“ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာ ကလည်း ပြင်လို့ရပါတယ်၊ ပြင်ဖို့ အတွက်ကတော့ ပြည်သူ့ လွှတ်တော်မှာပဲ ပြင်လို့ရပါတယ်။ ဒါကြောင့်မို့ ပြည်သူ့ လွှတ်တော်ရှေ့မှာ နေပြည်တော်မှာပဲ National Assembly ကြီးလုပ်ပြီးတော့ လိုအပ်တဲ့ ဥပဒေတွေပြင်ဖို့ လိုတယ်ဆိုရင် လွှတ်တော်ထဲမှာ သွားပြီးပြင်မယ်” ဟု ဧပြီလ ၆ ရက်နေ့က ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU ) နှင့်ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ မီဒီယာများအား ပြောကြားလိုက် ခြင်းဖြစ်သည်။
လက်နက်ကိုင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးသည့်အခါ နိုင်ငံတော် သမ္မတကြီးမှ ချမှတ်ထားသည့် လမ်းညွှန် မြေပုံ အဆင့်သုံးဆင့်ရှိပြီး အဆိုပါ အဆင့်သုံးဆင့်တွင် ဒုတိယ အဆင့်မှာ နိုင်ငံရေးရာ (political issue), နိုင်ငံရေး ဆွေးနွေး ပွဲ (political dialogue) များ ဖြေရှင်းရမည်ဖြစ်ပြီး ဒုတိယ အဆင့်တွင် တောင်းဆိုသည့် အချက်များမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ခွင့်မပြုသည့် အချက်များ ပါရှိလာပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
နိုင်ငံတော် သမ္မတကြီး ချမှတ်ထားသည့်လမ်းညွှန်မြေပုံ အဆင့်သုံးဆင့်မှာ ပထမ အဆင့် အပြစ်ခတ် ရပ်စဲရေးစာချုပ် လက် မှတ် ရေးထိုးခြင်း၊ ဒုတိယအဆင့်မှာ political Dialoge ပြောကြားခြင်းနှင့် ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်ပြီး တတိယ အဆင့်မှာ တိုင်းရင်းသား ပေါင်းစုံ ပါဝင်သည့် National Assembly ကျင်းပခြင်းဖြစ်သည်။
“တချို့တိုင်းရင်းသား တွေက ကျွန်တော်တို့ကိုမေးတယ် လွတ်တော်နဲ့ National Assembly ဘယ်လို စပ်ဆက်သလဲဆိုတာ ကျွန်တော်တို့က လွှတ်တော် ကိုယ်စားလှယ်မဟုတ်တဲ့အတွက် လွှတ်တော်ထဲမှာ သွားပြင်လို့တော့ ဘယ်ရမလဲဆိုပြီး မေးတယ် ၊ National Assembly ဆိုတာ တိုင်းရင်းသားတွေ အားလုံး ပါဝင်တဲ့ အစည်းအဝေးကြီး လုပ်တာဖြစ်ပါတယ်၊ အဲဒါကလည်း လွှတ်တော်နဲ့ ကပ်ရက်ပြီးတော့မှာပဲ လုပ်မှာပါ ဒီဘက်စားပွဲနဲ့ ဟိုဘက်စားပွဲပါပဲ ဒီတော့ ဆွေးနွေးတဲ့ အခါမှာ ဥပဒေ ပြင်ဖို့လိုရင် ဟိုဘက်စားပွဲကိုပို့ ဟိုဘက်စားပွဲမှာပြင်၊ ဒီလိုသဘောမျိုးနဲ့ လုပ်ခြင်းဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးသည့်အခါ ယခုအခါ အပြစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ဖြစ်သကဲ့သို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အချို့နှင့်လည်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေး လက်မှတ်ရေးထိုးသည့် အဆင့်သို့ ရောက်ရှိနေပြီးဖြစ်သည်။
သို့သော် အပြီးသတ် ငြိမ်းချမ်းရေး ဆောင်ရွက်ရန်အတွက် တတိယအဆင့်ဖြစ်သည့် National Assembly ကြီး ကျင်းပပြီး သည့် အခါမှသာ ငြိမ်းချမ်းရေး အပြီးသတ်ဆွေးနွေးနိုင်ပြီ ဟုပြော နိုင်မည်ဖြစ်ကြောင်း ဦးအောင်မင်းကပြောသည်။
နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာမြင့်သည့် ပြည်တွင်း စစ်ရောဂါဆိုးကြီးကို ခေတ်အဆက်ဆက် အစိုးရများက ငြိမ်းချမ်းရေး ဆွေးနွေးရန် ကြိးစားကြသော်လည်း အနာနှင့် ဆေးမတည့်သောကြောင့် ကုသ၍ မပျောက်ကင်းခဲ့သော်လည်း ယခုအစိုးရ လက်ထက်တွင် ခေတ်စနစ်တွေ ပြောင်းလဲလာပြီးဖြစ်သည့်အတွက် အနာနှင့်ဆေးတည့် ပြီ ဟုပြောနိုင်ပြီးဖြစ်ကြောင်း ၎င်း က ပြောသည်။
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးးအဖွဲ့ အနေဖြင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း အများအပြားနှင့်ငြိမ်း ချမ်းရေး ဆွေးနွေးမှုပြုလုပ်လျှက်ရှိပြီး ရှမ်း ၊မွန်စသည့် အဖွဲ့များနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီ ချက်များ ရရှိထား ပြီးဖြစ်ကာ ရခိုင်၊ ကရင်နီ အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့မှာ အပြစ်ရပ်စဲရေးနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်များကို ပြီးခဲ့သည့် လပိုင်းများအတွင်း လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။
0 ယောက် အကြံပြုထားပါသည်:
Post a Comment