Monday, September 24, 2012

ယနေ့ မလေးရှားနိုင်ငံ ဘလက်ခေါင်း သာသနာ့အောင်စည် ကျောင်းတိုက်တွင် ရွှေဝါရောင်တော် လှန် ရေး(၅)နှစ်ပြည့်အခမ်းအနားကို၂၃.၀၉.၂၀၁၂နေ့ တွင်စီကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့ ပါသည်။



အခမ်းအနားကို အစီအစဉ် ၅ ခုဖြင့်ဖွင့်လှစ်သွားပါသည် …
ပထမဦးစွာ အခမ်းအနားအစီအစဉ်ကို စတင်ဖွင့်လစ်ကြောင်းကြေငြာ…
၁ ။ သာသနာ့အလံတော်ကို အားအလေးပြုခြင်း၊ ထိုနောက် ၁၉၄၇ ခုနှစ်ဗမာ့လွတ်လပ်ရေးတိုက်ပွဲမှသည် ယနေ့ ဒီမိုကရေစီနှင့် လူ့ အခွင့်ရေးတိုက်ပွဲအသီးသီးအထိအသက်ပေးတိုက်ပွဲဝင်စွန့် လွှတ်အနစ်နာခံကာ ဘဝကိုစတေးခဲ့ ကြသော ဗိုလ်ချုပ်နှင့်တကွရဟန်းရှင်လူပြည်သူတို့ အားဝမ်းနည်းခြင်းအထိမ်း အမှတ်အ ဖြစ်တစ်မိနှစ်ငြိမ်သက်၍အလေးပြုခြင်း……..
၂ ။ အဖွင့်သီချင်းအဖြစ်နိုင်ငံကျော်အဆိုတော် ဒေါ်မာမာအေး၏(သံဃာတွေသွေးမြေကျရပြီ သီချင်းဖြင့် ဖွင်လစ်ခြင်း…
၃ ။ အဖွဲ့ အစည်းအသီးသီးမှတက်ရောက်လာကြသော ခေါင်ဆောင်များကိုယ်စာလှယ်တို့ မှ ကြေငြာစာတန်း
ဖတ်ရန်(သို့ )အမှာစကားပြောကြားဖြင်း…
(က) ဦးစွာသီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ -MSMA,Myanmar Students’ Monk Association-မှအတွင်းရေးမှူးဟောင်း ဆရာတော်ဦးဇာဂရဗုဒ္ဓိ မှအမှာစကားပြောကြားခဲ့ ခြင်း။
၂ ။ ( ခ ) ကြားဖြတ်အစီအစဉ်အဖြစ် DVB ပင်တိုင်အဆိုတော် ထက်အောင်ရှိုင်းမှ (မော်ကွမ်းပြန်ကြည့် ကမ္ဘာကသိ) သီချင်းဖြင့်သီဆိုဖျော်ဖြေသွားခြင်း…
( ဂ ) Burma Youth Strike Organization မှ ဥက္ကဌ ဦးကိုကိုမှ အမှာစကားပြောကြားသွားခြင်း…
( ဃ) လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ မလေးရှားမှ ကိုယ်စလှယ် ကိုသားကြီးမှ အမှာစကားပြောကြား ခဲ့  ခြင်း….
၃ ။ ( င ) ကြားဖြတ်အစီအစဉ်အဖြစ် DVB ပင်တိုင်အဆိုတော် ထက်အောင်ရှိုင်းမှ (လူပီသကြပါစို့ )သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ ခြင်း…
( စ ) NLD Youth (LA) Malaysia မှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ကျော်ကိုကိုကျော်မှ အမှာစကားပြော ကြားသွားခြင်း….
(ဆ) အထွေထွေသပိတ်ကော်မတီ-GSC, General Committee မှခေါင်းဆောင် ကိုအောင်ကြီးအား အမှာစ ကားပြောကြားသွားခြင်း…
၎ ။ ( ဇ ) ကြားဖြတ်အစီအစဥ်အဖြစ် ကဗျာဆရာ မင်းမောင် (ဆာမူရိုင်း) မှ “RE DOUBTABLE EGO” အင်္ဂလိပ် ကဗျာအာရွတ်ဖတ်သွားခြင်း…
( ဈ ) NLD KL မှကိုယ်စားလှယ် ကိုဝဏ္ဏမှ အမှာစကားပြောကြားသွားခြင်း။
( ည ) မလေးရှားမှ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုထိုက်မှ အမှာစကားပြောကြားသွားခြင်း..
(မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ -MSMA,Myanmar Students’ Monk Association-မှအတွင်းရေးမှူးဟောင်း ဆရာတော်ဦးဇာဂရဗုဒ္ဓိ “ဒုက္ခတွေဖွေးဖွေးလှုပ်ပွင့်ခဲ့ တဲ့ မြို့ တော် “ ကဗျာ အားရွတ်
ဆိုသွားခြင်း..
ကြားဖြတ်အစီအစဉ်အဖြစ် DVB ပင်တိုင်အဆိုတော် ထက်အောင်ရှိုင်းမှ (တို့ ပြည်တို့ မြေ ) သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ ခြင်း…
Bloger ဦးကိုကိုကြီး မှ အမှာစကားပြောကြားသွားခဲ့ ခြင်…
နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားများမလေးရှာအဖွဲ့ ခွဲ တာဝန်ခံ ကိုမြတ်ကိုကို မှ ကျေးဇူးတင်စကားနှင့် အမှာစကားပြောကြားသွားခဲ့ ခြင်း……
၅ ။ အခမ်းအနားနောက်ဆုံး အစီအစဉ်အရ အခမ်းအနားအား “ ကမ္ဘာမကြေဘူးသီချင်း” ဖြင့် ကြွရောက်လာ သော ပရိတ်သတ်တို့ မှ သံပြိုင်သီဆို၍ အခမ်းအနာကိုအောင်မြင်စွာ ရုတ်သိမ်းခဲ့ ပါသည်။
by:kyawkokokyaw

0 ယောက် အကြံပြုထားပါသည်:

Post a Comment