်းတွေကို အခါခါ တားမြစ်ကြတယ်။ ထောင်ထွက်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ဘယ်သူက တယုတယ ခံယူချင်မှာတုန်း။ တပ်ပြေးအများစုဟာ တပ်မှာ မတော်တရော်တွေလုပ်ပြီး အပြစ်ကျမခံချင်လို့ ပြေးတဲ့လူက နည်းနည်းရယ်။ မွန်းကျပ်မှုဒဏ်ကို မခံစားနိုင်တော့ လို့ ပြေးသူက အများစုပါ။
ကျနော်ပြောစရာ တခုကျန်နေသေးတယ်။ စစ်သားအတော်များများဟာ ကိုယ်က ရဲဘော်ဖြစ်နေလို့ ဖိနှိပ်မှုတွေ ခံနေရပေမယ့် စစ်သားအဖြစ်ကိုတော့ ခုံမင်တတ်ကြတယ်။ ကိုယ်မွေးထားတဲ့ သားယောက်ျားလေး ၁၀ တန်း အောင်ရင် ဗိုလ်သင်တန်း တက်ရဖို့ မျှော်လင့်ကြတယ်။ တကယ်လို့ ကိုယ်က ထောင်ကျဖြစ်သွားရင် ဘဝမှာ အမဲစက် ထင်သွားပြီ။ ကိုယ့်သားသမီး တက်လမ်းပိတ်သွားပြီ ဆိုတဲ့ အတွေးမျိုးတွေရှိကြပါတယ်။ ဒီခံစားချက်မျိုးကို စစ်သားချင်းမှ ပိုပြီးသိပါတယ်။
ဒါပေမဲ့ဗျာ... လူတယောက်ရဲ့ သည်းခံအောင့်အီးနိုင်မှု စွမ်းရည်ဆိုတာကလည်း အတိုင်းအတာရှိတယ်လေ။ ၂၀၀၀ ပြည့်နှစ် ဒီဘက်ပိုင်းမှာ တပ်ပြေးလုပ်လို့ ထောင် ၁ နှစ်၊ ၁ နှစ်ခွဲကျမှာကို သိပ်မမှုကြတော့ဘူး။ တပ်ထဲမှာ ကာလအကန့်အသတ်မရှိ ဒုက္ခခံနေရတာထက် ကိုယ့်ဖာသာ အပြင်မှာ လွတ်လွတ်လပ်လပ် ရုန်းကန် ရတာ ပိုအကျိုးရှိတယ်လို့ မြင်လာကြတယ်။ ၂၀၀၂ ခုနှစ်မှာ ကျနော့်သူငယ်ချင်းတယောက် ၁ နှစ်လောက် တပ်ပြေးလုပ်ပြီး အေးအေးဆေးဆေးပဲ တပ်မှာလာအဖမ်းခံတယ်။ ကျနော်တို့က သူ့ကို “ မင်းကို ဘယ်သူကမှ မဖမ်းဘဲ ဘာလို့ လာအဖမ်းခံရတာလဲ” မေးတော့... သူက “ငါ နောက်ကျောမလုံတဲ့ ဘဝမှာ ကြာရှည်မရပ်တည် ချင်ဘူး... ရှင်းစရာရှိတဲ့ ကိစ္စ ရှင်းလိုက်မှအေးမယ်” ဆိုပြီး လာအဖမ်းခံတာတဲ့။ ၁၀ နှစ်လောက်အတွင်းမှာ စစ်သားတွေရဲ့ တွေးခေါ်ပုံ ပြောင်းသွားတာပြောပါတယ်..။ ဒီလိုအခြေအနေတွေ ဖြစ်လာရတာဟာ စစ်သည် တွေ ကိုယ်တိုင် ဖန်တီးတာ မဟုတ်ပါဘူး။
စစ်ဘက်ဥပဒေမှာ ပြဌာန်းထားတာက စစ်သည်တဦး တပ်ပြေးကာလ ၆ လပြည့်ရင် တပ်မှာဆက်ထားလို့ မရတော့ဘူး။ ဒါပေမဲ့ ခုနောက်ပိုင်း တပ်ပြေးစစ်သည်တွေဟာ ပြန်အဖမ်းခံမယ်ဆိုရင်တောင် အနဲဆုံး တပ်ပြေးကာလ ၁ နှစ်ပြည့်မှ ပြန်လာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်သည် တပ်ကထွက်ပြေးသွားတဲ့အခါ အချိန်နဲ့တပြေးညီ ခွင့်မဲ့ပျက်ကွက် တပ်ပြေးကြေညာတာမျိုး မလုပ်သေးဘဲ သုံးလေးလလောက် စောင့်ကြည့် နေသေးတယ်။ တပ်ပြေးဖြစ်စဉ်တွေ များရင် တပ်မှူးကို ထိမှာကတကြောင်း... အခြားအကြောင်းတွေလည်း ရှိမှာပေါ့.. အဲဒီတော့ စစ်သည်က ၆ လကွက်တိတွက်ပြီး ပြန်လာရင် တပ်ပြေးကာလက ၃ လလောက်ပဲရှိ သေးပြီး တပ်တွင်းအချုပ်၊ စစ်ထောင်လောက်နဲ့ သံသရာရှည်သွားပြန်ရော... ဒီကြားထဲ တပ်ပြေးလုပ်မဲ့သူတွေ နောက်တွန့်သွားအောင် တပ်ပြေးကာလရဲ့ ၂ ဆ ပြစ်ဒဏ်ပေးတဲ့နည်းကို စီမံချက်ချ လုပ်ခဲ့ပေမဲ့ တပ်ပြေးဦးရေ လျော့နည်း မသွားပါဘူး။
ကျနော်သတိထားမိသလောက် စစ်သားတွေရေးတဲ့ စာတွေဟာ တပ်တွင်းက မမျှတတဲ့ အုပ်ချုပ်မှုတွေ၊ အဆင့်အတန်း ခွဲခြား ဖိနှိပ်ခံရတာတွေ၊ တပ်မိသားစုတွေ ကြုံတွေ့နေရတဲ့ ဆင်းရဲကျပ်တည်းမှုတွေကို ဖွင့်ထုတ် ရေးသားတာလောက်ပဲ ရှိပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေ နိုင်ငံတကာခုံရုံးတင်ဖို့၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် တိုက်ခိုက်ချေမှုန်းပစ်မယ်ဆိုတဲ့ ပြင်းပြင်းထန်ထန် အသုံးအနှုန်းတွေ မတွေ့မိပါဘူး။ ဒီလိုအဖြစ်မှန်တွေရေးဖို့က လည်း လိုအပ်နေတယ်လေ။ စစ်သားတွေရဲ့ဘဝက နံရံ ၂ ဘက်ကြားမှာညပ်မိနေတဲ့ အဖြစ်ပါ။ တပ်ထဲမှာလည်း ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းသမျှလုပ်။ တပ်ပြင်ပိုင်း ဆက်ဆံရေးကျတော့ အာဏာရှင် နောက်လိုက်ခွေး တွေဆိုတဲ့ အထင်ခံရမှုတွေနဲ့ ကြုံရ။ ကြာတော့ စစ်သားတွေ ပေါက်ကွဲလာကြတာ သဘာဝကျပါတယ်။
ယခုအခါ အင်တာနက်အသုံးပြုနေတဲ့ တပ်မတော်သားအချို့ဟာ စစ်ခေါင်းဆောင်ကြီးတွေအပေါ် စိတ်အချဉ် ပေါက်နေသူတွေပါ။ ဒါပေမဲ့ အင်တာနက်ပေါ်မှာရေးတဲ့အခါကျတော့ အစိုးရကောင်းကြောင်း၊ တပ်မတော် ခေါင်းဆောင်ကြီးတွေ ကောင်းကြောင်း အမွှမ်းတင်ပြီး ကျန်တဲ့လူတွေနဲ့ အတိုက်အခံလုပ်ရေးသားတာ တွေ့မြင် နေရပါတယ်။ တကယ်တော့ သူကိုယ်တိုင်က စစ်ခေါင်းဆောင်ကြီးတွေအပေါ် စိတ်ကုန်နေတာ။ နဂိုကတည်းက စစ်အစိုးရ၊ စစ်အာဏာရှင် ဆိုတဲ့ အမြင်ရှိနေသူတွေ အဲဒီလို အရေးအသားတွေလည်း ဖတ်ပြီးရော... တပ်မတော်အပေါ် ပိုပြီးမုန်းတီး ရွံရှာသွားရော... အကျိုးဆက်က တပ်မတော်အတွက် မကောင်းပါ။
ဘယ်လိုပဲဖြစ်ဖြစ် တပ်တွင်းမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေရဲ့ အခြေခံဇစ်မြစ်အမှန်ကို သိအောင် မလေ့လာ ဘဲ... ဘယ်လိုနည်းနဲ့ကြောက်ကြောက် ကြောက်နေဖို့သာ အဓိကလို့သဘောထားပြီး... အကြောက်တရား တွေသာ အစဉ်လွှမ်းမိုးနေစေဖို့ ပြစ်ဒဏ်တွေ အလွန်အကျွံ ပေးတဲ့နည်းကိုသာ ဆက်အသုံးပြုနေရင် အကြောက်တရားကနေ သတ္တိကို ကူးပြောင်းသွားပါ လိမ့်မယ်။ လူတွေရဲ့ ခန္ဓာကိုယ်ကို ကန့်သတ်ချုပ်နှောင်လို့ ရနိုင်ပေမဲ့ စိတ်ဓာတ်ကိုတော့ တားဆီးပိတ်လှောင်လို့ မရနိုင်ပါ။
အမှန်တရားဖော်ထုတ်တဲ့ တပ်မတော်သားတွေကို ဖိနှိပ်ချုပ်ချယ်ကန့်သတ်ပြီး တပ်တွင်းက ပြဿနာတွေကို ဖုံးဖုံးဖိဖိ လုပ်ဖို့ကြိုးစားနေခြင်းဟာ တပ်မတော်မှတ်တမ်းရုံးက သင်တန်းတာဝန်ခံ ဗိုလ်ကြီးတဦးပြောခဲ့ဖူးသလို “မှတ်တမ်းရုံးပတ်လည်မှာ လုံခြုံရေးဂိတ်တွေ အများကြီးရှိတယ်။ ခြံစည်းရိုးကလည်း လုံနေအောင် ခတ်ထား တာ။ မင်းတို့ ဘယ်လိုမှ ခိုးထွက်လို့မရဘူး.. အေး.. ဒါပေမဲ့... နည်းသိရင်တော့ ထွက်ပေါက်တွေ အများကြီး ရှိတယ်ကွ” ဆိုတာမျိုးလည်း ဖြစ်နေပါအုံးမယ်။
ကျနော်ငယ်ငယ်က “ရင်ခုံမိတာ အချစ်လား” အမည်ရတဲ့ ရုပ်ရှင် ဇာတ်ကားတကား ကြည့်ခဲ့ဖူးပါတယ်။ လက်ရှိ တပ်မတော်ထဲမှာ ရင်မချိတဲ့ ခံစားရတာတွေကို မျိုသိပ်မထားနိုင်တော့လို့ ဖွင့်ဟရေးသားမိတာ အပြစ်လားဗျာ...
နေမင်းသူ


