Saturday, September 29, 2012

ကမ္ဘာ့ထိပ်တန်း နိုင်ငံ့ခေါင်းဆောင်အဆင့်ဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် – အပိုင်း(၁)(၂)

 အပိုင်း (၁)
ကမ္ဘာ့ထိပ်တန်း နိုင်ငံ့ခေါင်းဆောင်အဆင့်ဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် By ရွှေပြည်စိုး

ကမ္ဘာ့ထိပ်တန်း နိုင်ငံ့ခေါင်းဆောင်အဆင့်ဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဟုဆိုသည်နှင့် မည်သူဖြစ်မည်ကို ချက်ချင်းသိမည်ဟု ယုံကြည် ပါသည်။ ထိုပုဂ္ဂိုလ်သည် ၂၁ ရာစု မြန်မာ့သမိုင်းတွင် တစ်ဦးတည်းသောကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် မြန်မာ့လူ့အခွင့်အရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါသည်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်များ အဓိကရှိအပ်သည့်အ ရည်အချင်းများမှာ ….
၁။ ဉာဏ်ပညာ အရည်အချင်း
၂။ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်
၃။ မိမိအကျိုးထက် နိုင်ငံအကျိုးကို ဦးစားပေးဆောင်ရွက်စိတ် စသည်တို့ရှိရန် လိုအပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် သည်ထိုကဲ့သို့သောအရည်အချင်းနှင့် ပြည့်စုံသည့်အပြင် ကိုယ်ကျိုးစွန့်၊အနစ်နာခံ စည်းစိမ်ဥစ္စာစွန့်၊ မိသားစုစွန့်၊ နောက်ဆုံး အသက်ကိုပါစွန့်ရန် ဆုံးဖြတ်ထားပြီးသူဖြစ်သည်။ ဤအချက်များသည် အခြားသောကမ္ဘာ့ခေါင်းဆောင်များထက် သာလွန်သော အချက်များဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် မည်သို့ကမ္ဘာ့ထိပ်တန်းနိုင်ငံ့ခေါင်းဆောင်အဆင့်ဝင်ဖြစ်လာသည်ကိုမပြောမီ ဒေါ်စု၏ မိဘ နှစ်ပါးအကြောင်းကို ရှေးဦးစွာအကျဉ်းချုံး၍တင်ပြပါမည်။

● ဖခင် ဗိုလ်ချုပ်အောင်ဆန်း

ဒေါ်အောင်ဆန်းစုကြည်၏ဖခင်သည် တပ်မတော်ဖခင် လွတ်လပ်ရေးဗိသုကာ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် မြန်မာ သာမက ကမ္ဘာကပါ အသိအမှတ်ပြုခံရသူဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘဝကတည်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌ (တကသ) ၏အာဘော်ဖြစ်သော အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ဗကသ) ဥက္ကဌအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ကျောင်းသားဘဝကနေ နိုင်ငံရေးလောကသို့ကူးပြောင်းရာတွင်လည်း သခင်ကိုယ်တော်မှိုင်းဦးဆောင်သော ဒို့ဗမာအစည်း အရုံး (၁၉၃၈-၄၀)၊ ဗမာ့ထွက်ရပ်ဂိုဏ်း (၁၉၃၉ – ၄၀) အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သည်။ ဖဆပလပါတီ တည်ထောင်ရာတွင်လည်း ခေါင်းဆောင်တစ်ဦးအဖြစ်ပါဝင်ခဲ့ပါသည်။ ထိုသို့ မြန်မာ့လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်မှုများကြောင့် ၁၉၄၃ တွင်ဂျပန် ဧက ရာဇ်ဘုရင် Akihito က ဗိုလ်ချုပ်အောင်ဆန်းအား ဂျပန်သို့ဖိတ်ခေါ်ပြီး the Order of The Rising Sun ဘွဲ့ကိုချီးမြှင့်ခဲ့သည်။

