ဇွန်လ ၁၅ ရက် ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့ရှိ ဆွစ်ပါလီမန်သို့
သွားရောက်လေ့လာခဲ့သည်။ ထိုနေ့မှာပင် နော်ဝေး နိုင်ငံ အော်စလိုမြို့သို့
သွားရောက်၍ နော်ဝေးဝန်ကြီးချုပ် Jens Stoltenberg နှင့် တွေ့ဆုံခဲ့သည်။
ဇွန်လ ၁၆ ရက်နေ့တွင် အော်စလိုမြို့တွင် ၁၉၉၁ ခုနှစ်၌ ရရှိခဲ့သော
ငြိမ်းချမ်းရေးနိုဘယ်ဆုကို လက်ခံယူပြီး မိန့်ခွန်းပြောကြားခဲ့ရာ
ကမ္ဘာ့နိုင်ငံအ သီးသီးမှ ပြည်သူများ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည်။
အင်္ဂလိပ်ဘာသာဖြင့် စာလုံးပွိုင့် ၁၂၊ အေဖိုးစက္ကူ(A-4) ၄ မျက်နှာရှိသော
ဒေါ်အောင်ဆန်းစုကြည်၏ နိုဘယ်ဆု လက်ခံမိန့်ခွန်းထဲ၌-
“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေဟာ ယူနီဗာဆယ် မဖြစ်သေးတာတောင်၊ အားလုံးရဲ့ မွေးရာပါအခွင့်အ လမ်းလို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြတဲ့ခေတ်မျိုးမှာ နေထိုင်လာတဲ့အတွက် ကံကောင်းတယ်လို့ ဆိုရပါမယ်။
“… ကျမတို့နေထိုင်ရာ ကမ္ဘာကြီးကို အလုံးစုံငြိမ်းချမ်းရေးမလုပ်နိုင်သေးပေမယ့်
ငြိမ်းချမ်းရေးကို ဦးတည်တဲ့ခရီး ကို ကျမတို့မသွေမဖည် ဆက်သွားရမှာပဲ။
ကန္တာရခရီးသွားရဲ့ မျက်လုံးတွေဟာ လမ်းပြကြယ်ကို မမှိတ်မသုန်ကြည့်ပြီး ကျ
မတို့ ဆက်သွားနေရမှာပါ။ ကမ္ဘာမြေကြီး အကြွင်းမဲ့ငြိမ်းချမ်းရေးကို မစွမ်းဆောင်နိုင်ကြဘူးဆိုတောင်မှ
လူတစ်ဦးချင်းစီက နေ တစ်နိုင်ငံချင်းစီအထိ ငြိမ်းရေးရဖို့
လုပ်ဆောင်နိုင်သမျှ လုပ်ကြရပါမယ်။ ယုံကြည်စိတ်ချမှုနဲ့ ရင်းနှီးခင်မင်မှုက
လုံခြုံငြိမ်း အေးပြီး အကြင်နာတရားတွေ လွှမ်းခြုံတဲ့လူ့အသိုင်းအဝို င်တစ်ရပ် ဖြစ်ပေါ်တည်ဆောက်လာနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။”
“… ကျမတို့ရဲ့ မြင့်မြင့်မားမား နောက်ပိုင်းရည်မှန်းချက်အနေ နဲ့ဆိုရင် နေထိုင်စရာမြေမရှိသူတွေ၊ အိုးမဲ့အိမ်မဲ့တွေနဲ့ မျှော်လင့်ချက် ပျက်သုဉ်းပျောက်ဆုံးနေသူတွေ ကင်းမဲ့ရာကမ္ဘာကြီးအဖြစ် ဖန်တီးတည်ဆောက်နိုင်ကြဖို့ပဲ
ဖြစ်သင့်ပါတယ်။ အဲဒီကမ္ဘာကြီးမှာ လူတိုင်းဟာ လွတ်လပ်မှု၊ ငြိမ်းချမ်းစွာ
နေထိုင်ခွင့်ရပိုင်မှု၊ နေရာဒေသမရွေး တည်ငြိမ်မှုတွေ ဖြစ်လာနိုင်ကြ စေဖို့ပါ။
တွေးခေါ်မှုတိုင်း၊ စကားလုံးတိုင်းနဲ့ ပြုမူဆောင်ရွက်မှုတိုင်းဟာ