Myanmar parliament session opens without Suu Kyi -----------------------------------------------------------

Khin Kalayah Soe's Photos

NAYPYIDAW, Myanmar: Myanmar's parliament convened without Aung San Suu Kyi and newly-elected members of her party on Monday, according to an AFP photographer, amid a dispute over the swearing-in oath.

Suu Kyi has vowed not to swear to protect a constitution created by the former junta, in the first sign of tension with the government since a landmark by-election this month saw the democracy icon win a parliamentary seat.

A session of the lower house, which was supposed to see Suu Kyi make her debut as a politician, began without the former political prisoner and 36 other members of her party.

The National League for Democracy (NLD) is the main opposition force after securing 43 of the 44 seats it contested in the by-elections, but does not threaten the majority held by the military and the army-backed ruling party.

It has appealed to reformist President Thein Sein directly over the stalemate, asking that the wording of the oath be changed from "safeguard" to "respect" the constitution.

But Thein Sein, a former general who has surprised observers with a series of dramatic changes since coming to power last year, rejected the suggestion that he would alter Myanmar's parliamentary oath to accommodate Suu Kyi.

- AFP/al

မြန်မာ-ဂျပန် ပူးတွဲသတင်းစာရှင်းလင်း..။



"ဂျပန်ဝန်ကြီးချုပ် မစ္စတာ ယိုရှီဟီကိုနိုဒ နှင့် နှစ်နိုင်ငံထိပ်သီး တွေ့ဆုံဆွေးနွေးပွဲအပြီး တွင် ကျင်းပပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားခဲ့သည့် ပြောကြားချက်"

လေးစားအပ်ပါသော အဆွေတော်ဝန်ကြီးချုပ်မစ်္စတာယိုရှိဟီကို နိုဒ၊ ကြွရောက်လာကြတဲ့ မြန်မာနဲ့ဂျပန်ကိုယ်စား လှယ်အဖွဲ့ဝင်များ၊ဂျပန်ဧည့်သည်တော်များ၊ဂျပန်မိတ်ဆွေများရဲ့စာနယ်ဇင်းနဲ့သတင်း လောကမှသတင်းထောက်များ နဲ့ တာဝန်ရှိသူများ ခင်ဗျား-

မင်္ဂလာနေ့ခင်းပါခင်ဗျား -(Connichiwa - ကွန်းနိချိဝ)

ယနေ့အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့တဲ့ နှစ်နိုင်ငံထိပ်သီးအစည်းအဝေးဟာ နှစ်ပေါင်း(၂၈)နှစ်ကျော်ကာလအတွင်း ဂျပန်ဝန်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရပထမဦးဆုံးအကိမ် မြန်မာနိုင်ငံမှ နိုင်ငံအကြီးအကဲနဲ့အစိုးရအဖွဲ့အကြီးအကဲဖြစ်သူ ကျွန်တော့်အနေနဲ့ဂျပန်နိုင်ငံသို့တရားဝင်ခရီးလာရောက်ပြီးကျင်းပ ပြုလုပ်ခဲ့တဲ့ထိပ်သီးအစည်းအဝေး ဖြစ်ပါတယ်။

ဒီထိပ်သီးအစည်းအဝေးမှာ နှစ်ဖက်ခေါင်းဆောင်များအနေနဲ့သမိုင်း ကြောင်းအစဉ်အလာရှိတဲ့ နှစ်နိုင်ငံဆက်ဆံရေးအပေါ်ပြန်လှန်သုံးသပ်နိုင် ခဲ့ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးသမိုင်းစာမျက်နှာသစ်ဖွင့်လှစ်နိုင်ရေးအတွက်စီးပွားရေး၊အကူအညီပေးရေးနဲ့ပူးပေါင်းဆောင်ရွက်ရေး မြန်မာ နိုင်ငံရဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဖလှယ်ရေးတို့အပြင်ဒေသတွင်းနဲ့အပြည်ပြည်ဆိုင်ရာ ကိစ်္စရပ် များအပါအ၀င် အခြားသောကိစ်္စရပ် များကိုလည်း ဆွေးနွေးအမြင်ချင်းဖ လှယ်နိုင်ခဲ့ကြပါတယ်။

ဂျပန်ဝန်ကြီးချုပ်အနေနဲ့ မြန်မာ နိုင်ငံအစိုးရနဲ့ ပြည်သူများရဲ့အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဒီမိုကရေစီရေးနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများအတွက်ကြိုးပမ်းအားထုတ်မှုများကိုဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်းနဲ့ ကူညီမှုများပေးသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့စီးပွားရေးစဉ်ဆက်မ ပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဂျပန်နိုင်ငံမှ တရားဝင်ဖွံ့ဖြိုးတိုးတက်မှုအကူအညီ ချေးငွေအသစ်များ ပြန်လည်စတင်နိုင်ရန်အတွက်ကတိက၀တ်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံမှ ပြန်လည်ပေးဆပ်ရမည့် ကြွေးမြီကိစ်္စရပ်များ ဖြေရှင်း နိုင်ရန်အတွက် နှစ်ဖက်ညှိနှိုင်းဆွေး နွေးမှုများ ပြုလုပ်နိုင်ရန်နှင့် နှစ်ဦး နှစ်ဖက် အဆင်ပြေစွာနဲ့ ဖြေရှင်း ဆောင်ရွက်သွားနိုင်ရန် ဆောင်ရွက် ပေးခဲ့ခြင်းများအတွက်ဂျပန်အစိုးရနဲ့တာဝန်ရှိသူများ ဂျပန်ပြည်သူ များအားလုံးကို မြန်မာပြည်သူများ ကိုယ်စားများစွာ ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားလိုပါတယ်။

အဲဒီလိုကြွေးမြီကိစ်္စဖြေရှင်းနိုင်ပြီးစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနဲအကူအညီပေးမှုများဟာ မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်စေရေးနဲ့ ပြုပြင်ပြောင်းလဲမှုများအတွက် မြန်မာပြည်သူများရဲ့ကြိုးပမ်းမှုအပေါ်လွန်စွာအထောက်အကူပြုစေမှာဖြစ်ပါတယ်။
ကျွန်တော်တို့ယခုခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံအကြားသဘာဝဘေးအန်္တရာယ်ကာကွယ်တားဆီးရေးလူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့သီလ၀ါအထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်သဘေတူညီချက်များကို နှစ်ဖက်လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ဒါ့အပြင်သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနညကုန်သွယ်ရေး၊ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးတို့အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားရန်တအတွက်လည်းကျွန်တော်နဲ့ဂျပန်ဝန်ကြီးချုပ်မစ္စတာနိုဒတို့အကြားသဘောတူညီခဲ့ကြပါတယ်။

ဂျပန်ဝန်ကြီးချုပ် မစ္စတာ ယိုရို ဟီကို နိုဒရဲ့ ဖိတ်ကြားချက်အရ (၂၈) နှစ်ကျော်ကာလအတွင်း ကျွန် တော့်အနေနဲ့ ယခုလိုချစ်ကြည်ရေးခရီးလာရောက်နိုင်ခဲ့ခြင်းဟာနှစ်နိုင်ငံအကြားဆက်ဆံရေးစာမျက်နှာသစ်ကိုဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း ပြသရာလည်း ရောက်ပါတယ်။

နှစ်နိုင်ငံအစိုးရများနဲ့ ပြည်သူများ နိုင်ငံရေးစီးပွားရေးလူမှုရေးလောကမှတာဝန်ရှိသူများနဲ့အတူဂျပန်နိုင်ငံရဲ့မီဒီယာနဲ့ စာနယ်ဇင်းလောကအနေနဲ့လည်းဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်တဲ့ နှစ်နိုင်ငံဆက်ဆံရေးစာမျက်နှာသစ်ကိုဆက်လက်ပြီး အောင်မြင်စွာအကောင်အထည်ဖော် သွားနိုင်ရေးအတွက် ၀ိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်သွားစေလိုပါ တယ်။

ယခုလိုကျွန်တော်အနေနဲ့ဂျပန်နိုင်ငံကိုတရားဝင်ချစ်ကြည်ရေးခရီးလာရောက်နိုင်အောင်ဖိတ်ကြားခဲ့ပြီးလှိုက်လှဲပျူငှာစွာ ဧည့်ဝတ်ပြု ခဲ့တဲ့အတွက် ဂျပန်အစိုးရနဲ့ ပြည်သူ များအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျား (Airgato Gozaimashita အာရိဂတို ဂိုဇိုင်းမတ်ရှိတ)

Popular Myanmar News Journa

Sunday, April 22, 2012

သန်းရွှေ တရုတ်ပြည်ထွက်မယ်ဆိုတဲ့ သတင်းတွေ ရန်ကုန်မှာ ထွက်ပေါ်နေ



အနောက်တိုင်း သံတမန်သတင်းရပ်ကွက်က လာတဲ့သတင်းအရ ဗိုလ် ချုပ် သန်းရွှေဟာ ပြေးဖို့ ပြင်နေပြီလို့ သိရတယ်။ တရုပ်ပြည်မှာ ဒေါ်လာ တဘီလီယံကျော်တန်တဲ့အိမ်ကို ၀ယ်ထားပြီ ဖြစ်တယ်။ ဒီအိမ်မှာ သူမြေးက အခု ကြီးကြပ်နေတယ်လို့ သိရတယ်။

ဒေါ်လာသန်းပေါင်းများစွာကိုတရုပ်ဘဏ်တွေကို ပြောင်းရွှေ့ပြီး ဖြစ်တယ်။တရုပ်ပြည်ကအိမ်ကိုဝယ်ယူတာတွေ ရွှေ့ပြောင်းတာတွေကို ဗခ-တင် အောင်မြင့်ဦးနဲ့ခင်အောင်မြင့်တို့က ဆောင်ရွက်ပေးခဲ့တာလို့သိရတယ်။အခြေအနေမဟန်ရင် ပြေးနိုင်ဖို့ ဆောင်ရွက်နေတာလို့ သိရပါတယ်။
နေပြည်တော်ရှိသူရဲ့အိမ်ထဲကအကောင်းစာပရိဘောဂတွေကိုတရုပ် ပြည်ကိုပြီးခဲ့တဲ့အပတ်ကတည်းကစတင်ရွှေ့ပြောင်းခဲ့တယ်။ နေပြည် တော်က သူအိမ်ကို မောင့်ပလဲစန့်(Mt.Pleasant)လို့သူတို့စကားဝှက်နဲ့ ခေါ်ကြတယ်။ဒီအိမ်ဟာ နေပြည်တော်က တောင်ကုန်းတခုပေါ်မှာ တည် ဆောက်ထားတာ ဖြစ်တယ်။ ရောမခေတ် ကျောက်တိုင်ကြီးတွေနဲ့တည် ဆောက်ခဲ့ပြီးဥရောပကအကောင်းဆုံး ပရိဘောဂတွေကိုတပ်ဆင်အသုံး ပြုခဲ့တဲ့အတွက်အမေရိကန်ဒေါ်လာသန်း၇၀ လောက်ကုန်ခဲ့တယ်လို့သိရတယ်။
စစ်တပ်ထိပ်ပိုင်းထဲမှာလည်း နှစ်အုပ်ကွဲနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး၊ နအဖ စစ်အုပ်စုတွင်း ဖယိုဖရဲ အကွဲကွဲအပြားပြားနဲ့ရှုတ်ထွေးနေတဲ့အခြေအနေတွေကို ပြည်သူလူထုကစိတ်ဝင်စားမှုမရှိတာ တွေ့ရှိနေရတယ်လို့ ရန်ကုန်မြို့ခံ လူငယ်တဦးက ပြောပြပါတယ်။

မောင်သိန်းနိုင် (နေပြည်တော်)

နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ရင် အီးယူ ပိတ်ဆို့မှု လုံးဝ ရုပ်သိမ်းနိုင်မည်

မြန်မာအစိုးရအနေနဲ့ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးမယ်ဆိုရင်အီးယူအနေနဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေကိုလွတ်လွတ်ကျွတ်ကျွတ်ရုပ်သိမ်းပေးနိုင်တယ်လို့ပိုလန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