● မိခင် ဒေါ်ခင်ကြည်

ဒေါ်ခင်ကြည်သည်မွန်မြတ်သော သူနာပြုအလုပ်ဖြင့်လုပ်ကိုင်ရင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ၁၉၄၂ ခုစက်တင်ဘာလတွင် အိမ်ထောင်ပြု သည်။ ဒေါ်ခင်ကြည်သည် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်ပြီးနောက် ၁၉၆၀ ပြည့် မေလတွင်အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အ မတ်ကြီးအဖြစ် ခန့်အပ်ခံရသည်။ ဇွန်လတွင် နီပေါနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ပေးအပ်ခြင်းခံရသည်။
ဒေါ်ခင်ကြည်သည် မြန်မာအမျိုးသမီးလောကတွင် ပထမဆုံးနှင့်တစ်ဦးတည်းသော အမျိုးသမီးသံအမတ်ကြီအဖြစ် မော်ကွန်းတင်ခံရပါ သည်။ ၇ နှစ်မျှ တာဝန်ထမ်းဆောင်ပြီး ၁၉၆၇ ခု ဇွန်လတွင် အငြိမ်းစားယူခဲ့သည်။
ဒေါ်ခင်ကြည်သည်ပြည်တွင်း၌ မွန်မြတ်သောသူနာပြုလုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများကို စေတနာသန့်သန့် ကိုယ်ကျိုးမဖက်ဘဲလုပ် ဆောင်မှုများကြောင့် ၁၉၄၇-၅၃ တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ ညွှန်ကြားရေးဝန်အဖြစ်လည်းကောင်း၊ ၁၉၅၃ -၅၈ တွင် ပြည်ထောင် စုမြန်မာနိုင်ငံ လူမှုဝန်ထမ်းကောင်စီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကျန်း မာရေးနှင့် ပြည်ရေးပြည်ရာအဖွဲ့၊ ပြည်ထောင်စုမြန်မာနိုင်ငံ အ မျိုးသမီးအသင်းများကောင်စီ၊ ဒီမိုကရေစီသဘောတရား တိုးတက်ပြန့်ပွားရေးအသင်း စသည့်အသင်းအဖွဲ့များ၏ဥက္ကဌ အဖြစ်လည်းကောင်း မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊ မြန်မာနိုင်ငံသူနာပြုတင်ကားတပ်ဖွဲ့ဝင် အမျိုးသမီးအုပ်ချုပ်ရေးမှူး၊ ရာမာ ခရစ်ရှနာသာသနာပြုဆေးရုံနှင့် စာကြည့်တိုက်ဒုဥက္ကဌစသည့်တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။
ဒေါ်ခင်ကြည်သည်နိုင်ငံ့အကျိုးပြည်သူ့အကျိုးများကို စွမ်းစွမ်းတမံဆောင်ရွက်မှုများကြောင့် ၁၉၅၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုက မြန်မာမိခင်ဘွဲ့၊ ၁၉၅၁ တွင် နိုင်ငံတော်အစိုးရက မဟာသီရိသုဓမ္မဘွဲ့၊ ၁၉၅၅ တွင် ယူဂိုစလားဗီးယားနိုင်ငံက မာရှယ်တီးတိုးယူဂိုစလပ်ကြယ် (ဒုတိယအဆင့်) နှင့် ထိုင်းနိုင်ငံဥသျှောင်အဖွဲ့က နိုဘယ်အော်ဒါဘွဲ့ (ဝါ) အမြင့်မြတ်ဆုံးဆုတံဆိပ်တို့ကို ချီးမြှင့်ခြင်ခံခဲ့ရပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ့အကျိုး ပြည်သူ့အကျိုးများကိုထမ်းဆောင်ခဲ့ကြသော ဂုဏ်သိက္ခာရှိ မိဘနှစ်ပါးမှဆင်းသက်လာသူဖြစ်၍ ဒေါ်စုသည်လည်း မိဘနှစ်ပါး၏ မွန်မြတ်သောလုပ်ငန်းများကို သမိုင်းပေးတာဝန်တရပ်အနေဖြင့် ယနေ့တိုင်ဆက်လက်ထမ်းဆောင်လျှက်ရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည် မည်သို့ကမ္ဘာထိပ်တန်းနိုင်ငံ့ခေါင်းဆောင် အဆင့်ဝင်ဖြစ်လာသည်မှာ အောက်ပါအကြောင်းအချက်များက အ ထောက်အကူပြု ပံ့ပိုးမှုများကြောင့်ဖြစ်ကြောင်း ဆက်လက်ရှင်းပြပါမည်။ ဒေါ်အောင်ဆန်းစုကြည်၏ …

၁။ ပညာအရည်အချင်းနှင့် ဘာသာစကား

ဒေါ်အောင်ဆန်းစုကြည်၏ပညာအရည်အချင်းကကမ္ဘာထိပ်တန်းနိုင်ငံခေါင်းဆောင်အဆင့်ဝင်စေခဲ့ပါသည်။ ဒေါ်စုသည် အိန္ဒိယနိုင်ငံ နယူး ဒေလီမြို့ရှိ နိုင်ငံရေးသိပ္ပံပညာရပ်ကို သင်ယူခဲ့သည်။ (၁၉၆၂-၆၃) ဒေါ်အောင်ဆန်းစုကြည်သည် ဒဿနိကဗေဒ၊ နိုင်ငံရေးသိပ္ပံ ၊စီပွားရေး ပညာရပ်များဖြင့် ဝိဇ္ဇာဘွဲ့ (B.A.) ကို Oxford University St Hugh’s College မှ ရရှိသူဖြစ်ပါသည်။ (၁၉၆၄-၆၇) ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးစင်တာတွင် ဧည့်ပညာရှင်အဖြစ် ဆည်းပူးခဲ့သည်။ (၁၉၈၅-၈၆)
ဘာသာစကားအရ အင်္ဂလိပ် ပြင်သစ် ဂျပန်ဘာသာစကားများကို ကောင်းစွာရေးပြောနိုင်သူ လည်းဖြစ်သည်။