ငြိမ်းချမ်းရေးအတွက် ဦးတည်ရည်ရွယ်ပါဝင်ကြတဲ့ အပြုသဘော အပေါင်းလက္ခဏာတွေ
ထပ်တိုးထည့်ကြဖို့ပါ။ ကျမတို့အားလုံး တစ်ဦးချင်း၊ တစ်ယောက်ချင်းစီအနေနဲ့
ဒီလို ဖြစ်အောင် စွမ်းဆောင်နိုင်ကြပါတယ်။ လုံခြုံအေးချမ်းစွာ
နိုးထလာနိုင်ကြပေမယ့် ငြိမ်းချမ်းသောကမ္ဘာကြီး ဖန်တီးတည် ဆောက်ဖို့
ကြိုးစားကြရာမှာ ကျမတို့လက်တွေ ခိုင်ခိုင်မာမာ တွဲထားကြပါစို့လား”ဟူ၍
ပြောကြားသွားသည်။ ထို့နောက် နော်ဝေးနိုင်ငံ ဘာဂျင် (Bergen)မြို့၌ ၁၉၉၁
ပြည်နှစ်က ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ခဲ့သော လူ့အခွင့်အရေးဆိုင်ရာ
Rafto ဆုကို လက်ခံရယူခဲ့သည်။ ယင်းနောက် အိုင်ယာလန်သမ္မတနိုင်ငံ
ဒဗ်ဗလင်မြို့သို့သွား၍ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ၏ Ambassador of Conscience ဘွဲ့ထူးကို U2 ဂီတအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဘို နိုပေးအပ်သည်ကို လက်ခံရယူခဲ့သည်။
ဆုပေးပွဲ၌ ယူတူးဂီတအဖွဲ့ခေါင်းဆောင် အိုင်းရစ်အဆိုတော် ဘိုနိုက-
“ကျနော် အရမ်းအထင်ကြီးလေးစားမိတာက အကြမ်းဖက်မှုကင်းတဲ့သူတို့ရဲ့ 
အနေအထားကိုပါ။ ဒေါ်အောင်ဆန်း စုကြည်နဲ့ကျမှ ငြိမ်းချမ်းရေးဆိုတာ
ကျနော်တို့အနီးအနားမှာ စစ်ပွဲမရှိခြင်းဆိုတာထက် ကျနော်တို့အချင်းချင်း
စစ်မဖြစ်ခြင်း ကို ဆိုလိုတာလို့ သဘောပေါက်မိပါတယ်”ဟု ပြောကြားသွားသည်။
ထိုမှတဖန် ဇွန်လ ၁၉ ရက်နေ့တွင် လန်ဒန်စီးပွားရေးတက္ကသိုလ်သို့ တက်ရောက်၍ စီးပွားရေးပညာရှင်များနှင့် အ တူ ၂၀ ရက်နေ့တွင် အောက်စ်ဖို့ဒ်တက္ကသိုလ် အန်ဘေးနီးယားအထိမ်းအမှတ်ဘွဲ့ နှင်းသဘင်ခန်းမကြီး၌
ချီးမြှင့်ခဲ့သော ဂုဏ် ထူးဆောင်ဘွဲ့ကို လက်ခံရယူခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးနှင့် ဘောဂဗေဒပညာရပ်များ လေ့လာသင်
ယူခဲ့သည်။ နောက်ပိုင်းတွင်လည်း တိဗက်ရေးရာပညာရှင် ခင်ပွန်းသည်မိုက်ကယ်အဲရစ္စ
သားများဖြစ်ကြသော အလက် ဇန္ဒား(မြင့်ဆန်းအောင်)၊ ကင်မ်(ထိန်လင်း)
တို့နှင့်အတူ အောက်စ်ဖို့ဒ်၌ပင် နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်ခဲ့သည်။
ယခုဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ၁၉၉၃ ခုနှစ်ကတည်းက ရရှိသော်လည်း စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ်ချထားမှုကြောင့် ယခုမှ ကိုယ်တိုင်တက်ရောက်ရယူနိုင် ခြင်းဖြစ်သည်။
သူနှင့်အတူ ဘွဲ့ယူသူစုစုပေါင်း (၈)ဦးရှိရာ ဒေါ်အောင်ဆန်းစုကြည်
စင်မြင့်ထက်တက်၍ တက်ရောက်လာကြသော ပရိသတ်အားလုံးက မတ်တတ်ရပ်ပြီး
အချိန်ကြာမြင့်စွာ လက်ခုပ်သြဘာ ပေးခဲ့ကြသည်။
ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ထင်ရှားကျော်ကြားသူများကိုသာ ဂုဏ်ပြုချီးမြှင့် ဘွဲ့အပ်နှင်းလေ့ရှိသည်။
ဇွန်လ ၂၁ ရက်နေ့တွင် ဗြိတိသျှပါလီမန်၌ သမိုင်းဝင်မိန့်ခွန်းမပြော ကားမီ
ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်ဝန် ကြီးချုပ် ဒေးဗစ်ကင်မရွန်းအား
နာမည်ကျော် အမှတ် ၁၀၊ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်၌
သွားရောက်တွေ့ဆုံပြီး ပူး တွဲသတင်းစာရှင်းလင်းပွဲတစ်ရ ပ်
ပြုလုပ်ခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်အား
“ခွန်အားသတ္တိနှင့် မျှော် လင့်ချက်တို့၏ ဂလိုဘယ်သင်္ကေတ”ဟု
တင်စားသုံးစွဲခဲ့ပြီး ၂၄ နှစ်ကျော်ကာလအတွင်း အင်္ဂလန်ပြည်သို့ ပထမဆုံးအကြိမ်
ပြန်ရောက်လာခဲ့ခြင်းကို ဝမ်းသာကြောင်း ပြောကြားခဲ့သည်။
ထိုနေ့မှာပင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးသို့ သွားရောက်၍ ဝန်ကြီးဝီလျံဟိဂ်နှင့် တွေ့ဆုံခဲ့သလို ဗြိတိသျှအိမ်ရှေ့စံဝေလမင်းသား
ချားလ်နှင့် ကြင်ယာတော်တို့ကို ကလားရင့်စ်စံတော်အိမ်၌ သွားရောက်
တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ထို့နောက် ၁၁ ရာစုနှစ်ကတည်းက တည်ဆောက်ခဲ့ပြီး
သက်တမ်းနှစ်ပေါင်း ၉၀၀ ကျော်ရှိ ဝက်စ်မင်စတာနန်း တော်ကြီး၌ တည်ရှိသော
ဗြိတိသျှအထက်နှင့် အောက်လွှတ်တော် နှစ်ရပ်စုပေါင်းထားရာ House of Commons
ခေါ် ဗြိတိ သျှပါလီမန်၌ သမိုင်းဝင်မိန့်ခွန်းပြောကြားခဲ့သည်။
ယခုကဲ့သို့ ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောခဲ့ဖူးသော အမျိုးသမီးဟူ၍
ဒုတိယမြောက်အယ်လ်လီဇဘက်စ် ဘုရင်မကြီးသာရှိသည်။ အာရှတိုက်သား
မြန်မာဦးသန့်သည် မိန့်ခွန်းပြောကြားခဲ့ဖူး သော်လည်း
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးအဖြစ်
(ထိုစဉ်ကလ မ္ဘာလိုအပ်ချက်အရ) ပြောခဲ့ခြင်းဖြစ်သည်။ ဒုတိယ
ကမ္ဘာစစ်နောက်ပိုင်း ဗြိတိသျှပါလီမန်၌ မိန့်ခွန်းပြောခွင့်ရသော
