Monday, December 5, 2011

မြန်မာနိုင်ငံ၏ အပြောင်းအလဲလမ်းကြောင်းတွင် လက်တွဲပါဝင်သွားရန် အသင့်ရှိဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပြောကြား


Eleven Media Group (01 December 2011)

၁)

ဒီနေ့ အစိုးရသစ်နဲ့ပထမ ဆုံးအကြိမ်တွေ့ဆုံမှုအရ ကောင်းမွန်တဲ့ အခွင့်အရေးတွေရှိနေပြီဆိုတာတွေ့ ခဲ့တယ်။ ပြီးတော့ နိုင်ငံမှာပြုပြင် ပြောင်းလဲမှုတွေလိုအပ်တဲ့ အဆင့်လိုက်ဆောင်ရွက်နိုင်ဖို့ အမေရိကန်နိုင်ငံကိုယ်စား ကျွန်မက မျှော်လင့်ပါတယ်။ ထပ်ပြီး ဖြေရှင်းရမယ့် အဆင့်တွေဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ ရေးကိစ္စ၊ နိုင်ငံသားအကျဉ်းသားထောင်ကျော် ကျန်ရှိနေသေးတဲ့ ကိစ္စ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိစ္စတွေမှာ ဘယ်လောက်အထိ ရလာမလဲဆိုတာတွေကို ကျွန်မ မျှော်လင့်ထားတယ်။ ၂) မြန်မာခေါင်းဆောင်တွေရဲ့ ခြေလှမ်းဟာ သန်းပေါင်း ၆၀ရှိတဲ့ မြန်မာ နိုင်ငံသားတွေ လွတ်လပ်မှု ဂုဏ်သိက္ခာနဲ့ နေထိုင်ကြဖို့ အခွင့်အလမ်း ဖြစ် ပါတယ်။ သမ္မတအိုဘားမားက မြန်မာနိုင်ငံမှာ မှိန်ပျပျတိုးတက်မှုတွေ တွေ့ ရှိရပြီလို့ ပြောခဲ့ပါတယ်။ သမိုင်းကြောင်းအရတော့ မှိန်ပျပျအလင်းရောင်တွေ ဟာ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒီမှိန်ပျပျ အလင်းရောင်တွေဟာ လွတ် လပ်မှုအတွက် ထတောက်နိုင်ဖို့နဲ့ အနာဂတ် ကောင်းစားရေး အတွက်ဆိုတာ ခေါင်းဆောင်တွေအပေါ်မှာ မူတည်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ တစ်ကြိမ် တစ်ခါ လာရောက်တဲ့ ခရီးစဉ်အပေါ် အခြေခံပြီးတော့ နှစ်နိုင်ငံ ဆက်ဆံရေး မဟာမိတ်ထားရှိဖို့ ဖြစ်ပါတယ်။ မြန်မာသမ္မတကို စောစောက ပြောခဲ့တဲ့အ တိုင်းပါပဲ။ အမေရိကန်အနေနဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းနှင့်အတူ ကူ ညီဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။ ၃) မိုးရွာတုန်း ရေခံ ဆိုတဲ့ မြန်မာစကားပုံ ရှိပါတယ်။ မြန်မာသမ္မတနဲ့တွေ့တုန်းက သူပြောခဲ့တာပါ။ ကျွန်မတို့ အနေနဲ့ မသိပါဘူး။ ခေါင်းဆောင်တွေယူတဲ့ ခြေလှမ်းတွေဟာ နောက် ပြန်ဆုတ်လို့ မရတဲ့ ခြေလှမ်းတွေလား၊ စီးပွားရေးကို ဖွင့်ပေးရင် အပြုသဘော ဆောင်တဲ့ ခြေလှမ်းတွေလား။ ဒီမေးခွန်းတွေဟာ ကျွန်မဖြေဖို့ မဟုတ်ပါဘူး။ ဒီမေးခွန်းတွေကို ဖြေရမယ့်သူတွေက နိုင်ငံသားတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ၄) တစ်ချိန်က မြန်မာနိုင်ငံဟာ စပါးကျီတစ်ခု ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်အချိန်မှာ တခြားနိုင်ငံတွေက ဖြတ်ကျော်သွားပြီးတော့ အရှေ့အာ ရှဒေသမှာ အင်အားကြီးမားတဲ့ နိုင်ငံတွေ ဖြစ်လာခဲ့ကြပါတယ်။ ဒါကြောင့် မလို့ မြန်မာအစိုးရအတွက် အရေးကြီးတဲ့ မေးခွန်းရှိလာပါတယ်။ အခုချိန်မှာ အရေးကြီးတာက အမေရိကန် ဒါမှမဟုတ် အခြားနိုင်ငံတစ်ခုခုနဲ့ ဆက်ဆံရေး မဟုတ်ပါဘူး။ မြန်မာခေါင်းဆောင်တွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ မွေးရာပါ အခွင့် အရေးကို နိုင်ငံသားတွေ ခံစားနိုင်ဖို့အတွက် ယုံကြည်ချက်ခိုင်မာစွာနဲ့ ဆောင် ရွက်မလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီလိုလုပ်မှလည်း အာရှ-ပစိဖိတ်ဒေသမှာ အင်အားကြီးအဖြစ် ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေကြားရာမှာ ဘယ်လိုထွက်လာမလဲဆိုတာတော့ မသိပါဘူး။ အပြုသ ဘောဆောင်ဖြေကြားမယ်ဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ တိုးတက်လာမှာဖြစ် ပါတယ်။ ဒီလိုဆိုရင် ကျွန်မတို့အနေနဲ့လည်း အထောက်အကူပေးဖို့ အဆင် သင့်ပါပဲ။ ၅) တစ်ချိန်က ဗီယက်နမ်နဲ့ ဆက်ဆံရေးမှာ ပျောက်ဆုံးနေတဲ့ အမေရိကန် စစ်မှုထမ်းတွေကို ပြန်လည်ရှာဖွေရေးဟာ အကျိုးပြုခဲ့သလို မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်အတွင်းက Burma Road တည်ဆောက်စဉ်က ပျောက်ဆုံး ခဲ့တဲ့ အမေရိကန်စစ်သားတွေ ပြန်လည် ရှာဖွေရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ လည်း မြန်မာအစိုးရနဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒါတွေဟာ ခြေလှမ်းတွေ ဖြစ်ပါတယ်။ ဒီအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အတွက် ကျွန်မတို့ဘက်က လုပ်ဆောင်သွားမှာတွေ ရှိပါတယ်။ မြန်မာ-အမေရိကန် သံတမန်ရေးဆက်ဆံမှု တိုးတက်ဖို့နဲ့ သံအမတ်ချင်း ဖလှယ်ဖို့လည်း ပါဝင်ပါ တယ်။ နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်မှုတွေကို တင်ပြနိုင်ဖို့လည်း လမ်း ကြောင်းတစ်ရပ် ချမှတ်ထားပါတယ်။ ဒါဟာ နှစ်နိုင်ငံအပြန်အလှန် ယုံကြည် ကိုးစားမှုရရှိဖို့အတွက် ဖြစ်ပါတယ်။ ၆) အမေရိကန်အစိုးရအနေနဲ့ အစိုးရအတွင်းနဲ့ အစိုးရပြင်ပရှိ ခိုင်မာတဲ့ စစ်မှန်တဲ့ စေတနာရှိသူတွေကို ထောက်ခံပါတယ်။ မြန်မာနိုင်ငံက ခေါင်း ဆောင်တွေရဲ့ ရွေးလမ်းမှားတွေကြောင့် လွန်ခဲ့တဲ့ အတိတ်မှာ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံ ဖြစ်ခဲ့ပါတယ်။ အမေရိကန်အနေနဲ့ အခုလိုမျိုး တိုးတက်မှုတွေ မြင်လာတာကို အပြုသဘောဆောင် တုန့်ပြန့်ဖို့ရှိပါတယ်။ အဲဒီတုန့်ပြန်ဆောင်ရွက်မယ့် အရာတွေဟာ မဲခေါင်ဒေသ အောက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုတွေ လေ့လာရာမှာ ပါဝင်နိုင်မှုနဲ့ ကမ္ဘာ့ဘဏ်၊ ADB စရှိတဲ့ အဖွဲ့ အစည်းတွေ မြန်မာနိုင်ငံကို လာရောက်လေ့လာနိုင်ဖို့တို့ ဖြစ်ကြပါတယ်။ ဒါတွေအပြင် UNDP ရဲ့ အသေးစားငွေချေးလုပ်ငန်းတွေ၊ ပညာရေး ကဏ္ဍတွေမှာ ကူညီနိုင်မယ့်ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ၇) အမေရိကန်နဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့အတွက် အရေးကြီးတာကတော့ အစိုးရတစ်ရပ်လုံးဟာ နျူကလီးယားလက်နက်မပြန့်ပွားရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ သဘောတူညီမှုတွေကို လိုက်နာစေဖို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာပြီးတော့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု ဖြတ်တောက်ဖို့အတွက် မြန်မာနိုင်ငံရဲ့ သန္ဓိဌာန် ခိုင်မာမှုကိုလည်း ကျွန်မတို့ ကြိုဆိုပါတယ်။ ဒီတိုးတက်မှုတွေကို အခုထက်ပိုပြီး ကျယ်ပြန့်အောင် မြှင့်တင်ပြီးတော့ လုပ်ဆောင်သွားလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ ၈) အခုပြုလုပ်လာတဲ့ ကနဦးခြေလှမ်းတွေကို ကြိုဆိုပါတယ်။ အထူးသ ဖြင့် တိုင်းရင်းသား ဒေသတွေမှာ တင်းမာမှုတွေ လျော့ကျစေဖို့ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အကြာရှည်ဆုံးဖြစ်တဲ့ ပဋိပက္ခတွေမှာ အကြမ်းဖက်မှုဖြစ်တဲ့အခါ ဝမ်းနည်းစရာကောင်းပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေ များစွာရှိပြီးတော့ ကိုးကွယ်မှုဆိုင်ရာ ဘာသာရေးအမျိုးမျိုးလည်း ရှိပါတယ်။ မြန်မာသမ္မတကို ကျွန်မတိုက်တွန်းခဲ့တာကတော့ လူ့အခွင့်အရေး စောင့် ကြည့်သူတွေကို လာရောက်တာကို ခွင့်ပြုဖို့ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ တကယ်တန်းတော့ အကဲဆန်းမှုတွေ ဖြစ်ပါတယ်။ ပဋိပက္ခရဲ့ အခြေခံအ ကြောင်းတရားတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အားလုံးကို ငြိမ်းချမ်းရေးရရှိစေမှာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီအချက်တွေအပြင် အခြားအကဲစမ်းမှုတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် လူကုန် ကူးမှုတိုက်ဖျက်ရေး အပစ်အခတ်ရပ်စဲရေး အကြောင်းတွေကို ဆွေးနွေးဖြစ် ခဲ့ပါတယ်။ ၉)ရွေးကောက်ပွဲဥပဒေတွေကို ပြန်လည်ရေးသားခဲ့တဲ့ အပြင် ဥပဒေတွေ ကိုလည်း ပြင်ဆင်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား ၂၀ဝကျော် လွှတ်ပေးခဲ့ ပါတယ်။ ကျွန်မအနေနဲ့ ပြောခဲ့တာက အခုယူခဲ့တဲ့ ခြေလှမ်းတွေဟာ အစဉ် အလာမရှိခဲ့ပေမယ့် အစဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ နိုင်ငံရေးအကျဉ်း သားတွေ လွှတ်ပေးတာက အားရစရာဖြစ်ပေမဲ့လို့ ၁၀ဝ၀ကျော် ကျန်ရှိနေပါ သေးတယ်။ ဒီကိစ္စကို ကျွန်မအနေနဲ့ သီးခြားပြောခဲ့သလို လူသိရှင်ကြားပြော လိုတာကတော့ ဘယ်နိုင်ငံမှာမဆို ဘယ်သူကိုမှ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့် ယုံကြည်ချက်တွေကြောင့် အကျဉ်းချထားခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလွတ်လာပြီးတော့ နိုင်ငံရေး ဖော်ဆောင်မှုမှာ ပါဝင်တာဟာ အားရစရာဖြစ်ပါတယ်။ ဒါပေမဲ့လို့လည်း နိုင်ငံရေးပါတီတွေ အားလုံးဟာ နိုင်ငံတဝမ်း ရုံးတွေကို ဖွင့်လှစ်ခွင့်ရပြီးတော့ လွတ်လပ်ပြီး တရားမျှတပြီး ယုံကြည်ကိုးစားမှုရှိတဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့်ရရှိဖို့ လိုအပ်ပါတယ်။