၂။ အလုပ်အကိုင်နှင့်အတွေ့အကြုံ

ဒေါ်အောင်ဆန်းစုကြည်သည် ဘာသာရပ်အမျိုးမျိုးကိုသင်ယူထားသည်ဖြစ်၍အလုပ်လုပ်ရာ တွင် ဒေါ်အောင်ဆန်းစုကြည်သည်ဘာသာရပ်အမျိုးမျိုးကိုသင်ယူထားသည်ဖြစ်၍ အလုပ်လုပ်ရာတွင် အလွန်အလွန်အဆင်ပြေပါသည်။ ရှေးဦးစွာလန်ဒန်တက္ကသိုလ်အာရှအရှေ့ပိုင်းအာ ဖရိကသုတေသနဌာနတွင်နိုင်ငံရေးဆိုင်ရာပညာရပ်များကိုကူညီသင်ကြားပေးကြောင်း (၁၉၆၈) အမေရိကန် နယူးယောက်မြို့ ကုလသမဂ္ဂအတွင်းဝန်များရုံး၏အုပ်ချုပ်မှုနှင့် ဘတ်ဂျက်မေးခွန်းများဆိုင်ရာအကြံပေးကော်မတီတွင် လက်ထောက်အတွင်းရေးမှူးအဖြစ်၎င်း (၁၉၆၉-၇၁)၊ ဘူတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သုတေသနအရာရှိအဖြစ်၎င်း (၁၉၇၂)၊ အောက်စဖို့တက္ကသိုလ် ဂါးဒီးယန်းစာကြည့်တိုက် တွင်တာဝန်ခံအဖြစ်၎င်း (၁၉၇၅-၇၇) စသည့်နှစ်များတွင် ထမ်းဆောင်ခဲ့ပါသည်။

၃။ စိတ်ဓာတ်

ဒေါ်အောင်ဆန်းစုကြည်၏စိတ်ဓာတ်သည် ပျော့ပြောင်းသလောက်ခိုင်မာသည်ကိုတွေ့ရသည်။ “ပျော့လျှင်ဖယောင်း မာလျှင်သံချောင်း” စ ကားပုံအတိုင်း ပျော့လျှင်အလွန်ပျော့၍ မာလျှင်အလွန်မာတတ်သည်ကို တွေ့ရပါသည်။

● ပျော့လျှင်ဖယောင်း
ဒေါ်အောင်ဆန်းစုကြည်သည်သူများအပေါ် သနားကြင်နာကိုယ်ချင်းစာစိတ် ရှိသည်။ရိုးသားဖြူစင် ဖြောင့်မတ်သည်။ သူတပါးအပေါ်လိမ်ညာ လှည့်စား လက်တလုံးခြားမလုပ်တတ်။ ဒုက္ခရောက်နေသူများကိုကူညီကယ်တင်လိုစိတ် အမြဲတမ်းရှိသည်။ အထင်ရှားဆုံးသာဓကမှာ – ဒုက္ခရောက်နေသောအမေရိကန်နိုင်ငံသား John WilliamYeattaw ကို၂၀၀၉ခုနှစ် မေလဆန်းကကယ်တင်မိ၍ ဒေါ်စုမှာ အိမ်အကျယ်ချုပ် လွတ်ခါနီးမှ သက်တမ်းတနှစ်ခွဲထပ်တိုးခံရခြင်းသည် ဒေါ်စု၏ ဒုက္ခသည်အပေါ်သနားကြင်နာမှု၏ သာဓကတခုဖြစ်သည်။

● မာလျှင်သံချောင်း

ဒေါ်အောင်ဆန်းစုကြည်၏စိတ်ဓာတ်သည် ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်လျှင် ပျော့ပြောင်းသော်လည်း တိုင်းပြည်နှင့်လူမျိုးအတွက်ဖြစ် လျှင် ယောက်ျားကြီးများထက်၊ စစ်ဗိုလ်ချုပ်ကြီးများထက် စိတ်ဓာတ်ခိုင်မာသည်။ မည်သူမျှ မိမိ၏မိသားစုများကို မစွန့်လွှတ်နိုင် မစွန့် လွှတ်ရက်ကြပါ။ သို့သော်ဒေါ်စုသည် မိသားစုများကိုလည်း စွန့်လွတ်နိုင်သည်၊ တစ်ယောက်တည်းနေထိုင်ပြီးမည်သူနှင်မျှမတွေ့ရ၊ စကားမ ပြောရ မည်သည့်နေရာသို့မျှ မသွားရလည်း မည်သို့မျှတုန်လှုပ်ချောက်ခြားခြင်းမရှိ။စိတ်အားမငယ်၊ စိတ်ဓာတ်မကျ၊ ပကတိအကောင်းအ တိုင်းဖြစ်သည်။ သီလသမာဓိရှိခြင်းကြောင့်ဖြစ်သည်ဟု ယူဆရပါသည်။ ဤအချက်များသည် ဒေါ်စု၏ ခိုင်မာသောစိတ်ဓာတ်ကိုပြသ ခြင်းဖြစ်သည်။