ဗြိတိသျှနိုင်ငံသား မဟုတ်သူ၊ နိုင်ငံတကာအထင်ကရပုဂ္ဂိုလ် ၄ ဦးသာရှိပြီး၊
အမေရိကန်သမ္မတ ဘားရက်အိုဘားမား၊ ၁၆ ဆက်မြောက်ပုပ်ရဟန်းမင်းကြီး
ဘင်နီဒစ်၊ တောင်အာဖရိက သမ္မတ နယ်လ်ဆင်မင်ဒဲလားနှင့် ပြင်သစ်သမ္မတ
ချားလ်ဒီဂေါတို့သာရှိသည်။ ဗြိတိသျှပါလီမန်၏ အောက်လွှတ်တော်ဥက္ကဋ္ဌ
ဂျွန်ဘားကောင်းက ဒေါ်အောင်ဆန်းစုကြည်အား “တိုင်းနိုင်ငံတစ်ခု၏
ယုံကြည်ချက်နှင့် လူသားဖြင်အင်အတွက် ပမာပြုရ မည့်သူရဲကောင်း”ဟူ၍
တင်စားသုံးနှုန်း မိတ်ဆက်စကားပြောကြားသွားသည် ။
ဒေါ်အောင်ဆန်းစုကြည်ကမူ-
“မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီကို ပြန်လည်ထူထောင်ဖို့ ကျမတို့မှာ အခွင့်အလမ်းတစ်ရပ်ရှိလာပါပြီ။
ဒါဟာ ဆယ်စုနှစ်ချီပြီး ကျမတို့ စောင့်စားခဲ့ရတဲ့ အခွင့်အရေးပါ။
ဒီလိုအခွင့်အရေးကိုသာ ကျမတို့ အသုံးမချရင်၊ ဒီအချိန်လေးမှာမှ
ဒီအခွင့်အရေးရမလာရင် ဒီလိုအခွင့်အရေးမျိုးရလာဖို့  ဆယ်စုနှစ်တွေပိုပြီး ကြာနေဦးမှာပဲ”ဟူ၍ ပြောကြားခဲ့သည်။
ဇွန်လ ၂၆ ရက်န့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံပါရီမြို့သို့  လန်ဒန်မြို့မှ ရေလက်ကြားဖြတ် အ မြန်ရထားဖြင့် သွားရောက်ခဲ့ရာ ပါရီမြို့တွင် ပြင်သစ်ဖွံ့ဖြိုးရေးဝန်ကြီး အဖွဲ့က ကြိုဆိုခဲ့သည်။ ထိုနေ့ညနေပိုင်းမှာပင် ပြင် သစ်သမ္မတ ဖရန်ဆွာအော်လန်းနှင့်တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ လက်ရှိမြန်မာနိုင်ငံရေး အခြေအ နေများနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က-
“တကယ့်ဒီမိုကရေစီအခြေခံဆိုတာ
လူထုပါ။ ဒါကြောင့် လူထုကို စွမ်းရည်မြှင့်တင်ပေးမယ့် အကူအညီမျိုးတွေ လို
အပ်ပါတယ်။ ပြည်သူလူထုရဲ့ လုပ်နိုင်စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်အောင်
လုပ်ပေးမယ့်အကူအညီမျိုးတွေ၊ အခွင့်အလမ်း သစ်တွေ ဖန်တီးပေးမယ့် အကူအညီမျိုးတွေ လိုအပ်ပါတယ်”ဟု ပြောဆိုခဲ့သည်။ ထို့အပြင် နိုင်ငံတကာ အကူအညီများနှင့် ပတ်သက်၍-
“ရင်းနှီးမြှုပ်နှံမှုအားလုံး ကို
ကျမလက်ခံတယ်လို့တော့ မပြောနိုင်ပါဘူး။ ကျမတို့လိုချင်တာကို
ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ။ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒီမိုကရေစီကို
အထောက်အကူပြုရမယ်။ လူ့အခွင့်အရေးကို အထောက်အကူပြုရ မယ်။
သဘာဝပတ်ဝန်းကျင်းနဲ့ လူ့အခွင့်အရေးကို ထိန်းသိမ်းကာကွယ်မယ့်ကျင့်ဝ တ် အပြည့်အဝ စောင့်စည်းမယ့်အခြေခံ ပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ပါ”ဟူ၍ ပြောဆိုသည်။ ယင်းနာက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည်သည် ဥရောပငါးနိုင်ငံသို့ အစိုးရများ၏ ဖိတ်ကြားချက်အရ ၁၈ ရက်ကြာ ခရီးလှည့်လည်သွားရောက်ခဲ့ပြီး နောက် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထိုင်းနိုင်ငံမှတ ဆင့် ပြန်လည်ရောက်ရှိလာခဲ့သည်။
ဇူလိုင်လ ၉ ရက်နေ့တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့အစီအစဉ်ကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ခန်းမတွင်လည်းကောင်း၊ ပထမအကြိမ်အမျိုးသားလွှတ်တော် အစည်းအဝေးကို အမျိုး သားလွှတ်တော်ခန်းမတွင် ကျင်းပရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်လွှတ်တော်ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြသည်။
ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည် တက်ရောက်၍ လွမ်းသူ့ပန်းခွေချအလေးပြု၍ ဂါရဝပြုခဲ့သည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသစ်ကို ဖွဲ့စည်းလိုက်ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရွှေမန်းက လွှတ်တော်အစည်းအဝေးတွင် ကြေညာခဲ့သည်။
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဝင်များမှာ -
(၁) ဒေါ်အောင်ဆန်းစုကြည် (ကော့မှူးမဲဆန္ဒနယ်) – ဥက္ကဋ္ဌ
(၂) ဦးဝင်းမြင့် (ပုသိမ်မဲဆန္ဒနယ်) – အတွင်းရေးမှူး
(၃) ဦးမန်းမောင်မောင်ဉာဏ် (ပန်းတနော်မဲဆန္ဒနယ်) – အဖွဲ့ဝင်
(၄) ဦးမင်းဆွေ (ဒိုက်ဦးမဲဆန္ဒနယ်) – အဖွဲ့ဝင်
(၅) ဒေါ်ဒွဲဘူ (အင်ဂျန်းယန်မဲဆန္ဒနယ်) – အဖွဲ့ဝင်
(၆) ဦးစိုင်းထွန်းစိန် (မိုင်းပြင်းမဲဆန္ဒနယ်) – အဖွဲ့ဝင်
(၇) ဒေါက်တာရိုအုပ် (မတူပီမဲဆန္ဒနယ်) – အဖွဲ့ဝင်
(၈) ဦးခင်မောင်မြင့် (ဇီးကုန်းမဲဆန္ဒနယ်) – အဖွဲ့ဝင်
(၉) ဒေါ်မိယဉ်ချမ်း(ကျိုက်မရောမဲ ဆန္ဒနယ်) – အဖွဲ့ဝင်
(၁၀) ဒေါ်လဲ့လဲ့ဝင်းဆွေ (တာမွေမဲဆန္ဒနယ်) – အဖွဲ့ဝင်
(၁၁) ဒေါ်ခင်စောဝေ (ရသေ့တောင်မဲဆန္ဒနယ်) – အဖွဲ့ဝင်