လာမယ့်ဧပြီလ(၂၃)ရက်နေ့လူဇင်ဘတ်နိုင်ငံမှာကျင်းပမယ့်အီးယူ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုအများစုကိုတစ်နှစ်တိတိယာယီဆိုင်းငံ့ပေးဖို့အီးယူအဖွဲ့ဝင်နိုင်ငံတွေသဘောတူညီထားကြကြောင်း ကြေညာအပြီးမှာ ပိုလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Radoslaw Sikorski က ပြောဆိုခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ပြီး၊ မြန်မာပြည် နောက်ပြန်မလှည့်နိုင်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ပြီဆိုရင် ယာယီဆိုင်းငံ့ထားတဲ့အီးယူပိတ်ဆို့မှုတွေအားလုံးဟာလုံးဝပွင့်သွားနိုင်ပါတယ်လို့ဝါဆောမြို့မှာသတင်းထောက်တွေကို ပြောလိုက်ပါတယ်။

အီးယူကဆိုင်းငံ့ထားမယ့်ပိတ်ဆို့မှုတွေထဲမှာသစ်လုပ်ငန်း၊သစ်အချောထည်လုပ်ငန်းနဲ့သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ ပါဝင်ကြတဲ့ ကုမ္ပဏီ (၈၀၀) ကျော်နဲ့ ကုန်သွယ်ခွင့်၊ ရင်းနှီးမြှုပ်နှံခွင့်၊ မြန်မာစစ်အစိုးရ ထိန်းချုပ်ထားတဲ့ ကုမ္ပဏီ ( ၅၂) ခုမှာ ရင်းနှီးမြှုပ်နှံခွင့်၊ စစ်အစိုးရ အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ နီးစပ်သူ ပုဂ္ဂိုလ် စုစုပေါင်း (၄၉၁) ယောက်အပေါ် ဥရောပ၀င်ခွင့် ဗီဇာပိတ်ပင်ထားတာတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ ယာယီ ဆိုင်းငံ့ထားမယ့် ပိတ်ဆို့မှုတွေထဲမှာ စစ်လက်နက်ပစ္စည်းရောင်းချမှု မပါဝင်ပါဘူး။ မြန်မာအပေါ် ပိတ်ဆို့မှု(၁၂)လတိတိယာယီဆိုင်းငံ့ထားစဉ်အတွင်းအခြေအနေတိုးတက်မှုရှိမရှိကိုအီးယူကအနီးကပ်အသေအချာ စောင့်ကြည့်နေမှာဖြစ်ပြီး အောက်တိုဘာလမှာ ပြန်လည်သုံးသပ်မှာ ဖြစ်ကြောင်း အီးယူ အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။

ဒါအပြင်သမ္မတဦးသိန်းစိန်ဟာလက်ရှိ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်မှာဆက်လက် လျှောက်လှမ်းနေတယ်ဆိုရင် (၁၂) လ မတိုင်ခင်အတွင်း အီးယူအနေနဲ့ ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းသွားနိုင် တယ်လို့ ဆိုပါတယ်။

ပိုလန် နိုင်ငံခြားရေးဝန်ကြီးကလည်းပိုလန်နိုင်ငံဟာလည်းစစ်အစိုးရလက်အောက်ကျရောက်ခဲ့ရဖူးပါတယ်။အသွင်ကူးပြောင်းရေး
ဆောင်ရွက်လိုက်လို့ပိုလန်ဟာ နောင်တမရတဲ့အပြင်စံနမူနာယူစရာတောင် ဖြစ်လာခဲ့ပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်များ အတွက်လည်း နမူနာယူစရာပါလို့ ပြောဆိုပါတယ်။

Friday, April 20, 2012

Suu Kyi and others unlikely to attend Myanmar parliament next week

Aung San Suu Kyi's party has asked that the wording of an oath that lawmakers have to take be altered.
Aung San Suu Kyi's party has asked that the wording of an oath that lawmakers have to take be altered.

(CNN) -- The Myanmar opposition leader Aung San Suu Kyi and members of her party are unlikely to attend the first session of parliament since their election amid a dispute over the wording of the oath that lawmakers have to take, a party spokesman said Friday.

Suu Kyi and 42 other candidates from her party, the National League for Democracy, won seats in by-elections on April 1, a result welcomed by countries like the United States and Britain as a sign of progress toward democracy in Myanmar after decades of repressive military rule.

Following the elections, Suu Kyi and other newly elected opposition members were invited to attend the session of parliament next week in the capital of Naypidaw.

But they have requested that the wording of an oath that lawmakers have to take be changed. The NLD asked the authorities to adjust the wording of the oath to say that parliamentarians will "abide by the law" rather than "protect the constitution."

British PM's historic visit to Myanmar
Suu Kyi victory in Myanmar celebrated
Landmark victory for Aung San Suu Kyi

In a letter to the NLD, the government didn't respond directly to the request, it said only that the parliament session next week would be a continuing session, so there would be no oath taking ceremony, said Nyan Win, a spokesman for the NLD.

That response failed to satisfy opposition officials and there is now a 90% chance that Suu Kyi and the other newly elected NLD members will not go to parliament on Monday, Nyan Win said.

The tension over the oath is the first sign of contention between the opposition and the reformist government of President Thein Sein. The situation is complicated by Thein Sein's being out of the country at the moment: he is visiting Japan until early next week.

Myanmar's authoritarian military rulers have begun loosening their grip on power after decades in which dissent was stifled and freedoms severely limited.

In the past 12 months, the government has pardoned hundreds of political prisoners, secured a cease-fire with Karen rebels and agreed to negotiate with other ethnic rebel groups.

U.S. Secretary of State Hillary Clinton described this month's by-elections as "an important step in Burma's democratic transformation."

Western governments have applauded the elections and the other recent reforms by the government of President Thein Sein. The U.S. and Australian governments eased some sanctions on Myanmar this week.

Clinton visited Myanmar in December, a historic trip marking the first time a secretary of state had been to the country in more than 50 years.

While control of parliament will not change despite the opposition's strong performance in the by-elections, the result nonetheless gives the National League for Democracy a notable presence.

Myanmar's legislature has 664 seats, more than 80% of which are still held by lawmakers aligned with the military-backed ruling party, the Union Solidarity and Development Party.

Suu Kyi led her party to a landslide victory the previous time Myanmar held multiparty elections, in 1990. But the junta ignored the results and kept her under house arrest.

Released in November 2010, Suu Kyi was allowed to crisscross the country to rally support for her party in the elections.

This week, it was announced that she would make her first overseas trip since her detention.

Suu Kyi will travel to Norway in June to deliver the speech she was unable to give when she was awarded the Nobel Peace Prize in 1991.

By the CNN Wire Staff

ဒေါ်အောင်ဆန်းစုကြည်အောင်မြင်မှု နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များ ချီးကျူး...။


ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုယ်စားလှယ်တွေ ဧပြီလ တစ်ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အများစုကြီးအနိုင်ရပြီး လွှတ်တော်ထဲ ရောက်ရှိ သွားမယ့် အောင်မြင်မှုကို နိုဘဲလ်ဆုရှင်များနဲ့ နိုင်ငံ့ခေါင်းဆောင်ဟောင်းတွေ ပါဝင် ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ကြီးက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ လွှတ်တော်ရဲ့ နေရာ အနည်းစုကိုသာရတယ်ဆိုပေမဲ့ အတိုက်အခံပါတီတွေအဖြစ် ရှေ့လျှောက် ဒီမိုကရေစီလမ်းစဉ်ကို ဖော်ဆောင်ရာမှာ အပြုသဘောဆောင်တဲ့ ပထမခြေလှမ်းကို လှမ်းနိုင်လိမ့်မယ်လို့လည်း သူတို့က မျှော်လင့်ကြပါတယ်။

