Tuesday, May 1, 2012

ဒေါ်အောင်ဆန်းစုကြည် ကျမ်းကျိန်မယ် /ရုပ်/သံ


ဒေါ်အောင်ဆန်းစုကြည် ကျမ်းကျိန်မယ်မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒနဲ့ မဟာမိတ်တွေရဲ့ မေတ္တာရပ်ခံချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော် စတင်တက်ရောက် တော့မယ်လို့ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အဖွဲ့ချုပ် ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲမှာ ပါတီမှတ်ပုံတင် ဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါ စာသားတွေကို ညှိနှိုင်းခဲ့စဉ်က ကျမ်းသစ္စာကျိန်ဆိုရမယ့် စာသားကို တစ်ပါတည်း မဆောင်ရွက်နိုင်ခဲ့တာဟာ သူရဲ့ လစ်ဟင်းမှု ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး လာမယ့် မေလ ၂ ရက်နေ့ လွှတ်တော်တက်တော့မှာဖြစ်ပါတယ်။

by

0 ယောက် အကြံပြုထားပါသည်:

Post a Comment