Monday, March 12, 2012

ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက် လေ့လာ




ကားဖြတ် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ရုပ်သံရိုက်ကူးရန် နေပြည်တော်သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈ နာရီ ၄၅မိနစ်တွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နှင့်လည်းကောင်း၊ ကိုးနာရီခွဲတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လည်းကောင်း အသီးသီး တွေ့ ဆုံခဲ့ကြပါတယ်..

လွှတ်တော် ဥက္ကဋ္ဌများနှင့် သီးသန့်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့ အစည်းအဝေး ကျင်းပပုံကို မိနစ် ၃၀ နီးပါးကြာ တက်ရောက် လေ့လာခဲ့ပြီး ၁၀ နာရီ ၅၅ မိနစ်အချိန်တွင် နေပြည်တော် လွှတ်တော်ခန်းမ အဆောက်အအုံ အတွင်းမှ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်းသတင်းရရှိပါတယ်။

The Voice Weekly (Albums face book မှကောင်းနှုတ်တင်ပြပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment