လာမည့်ဂျွန်လ ၁၄ ရက်မှ စတင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်
ဆန်းစုကြည်၏ဥရောပခရီးစဉ်သည် မြန်မာ့ဒီမိုကရေစီစနစ်အုတ်ြ မစ်ခိုင်မာမည့်အခြေ
အနေမျိုးသို့ရောက်ရှိနိုင်ေ ကြာင်းနော်ဝေးနိုင်ငံဝန်ကြီးချုပ်ဟောင်းရှယ်လ်မက်ခ်နဲဘွန်
ဒယ်ဘစ်ခ် (Kjell Magne Bondevik)ကယနေ့မြန်မာသတင်းဌာနကိုပြောဆိုပါသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီး စဉ်ကနေ မြန်မာနိုင်ငံအတွက်၊အလွန်အသုံးဝင်ပြီးအကျိုး
ရှိတဲ့ကိစ္စတွေဖော်ဆောင်နိုင်မှာပါ၊ နှစ်ပေါင်းများစွာစစ်အာဏာရှ င်စနစ်နဲ့အုပ်ချုပ်ခဲ့တဲ့
မြန်မာနိုင်ငံမှာ၊ဒီမိုကရေစီနဲ့ဖွံ့ဖြိုးရေးအတွက် အထောက်ပံ့အကူညီတွေရမှာဖြစ်သ လို၊မြန်မာ့ဒီမိုကရေစီရေးအတွက်ခိုင်မာတဲ့
အုတ်မြစ်ချနိုင်မှာဖြစ်ပါတယ်”ဟု ယနေ့မြန်မာသတင်းအယ်ဒီတာကိုညိုနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွ င်ပြောဆိုခဲ့ခြင်း
ဖြစ်သည်။
၂၀၀၅ခုနှစ်မှစ၍ရာထူးမှအနားယူခဲ့သည့်နော်ဝေး၀န်ကြီးချုပ်ဟောင်းသည်၊ဒေါ်အောင်
ဆန်းစုကြည်ပထမဆုံးနေအိမ်အကျ ယ်ချုပ်မှလွတ်မြောက်ပြီး၂၀၀ ၆ခုနှစ်မှစ၍ရန်ကုန်မြို့
သို့(၃)ကြိမ်တိုင်သွားရောက် တွေ့ဆုံခဲ့ပြီးဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် အတွက်ကျနော်တို့ပျော်ရွှင်ပြီးစိတ်လှုပ်ရှားနေကြပါတယ်။
သူဟာနော်ဝေးအစိုးရ၊ပါလီမန်အ မတ်တွေ၊နိုဘယ်ဆုရွေးချယ်ရေး ကော်မတီအဖွဲ့ဝင်တွေနဲ့လည်း
တွေ့ဆုံမှာဖြစ်သလို၊သူ့အတွက်နိုင်ငံတော်ကသီးသန့်စီစဉ်တဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရှ င်ဂုဏ်ပြုပွဲမှာ
နိုဘယ်လ်မိန့်ခွန်းပြောမှာလ ည်းဖြစ်ပါတယ်၊၂၀၀၆ခုကစပြီြး မန်မာ့အရေးအတွက်ကျနော်တို့
အာရုံစိုက်လုပ်ဆောင်ခဲ့တယ်၊ ကျနော်ကိုယ်တိုင်ရန်ကုန်ကို (၃)ကြိမ်လောက်သွားခဲ့ပြီး
ပြောဆိုဆွေးနွေးခဲ့တဲ့အချိန်တွေရဲ့ရလဒ်ဟာအခုဆိုက်ရောက် လာပါပြီ”ဟုမစ္စတာဘွန်ဒယ်ဗစ်ခ်
ကပြောသည်။
(၂၄)နှစ်အတွင်းဒုတိယမြောက်ြ ပည်ပခရီးစဉ်အဖြစ်ဥရောပ(၅)နိုင်ငံသို့
ခရီးလှည့်လည်မည့်၊၁၉၉၁ခုနှစ်နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်သည်
ရန်ကုန်မြို့မှဂျွန်လ(၁၄)တွ င်စတင်ထွက်ခွါလာမည်ဟုသိရှိ ရသည်။ဂျွန်လ(၁၅)ရက်ဆွီဇာလန် နိုင်င်
တွင်ကျင်းပမည့်အပြည်ပြည်ဆို င်ရာအလုပ်သမားများနေ့အခမ်းအ နားတွင်မိန့်ခွန်းပြောပြီး
နောက်နော်ဝေးနိုင်ငံသို့ခရီးဆက်မည်ဟုသိရသည်။
နိုင်ငံတကာမိသားစု၏အထူးထောက်ခံစိတ်ဝင်စားမှုခံနေရသည့်မြ န်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်သည်သူ့ကိုဂုဏ်ပြုမည့်နိုဘယ်လ်အခမ်းအ နားကျင်းပမည့်
ဂျွှန်လ(၁၆)ရက်နေ့လည်(၁၁)နာ ရီတွင်ဝန်ကြီးချုပ်ဟောင်းဘွ န်ဒယ်ဘစ်ခ်ဦးစီးသည့်
အော်စလိုစင်တာ၌၊အကန့်အသပ်နှ င့်ဖိတ်ကြားထားသည့်၊နိုင်ငံ တကာနှင့်
၊နော်ဝေးတတ်သိပညာရှင်အနည်းင ယ်တို့နှင့်အတူဒီမိုကရေစီရေးဆိုင်ရာဆွေးနွေးခြင်းနှင့်
အပြန်အလှန်အမေးအဖြေပြုလုပ်မ ည့်အစီအစဉ်ရှိကြောင်းလည်းသိ ရသည်။
“ကျနော်နောက်ဆုံးအကြိမ်(ဂျွ န်လ၁၅ရက်၂၀၁၂)ရန်ကုန်မှာသူနဲ့တွေ့တော့၊ကျမအော်စလိုကို
မိန့်ခွန်းပြောဘို့၊အင်တာဗျူးအမေးအဖြေလုပ်ဖို့လောက်နဲ့ တော့မလာချင်ပါဘူး၊ကျမလူတွေနဲ့
စကားပြောဆို၊ဆွေးနွေးချင်တာ ပါ၊လို့ပြောခဲ့တာကိုမှတ်သား ထားပြီး၊အော်စလိုငြိမ်းချမ်းရေး
စင်တာရုံးခန်းမှာဒီကပုဂ္ဂိုလ်တချို့ကိုဖိတ်ကြားပြီး၊သူနဲ့တွေ့ဆုံဆွေးနွေး၊မေးမြန်း စကားပြောကြဘို့
စီစဉ်ထားပါတယ်”ဟုမစ္စတာဘွန်ဒ ယ်ဘစ်ခ်ကပြောသည်။
နော်ဝေးနိုင်ငံဘုရင်နှင့်တော်ဝင်မိသားစုပါတက်ရောက်မည့် ၁၉၉၁နိုဘယ်ငြိမ်းချမ်းရေးဆု ရှင်
အားဂုဏ်ပြုမည့်အခမ်းအနားသည် နိုဘယ်လ်ဆုချီးမြှင့်သည့်သမိုင်းတွင်တကြိမ်မှမရှိခဲ့ဘူးသော
ဒုတိယအကြိမ်မြောက်ကျင်းပသည့် နိုဘယ်လ်အခမ်းအနားပင်ဖြစ်သ ည်။ပထမအကြိမ်
၁၉၉၁ခုနှစ်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုကိုနေအိမ်အကျယ်ချုပ်ကျခံနေရသူ
အားချီးမြှင့်မှုမှာလည်းနိုဘ ယ်လ်ဆုရွေးချယ်ရေးသမိုင်းတွ င်ပထမဆုံးအကြိမ်ဖြစ်ခဲ့ဘူးပါသည်။
ထိုစဉ်ကဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းမိုက်ကယ်လ်အဲလစ်(၁၉ ၉၉ကွယ်လွန်)နှင့်သား
၂ ဦးကလက်ခံခဲ့ပါသည်။
နောက်ထပ်ထူးခြားမှုတခုကားနှစ်စဉ်နိုဘယ်လ်ဆုချီးမြှင့်သည့်အခမ်းအနားကို၊နော်ဝေးနိုင်ငံ၏
လွန်စွာချမ်းအေးလှသည့်ဒီဇင် ဘာလ၌သာကျင်းပလေ့ရှိသော်လည်း ၊ယခုအခါဒေါ်အောင်ဆန်း
စုကြည်အားသီးသန့်ဂုဏ်ပြုလို သည့်အတွက်၊ရာသီဥတုကောင်းမွန်လှပပြီးအများသူငါအားလပ်
အနားယူကြသည့်နွေရာသီတွင်ကျင်းပခြင်းပင်ဖြစ်သည်။
နိုဘယ်ဂုဏ်ပြုပွဲအပြီးညနေပိုင်းတွင်အခမ်းအနားကျင်းပမည့် မြို့တော်ခမ်းမရှေ့၌ဒေါ်အော င်
ဆန်းစုကြည်လူထုအစည်းအဝေးမိန့်ခွန်းပြောကြားရန်နော်ဝေးနိုင်ငံသားများနှင့်ဖွဲ့စည်း ထား
သည့်နော်ဝေးမြန်မာကော်မတီ(N BC)နှင့်အပြည်ပြည်ဆိုင်ရာလွ တ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့က
လည်းစီစဉ်ထားပါသည်။
ထိုသို့နိုဘယ်လ်ငြိမ်းချမ်း ရေးဆုရှင်နှင့်ပြည်သူလူထုတိုက်ရိုက်တွေ့ဆုံမိန့်ခွန်းေ ပြာဆိုမည့်
အစီအစဉ်ကလည်းယခင်ကတကြိမ်မှမ ရှိခဲံဘူးသောအစီအစဉ်တရပ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်(၃)ရက်ကြာနော်ဝေးနိုင်ငံ၌နေထိုင်နေစ ဉ်နိုဘယ်ငြိမ်းချမ်းရေး
ကော်မတီ၏အတီးအမှုတ်များနှင့် ဂုဏ်ပြုညစာစားပွဲအပါအ၀င်၊အော်စလိုရှိနိုင်ငံဘုရင့်နန်း တော်
ဧည့်ခံပွဲ၊၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအပါအ ၀င်နော်ဝေးအစိုးရအဖွဲ့နှင့် တွေ့ဆုံခြင်း၊
နိုင်ငံတကာခေါင်းဆောင်များ၊ နိုဘယ်လ်ဆုရှင်များနဲ့ဖွဲ့စ ည်းထားသောအော်စလိုဖိုရမ်ဖွင့်
့လှစ်ပွဲကျင်းပပြီးမိန့်ခွန်းပြောခြင်း၊နော်ဝေးပါလီမန် နှင့်အော်စလိုမြို့တော်တ၀ို က်ကြည့်ရှုလည်
ပတ်မှုများပြုလုပ်မည်ဖြစ်သလို၊နော်ဝေးနိုင်ငံ၏ဒုတိယမြို့ တော်ဘာဂင်မြို့သို့သွားရော က်မည့်
အစီအစဉ်ရှိကြောင်းလည်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ဥရောပခရီးစဉ်အတွင်း၊နော်ဝေး၊အိုင်ယာလန်၊
အင်္ဂလန်တွင်နေထိုင်နေကြသည့်ြ မန်မာနိုင်ငံသားများနှင့်လည်းတွေ့ဆုံမည်ဟုသိရသည်။
ဂျွန်လ၁၆ရက်နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်မည့်အခမ်း အနားအပြီးညနေတွင်အော်စလို
ဆိပ်ကမ်းအနီးရှိနိုဘယ်လ်ငြိ မ်းချမ်းရေးစင်တာအဆောက်အဦး တွင်ဒေါ်အောင်ဆန်းစုကြည်
နှင့်မြန်မာများ(၁)နာရီကြာေ တွ့ဆုံပြီးဒေါ်အောင်ဆန်းစုကြ ည်ကအဝေးရောက်မြန်မာများကို
သြ၀ါဒစကားပြောဆိုမည်ဟုသိရသည်။
ဒေါ်အောင်ဆန်းစုကြည်အော်စလို သို့ဆိုက်ရောက်မည့် ဂျွန်လ၁၅ရက်နေ့လည်တွင်တည်း
ခိုရာဂရင်းဟော်တယ်(Grand Hotel)ရှေ့တွင်မြန်မာနိုင်ငံသားတိုင်းရင်းသားအစုံအညီနှ င့်
သိုက်သိုက်ဝန်းဝန်းကြိုဆိုမ ည်ဟုလည်းသတင်းရရှိသည်။
ဂျွန်လ(၁၈)ရက်တွင်နော်ဝေးနိုင်ငံမှတဆင့်အိုင်ယာလန်သို့ သွားမည်ဖြစ်ပြီး၂၀၀၉ခုနှစ်က
ဒေါ်အောင်ဆန်းစုကြည်အားချီြး မှင့်ခဲ့သည့်အပြည်ပြည်ဆိုင် ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏အမြင့်
ဆုံးဆုကိုကမ္ဘာကျော်U2တေးဂီတ အဖွဲ့ခေါင်းဆောင်ဘိုနိုမှတဆ င့်လက်ခံယူမည်ဟုသိရသည်။
ဇွန်လ(၁၉)ရက်အင်္ဂလန်တွင်ဒေါ်ေ အာင်ဆန်းစုကြည်၏(၆၇)နှစ်မြောက်မွေးနေ့ပွဲကိုသား(၂)
ယောက်အပါအ၀င်ဆွေမျိုး၊မိတ်သ င်္ဂဟများနှင့်အတူကျင်းပမည်ဖြ စ်သည်။ဂျွန်လ၂၂ရက်တွင်၊
လန်ဒန်ရှိမြန်မာအသိုင်းအ၀ို င်းများနှင့်တွေ့ဆုံစကာြးေ ပာမည်ဖြစ်သလို၊မြန်မာ့ဆိုင်းဝိုင်းနှင့်
အတူနိုင်ငံကျော်အဆိုတော်ဒေါ် မာမာအေးလည်းဧည့်ခံဖြော်ဖြေမ ည်ဟ
ုသိရသည်။
ဒေါ်အောင်ဆန်းစုကြည်အင်္ဂလန်တွ င်နေထိုင်စဉ်အတွင်း၊အောက်စ် ဖို့စ်တက္ကသိုလ်မှချီးမြှင့် သည့်
ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့တက် ရောက်ယူမည်ဖြစ်သလို၊အင်္ဂလန်ပါလီမန်တွင်လည်းမိန့်ခွန်း
ပြောကြားမည်ဟုသိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ဥရောပခရီးစဉ်သည်၁၀ရက်ကျော်ကြာမြင့် ပြီးပြင်သစ်နိုင်ငံ
သို့လည်းသွားရောက်လည်ပတ်မ ည်ဟုသိရသည်။
ကိုညို (နော်ဝေး)
0 ယောက် အကြံပြုထားပါသည်:
Post a Comment