The Elders အဖွဲ့ရဲ့သ
ဘာပတိဖြစ်တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tu Tu က ပြောဆိုရာမှာ တော့ ကျနော့်အနေနဲ့ ကျနော့်ရဲ့ညီမငယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝလေးစားပါတယ်၊ သူ့ရဲ့လွှတ်တော် ရွေးကောက်ပွဲအနိုင်ရမှုက မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းစဉ်ကို ထိတွေ့ခွင့်ရတဲ့အချိန်ပဲဆိုတာကို ကမ္ဘာက ဘယ်တော့မှ မေ့တော့မှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း အမှန်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ NLD ပါတီအပြင် တခြား နိုင်ငံရေး ပါတီတွေ လိုအပ်နေတာက လွှတ်တော်ထဲမှာ အဓိပ္ပာယ်ရှိတဲ့ နေရာကနေ လှုပ်ရှားဆောင်ရွက်ခွင့် နေရာတွေ ရဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီလိုသာ မဖြစ်ခဲ့ဘူးဆိုရင်တော့ ဒါဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတွက်ရော ကျနော်တို့ အားလုံးအတွက်ပါ ဒါက သိပ်ကို စိတ်ပျက်စရာ ဖြစ်လာပါလိမ့်မယ်လို့ ဘုန်းတော်ကြီးက ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် ၂၀၁၁ ခုနှစ် မတ်လမှာ တက်လာပြီးနောက်ပိုင်း နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ချီပြီး လွှတ်ပေးခဲ့တာ အပါအ၀င် အလုပ်သမားဥပဒေတွေကို ပြင်ဆင်တာ၊ မီဒီယာတင်းကျပ်မှုတွေကို ဖြေလျှော့တာနဲ့ NLD ကို ပြန်လည် မှတ်ပုံတင်ခွင့်ပြုခဲ့တာတွေကိုလည်း The Elders အဖွဲ့က ကြိုဆိုခဲ့ပါတယ်။ ဒီလို အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေ ပိုအားကောင်းစေဖို့အတွက် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ခြွင်းချက်မရှိ ထပ်လွှတ်ပေးဖို့နဲ့ လွှတ်ပေးထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုလည်း လွတ်လပ်စွာ ပြောဆိုလှုပ်ရှားခွင့် ပြုဖို့တွေကိုလည်း The Elders အဖွဲ့က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းတဲ့လုပ်ငန်းစဉ်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေး ပန်းတိုင်ထိ ရောက်အောင်သွားဖို့လည်း တိုက်တွန်းထားပါတယ်။
နိုင်ငံတကာကို အကြံပေးရာမှာတော့ မြန်မာအစိုးရဘက်က တိုင်းပြည် ပြန်လည်တည်ဆောက်ရေးလုပ်နေတာကို ပိုပြီး အကူအညီပေးနိုင်မယ့် နည်းလမ်းတွေရှာဖို့နဲ့ အစိုးရကို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်ရေး တိုက်တွန်းသွားဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နည်းပညာအကူအညီအတွက် လိုအပ်ချက်တွေကို ထောက်ပံ့ပေးသွားဖို့နဲ့ နိုင်ငံမှာ လိုအပ်နေတဲ့ စာနာထောက်ပံ့ရေးတွေအတွက် အကူညီပေးသွားဖို့လည်း The Elders အဖွဲ့က အကြံပေးထားပါတယ်။

By မေငြိမ်း (ဗွီအိုအေ-မြန်မာပိုင်း)

၂၃ ရက်နေ့လွှတ်တော်အစည်းအဝေးတွေကို NLD ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ဖြစ်နိုင်ချေမရှိသေး


လွှတ်တော်ကိုယ်စားလှယ်တွေကျမ်းသစ္စာကျိန်ဆိုတဲ့အခါအခြေခံဥပဒေကိုထိမ်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်ဆိုတဲ့စကားရပ်နဲ့ကျိန်ဆိုရမှာကိုအခြေခံဥပဒေကိုလေးစားလိုက်နာပါမညဆိုတဲ့စကားရပ်နဲ့ပြင်ဆင်ပေးဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရကိုတင်ပြထားတဲ့ကိစ္စနဲ့ပတ်သက်လို့ နေပြည်တော်အခြေခံဥပဒေခုံရုံးကဒီစကားရပ်ကိုပြန်လည်ပြင်ဆင် ရေးသားဖို့ မလိုတဲ့အကြောင်း NLD ကို ဒီနေ့ ခေါ်ယူပြောဆိုလိုက်ပါတယ်။
အခြေခံဥပဒေခုံရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဖိတ်ခေါ်ပြီး ရှင်းပြခဲ့တဲ့အတွက် NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်းသွားရောက်ခဲ့တဲ့နောက်မှာNLDရဲ့တင်ပြချက်အဆင်မပြေသေးကြောင်းသိရတာပါ။ဒါနဲ့ပတ်သက်လို့ ဦးဥာဏ်ဝင်း က RFA ကို အခုလိုပြောပါတယ်။
"ဆောင်ရွက်နေတာအဆင်မပြေသေးဘူးပေါ့လေ။Interpretationလိုင်းကိုတင်ပြတော့ဒါကိုမဆိုင်ဘူးဆိုတဲ့အကြောင်းသူက ရှင်းပြတာ။ အဲဒါပါပဲ။ ပြင်ပေးရန် အကြုံးမ၀င်ဘူးပေါ့။ ပြင်ပေးလို့မရဘူးမဟုတ်ဘူး။ဒီရုံးအနေနဲ့ ပြောတာပေါ့နော်။ အခြေခံ ဥပဒေ ခုံရုံးပါ။"
အခုပြောဆိုချက်ဟာအခြေခံဥပဒေခုံရုံးရဲ့သဘောထားတခုပဲဖြစ်သေးတဲ့အတွက်သမတအပါအဝင်အစိုးရတဖွဲ့လုံးရဲ့ သဘောထားမဟုတ်သေးဘူးလို့ ဦးဥာဏ်ဝင်းကပြောပါတယ်။
အခုလိုအခြေခံဥပဒေခုံရုံးကပြောဆိုလိုက်တာကြောင့်လာမယ့်၂၃ရက်နေ့မှာ ပြန်လည်ကျင်းပမယ့်လွှတ်တော်အစည်းအဝေးတွေကို NLD ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ဖို့ ဖြစ်နိုင်ချေမရှိသေးဘူး လို့လည်း ဦးဥာဏ်ဝင်းကပြောပါတယ်။
နိုင်ငံရေးပါတီတည်ထောင်လိုသူတွေအနေနဲ့အခြေခံဥပဒေကိုထိမ်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်လို့ကတိပြုရတာကို အခြေခံဥပဒေကိုလေးစားလိုက်နာပါမည်ဆိုတဲ့စကားရပ်နဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေမှာ ပြင်ဆင်ပေးခဲ့တဲ့အတွက် NLD အနေနဲ့ ပါတီမှတ်ပုံပြန်တင် ပြီး၊ ရွေးကောက်ပွဲဝင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့်၊လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်ရွေးချယ်တင်မြှောက်ခံရတဲ့အခါမှာလဲဒီစကားရပ်နဲ့ကျန်းကျိန်ရမှာဖြစ်တဲ့အတွက် အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ NLD အနေနဲ့ ဒီ ကာကွယ်စောင့်ရှောက် ပါမည်ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ခွင့်တင်ပြထားတာဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် လွတ်တော် အမတ်တွေက ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုကို စတင်လိုက်ပါတယ်။ ရုပ်/သံ


ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် လွတ်တော် အမတ်တွေက ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုကို စတင်လိုက်ပါတယ်။
https://www.facebook.com/DVBTVNews
DVB TV News's video

ဖွဲ့စည်းပုံကို လေးစားလိုက်နာမည်ပါမည်ဟု ပြင်ဆင်မှ ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်တက်မည်ဟု နယက ဦးဝင်းတင် ပြောဆို


လွှတ်တော်တတိယပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ပါမည်အစား လေးစား လိုက်နာပါမည်ဟူသော စကားရပ်ကို ပြင်ဆင်မှသာ အန်အယ်လ်ဒီပါတီ(ဒီချုပ်)ကိုယ်စားလှယ်များ လွှတ်တော် တက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
“အခြေခံခုံရုံး ဒါမှမဟုတ် သမ္မတရုံးကနေ ဘယ်လိုစီစဉ်လဲတော့ မသိဘူး အဲ့ဒီအစီအစဉ်ထဲမှာ ပါတဲ့အတိုင်း စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည်ဆိုတဲ့ စကားကို ပြင်မှသာလျှင် ကျွန်တော် တို့က လွှတ်တော်ကို တက်နိုင်မယ်” ဟု အန်အယ်လ်ဒီပါတီ နာ.ယ.က ဦးဝင်းတင်က ပြောသည်။
အန်အယ်လ်ဒီပါတီအနေဖြင့် လွှတ်တော်သို့ တက်ရောက်ရန် မဖြစ်နိုင်သေးခြင်းမှာ ပြည်သူ့လွှတ်တော်တွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟူသောစကားလုံးကို လေးစားလိုက်နာပါမည် ဆိုသည့် စကားအား ပြောင်းလဲ ကျမ်းကျိန်ခြင်းမရှိသေးခြင်းကြောင့် ဖြစ်သည်။
“လာမယ့် ၂၃ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ သွားပြီး တက်ရောက်မယ်ဆိုတဲ့ အနေ အထားရှိတယ်ပေါ့ သို့သော် ဘယ်မှာ ပြသာနာဖြစ်တယ်ဆိုလဲဆိုတော့ လွှတ်တော်ထဲမှာ ကျမ်းသစ္စာကျိန်တဲ့ အခါကျတော့ ကျွန်တော်တို့ ရွေးကောက်ပွဲဥပဒေမှာ ပြင်ဆင်ထားသလို အခြေခံဥပဒေကို လေးစားလိုက်နာ ပါမယ်ဆိုတဲ့ စကားနဲ့ပြင်မထားဘူး အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုပြီး ကျမ်းသစ္စာ ကျိန်ဆိုရမယ် အဲ့ဒါကို ကျွန်တော်တို့ လက်မခံနိုင်ဘူး” ဟု ဦးဝင်းတင်က ဆက်ပြောသည်။
ရွေးကောက်ပွဲ ဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟူသော စကားမှ လေးစားလိုက်နာပါမည်ဟူသော စကားကို ပြန်လည်ပြောင်းလဲ ကျမ်းကျိန်ရန်အတွက် အန်အယ်လ်ဒီပါတီမှ ထပ်မံ၍ နိုင်ငံတော်သမ္မတထံသို့ စာတင်ခဲ့သော်လည်း အကြောင်းပြန်ခြင်းမျိုး မရှိခဲ့ကြောင်း သိရှိရသည်။
“သမ္မတဆီကို စာရေးတယ်၊ သမ္မတကြီးက ရွေးကောက်ပွဲများမှာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အန်အယ်လ်ဒီပါဝင်နိုင်ရေး အတွက်တူညီတဲ့လူကို ကျမ်းသစ္စာကျိန်တာနဲ့ ပတ်သက်ပြီးတော့လဲ ကူညီပါ အဲ့ဒါက အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့စကားအစား ရွေးကောက်ပွဲဥပဒေမှာ သုံးခဲ့တဲ့ စကားလုံးအတိုင်းပဲ အခြေခံဥပဒေကို လေးစားလိုက်နာပါမယ်ဆိုတဲ့ စကားနဲ့ ပြင်ဆင်ပေးပါလို့ ပြောခဲ့တယ်။ အခြေခံဥပဒေဆိုင်ရာ ခုံရုံးရှိပါတယ် အဲ့ခုံရုံးမှာ အဓိပ္ပါယ်ဖွင့်လို့ရတယ် အဲ့ဒီစာတင်ထားတဲ့ဟာက အခုထိ အကြောင်းမပြန်သေးဘူး” ဟု အန်အယ်လ်ဒီပါတီ နာ.ယ.က ဦးဝင်းတင်က ပြောသည်။
၂၀၁၂ခုနှစ် ဧပြီလ (၁၉)ရက်နေ့တွင် အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အတွင်းရေးမှူး ဦးဥာဏ်ဝင်းသည် အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး နေပြည်တော်သို့ သွားရောက်နေခြင်းကြောင့် လာမည့် (၂၃)ရက်နေ့တွင် အန်အယ်လ်ဒီပါတီအနေဖြင့် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို တက်ရောက်နိုင်ခြင်းရှိ ၊ မရှိမှာ မသေချာသေးကြောင်း သိရှိရသည်။
“(၂၃)ရက်နေ့မှာ အန်အယ်လ်ဒီပါတီအနေနဲ့ လွှတ်တော်တက်ဖို့ဆိုတာ မသေချာသေးဘူး အဲ့ဒါကြောင့်လဲ ဒီနေ့ ဦးဥာဏ်ဝင်းတို့ နေပြည်တော်သွားတယ်” ဟု အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးမင်းသူကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် ပြီးနောက် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့စဉ်တွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟူသော အသုံးအနှုန်းမှ လေးစားလိုက်နာပါမည်ဟူသော အသုံးအနှုန်းဖြင့် လွှတ်တော်အတွင်းတွင် ကျမ်းကျိန်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းကြောင့် အန်အယ်လ်ဒီပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန်ဟာ အစိုးရ အဖွဲ့ဝင် ဝန်ကြီးနေရာ အပြောင်းအလဲ လုပ်ဖို့ စဉ်းစား..

သမ္မတ ဦးသိန်းစိန်ဟာ အစိုးရ အဖွဲ့ဝင် ဝန်ကြီးနေရာ အပြောင်းအလဲ လုပ်ဖို့ စဉ်းစားနေတယ်လို့ မြန်မာအစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကို ကိုးကားပြီး Financial Times သတင်းစာက ဖော်ပြလိုက်ပါတယ်။

အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ပေါ့ သွားရေး အတွက် ရည်ရွယ်ပြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေထဲကသဘောထား တင်းမာသူလို့ ယူဆရသူတွေကိုဝန်ကြီးနေရာ ပြောင်းရွှေ့တာ၊
လုပ်ပိုင်ခွင့်တွေ လျှော့ချပစ်တာတွေ စီစဉ်ဖို့ သမ္မတ ဦးသိန်းစိန် အနေနဲ့ စဉ်းစားနေတာလို့ ဆိုထားပါတယ်။

တချိန်တည်းမှာ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိုက်တာမျိုး မဟုတ်ဘဲ ရပ်ဆိုင်းထားမယ်ဆိုတဲ့ တုန့်ပြန်ချက်ဟာ သဘောထား တင်းမာသူတွေကို အားကြီးစေပြီးမြန်မာနိုင်ငံက အပြောင်းအလဲတွေကို ထိခိုက် စေနိုင်တယ်လို့လည်း အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကို ကိုးကားပြီး ရေးသားထားပါတယ်။

အစိုးရအဖွဲ့ထဲမှာ သဘောထား တင်းမာသူတွေ အဖြစ် သတ်မှတ် ခံထားရသူတွေကတော့ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဝန်ကြီး ဦးအောင်သောင်း၊ ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ လျှပ်စစ်ဝန်ကြီး ဦးအောင်မင်းတို့ ဖြစ်တယ်လို့ ပြောထားပါတယ်။

Thursday, April 19, 2012

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြည်ပ ခရီးစဉ် အမေရိကန်ကြိုဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ (၂၄) နှစ်အတွင်း ပထမဆုံး နိုင်ငံရပ်ခြား ခရီး စတင်မယ့်အပေါ် အမေရိကန်အစိုးရ က ကြိုဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန်လအတွင်း နော်ဝေး နဲ့ဗြိတိန်နိုင်ငံကို ခရီးထွက်ဖို့ စီစဉ်ထား ပါတယ်။ ဘယ်နိုင်ငံကို ဦးဆုံးသွားမလဲဆိုတာမသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr. Mark Tonerက နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် မြန်မာနိုင်ငံကို ရောက်ရှိခဲ့တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ကြောင်းပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးကိုဦးဆုံးသွားရောက်ဖွယ်ရှိတယ်လို့လေ့လာသူတွေက ခန့်မှန်းကြပါတယ်။ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘဲဆုကိုဒေါ်အောင်ဆန်းစုကြည် ဟာ ကိုယ်တိုင် လာရောက်လက်ခံယူမှာ
ဖြစ်တယ်လို့ နော်ဝေးနိုင်ငံကပြောပါတယ်။