၎။ ရက်ရောသော အလှူရှင်

ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျောက် လှူတန်းရာတွင် အလွန်ရက်ရောသည်။ စံတင်လောက်ပါသည်။၂၁ ရာစု မြန်မာ့သမိုင်းတလျောက်လုံး ဒေါ်အောင်ဆန်းစုကြည်လောက် အလှူရက်ရောသူမတွေ့ဘူး မကြားဘူးသေးပါ။ နဝတ နအဖခေတ်တ လျောက်လုံးအချမ်းသာဆုံးဟု မြန်မာလူထုကယုံကြည်ထားသည့် နအဖဥက္ကဌကြီး ဗိုလ်ချုပ်မှူးကြီသန်းရွှေ၏လူယုံတော်ဖြစ်ဟုလည်း စီးပွား ရေးသမားများက အသိအမှတ်ပြုထားသည့် ဦးတေဇက အလှူအတန်းများများလှူသည်ဟု တခံမှမကြားဖူးပါ။ ဒေါ်စုလှူသည့်အရေအတွက်၏ ၂၅% ခန့်ပင်မရှိဟု ယူဆရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အလှူရက်ရောမှုကို ကြည့်ပါ။
ဒေါ်အောင်ဆန်းစုကြည်သည်နအဖစစ်အစိုးရကိုလက်နက်မပါ၊အကြမ်းမဖက်သောနည်းဖြင့်ဒီမိုကရေစီနှင့်လူ့အခွင့်အရေးရရှိရေးအတွက်ကိုယ်ကျိုးစွန့်အနစ်နာခံကာတိုက်ပွဲဝင်နေမှုကို ထောက်ခံအားပေးသောအားဖြင့်နိုင်ငံတကာမှ ချီးမြှင့်သောဂုဏ်ထူးဆောင်ဆုများတွင် ငွေ သားနှင့်တွဲပါသောဆုများလည်း ပါဝင်ပါသည်။ ငွေသားနှင့်တွဲပါသော ပထမဆုံးဆုသည် ၁၉၉၁ ခုနှစ်အတွက် နော်ဝေနိုင်ငံမှချီးမြှင့်သည့် အမေရိကန်ဒေါ်လာ ၁.၃ သန်း (U.S. $1.3 millions) ပါသော နိုဘယ်လ်ငြိမ်းချမ်းရေးဆု (Nobel Peace Prize) ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်က ထိုငွေများကို ၎င်း၏ကိုယ်ကျိုးအတွက်မသုံးဘဲ မြန်မာပြည်သူလူထုလိုအပ်လျက်ရှိသော ကျန်းမာရေးနှင့်ပညာရေးအတွက်အသုံးပြုမည်ဟုကမ္ဘာသိ ကြေညာခဲ့သည်။ ၎င်းပြင် လေ့လာမိသမျှ ငွေသားပါဆုများမှာ ၂၀၀၂ ခုနှစ် အောက်တိုဘာလက UNESCO – Madanjeet Singh Prize U.S.$1,00,000၂၀၀၃ ခုနှစ် ဧပြီလက အမေရိကန်အခြေစိုက် Al Neuharth Free Spirit Award $1 million၊ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလက ဆွီဒင်နိုင်ငံအခြေစိုက် Olof Palm Prize (for 2005) U.S. $50,000၊ ၂၀၀၇ ခုနှစ်၊ မတ်လက အိန္ဒိယနိုင်ငံကာ လကတ္တားမြို့မှ နေတာချီ ဆူဘတ်စ်ချန်ဒရာဘို့စ်ဆု – အိန္ဒိယ ရူပီငွေ ၁ သိန်း၊ ၂၀၀၉ ခုနှစ် မေလက တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှ Kim Dae Jung Award U.S.$ 10,000 တို့ဖြစ်ပြီး စုစုပေါင်း ချီးမြှင့်ပြီးသော ငွေသားမှာ U.S.$ 2,460,000 ဖြစ်ကြောင်း သိရပါသည်။ (အ ထက်ဖော်ပြပါ ဆုချီးမြှင့်သူ စာရင်းနှင့်ငွေစာရင်းများမှာ ပြီးပြည့်စုံသည်ဟု မယူဆပါ။ လက်လှမ်းမမီ၍ မသိလိုက်သည်များလည်းရှိနိုင်ပါ သေးသည်။
အထက်ပါ ဆုငွေအဖြစ်ရရှိသောငွေများကို ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ကျိုးအတွက်မသုံးဘဲ တိုင်းသူပြည်သားများလိုအပ်လျက်ရှိ သောကျန်းမာရေးနှင့် ပညာရေးတို့အတွက် အသုံးပြုမည်ဖြစ်ကြောင်းကြေညာထားပြီးဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာကချီးမြှင့်သည့်ဆုငွေများကိုသာ ကျန်းမာရေး၊ ပညာရေးအတွက်လှူဒါန်းသည်မဟုတ်၊ ပြည်တွင်း ၌လည်း အခါအားလျော်စွာ ပေးကမ်းလှူဒါန်းလျက်ရှိသည်။ မကြာသေးမီကဖြစ်ပွားခဲ့သောပုသိမ်ရေဘေးဒုက္ခသည်များအား ငွေကျပ်သိန်း၂၀ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရပါသည်။

(ဒုတိယပိုင်းကို ယခုရက်ပိုင်းအတွင်း ဆက်လက်ဖေါ်ပြပါမည်)

အပိုင်း (၂)

ကမ္ဘာ့ထိပ်တန်းနိုင်ငံ့ခေါင်းဆောင်အဆင့်ဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် – အပိုင်း(၂)
By ရွှေပြည်စိုး