ဟီလာရီ ကလင်တန်
Posted by Co2zeиith

မြန်မာနိုင်ငံ၏ အပြောင်းအလဲလမ်းကြောင်းတွင် လက်တွဲပါဝင်သွားရန် အသင့်ရှိဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပြောကြား



အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံနေစဉ်။
ဓာတ်ပုံ - ကောင်းထက်

မြန်မာအစိုးရအနေဖြင့် ပြည်သူများအတွက် မှန်ကန်သည့် ဦးတည်ချက် အတိုင်း နိုင်ငံအပြောင်းအလဲကို ဆက်လက် ဖော်ဆောင် သွားမည် ဆိုပါက အမေရိကန်အစိုးရက ယင်းလမ်းကြောင်းပေါ်တွင် မြန်မာ အစိုးရနှင့်အတူ လက်တွဲပါဝင် သွားရန်အသင့်ရှိကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံအပြီးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီ ကလင်တန်က သတင်းထောက်များအား ပြောကြားသည်။

မစ္စစ်ကလင်တန်သည် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နေပြည်တော်တွင် တွေ့ဆုံ ခဲ့ပြီးနောက် ညနေ ၃ နာရီ ၁၀ မိနစ်တွင် ၎င်းတည်းခိုရာ သင်္ဂဟ ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ကျင်းပရာတွင် ပြောကြားခြင်းဖြစ်သည်။
မစ္စစ်ကလင်တန် သတင်းထောက်များကိုပြောကြားနေစဉ်
ဓာတ်ပုံ-အေအက်ဖ်ပီ

"ကျွန်မနဲ့တွေ့ဆုံတဲ့အခါမှာ ခေါင်းဆောင်တွေက ဒီတိုးတက်မှုတွေက ဒီထက်ပိုပြီး ကျယ်ပြန့်စွာနဲ့ ဆက်ဖြစ်ပေါ်နေမယ်လို့ အခိုင်အမာပဲ ပြောကြတယ်။ အဲဒီလိုဆိုရင် အမေရိကန်ပြည်ထောင်စု အနေနဲ့ အပြောင်းအလဲကို အစစ်အမှန် ဖော်ဆောင်နေတဲ့ အစိုးရရော၊ အစိုးရ မဟုတ်သူတွေကိုရော စိတ်ဝင်တစားပဲ ထောက်ခံသွားပါမယ်"ဟု မစ္စစ်ကလင် တန်က ဆိုသည်။

သမ္မတဦးသိန်းစိန်က ၎င်းနှင့်တွေ့ဆုံရာတွင် မြန်မာအစိုးရအနေဖြင့် အကျဉ်းသားများ ဆက်လက်လွှတ်ပေးရေး၊ လွတ်လပ်မျှတသည့် ကြားဖြတ်ရွေး ကောက်ပွဲများ ကျင်းပရေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်း ချမ်းရေးတည်ထောင်မှု ကြိုးပမ်းချက်များ၊ အဏုမြူမပြန့်ပွားရေး ပူးပေါင်းဆောင်ရွက်မှုများအပါအ၀င် ဆက်လက် လုပ်ဆောင်သွားမည့် ပြုပြင်ပြောင်းလဲမှု များ၊ ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်များနှင့် စီးပွားရေးတိုးတက်မှုတို့ကို ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။