အလားတူ အမေရိကန် လွှတ်တော်အမတ်တွေကလည်း အမြင့်ဆုံး အရပ်သားဆု ဖြစ်တဲ့ ကွန်ဂရက် ရဲ့ရွှေတံဆိပ် ဆု လက်ခံဖို့ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားပါတယ်။

စင်္ကာပူနိုင်ငံအရှေ့တောင်အာရှလေ့လာရေးဌာနအကြီးအကဲမစ္စတာမိုက်ကယ်မွန်တက်စာနိုကအခုလို ပြည်ပခရီးစဉ် အစီအစဉ်ဟာဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ကို ပြန်လာခွင့်ပြုလိမ့်မယ် ဆိုတာ ယုံကြည် စိတ်ချရပြီလို့ အထင်အရှားပြသလိုက်တာပါ၊ မြန်မာနိုင်ငံရဲ့နောက်ထပ် တိုးတက် ပြောင်းလဲမှုတစ်ရပ် လည်း ဖြစ်ပါတယ် လို့ပြောဆိုပါတယ်။

အမေရိကန်အစိုးရဟာ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင် ကိုလည်း လာမယ့် မေလမှာ အမေရိကန်ပြည်ထောင်စု ကို လာရောက် လည်ပတ် ဖို့ ဖိတ်ကြားလိုက်ပါတယ်။ ဦးဝဏ္ဏမောင်လွင် ဟာ ကုလသမဂ္ဂ ကို လာရောက်ခဲ့ပေမဲ့ အခုလို အမေရိကန်အစိုးရက ဖိတ်ကြားတာဟာ ပထမဆုံးဖြစ်ပါတယ်။

ဧပြီ ၂၉ ရက် ဇာဂနာနှင့်အဖွဲ့  စင်္ကာပူတွင် ဖျော်ဖြေမည်


ဇာဂနာစုစည်းသည့် မြန်မာ့သင်္ကြန်အငြိမ့်ပွဲတော်ကို ဇာဂနာ ၊ အရိုင်း၊ မေတ္တာ ၊ ငှက်ပျောကြော် ၊ ကင်းကောင် တို့ နဲ့ အတူ ရွှေတံဆိပ် ၈ဆုရှင် ပြည်မြန်မာ ဟိန်းရာဇာဆိုင်းဝိုင်းကြီးဖြင့် ဧပြီလ ၂၉ ရက် စင်္ကာပူမှာ ဖျော်ဖြေမှာ ဖြစ်ပါတယ်.. လက်မှတ်တွေကို 81612244 , 98004118, 91869140, 91016464 မှာ ၀ယ်ယူနိုင်ကြပါတယ်..

DVB entertainment
https://www.facebook.com/photo.php?v=3391651843001

Wednesday, April 18, 2012

Time Magazine မှ ၂၀၁၂ခုနှစ်အတွင်း သြဇာလွှမ်းမိုးမှု အရှိဆုံး လူ(၁၀၀) စာရင်းကို ထုတ်ပြန်

The 100 Most Influential People in the World

Since he took office a little more than a year ago, the President of Burma, U Thein Sein, has proved himself the architect of one of the most unlikely democratic transitions anywhere in the world.

It's been an amazing balancing act. He's had to keep on board the ex-generals who still dominate government, as well as army chiefs, top businessmen, the opposition parties — including the largest, led by Nobel laureate Daw Aung San Suu Kyi — and a young and dynamic civil society.

U Thein Sein, 67, is trying to perform a triple act of moving toward democratic government, overhauling one of the world's most backward economies and negotiating an end to over a dozen long-standing ethnic conflicts, all while the country remains under punishing sanctions.

And whether or not he succeeds will be important not just for Burma's 55 million people but for all of Asia.

Burma was until just recently a byword for almost every early 21st century ill. But if U Thein Sein gets his way, it may soon become a model for peaceful democratic change.

Thant Myint-U is a Burmese historian and author


Read more: http://www.time.com/time/specials/packages/article/0,28804,2111975_2111976_2112089,00.html #ixzz1sPINAWnJ


ဒေါ်အောင်ဆန်းစုကြည် လာမည့်ဇွန်လတွင် နော်ဝေနှင့် ဗြိတိန်နိုင်ငံတို့သို့ သွားရောက်လည်ပတ် မည်...။


ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် လာမည့်ဇွန်လတွင် နော်ဝေနှင့် ဗြိတိန်နိုင်ငံတို့သို့ သွားရောက်လည်ပတ် မည်ဖြစ်ကြောင်း အေအက်ဖ်ပီနှင့် ရိုက်တာသတင်းဌာနများက သတင်းဖော်ပြသည်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးထံ
သို့ ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံ၊ အော်စလိုမြို့သို့ လာမည့်ဇွန်လတွင် လာရောက်လည်ပတ်မည့် ခရီးစဉ်နှင့်ပတ်သက်၍ တနင်္ဂနွေနေ့တွင် ဆွေးနွေးခဲ့ကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားကြောင်း အေအက်ဖ်ပီသတင်းဌာနက သတင်းဖော်ပြထားသည်။
နော်ဝေအပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံသို့ပါသွားရောက်မည်ဖြစ်ကြောင်း NLD မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ကိုးကား၍ ရိုက်တာသတင်းဌာနကလည်း သတင်းရေးသားထားသည်။ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ မြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် လာမည့်ဇွန်လ၌ ဗြိတိန်လို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် ၂ နှစ်က ထိုသို့ဖိတ်ကြားပါက ဖိတ်ကြားသည့်အတွက် ကျေးဇူးတင်သည်ဟုသာ ပြောနိုင်ပြီး မလာနိုင်ဟု ပြန်ဖြေမည်ဖြစ်ကာ လက်ရှိအခြေအနေတွင် ခရီးစဉ်မှာဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

NLD မှ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦးသို့ 7Day News က ဆက်သွယ်မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားကြောင်း ပြန်လည်ဖြေကြားသည်။
7Day News
Share on facebook Share on twitter Share on email Share on print More Sharing Services 6
သစ်ထူးလွင်