၅။ ဗုဒ္ဓဘာသာဝင် သူတော်စင်

ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဘာသာဝင်သူတော်စင်ဖြစ်သည့်အလျောက် အနန္တောအနန္တငါးပါးကို ရိုသေလေးစား ဦးထိပ်ထားလျက် ရှိ နေပါသည်။ ဒေါ်စုသည် နိုင်ငံတကာမှ ဆုများမချီးမြှင့်မီကပင် ဆရာတော်သံဃာတော်များအား နေအိမ်သို့ ပင့်ဖိတ်၍လည်းကောင်း၊ ကျောင်းများသို့သွား၍လည်းကောင်း လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းလျက်ရှိသကဲ့သို့ ရပ်ဝေးရှိ ဆရာတော်များ သီတင်းသုံးရာ ကျောင်းများသို့လည်း သွားရောက်ဖူးမြော်လေ့ရှိပါသည်။ အထင်ရှားဆုံးမှာ မွန်ပြည်နယ်ရှိ သာမညဆရာတော်အား သွားရောက်ဖူးမြော်ခြင်း ဖြစ်ပါသည်။
၂၁ ရာစု မြန်မာ့သမိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အလှူရက်ရောသူ နောက်ထပ်တစ်ဦးတစ်ယောက်မျှမပေါ်ပေါက်နိုင်ဟုယုံကြည်ရပါသည်။ လောလောဆယ် စုဆောင်းမိသမျှ နိုင်ငံတကာမှချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့ထူးဂုဏ်ထူးများနှင့် ဆုအသီးသီးစာရင်းများ ကို နောက်ပိုင်းတွင် သီးခြားဖော်ပြထားပါသည်။ ဆက်လက်ရှုစားနိုင်ပါသည်။

၆။ စံတင်လောက်သည့် ဝတ်စားဆင်ယင်မှု

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုသည် ၂၁ ရာစု မြန်မာ့သမိုင်း၏ စံနမူနာဖြစ်သည်။ အထူးသဖြင့် ပြည်ပရောက်မြန် မာအမျိုးသမီးများအတွက်လည်း ဒေါ်စုသည် စံနမူနာဖြစ်သည်။ ပြည်ပရောက် မြန်မာအမျိုးသမီးများသည် အိမ်မှအပြင်သို့ထွက်တိုင်း မြန်မာ အမျိုးသမီးဝတ်စုံဝတ်ဆင်သူ အလွန်နည်းပါးသည်။ လူနည်းစုသာတခါတရံ ဘုန်းတော်ကြီးကျောင်းသွားသည့်အခါ မြန်မာအမျိုးသမီးဝတ်စုံ ကို ဝတ်ဆင်ကြသည်။ ကျန်အားလုံးသည် ဘောင်းဘီ (သို့မဟုတ်) စကတ်ကိုသာ ဝတ်ဆင်တတ်ကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် သည် အိမ်မှအပြင်သို့ထွက်သည့်အခါတိုင်း မြန်မာအမျိုးသမီးဝတ်စုံဖြစ်သည့် ထမီနှင့်ရင်ဖုံးအင်္ကျီကိုသာ အစဉ်အမြဲဝတ်ဆင်သည်။ ထို့ပြင် အလုပ်သွားတိုင်း၊ ပွဲနေပွဲထိုင်သွားတိုင်း၊ အခြားအခန်းအနားများ သွားတိုင်း၊ ဘုရားသွား ဘုန်းကြီးကျောင်းသွားသည့်အခါတိုင်းတွင် ထမီ၊ ရင်ဖုံးအင်္ကျီအပြင် ပုဝါကိုပါ အမြဲတမ်း လွှမ်းခြုံလေ့ရှိသည်။ အခုနောက်ဆုံး ပြည်ပခရီး (ထိုင်းနိုင်ငံ၊ ဥရောပ ၅ နိုင်ငံ) ထွက်ရာတွင်လည်း မြန်မာအမျိုးသမီးဝတ်စုံကိုသာဝတ်ဆင်ပြီး ပုဝါကို အမြဲတမ်းခြုံထားသည်ကို တွေ့ရသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပခဲ့သော ကမ္ဘာ့ စီးပွားရေးဖိုရမ်တွင်လည်းကောင်း၊ ဥရောပ ၅ နိုင်ငံတွင်ကျင်းပခဲ့သည့် အခမ်းအနားတိုင်းသို့တက်ရောက်၍ မိန့်ခွန်းပြောကြားရာတွင်လည်းကောင်း ဒေါ်စုသည် မြန်မာအမျိုးသမီးဝတ်စုံကိုဝတ်ဆင်သည်ကိုသာတွေ့ရပါသည်။ သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စားဆင် ယင်မှုသည် ၂၁ ရာစု မြန်မာအမျိုးသမီးများ၏ စံနမူနာပင်ဖြစ်ပါတော့သည်။

၇။ စွန့်လွှတ်စွန့်စားမှု

ဒေါ်အောင်ဆန်းစုကြည်သည် မည်သူနှင့်မျှ နှိုင်းယှဉ်၍မရသည့် စွန့်လွှတ်၊ စွန့်စားခြင်းများကိုစွန့်လွှတ်ခဲ့သည်။ မြန်မာနိုင်ငံသည် စစ်အာဏာ ရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီစနစ်ပြည်လည်ထွန်းကားရေး၊ လူ့အခွင့်အရေးများပြည်လည်ရရှိခံစားရရေးတို့အတွက် အ နစ်နာခံ၊ ကိုယ်ကျိုးစွန့်ပြီးလုပ်မှဖြစ်မည်ကို သိရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် မိမိ၏ဂုဏ်သိက္ခာ၊ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုများကိုစွန့်၊ ကိုယ်ကျိုးစွန့်၊မိသားစုစွန့်၊ နောက်ဆုံး အသက်ကိုပါစွန့်ပြီးလုပ်ဆောင်ခဲ့သည်မှာ ကမ္ဘာသိဖြစ်၍ အထူးရှင်းပြရန် လိုမည်မထင်ပါ။ အားလုံးအ တွက် တစ်ဦးတည်းအနစ်နာခံပြီး ဦးဆောင်မှုပေးခဲ့သည့်အတွက် ချီးကျူးပါသည်၊ ဂုဏ်ယူပါသည်။