"သူ့(ဦးသိန်းစိန်)ရဲ့အစိုးရအဖွဲ့ထဲမှာ သူသွားနေတဲ့ ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို ထောက်ခံတဲ့လူတွေရှိသလို အပြောင်းအလဲ အတွက် ပူပန်နေတဲ့လူ တွေ၊ ဆန့်ကျင်နေတဲ့လူတွေရှိနေတဲ့အပြင် ဘာလုပ်ရမလဲစဉ်းစားရင်း အလယ်ကနေ ခြံစည်းရိုးခွထိုင်နေတဲ့လူ တွေလည်းရှိတယ်ဆိုတာ ကျွန်မ ကောင်းကောင်းသိလိုက်ရတယ်" ဟု မစ္စစ်ကလင်တန်က ဆိုသည်။

အမေရိကန်နိုင်ငံနှင့် ယခုထက် ကောင်းမွန်သောဆက်ဆံရေးကို တည် ထောင်နိုင်ရန်မှာ အစိုးရတစ်ဖွဲ့လုံးက နျူကလီးယား လက်နက်များအပေါ် နိုင်ငံတကာကထားရှိသည့်သဘောထား ကို လေးစားမှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးက အမေရိကန် သမ္မတအိုဘားမား ပြောကြားခဲ့သည့် စကားကို ကိုးကားကာ မြန်မာနိုင်ငံ၌ တိုးတက်မှု၏ မှုန်ပြပြအလင်းရောင်များ တွေ့နေရကြောင်း၊ အတိတ်သင်ခန်းစာများအရ အဆိုပါအလင်းရောင်များသည် ငြိမ်းသွားနိုင်သကဲ့သို့ ငြှိမ်းသတ်ခံရ နိုင်ကြောင်း၊ သို့မဟုတ် အလင်းရောင်များ ထွန်းလင်းလာခြင်းလည်းဖြစ်နိုင်ကြောင်း ပြောကြားသည်။

"ဒီ မှုန်ပျပျအလင်းရောင်တွေကနေ ဒီထက်ပိုကောင်းတဲ့ အနာဂတ်ကိုလမ်းပြနိုင်မယ့် လွတ်လပ်မှုမီးတောက်အဖြစ် ထတောက်နိုင်တဲ့ အထိရောက်အောင်ဆိုတာက ခေါင်းဆောင်တွေနဲ့ ပြည်သူတွေအပေါ်မှာပဲ မူတည်ပါလိမ့်မယ်" ဟု မစ္စစ်ကလင်တန်က ဆိုသည်။

သမ္မတဦးသိန်းစိန်နှင့်တကွ မြန်မာ အစိုးရအား တွေ့ဆုံကာ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် အစီအစဉ်များကို နားထောင်ခွင့် ရခြင်းသည် ၎င်းအတွက် အလွန်ကောင်းမွန်သည့်အခွင့်အလမ်း ပင် ဖြစ်သကဲ့သို့ အမေရိကန်အစိုးရက အပြောင်းအလဲလမ်းကြောင်း ကို မည်မျှ ထောက်ခံကာ ထပ်မံတွေ့မြင်လိုသည့် အချက်များကို ၎င်းထံမှ မြန်မာအစိုးရ ကြားသိနိုင်သည့်အတွက် အားတက် ဖွယ်ပင်ဖြစ်ကြောင်း မစ္စစ်ကလင်တန်က ဆိုသည်။

