ဟိုအရင် သတင်းအချက်အလက်နည်းပညာ မဖွံ့ဖြိုးခင် အချိန်ကာလတွေမှာ..
မြန်မာပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရအာဘော် သတင်းစာမှာ..
တစ်နှစ်တစ်ခါ အာဇာနည်နေ့ အခမ်းအနားတွေမှာ စောင့်မျှော်ကြည့်ရူ့ခဲ့ရတယ်...
နအဖ အာဏာရူးတွေဟာ နိုင်ငံတကာမှာ လူရာမဝင် နိုင်ငံရေးအကျပ်အတည်းတွေ့
ပြည်သူ ကို လိမ်လည် လှည့်ဖျား အချိန်ဆွဲလိုတဲ့ အချိန်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို.
ခေါ်ယူတွေ့ဆုံပြီး နေ့ချင်းညချင်းဘဲ ကျား ဥပုဉ်စောင့်တော့မလို အချိုးမျိုးတွေလုပ်ပြခဲ့ကြတယ်
ဒါပေမဲ့ သူတို့သာ အရှက်မရှိစပ်ဖြီးဖြီး ဓါတ်ပုံအရိုက်ခံပေမဲ့ ပြည်သူတွေ သတင်းစာမှာ
တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကတော့ ကင်မရာကို မျက်နှာလွှဲလို့..
ဒီလူတွေဟာ ကလိန်ကကျစ် လူယုတ်မာတွေပါလို့ ဓါတ်ပုံက တဆင့်စကားတွေပြောခဲ့တယ်..
ယခု..သတင်းထောက်တွေအမေစုနားအချိန်ပြည့် ရှိပေမဲ့လဲ အသေးစိတ်အချက်အလက်တွေ
ထုတ်ဖော်ပြောခွင့်မရတဲ့ အချိန်တွေမှာ..
ဥပမာ..ပါတီမှတ်ပုံမတင်ခင် က ဘာမဟုတ်တဲ့ စကားလုံးလေး ပြင်ဖို့ ကို
တစ်လ တစ်ခါ ဝန်ကြီးလာလို့ ပါတာဖတ် လုပ်တဲ့ အချိန်တွေမှာသူမမျက်နှာဟာ..မာန်နဲ့ ခပ်တင်းတင်းအနေအထားနဲ့ ပြည်သူတွေကို အခြေအနေတွေ..စကားပြောခဲ့တယ်..
ထားဝယ်ကို သွားတယ်.ထားဝယ်လုံခြည်ပါ..ပုသိမ်ကိုသွားတယ်..မန်းလေးကို သွားတယ်..ကချင်ကိုသွားတယ်..ဒေသစုံသွားပါတယ်...
တိုင်းရင်းသားအဖွဲ့တွေ လက်ခံတွေ့ဆုံတယ်.ဘယ်နေရာသွားသွား..
ဘယ်တိုင်းရင်းသားတွေနဲ့ တွေ့တွေ့ အမေစုဟာ ဒေသခံတွေကိုလေးစားတဲ့..
တိုင်းရင်းသားတွေကိုချစ်တဲ့..ရိုးရာဓလေ့ကိုမြတ်နိုးတဲ့ ခေါင်းဆောင်ကောင်းပီပီ..
သင့်လျော်လျှောက်ပတ်စွာ ရိုးရာ အဝတ်အစားတွေကို ဝတ်စားဆင်ယင်ပါတယ်..
ခပ်ထေ့ထေ့ပြောရရင် လူသတ်ဝတ်စုံ အစိမ်းကြီးဝတ် ပုဝါဖြူလေးပတ်လို့
ဘာသာတရားကိုအာဏာတည်မြဲရေးအတွက် အသုံးချ..လိုအပ်ရင် ဘုန်းကြီးတောင် ဂိုဏ်းခွဲ..ရိုက်ရိုက်နှက်သတ်တဲ့ လူစားမျိုးတွေနဲ့ လုံးဝမနိုင်းယှဉ်အပ်ပါဘူး..
ဒီနေ့ မြန်မာပြည်နိုင်ငံတကာဆက်ဆံရေးမှာ လူရာသူရာဝင်တဲ့နေ့ လို့ ပြောရမဲ့
ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း လာတဲ့ခရီးမှာ.. ခရီးစဉ်ရဲ့ ရလဒ်ကို မဝေဖန်ခင်
အမေစုဟာ..ဗြိတိန်နိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့တဲ အချိန်မှာဝတ်တဲ့ ဝတ်စုံလေးကတော့
တော်တော်ထူးခြားပါတယ်...
အမှတ်တမဲ့ကြည့်ရင်တော့ မြန်မာ့ရိုးရာ..ရင်ဖုံးလေးပါဘဲ..
ဒါပေမဲ့ တရုတ်ရိုးရာ ဒီဇိုင်းလေးနဲ့ပေါင်းစပ်ထားတဲ့ ရင်ဖုံးဝတ်စုံဖြစ်ပါတယ်..
တင်စားပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဝတ်တဲ့ ဝတ်စုံများထဲမှာ..
ဒီနေ့ဝတ်စုံဟာ သံတမန်ဝတ်စုံဖြစ်ပါတယ်...
ဒါဟာ တရုတ်နိုင်ငံ တရုတ်လူမျိုးများကို အသံမဲ့ စကားနဲ့ သံတမန်နည်း ပြောဆိုလိုက်တာပါ..
အနောက်အုပ်စု နိုင်ငံများနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သူမ ကိုတရုတ်နိုင်ငံက စိုးရိမ်ထိတ်လန့်မှု
မရှိစေရေး အတွက်..သူမဟာ အနောက်နိုင်ငံများနဲ့ အနာဂတ်မှာ လက်တွဲလုပ်ဆောင်သွားမှာ
ဖြစ်သလို..အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ လဲ စိုသော လက် မခြောက်စေနဲ့ ဟူသော စကားနှင့်
အညီ ရှိယင်းစွဲဆက်ဆံရေး တည်တံ့အောင်ဆက်လက်ကြိုးစားသွားမှာဖြစ်ကြောင်း...
ယခင့် ယခင်အခါများက ဓါတ်ပုံများ ဝတ်စုံများဖြင့် စကားပြောခဲ့ သလို...
ယနေ့လဲ သံတမန်ဝတ်စုံ..ဝတ်ဆင်စကားပြောခဲ့ သည်ကို အမေချစ်သော သားတစ်ယောက်မှ အမေစုကိုယ်စား လေးစားစွာ တင်ပြအပ်ပါတယ်...
0 ယောက် အကြံပြုထားပါသည်:
Post a Comment