၈။ ရဲစွမ်းသတ္တိ

ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်အမျိုးသမီးကမှ ယှဉ်နိုင်စွမ်းမရှိသည့် ရဲစွမ်းသတ္တိရှိသူဖြစ်သည်။ယုံကြည်ချက်၊ ဆုံးဖြတ်ချက်အတိုင်း မကြောက်မရွံ့နောက်မတွန့်ဘဲ ပြီးစီးသည်ထိ လုပ်ဆောင်လေ့ရှိသည်။ မည်သို့သော အတားအဆီး၊ အန္တရာယ်ရှိသည်ဖြစ်စေ ထိုအတားအ ဆီးအန္တရာယ်များကို ရှောင်ကွင်း၍မသွားဘဲ ရဲရင့်တည်ကြည်စွာဖြင့် ရင်ဆိုင်ရဲသည့်သတ္တိရှိသည်။ ထိုသို့ ရဲရင့်သည့်သတ္တိရှင်သည် ဒေါ်စုမှ တပါး အခြားမရှိဟုပြောလျှင် မှားမည်မထင်ပါ။ အထင်ရှားဆုံးသာဓကများမှာ …
က။ ၁၉၉၀ ပြည့်နှစ် မေလ ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးစဉ်အတွင်း ၁၉၈၉ ဇန္နဝါရီလ ၂၁ ရက်၊ နံနက်တွင် ပုသိမ်မြို့ ဝေဠုဝန်ကျောင်း တိုက် ရှိရာသို့သွားရန် NLD တိုင်းရုံးမှ ထွက်လာစဉ် လမ်းတွင် ဧရာဝတီတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်မြင့်အောင်၏ လက်နက်ကိုင်တပ်သားများက ကားနှင့်ဖြစ်စေ၊ ခြေလျင်ဖြစ်စေ မသွားရဟု တားမြစ်ခဲ့ကြသည်။ တိုင်းပြည်နှင့် လူမျိုးအတွက်ဆိုလျှင် မိမိအသက်ကို ပဓာနမထားသော ဒေါ် အောင်ဆန်းစုကြည်က “အကျဉ်းသားမှလွဲ၍ သွားချင်ရာကို သွားခွင့်ရှိသည်” ဟုဆိုကာ သူ့အားချိန်ရွယ်ထားသည့် စစ်သားများ၏ သေနတ် များ၊ လှံစွပ်များကြားမှ မတုန်မလှုပ်ဘဲ တည်ကြည်စွာ ဖောက်ထွက်သွားခဲ့သည်။
အသက်အန္တရာယ်ရှိမှန်းသိလျက်နှင့် မကြောက်မရွံ့ မတုန်လှုပ်ဘဲ ရဲရင့်တည်ကြည်စွာ ရင်ဆိုင်လိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြား သောရဲစွမ်းသတ္တိပင်ဖြစ်သည်။
ခ။ ၂၀၀၃ ခုနှစ် အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွင်း မေလ ၃၀ ရက်နေ့ည ဒီပဲယင်းအရပ်၌ နအဖ စစ်အစိုးရ၏ လျှို့ဝှက်စီမံချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နှင့် NLD လူငယ်များအား လူရမ်းကားများက တုတ်၊ ဓား၊ လှံ စသည့် လက်နက်မျိုးစုံတို့ဖြင့် ဝိုင်းဝန်း တိုက်ခိုက်ချိန်တွင် မိမိအားကာကွယ်ပေးနေသော လူငယ်များအစား မိမိသာ အသေခံမည်ဆိုကာ ကားထဲမှ အတင်းပင်တိုးထွက်ခဲ့သည်။ လူငယ်များက ဒေါ်စုအား ကားထဲမှ ထွက်ခွင့်မပေးဘဲ ၎င်းတို့သာ အသေခံ၍ ကာကွယ်ပေးသွားခဲ့ကြသည်။
ကားထဲမှ ထွက်လိုက်သည်နှင့် သူ့အသက်ပါပျောက်သွားမည်ကိုသိလျက်နှင့် ကားထဲမှထွက်ရန် အတင်းကြိုးစားခြင်းသည် ဒေါ်စု၏ ထူးခြား သော ရဲစွမ်းသတ္တိပင်ဖြစ်သည်။ ချီးမွမ်းစရာ၊ ဂုဏ်ယူစရာ ဖြစ်သည်။