ကျန်ရှိနေသေးသည့် အကျဉ်းသားများ လွှတ်ပေးရေးကိုလည်း သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးတို့နှင့် ဆွေးနွေးခဲ့ပြီး မကြာမီတွင် အကျဉ်းသားများကို လွှတ်ပေးမည်ဟု မျှော်လင့်ကြောင်း ၎င်းကဆိုသည်။

"အကျဉ်းသားတွေကို ချက်ချင်းခြွင်းချက်မရှိ လွှတ်ပေးတယ်ဆိုတာက လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည်ရင်ကြား စေ့ရေးတွေအတွက် အစိုးရကထားရှိတဲ့ ကတိက၀တ်ကို စမ်းသပ်တာပါပဲ။ ကျွန်မတို့ နောက် ထပ်တစ်ဆင့်မတက်မီ ဒီကိစ္စတွေကို ဖြေရှင်းထားပြီးသားဖြစ်နေဖို့ လိုပါတယ်"ဟု မစ္စစ်ကလင်တန်ကဆိုသည်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ အပေါ်ထားရှိသည့် ပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုမှာ အစသာ ရှိသေးကြောင်း၊ ထပ်မံလုပ်ဆောင်မှုများ လိုအပ်နေသေးကြောင်း ၎င်းက ပြော ကြားသည်။

"အခုကတိပြုထားတာတွေက အစစ်အမှန်လားဆိုတာ သေချာအောင် စောင့်ကြည့်ဖို့လိုသေးတယ်ထင်ပါတယ်။ ဒါကြောင့် အစိုးရနဲ့ပဲ တွေ့ဆုံတာမျိုးမဟုတ်ဘဲ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ စကားပြောတယ်။ နိုင်ငံရေးဆန့်ကျင်ဘက် အဖွဲ့အစည်းတွေ၊ လူမျိုးစုဝင်တွေ နဲ့ စကားပြောတယ်။ တတ်နိုင်သမျှ ဖြစ်စဉ်တစ်ခုလုံးကို စေ့စေ့ငုံငုံ ကြည့်ချင် လို့ပါ"ဟု မစ္စကလင်တန်ကပြောသည်။

"ဒီဖြစ်စဉ်မှာ အတူတူ ဆက်လက်တွဲ သွားကြမှာဖြစ်လို့ ပိတ်ဆို့မှုတွေရုပ်သိမ်းရေးနဲ့ လျှော့ချရေးကို သေချာပေါက် စဉ်းစားမယ်လို့ ခေါင်းဆောင်ပိုင်းကို ကျွန်မ ပြောခဲ့ပါတယ်။ "ဒါတွေက အောက်ခြေမှာ တကယ် ဖြစ်နေဖို့ လိုပါတယ်။ စစ်ဆေးသုံးသပ်နိုင်ဖို့ လိုပါ တယ်။ ဒါပေမယ့် ကျွန်မတို့ ဘက်က ဒီအပြောင်းအလဲလမ်းကြောင်းကို ဆက်လက်ထောက်ခံနေမယ်ဆိုတာ နည်းလမ်းအမျိုးမျိုးနဲ့ ပြသသွားမှာ ဖြစ်ပါတယ်" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ အမေရိကန်အစိုးရအနေဖြင့် စီးပွားရေးပိတ်ဆို့မှု၊ ခရီးသွားလုပ်ငန်း ကန့်သတ်မှု၊ သွင်းကုန် တင်ပို့ခြင်း ကန့်သတ်မှုများကို လျှော့ချရုပ်သိမ်းသွားနိုင်အောင် မူဝါဒလမ်းစဉ်ချမှတ်ရေးဆွဲ ဆောင်ရွက်သွားမည်ဟု မစ္စစ်ကလင် တန်က ပြောကြားသည်။

၎င်းက နိုင်ငံအတွင်း ပဋိပက္ခများဖြစ် ပွားနေသည့်နေရာများသို့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့များနှင့် သတင်းစာ ဆရာများအား ၀င်ရောက်ခွင့်ပြုရန်လည်း သမ္မတဦးသိန်းစိန်အား တိုက်တွန်းခဲ့သည်။
Posted by Co2zeиith