(၁၂) ဦးနယ်လ်ဆင်(ခ)ဦးဆောင်ဆီ (ကျောက်မဲမဲဆန္ဒနယ်) – အဖွဲ့ဝင်
(၁၃) ဦးသိန်းညွန့် (သင်္ကန်းကျွန်းမဲဆန္ဒနယ်) – အဖွဲ့ဝင်
(၁၄) ဒေါက်တာဇော်မြင့် (ကျောက်ပန်းတောင်းမဲဆန္ဒနယ်) – အဖွဲ့ဝင်
တို့ဖြစ်ကြသည်။
မည်သို့ဆိုစေ “Resistance; Toward a Freedom Burma” စာအုပ်ကို ရေးသားခဲ့သော Stephene Hessel နှင့် Frederic Debomy တို့က ဒေါ်အောင်ဆန်းစုကြည်အား “သံမဏိလိပ်ပြာ”ဟု တင်စားခေါ်ဝေါ်ခဲ့ပြီး “သူမ၏လူ့အခွင့်အရေး နှင့် နိုင်ငံသားအခွင့်အရေးများအတွက်
ချဉ်းကပ်ပုံမှာ တဆင့်ပြီးတဆင့် ပုံမှန်သာဖြစ်ပြီး အကြမ်းမဖက်သည့်
ပုံစံမျိုးဖြစ် သည်။ သို့သော် နူးညံ့ပျော့ညံ့သော ပုံစံမျိုးမဟုတ်ဘဲ
ဇွဲသတ္တိကောင်းစွာဖြင့် ပြုလုပ်ခြင်းသာဖြစ်သည်။ ဤသည်မှာ သူမထံ မှ ကျနော်တို့
လေ့လာစရာများ ရရှိခဲ့ပါသည်”ဟု ရေးသားဖော်ပြထားလေသည်။
ထိုနည်းတူစွာ လန်ဒန်မြို့မှထုတ်ဝေသော ဖိုင်နယ်ရှယ်တိုင်းစတင်းစြာ ကီး၏ ခေါင်းကြီးပိုင်းတွင်လည်း “ပြည်သူ့လွှတ်တော်ကိုယ်စားလှ ယ်တစ်ဦး
ဖြစ်လာသော ဒေါ် အောင်ဆန်းစုကြည်သည် ယခုအခါ နိုင်ငံတကာနယ်ပယ်သို့
ဆွေးနွေးနေသည့်ပုံစံမှာ အစိုးရနှင့် အတိုက်အခံပုဂ္ဂိုလ်အနေ အထားထက်
အမျိုးသားခေါင်းဆောင်အသွင်ကို ပို၍ဆောင်လာသည်”ဟူ၍ ရေးသားဖော်ပြခဲ့လေသည်။
“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေဟာ ယူနီဗာဆယ် မဖြစ်သေးတာတောင်၊ အားလုံးရဲ့ မွေးရာပါအခွင့်အ လမ်းလို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြတဲ့ခေတ်မျိုးမှာ နေထိုင်လာတဲ့အတွက် ကံကောင်းတယ်လို့ ဆိုရပါမယ်။
“… ကျမတို့နေထိုင်ရာ ကမ္ဘာကြီးကို အလုံးစုံငြိမ်းချမ်းရေးမလုပ
“… ကျမတို့ရဲ့ မြင့်မြင့်မားမား နောက်ပိုင်းရည်မှန်းချက်အနေ
ဆုပေးပွဲ၌ ယူတူးဂီတအဖွဲ့ခေါင်းဆောင် အိုင်းရစ်အဆိုတော် ဘိုနိုက-
“ကျနော် အရမ်းအထင်ကြီးလေးစားမိတာက အကြမ်းဖက်မှုကင်းတဲ့သူတို့ရဲ
ထိုမှတဖန် ဇွန်လ ၁၉ ရက်နေ့တွင် လန်ဒန်စီးပွားရေးတက္ကသိုလ်သိ
ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ထင်ရှားကျော်ကြားသူများကိုသ
ဇွန်လ ၂၁ ရက်နေ့တွင် ဗြိတိသျှပါလီမန်၌ သမိုင်းဝင်မိန့်ခွန်းမပြော
ထိုနေ့မှာပင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြ
ဒေါ်အောင်ဆန်းစုကြည်ကမူ-
“မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီကို ပြန်လည်ထူထောင်ဖို့ ကျမတို့မှာ အခွင့်အလမ်းတစ်ရပ်ရှိလာပါပြ
ဇွန်လ ၂၆ ရက်န့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံပါရီမြို့သို
“တကယ့်ဒီမိုကရေစီအခြေခံဆိုတ
“ရင်းနှီးမြှုပ်နှံမှုအားလုံး
ဇူလိုင်လ ၉ ရက်နေ့တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့အစီအစဉ်ကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ခန်းမတွင်လည
ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည် တက်ရောက်၍ လွမ်းသူ့ပန်းခွေချအလေးပြု၍ ဂါရဝပြုခဲ့သည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသစ်ကို ဖွဲ့စည်းလိုက်ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရွှေမန်းက လွှတ်တော်အစည်းအဝေးတွင် ကြေညာခဲ့သည်။
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ
(၁) ဒေါ်အောင်ဆန်းစုကြည် (ကော့မှူးမဲဆန္ဒနယ်) – ဥက္ကဋ္ဌ
(၂) ဦးဝင်းမြင့် (ပုသိမ်မဲဆန္ဒနယ်) – အတွင်းရေးမှူး
(၃) ဦးမန်းမောင်မောင်ဉာဏ် (ပန်းတနော်မဲဆန္ဒနယ်) – အဖွဲ့ဝင်
(၄) ဦးမင်းဆွေ (ဒိုက်ဦးမဲဆန္ဒနယ်) – အဖွဲ့ဝင်
(၅) ဒေါ်ဒွဲဘူ (အင်ဂျန်းယန်မဲဆန္ဒနယ်) – အဖွဲ့ဝင်
(၆) ဦးစိုင်းထွန်းစိန် (မိုင်းပြင်းမဲဆန္ဒနယ်) – အဖွဲ့ဝင်
(၇) ဒေါက်တာရိုအုပ် (မတူပီမဲဆန္ဒနယ်) – အဖွဲ့ဝင်
(၈) ဦးခင်မောင်မြင့် (ဇီးကုန်းမဲဆန္ဒနယ်) – အဖွဲ့ဝင်
(၉) ဒေါ်မိယဉ်ချမ်း(ကျိုက်မရောမဲ
(၁၀) ဒေါ်လဲ့လဲ့ဝင်းဆွေ (တာမွေမဲဆန္ဒနယ်) – အဖွဲ့ဝင်
(၁၁) ဒေါ်ခင်စောဝေ (ရသေ့တောင်မဲဆန္ဒနယ်) – အဖွဲ့ဝင်
(၁၂) ဦးနယ်လ်ဆင်(ခ)ဦးဆောင်ဆီ (ကျောက်မဲမဲဆန္ဒနယ်) – အဖွဲ့ဝင်
(၁၃) ဦးသိန်းညွန့် (သင်္ကန်းကျွန်းမဲဆန္ဒနယ်) – အဖွဲ့ဝင်
(၁၄) ဒေါက်တာဇော်မြင့် (ကျောက်ပန်းတောင်းမဲဆန္ဒနယ်)
တို့ဖြစ်ကြသည်။
မည်သို့ဆိုစေ “Resistance; Toward a Freedom Burma” စာအုပ်ကို ရေးသားခဲ့သော Stephene Hessel နှင့် Frederic Debomy တို့က ဒေါ်အောင်ဆန်းစုကြည်အား “သံမဏိလိပ်ပြာ”ဟု တင်စားခေါ်ဝေါ်ခဲ့ပြီး “သူမ၏လူ့အခွင့်အရေး နှင့် နိုင်ငံသားအခွင့်အရေးများအတ
ထိုနည်းတူစွာ လန်ဒန်မြို့မှထုတ်ဝေသော ဖိုင်နယ်ရှယ်တိုင်းစတင်းစြာ
LWIN PWIN
0 ယောက် အကြံပြုထားပါသည်:
Post a Comment