Friday, February 3, 2012

´မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး´

´မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး´



´မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး´ ခေါင်းစဉ်ဖြင့်
စာတမ်းဖတ်ပွဲနှင့် နှီးနှောဖလှယ်ပွဲကို
မြန်မာနိုင်ငံလူငယ်များအစည်းအရုံးတွင် ၅.၂.၂၀၁၂
နေ့လည် ၁း၀၀ မှ ၄း၀၀အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
စာတမ်းဖတ်ကြားကြမည့် အဖွဲ့အစည်းများမှာ -
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊
မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့နှင့်
မြန်မာနိုင်ငံလူငယ်များအစည်းအရုံးတို့ ဖြစ်ပါသည်။
စာတမ်းဖတ်ပွဲကျင်းပရသည့် ရည်ရွယ်ချက်မှာ- မျိုးဆက်သစ်ကျောင်းသားလူငယ်များ
အနာဂတ်နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံရေးဖြစ်စဉ်များတွင်
နိုင်ငံရေးအကြောက်တရားကင်းဝေး
စေပြီး မိမိတို့ယုံကြည်ရာကို ပြောဆိုဝံ့ လုပ်ကိုင်ဝံ့ရှိလာရန်နှင့်
ဒီမိုကရေစီတည်ဆောက်ရေးတွင် တက်ကြွစွာပါဝင်လိုသည့် လူငယ်လူရွယ်များ
ဖြစ်လာစေရန် ရည်ရွယ်ပါသည်။
စာတမ်းဖတ်ပွဲတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ
`မျိုးဆက်သစ်တို့အတွက် လက်ဆင့်ကမ်းစကား´ ပြောကြားမည်ဖြစ်ပါသည်။
စာတမ်းဖတ်ပွဲသို့ ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

မြန်မာနိုင်ငံလူငယ်များအစည်းအရုံး
အမှတ်(၁၅၁)၊ ၆လွှာ(ညာ)၊ အထက်ပုဇွန်တောင်လမ်း၊ ရန်ကုန်မြို့။
ဖုန်း- ၀၉၇၃၀၉၆၈၈၇
မူးရင်း။။ဒီမိုကရေစီဝိုင်းတော်သားများ

0 ယောက် အကြံပြုထားပါသည်:

Post a Comment