Tuesday, April 3, 2012

မြန်မာ့ဆက်သွယ်ရေး Information Highway ပေါ်မှာ နွားလှည်းနဲ့ ဆက်သွားမှာလား……



မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်းဟာ အိမ်နီးနားခြင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဘာ့ကြောင့် အောက်ကျ နောက်ကျ ဖြစ်နေရသလဲ…… အိမ်နီးခြင်း နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် ကျွန်တော်တို့ ဘာတွေလုပ်ကြမလဲ….. Information Highway ပေါ်မှာ ကျွန်တော်တို့လည်း အများတန်းတူ သွားလာနိုင်အောင် ဘာတွေလုပ်မလဲ အစရှိသဖြင့် ဥာဏ်မှီသလောက် စဉ်းစားကြည့်ပါတယ်……. Information စီးဆင်းမှု မြန်ဆန်လေ နိုင်ငံစီးပွားရေး တိုးတက်မှုကို တစ်ဘက်တစ်လမ်းက မောင်းနှင်နိုင်မှာ ဖြစ်တယ်လို့ ယူဆမိပါတယ်……

ဒီကိစ္စနဲ့ ပါတ်သက်လို့ ကိုကြည်သာရဲ့ ဒီစကားကို သဘောကျပါတယ်……. ကျွန်တော်တို့ဆီမှာ local content ဟုတ်တိပတ်တိ မရှိတာဟာလဲ နောက်ပြဿနာ တစ်ခုပဲ၊ တရုတ်ပြည်မှာ local content အရမ်း အရေးပါပါတယ်။ ပြည်တွင်းမှာ content များများ ထားပေးခြင်းအားဖြင့် ၁) international bandwidth အထိုက်အလျောက် လျော့သွားတယ် ၂) ပြည်တွင်းဆာဗာတွေက content ကို အစိုးရက ထိန်းချုပ်နိုင်ပါတယ်။ အဲဒါကြောင့် တရုတ်အစိုးရ ပြည်တွင်း local content များများ ရှိအောင် promote လုပ်ပါတယ်။ copyright ကိစ္စတွေတောင် မသိချင်ယောင်ဆောင်ထားတာ ရှိပါတယ် (ဥပမာ pirate movies site တွေ) အဲဒါကြောင့် တရုတ် user အများစုဟာ internet သုံးရင် ပြည်တွင်း ဆိုက်တွေနဲ့ပဲ ပိုပြီး အကျွမ်းတ၀င် ဖြစ်ကြတာကို သတိထားမိမှာပါ။



ဟုတ်ပါတယ်..... အဲ့ဒါနဲ့ ပါတ်သက်လို့ သတိထားမိသမျှ တရုတ်တွေလာရင် သူတို့နိုင်ငံရဲ့ Website တွေနဲ့ပဲ အချိန်ကုန်နေတာ များပါတယ်..... ဘာသာစကားအရလည်း အဆင်ပြေတဲ့အတွက် ပါသလို သူ့နိုင်ငံရဲ့ Website တွေက ပေးတဲ့ Service ကလည်း အဆင့်မှီတာကို တွေ့ရပါတယ်.... ဥပမာ အနေနဲ့ ချက်တင်အတွက် QQ Messenger လူမှု ကွန်ယက်အနေနဲ့ ဖေ့ဘွတ် အစားထိုး RenRen.com တွေကို အင်တိုက်အားတိုက် ဖွင့်ပေးထားပါတယ်...... လိုက်ပါ သုံးစွဲသူများအနေနဲ့လည်း အဆင်ပြေအောင် Technical ပိုင်းအရလည်း များစွာ ပံ့ပိုးပေးထားတာကို တွေ့ပါတယ်.....

ကျွန်တော်တို့ နိုင်ငံအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် မြန်မာ့ ဆက်သွယ်ရေး အနေနဲ့ တစ်ဦးတည်း ချုပ်ကိုင်ထားခြင်းကို အချို့အပိုင်းတွေမှာ ဖြေလျော့သင့်နေပါပီ....... ကိုယ်ကိုယ်တိုင်လည်း ပိုင်နိုင်အောင် ထိမ်းထားနိုင်ခြင်းလည်း အလျင်းမရှိ၊ အခြားသူများကို ၀င်ရောက် လုပ်ကိုင်ခွင့်လည်း မပေးနဲ့ မြန်မာနိုင်ငံဟာ Information Highway လမ်းမပေါ်မှာ အခုအချိန်ထိ နွားလှည်းနဲ့ သွားနေတာကို မြန်မာ့ဆက်သွယ်ရေးက တာဝန်ရှိတဲ့ လူကြီးမင်းများအနေနဲ့ ရှက်သင့်နေပါပီ......

မြန်မာ့ဆက်သွယ်ရေးက Service ပေးတယ်ဆိုရင် စရောင်းတာနဲ့ အရင်းကြေပြီး အမြတ်ပါတန်းထွက်ရမယ် ဆိုတဲ့ Policy ကိုလည်း လုံးဝ ပြုပြင်သင့်ပါပီ...... ရေရှည် အကျိုးအမြတ်ကို မြင်တတ်ပီး Plan ချ လုပ်နိုင်တဲ့ အရည်အချင်း လိုလာပါပီ.... ကိုယ်မလုပ်နိုင်ရင် လုပ်နိုင်တဲ့လူကို လွှဲပေးသင့်ပါတယ်.... ဆက်ချုပ်ကိုင်ထားရင် ကျွန်တော်တို့ တိုင်းပြည် အောက်ကျ နောက်ကျ နောင်လာမယ့် မျိုးဆက်တွေအတွက် မျက်စိသူငယ် နားသူငယ် ဖြစ်နေမှာ ဖြစ်ပီး သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင် ပညာရှင်တွေ တိုင်းတပါးကို ထွက်ခွာ အလုပ်လုပ်နေရတဲ့ ဦးနှောက်ယိုစီးမှုကို တားစီးနိုင်မယ် မထင်ပါ......

National Security ဆိုတာကို လက်ခံပေမယ့် Outsource ပေးရုံနဲ့ National Security ကိုမထိခိုက်အောင် Information Task Force တွေကိုလည်း စနစ်တကျ စီမံထားသင့်ပါပီ…… အခုခောတ် နိုင်ငံအချင်းချင်းဟာ တရားဝင် စစ်ကြေငြာခြင်း အလျင်းမရှိပေမယ့် မျက်နှာဖုံး စွပ်ထားတဲ့ Cyber Soldier များကနေတစ်ဆင့် Hacking များကို ကောင်းကောင်း အသုံးချနေတာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် ပြဿနာအပီးမျာ ပါကစ္စတန် ဖိုရမ်တွေမှာ ဖြေချနေတဲ့ အိန္ဒိယ စစ်တပ်က အရာရှိများရဲ့ အီးမေးလ် ပါ့စ၀ါ့တွေ၊ လူမှုကွန်ယက် ပါ့စ၀ါ့တွေ အတွဲလိုက်ကြီးကနေတဆင့် မြင်နိုင်ပါတယ်…..


ဒီလို Information Highway မျာ မြန်မာနိုင်ငံအနေနဲ့ အဆင့်မှီမှီ မြန်မြန်ဆန်ဆန် လိုက်ပါစီးနင်းနိုင်ဖို့ ကိုယ်ပိုင် Webserver Firm တွေထောင်တာကို ဖွင့်ပေးသင့်တယ်..... Firm တွေအနေနဲ့လည်း ကိုယ်ရတဲ့ Bandwidth ကို Server Host လုပ်ဖို့ပဲ သေခြာသုံးသင့်တယ်...... ဥပမာ Internet Bandwidth ပြန်ရှယ်တာမျိုး၊ လက်တစ်လုံးခြား ပြန်ရောင်းစားတာမျိုးတော့ ရှောင်ကြဉ်သင့်ပါတယ်…...


အဲ့ဒိအတွက် ယခုလက်ရှိ ရန်ကုန်မြို့မှာ ချပေးနေတဲ့ FTTx က ရှိပီးသား Fiber Network ကို Core Structure အနေနဲ့ ယူသုံးလို့ ရပါတယ်……. ယခင်က ကိုယ်ပိုင် Webserver Firm တွေ ထောင်ဖို့ အဓိက ဆက်သွယ်ရေး နည်းပညာ အခက်အခဲ ရှိနေပေမယ့် အခုအချိန်မှာတော့ ဒါဟာ မဖြစ်နိုင်တဲ့ အတားအဆီး တစ်ခု မဟုတ်တော့ပါဘူး……….


အခုဟာက ကိုယ့် Server Host လုပ်မယ်ဆိုရင် ISP မှာ Server သွားထားရတာ ISP လည့် ထိမ်းသိမ်းရတာ ရှုပ်တယ်၊ Administration လုပ်ရတဲ့လူလည်း အဆင်မပြေဘူး.... အစိုးရအနေနဲ့ အဲ့ဒိ ကြပ်မတ်ထားတာကို ဖွင့်ပေးစေချင်တယ်.... ဒါဆို ကိုယ်ပိုင် Webserver Firm တွေ၊ Data Center တွေ ရှိလာတဲ့အတွက် အင်တာနက်ကိုလည်း အပြိုင်အဆိုင် ကြေငြာတွေ World Wide ဖွင့်ပေးနိုင်မယ်..... Web Developer တွေ အခွင့်အလမ်း ပိုများလာမယ်..... Network Engineer တွေအတွက် အများကြီး လမ်းပွင့်သွားနိုင်ပါတယ်…….

နည်းပညာ စီးဆင်းမှု မြန်ဆန်လာတာနဲ့အမျှ Online ပေါ်မှာ အခြေခံတဲ့ စီးပွားရေးတွေ ဖွံ့ဖြိုးလာခြင်းဟာ ဘွဲ့ရ အလုပ်လက်မဲ့ တွေရဲ့ ပြဿနာကို တနည်းအားဖြင့် ဖြေရှင်းပီးသားလည်း ဖြစ်လာမှာ ဖြစ်ပါတယ်….. ဆူပူအုံကြွခြင်းဟာ စားဝတ်နေရေး မပြေလည်တာနဲ့ ဆက်စပ်နေတာကို သတိထားမိမယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ တိုင်းပြည်တွင်းမှာ များများဖန်တီးခြင်းဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို တစ်ဘက်တစ်လမ်းက အထောက်အကူ ပြုပါတယ်…… ထို့အတူပဲ Information Highway ပေါ်မှာ တကယ့်ကို ကိုယ်ကပါ အလိုက်သင့် စီးမြောနေနိုင်မယ်ဆိုရင်ဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို တိုင်းရင်းသား ခေါင်းဆောင်တစ်ဦး တောင်းဆိုတဲ့ သေနတ်ကိုင်တဲ့ လက်တွေ လက်ပ်တော့ ပြောင်းကိုင်မယ်ဆိုတာ လုံးဝကို ဖြစ်နိုင်ပါတယ်….. ပြောင်းကိုင်တဲ့ လက်ပ်တော့တွေဟာလည်း Cyber Soldier များမဟုတ်တော့ပဲ တိုင်းပြည်စီးပွားရေးကို မောင်းနှင်မယ့် အားများ ဖြစ်လာမှာ ဖြစ်ပါတယ်…..

Information Highway ပေါ်မှာ ကျွန်တော်တို့ နိုင်ငံ အိမ်နီးခြင်းတွေလို တူတူတန်တန် လိုက်ပါစီးနင်းနိုင်ခြင်း မရှိတာဟာ နည်းပညာ အတားအဆီး အခက်အခဲကြောင့် မဟုတ်ပဲ မှားယွင်းတဲ့ စီမံခန့်ခွဲမှု၊ လွဲမှားနေတဲ့ စီမံကိန်းများ ဖော်ဆောင်မှုနဲ့ အကျိုးအမြတ်ကိုသာ ရှေ့တန်းတင်နေတဲ့ မြန်မာ့ဆက်သွယ်ရေးရဲ့ လောဘကြီးလွန်းတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်….. နိဂုံးအနေနဲ့ မြန်မာ့ဆက်သွယ်ရေးအနေနဲ့ တိုင်းပြည်ကို အမှန်တကယ် တိုးတက်စေချင်တယ်၊ ဖွံ့ဖြိုးစေချင်တယ်၊ တည်ငြိမ်စေချင်တယ်ဆိုရင် အမှတ်တကယ် ကျွမ်းကျင်သူများ အကူအညီကို စနစ်တကျ ယူစေချင်ပါတယ်……. လက်ရှိ သွားနေပုံနဲ့တော့ စင်္ကာပူကို ၃ နှစ်အတွင်း အမှီလိုက်ဖို့ဆိုတာ အိပ်မက်သာသာ ဖြစ်နေမှာပါ…… မြန်မာ့ဆက်သွယ်ရေးရဲ့ တိုင်းပြည်အပေါ် ထားတဲ့ စေတနာသာ အဓိက ကျနေပါပီ…… နောက်ဆုံးမေးခွန်းပဲ မေးပါရစေ…… ကိုယ့်နိုင်ငံကို Information Highway ပေါ်မှာ အိမ်နီးခြင်း နိုင်ငံတွေနဲ့ မတူပဲ နွားလှည်းနဲ့ ဆက်သွားနေမှာလား ဆိုတာ မြန်မာ့ဆက်သွယ်ရေးက တာဝန်ရှိကြတဲ့ လူကြီးမင်းများ ဖြေစေ့ချင်ပါတယ်…..

မှတ်ချက် ။ ။ လက်တန်း ချရေးတာ ဖြစ်တဲ့အတွက် ပညာရှင်များ၏ စံသတ်မှတ်ချက်များနှင့် လွဲချော်နေပါက ထောက်ပြ ဝေဖန်သုံးသပ်နိုင်ပါတယ်…… စနစ်တကျ ပြုစုထားသည့် စာတမ်းတစ်စောင် မဟုတ်ပါလို့လည်း ၀န်ခံပါရစေ……..

by James Mmt

0 ယောက် အကြံပြုထားပါသည်:

Post a Comment