ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲပြုလုပ်နေသည့် လားရှိုးမြို့၊ ရန်တိုင်းအောင် ဘုရားကြီးကွင်းပြင်ရှိ လူထုအား ယခုတွေ့ရစဉ်။
ဒေါ်အောင်ဆန်းစုကြည်သည် ညနေသုံးနာရီတွင် လားရှိုးမြို့၊ ရန်တိုင်းအောင်ဘုရားကြီး ကွင်းသို့ ၀င်ရောက်လာပြီး လူထုအား စတင်ဟောပြောနေပြီဖြစ်သည်။ လားရှိုးတက္ကသိုလ်ရှေ့မှ ကွင်းအထိ သူမနောက်သို့ လိုက်ပါလာကြသော လူထုမှာ သုံးသောင်းခန့်ရှိပြီး ကွင်းအတွင်းစောင့်ဆိုင်းနေကြသည့်လူထုမှာ ငါးသောင်းခန့်ရှိသည်။
““ဟောပြောပွဲတွေ သွားခဲ့တဲ့တစ်လျှောက် ဒီလောက်လှတဲ့မြင်ကွင်းမျိုးတစ်ခါမှ မကြုံဖူး သေးဘူး””ဟု ဒေါ်အောင်ဆန်းစုကြည်က လူထုကို စတင်မိတ်ဆက်လိုက်သည်။
““ဟောပြောပွဲတွေ သွားခဲ့တဲ့တစ်လျှောက် ဒီလောက်လှတဲ့မြင်ကွင်းမျိုးတစ်ခ
ဒေါ်အောင်ဆန်းစုကြည်အား စောင့်ဆိုင်းနေကြသော လားရှိုးမြို့၊ ရန်တိုင်းအောင် ဘုရားကြီးကွင်းပြင်ရှိ လူထုအား ယခုတွေ့ရစဉ်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခု ၂ နာရီခွဲတွင် အဆိုပါကွင်းသို့ လူထုအား ဟောပြောရန် ရောက်ရှိလာနေပြီဖြစ်သည်။
လားရှိုးလေဆိပ်မှ မြို့တွင်းသို့ ၀င်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား မြို့ခံများက သောင်းသောင်းဖျဖျကြိုဆိုနေကြစဉ်။
လားရှိုးလေဆိပ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် လာရောက်စောင့်ဆိုင်းနေကြသည့် မြို့ခံများကို ယနေ့ ၁၇.၃.၂၀၁၂ နံနက် ၁၁ နာရီ ၁၀ မိနစ်က တွေ့ရစဉ်။ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မှ လေယာဉ်ဖြင့်ထွက်ခွာလာ ပြီး လားရှိုးလေဆိပ်သို့ ၁၂ နာရီခန့်တွင် ရောက်ရှိလာမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် လာရောက်စောင့်ဆိုင်းနေသည့် လားရှိုးမြို့မှ ကလေးနှစ်ဦးကို ယခုတွေ့ရစဉ်။
ဓာတ်ပုံ-ဥက္ကာကိုကို
မူရင်း ။။ 7Day News Journal
0 ယောက် အကြံပြုထားပါသည်:
Post a Comment