၉။ ကမ္ဘာ့ထိပ်တန်းနိုင်ငံခေါင်းဆောင်ဖြစ်

ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ထိပ်နိုင်ငံ့တန်းခေါင်းဆောင် အဆင့်ဝင်ဖြစ်လာစေရန် အထောက်အကူပြုမှုများ၏ အဓိကအချက်သည် သန့်ရှင်းမွန်မြတ်သောစိတ်ထားဖြင့် တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြသော မိဘ၊ ဘိုးဘွားများ၏ ဇာတိသွေးကြောင့်ဖြစ်သည် ဟုပြောနိုင်ပါသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ အထက်တွင်ဖေါ်ပြပြီးဖြစ်သည့် ဉာဏ်ပညာအရည်အချင်း၊ စိတ်ဓါတ်၊ ရဲစွမ်းသတ္တိ၊ စွန့်လွှတ်စွန့်စားခြင်း …. စသည်များပါဝင်သကဲ့သို့ ဒေါ်စုရေးသားခဲ့သော စာအုပ်စာတမ်းများ၊ အင်တာဗျူးများ၊ မိန့်ခွန်းများ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေး သားထုတ်ဝေသည့် နိုင်ငံခြားသားပညာရှင်များ၏ စာအုပ်များကလည်းများစွာအထောက်အကူပြုပါသည်။ ၎င်းတို့မှာ ….

က။ ။ ဒေါ်အောင်ဆန်းစုကြည်ရေးသည့်စာအုပ်များ

1. Let’s Visit Burma by Burke Pub Co, ……. 1985
2. Burma and India by India Institute of Advanced Study , Shimla …… 1990.
3. Aung San of Burma by Kiscadale Publication ….. 1991.
4. Freedom from Fear by Penguin Books …… 1993.

(ဤစာအုပ်ကို နယူးယောက်၊ အင်္ဂလန်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့တွင် အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ထုတ်ဝေသည်။ နော် ဝေ၊ ပြင်သစ်၊ စပိန် နိုင်ငံတို့တွင်မူ ၄င်းတို့ဘာသာသို့ပြန်ဆို၍ထုတ်ဝေကြာင်းသိရှိရပါသည်။)

5. Letters from Burma by Penguin Books ………. 1995.
6. လက်ရွေးစင်မိန့်ခွန်များ by La Haule Books…….. 1995
7. Voice of Hope by Published : Italy …………….. 2008
8. Let’s Visit Bhuton
9. Let’s Visit Napal Series by Burke Pub Co.
10. Aung San and Leaders of Asia Aeries.

(ဒေါ်အောင်ဆန်းစုကြည်သည် “ လက်ရွေးစင်မိန်ခွန်းများ “ စာအုပ်မှလွဲ၍ ကျန်စာအုပ်အားလုံးသည် အင်္ဂလိပ်ဘာသာဖြင့်ရေးသားသောစာအုပ်များဖြစ်သည်။ အင်္ဂလိပ်လိုရေး အခြားစာအုပ်များရရှိနိုင်ပါသေးသည်။)
ခ။ ။ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေးသည့် စာအုပ်များ

1. The Lady, Aung San Su Kyi , Nobel Laureate and Burma’s Prisoner by Barbara Victor …….. (1998)
2. Aung San Su Kyi : Standing Up for Democracy in Burma by Bettina Ling …… (Nov – 1998)
3. Aung San Su Kyi : Standing Up for Democracy in Burma by Bettina Ling …… (Sept – 1999)
4. Aung San Su Kyi by William David Thomas …… (July – 2004)
5. Aung San Su Kyi : Activist for Democracy in Myanmar by Judy L. Hasday ….. (Jan _ 2007)
6. Perfect Hostage: A life of Aung San Su Kyi , Burma’s Prisoner of Conscience by Justin Wintle …… (Mar – 2008)
7. Aung San Su Kyi : Fearless Voice of Burma by Whitney Stewart …….(Jun _2008)
8. Aung San Su Kyi by Frederic P.Miller …… (Jun – 2010)
9. Most Influentia; World Leaders , Vol – 8 and Aung San Su Kyi by Victoria Hockfield ……. (Mar _ 2011)
10. Aung San Su Kyi by Simon Rose …….. (Jul – 2011)
11. Aung San Su Kyi A Treatise by Amy Johnson (Jul – 2011)
12. Honorary Companions of the Order of Australia : Jacques Consteau, J RN Utzon, Aung San Su Kyi by Source Wikipedia …… (Sep – 2011)
13 . Aung San Su Kyi and Burma’s Struggle for Democracy by Bertil Lintner ….. (Oct – 2011)
14 . Aung San Su Kyi by Jesper Bengtsson ……… ( Mar – 2012)
15 . The Lady and the Peacock : The Life of Aung San Su Kyi by Peter Popham …. (Mar – 2012)
Foreword by Aung San Su Kyi Abhaya : Burma’s Fearlessness by James Mackay.
Forworded by Aung San Su Kyi …. (Dec _ 2011)