သဘာဝဘေးပြဿနာ ပညာရေးကောလိပ် သင်ရိုးများတွင် ထည့်သွင်းရန် စီစဉ်နေ...။


အခြေခံပညာ အဆင့်ကျောင်းများတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဘာသာရပ်တစ်ခုအား ထည့်သွင်း သင်ကြားသွားမည့်အပြင် ပညာရေး ကောလိပ်များတွင်လည်း ထည့်သွင်းသင်ကြားသွားရန် ပညာရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သဘာဝဘေး အန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကလေးသူငယ်များအပေါ် ရင်းနှီးမြှုပ်နှံခြင်းသည် ဆတိုးအကျိုးသက်ရောက်မှုများရှိကြောင်း ၄င်းတို့သည် သဘာဝဘေးလျော့ပါး ရေးနှင့် ပတ်သက်သည့် ဗဟုသုတနှင့် ကျွမ်းကျင်မှုတို့ကို မိဘများထံ အသိပေးပြောဆိုနိုင်ကြပြီး ကလေးများကိုယ်တိုင် မိဘများနေရာသို့ ရောက်ရှိ လာသောအခါ၌ သူတို့၏ ကလေးများအား အသိပညာပြန်လည်ဝေငှ နိုင်မည်ကြောင်း၊ သာဓကအားဖြင့် ၂ဝဝ၄ ခုနှစ်က ဖြစ်ပွားခဲ့သော ဆူနာမီရေလှိုင်း သဘာဝဘေးဒဏ်၌ အိန္ဒိယနိုင်ငံမှ ကလေးငယ်တစ်ဦးဖြစ်သူ တီလီစမစ်သည် ဆူနာမီ၏ ဝိသေသလက္ခဏာများအား သိရှိထားသည့်အတွက် လူရာပေါင်းများစွာ အသက်ချမ်းသာရာရခဲ့ကြောင်း သဘာဝဘေး အန္တရာယ်ကာကွယ်စောင့်ရှောက် ရေး ကော်မတီမှ သိရသည်။ ၂ဝဝဝ ပြည့်နှစ်မတိုင်မီမှ စတင်၍ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် ယူနီဆက်နှင့် ပူးပေါင်း၍ မူလတန်းအဆင့်ဘဝ တွက်တာ ကျွမ်းကျင်စရာ ဘာသာရပ် သင်ရိုးမာတိကာ၌ သဘာဝဘေးအန္တရာယ် ဖြစ်ပွားရသည့် အခြေခံအကြောင်းရင်းများနှင့် ဆိုးကျိုးများ စသောသဘာဝဘေးအန္တရာယ် ဆိုင်ရာ သင်ခန်းစာကို ထည့်သွင်း ပြဋ္ဌာန်းခဲ့ကြောင်း၊ အလယ်တန်း အဆင့်ဖြစ်သော ၅တန်း၊ ၆ တန်း၊ ၇ တန်း စသည့် ဘာသာရပ်သင် ရိုးများကို ပြန်လည်ရေးဆွဲရာ၌ လည်း သဘာဝဘေးအန္တရာယ် ဆိုင်ရာ သင်ခန်းစာများအား ထည့် သွင်းခဲ့သည့်အပြင် လက်ရှိအသုံး ပြုနေသော တက္ကသိုလ်ဝင်တန်း ပထဝီဝင်ဘာသာရပ်၊ ၉ တန်း အင်္ဂလိပ်စာနှင့် ၇ တန်း သိပံ္ပဘာသာရပ်များတွင်လည်း သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ဗဟုသုတများ ထည့်သွင်းခဲ့ကြောင်း၊ ထို့အပြင် UNESCO နှင့် ပူးပေါင်း၍ ပညာရေးနယ်ပယ်၌ သဘာဝဘေး လျော့ပါးရေး အတွက် စွမ်းရည်မြှင့် တင်ခြင်း၊ ပြန်လည်ထူထောင်ရေး နှင့် ကယ်ဆယ်ရေးစသော လုပ်ငန်း များတွင် ကလေးသူငယ်များ ပါဝင် လာစေရန်အတွက် ပညာရေးကဏ္ဍ ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ဆောင်ရွက်နေကြောင်း သိရသည်။ ”အစိုးရ၊ UNICEF၊ UNESCO တို့က ပညာရေးကျွမ်းကျင် သူတွေ အဓိကပါဝင်တဲ့အဖွဲ့ကိုဖွဲ့ပြီး ပညာရေးကောလိပ်တွေရဲ့ လက်ရှိသင်ရိုးညွှန်းတမ်းကို လေ့လာမယ်။ ပြီးရင် သဘာဝဘေးလျော့ပါးရေး အမြင်ကို ထည့်သွင်း ပေါင်းစပ်နိုင်မယ့်နေရာကို ရှာဖွေထည့်သွင်း သွားဖို့ရှိပါတယ်။ လိုအပ်လို့ရှိရင် UN-Habitat, Save the Children, Action Aid, World Vision, မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့အပြင် အခြားအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများရဲ့ အကြံဥာဏ်နဲ့ အကူအညီကိုလည်း ယူသွားမယ်။ ပြီးရင် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနဲ့ တုံ့ပြန်ရေးပညာပေးအစီအစဉ် လုပ်ငန်းအဖွဲ့က ပြန်လည်ပြင်ဆင် ထားတဲ့ သင်ရိုးညွှန်းတမ်းကို ရွေးချယ်ထားတဲ့ ပညာရေးကောလိပ်များမှာ စမ်းသပ်သင်ကြားသွားမယ်။ သင်ရိုးညွှန်းတမ်းကို အတည်မပြုခင် မှာ နောက်ဆုံးမူကြမ်းကို ပိုမို ကျယ်ပြန့်တဲ့ တိုင်ပင်ဆွေးနွေးပွဲမှာ တင်ပြပြီး အကြံဥာဏ်ယူသွားမယ်” ဟု ၄င်းကပြောသည်။ အဆိုပါစီမံကိန်းတွင် အခြေခံ ပညာဦးစီးဌာနအောက်ရှိကျောင်းများ၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိပညာရေးကောလိပ်များ အားလုံးနှင့် မြန်မာတစ်နိုင်ငံ လုံး အတွက်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ကျောင်းတိုင်းတွင် အကောင်အထည် ဖော်နိုင်ရန်အတွက် ၅နှစ် ကြာမြင့်မည် ဖြစ်ကြောင်းသိရသည်။
သတင်း - ပေါ်ပြူလာ
သူရထွန်း


Tuesday, April 17, 2012

ရထားဝန်ကြီး ဦးအောင်မင်း နော်ဝေးနိုင်ငံကို ရောက်ရှိ


သမ္မတဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ မီးရထားဝန်ကြီးဦးအောင်မင်းဟာ နော်ဝေးနိုင်ငံအော်စလိုမြို့ကို မနေ့က ရောက်ရှိလာပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့မြန်မာအစိုးရကြား အပစ်အခတ် ရပ်စဲရေးတွေ့ဆုံဆွေးနွေးနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး နော်ဝေအစိုးရကို ရှင်းလင်းပြောဆိုဖို့
ဖြစ်တယ် လို့ နော်ဝေး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် နော်ဝေးနိုင်ငံဘက်က မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းလိုက်တာရဲ့ အကျိုးသက်ရောက်မှု တစ်ရပ် ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အလားတူ ကေအင်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗိုလ်မှူး တူးတူးလေး လည်း ညှိနှိုင်းဆွေးနွေးရေး သင်တန်း တက်ရောက်ဖို့ နော်ဝေးနိုင်ငံကိုရောက်ရှိနေပါတယ်။ ယော်ဗစ်မြို့က နော်ဝေး-မြန်မာ မိတ်ဆွေများအသင်းနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်မှူး တူးတူးလေး က အခုလို ၀န်ကြီးဦးအောင်မင်း ရောက်ရှိ နေချိန်အတွင်း နော်ဝေးရောက် မြန်မာတိုင်းရင်းသားများအနေနဲ့ မြန်မာအစိုးရ ကို ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ အတွက် အခုထက်ပိုပြီး ဆောင်ရွက်ဖို့ တိုက်တွန်းသင့်ကြောင်းပြောဆိုခဲ့တယ်လို့ အသင်းဝင် ဦးဇော်ဝင်း က ပြောပါတယ်။

နော်ဝေးအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တွေ့ဆုံ ဆွေးနွေးရေးကိစ္စ တွေမှာပါဝင်ကူညီလိုတဲ့ ဆန္ဒရှိကြောင်းနော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြောဆိုပါတယ်။

မြန်မာအစိုးရအပေါ် ဗီဇာပိတ်ပင်ထားတာနဲ့ ရင်းနှီးမြှုပ်နှံမှုပိတ်ပင်ထားတာတွေကို ရုတ်သိမ်းကြောင်း နော်ဝေးအစိုးရက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လက်နက်ရောင်းချရေးနဲ့၊ ကျောက်မျက်၊သတ္ထု၊ သစ် စတဲ့ ကုန်သွယ်မှု ကဏ္ဍကိုတော့ နော်ဝေးနိုင်ငံက ဆက်လက် ပိတ်ပင် ထားမှာ ဖြစ်ပါတယ်...

ဥရောပသမဂ္ဂ အီးယူ ဟာ လာမယ့်ဧပြီလ (၂၃)ရက်နေ့မှာမြန်မာ့အရေးဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်။