၁၀။ ကမ္ဘာ့ထိပ်တန်းနိုင်ငံခေါင်းဆောင်ဖြစ်ကြောင်း ထပ်လောင်းသက်သေထူ

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာမှရောက်ရှိလာသည့် နိုင်ငံခေါင်းဆောင်များ၊ထင်ရှားကျော်ကြားသည့် နိုင်ငံတကာဆိုင်ရာ အဖွဲ့အ စည်းကြီးများ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းသည်ပင် ခေါင်းဆောင်အချင်းချင်း ဆွေးနွေးသည့်အဆင့်သို့ရောက်ရှိနေပြီဟု အ သိအမှတ်ပြုရာရောက်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပသို့ ခရီးထွက်သည်နှင့် ရောက်ရှိရာနိုင်ငံများမှကမ္ဘာ့ထိပ်တန်းနိုင်ငံ ခေါင်းဆောင်များ နည်းတူကြိုဆိုနှုတ် ဆက် ဧည့်ဝတ်ပြုကြသည်ကို တွေ့ရပါသည်။
ပထမဦးဆုံးပြည်ပခရီးစဉ်အဖြစ် ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့သွားရောက်ခဲ့သည်။ ထိုင်းနိုင်ငံက ဒေါ် အောင်ဆန်းစုကြည်အား ကမ္ဘာ့ထိပ်တန်းနိုင်ငံ့ခေါင်းဆောင်တဦးအနေဖြင့် ကြိုဆိုရန်စီစဉ်ခဲ့သော်လည်း အရပ်သားဟန်ဆောင် မြန်မာစစ်အ စိုးရ၏ဖိအားပေးမှုကြောင့် လူထုခေါင်းဆောင်တဦးအနေဖြင့်သာ ကြိုဆိုကြောင်းသိရပါသည်။
ဒုတိယခရီးစဉ်ဖြစ်သော ဥရောပ ၅ နိုင်ငံခရီးစဉ်များအတွင်း ရောက်ရှိရာနိုင်ငံများ က ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့ထိပ်တန်းနိုင်ငံခေါင်း ဆောင်အဖြစ် လှိုက်လှိုက်လှဲလှဲ၊ ၀မ်းသာအားရကြိုဆိုကြသည်။ သမတများ၊ ၀န်ကြီးချုပ်များကိုယ်တိုင် ကြိုဆိုနှုတ်ဆက်ကြသည်ကိုတွေ့ရပါ သည်။ ဂုဏ်ယူ၍မဆုံး၊ ၀မ်းသာကြည်နူး၍မဆုံးပါ။
အထူးခြားဆုံးမှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ အထက်အောက်လွှတ်တော် ၂ ရပ်ပေါင်း Westminster ပါလီမန်တွင် ဒေါ်အောင်ဆန်းစုကြည်အား မိန့်ခွန်းပြောကြားခွင့်ပြုခြင်းဖြစ်သည်။ ထိုသို့ ဒေါ်စုအား စကားပြောခွင့်ပြုခြင်းသည် “အဆုံးစွန်ဂုဏ်ပြုမှု” တရပ်ဖြစ်သည်။
ဒုတိယ ကမ္ဘာစစ်ကတည်းက ထိုပါလီမန် ၂ ရပ်တွင်စကားပြောခွင့်ရသည့် ကမ္ဘာ့ခေါင်းဆောင် ၄ ဦးသာရှိသည်။ ၎င်းနောက်ပိုင်း စကားပြော ခွင့်ရသူများမှာ လက်ရှိ ဗါတီကန် ပုပ်ရဟန်းမင်းကြီး ၁၆ နှင့် အမေရိကန်သမတ ဘားရက်အိုဘားမားတို့ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် သည် တတိယမြောက်ခေါင်းဆောင်ဖြစ်သည်။
တဖန် ဗြိတိန်ဘုရင်မကြီး အယ်လစ်ဇဘက်ပြီးလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယမြောက်မိန့်ခွန်းပြောခွင့်ရသည့် အမျိုးသမီးဖြစ် သည်။ (အာအက်ဖ်အေ ၊ ၂၁-၆-၂၀၁၂)
ဤသည်များကိုကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တဦးဖြစ်နေပြီဆိုသည်ကို ပြသရာရောက်နေပါ သည်။ မြန်မာနိုင်ငံအတွက်လည်းကောင်း၊ မြန်မာလူမျိုးများအတွက်လည်းကောင်း ဂုဏ်ယူစရာအတိဖြစ်ပါသည်။
အထက်ပါ အထူးခြားဆုံးဖြစ်ရပ်များက ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ထိပ်တန်းနိုင်ငံ့ခေါင်းဆောင်တဦးဖြစ်ကြောင်း ထပ်လောင်းသက် သေထူလိုက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ လက်နက်မပါ၊ အကြမ်းမဖက်သောနည်းဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဉာဏ်ပညာ အရည်အချင်း၊ စိတ်ဓါတ်၊ ရဲစွမ်းသတ္တိ၊နှင့် စွန့်လွှတ်စွန့်စားခြင်း၊ ၎င်းတို့အပေါ် အခြေပြုပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအပါအ၀င် နိုင်ငံတကာမှ ဂုဏ်ထူးဆောင်ဆု ၁၂၀ ခန့်ချီးမြှင့်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ရေးသားသောစာအုပ်များ (အင်္ဂလိပ်လို) နိုင်ငံတကာမှ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေးသားသောစာအုပ်များ ကမ္ဘာပျံ့နေခြင်း၊ နောက် ဆုံး အင်္ဂလန်နိုင်ငံ၏ အထူးခြားဆုံးဂုဏ်ပြုခြင်း စသည်တို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် တဦးဖြစ်နေ ပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။

မှတ်ချက်
(ကျန်ရှိနေသေးသည့် အပိုင်း (၃) တွင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာမှချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့ထူးဂုဏ်ထူး ၁၂၀ ခန့်ကို ယခုအပတ်အကုန် (wwekend) ဆက်လက်ဖေါ်ပြပါမည်)
By ရွှေပြည်စိုး
fb

0 ယောက် အကြံပြုထားပါသည်:

Post a Comment