Sunday, October 9, 2011

သမ္မတ- ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး- မင်းအောင်လှိုင်ထံအကြံပြု အိပ့်ဖွင့်ပေးစာ


သို့.....

သမ္မတ- ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး- မင်းအောင်လှိုင်သမ္မတ- ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး- မင်းအောင်လှိုင်....ခင်ဗျားလက်ရှိ- ပြည်သူလူထုနဲ့ ပြည်တွင်း/ပ ဒီမိုကရေစီအင်အားစု၊ နိုင်ငံတကာမိသားစုအသိုင်းအဝိုင်းတွေ ထောက်ခံမှုတွေ အထိုက်အလျှောက်ရနေချိန်မှာ ဒီအခွင့်အရေးကို လက်မလွတ်ပဲ မိမိရရ ဆုပ်ကိုင်ပြီး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်ဟုတ်မပျက်လုပ်ဆောင်သွားပြီး၊ ပြည်သူလူထုနှင့် ပြည်တွင်း/ပ ဒီမိုကရေဟီအင်အားစု၊ နိုင်ငံတကာအသိုင်းဝိုင်းတွေရဲ့ ထောက်ခံမှုတွေ ထပ်မံရရှိဖို့အတွက် ရဲဝံ့ပြတ်သားတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေချမှတ်ဖို့ အထူးအရေးတကြီးလိုအပ်ကြောင်း ဦးစွာပထမပြောကြားရင်း...အကြံပြုတိုက်တွန်းလိုပါတယ်။

လက်ရှိ- မြန်မာနိုင်ငံရေးဖြစ်စဉ်ကို ငြိမ်းချမ်းစွာ အကောင်အထည်ကူးပြောင်းဖို့ရန်အတွက် အစိုးရအဖွဲ့မှာ အဓိကတာဝန်ရှိတဲ့သမ္မတ- ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူကြီး- မင်းအောင်လှိုင်ရဲ့ အခန်းကဏ္ဍဟာ ဒီမိုကရေစီအသွင်ကူးပြောင်းစ ကာလမှာ မရှိမဖြစ် အလွန့်အလွန် အရေးတကြီးလိုအပ်နေပါတယ်။

မြန်မာ့နိုင်ငံရေး ပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်တဲ့နေရာမှာ ပြုပြင်ပြောင်းလဲမှုကို နှေးနှေးကွေးကွေးနဲ့ လုပ်ချင်တဲ့အုပ်စု၊ ပြုပြင်ပြောင်းလဲမှုကိုမလိုလားတဲ့ အုပ်စု၊ ပြုပြင်ပြောင်းလဲရေးကို ကာလတခုသတ်မှတ်ပြီး ပြုပြင်ပြောင်းလဲမှုကိုလိုလားတဲ့ အုပ်စု၊ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်မြှင့်တင်၍ လုပ်ဆောင်ချင်တဲ့ အုပ်စု၊ လာရာလမ်းကို ပြန်သွားချင်တဲ့ အာဏာသိမ်းချင်တဲ့ အုပ်စုတွေရှိနေတယ်လို့ သတင်းများအရ ကြားသိနေရပါတယ်။

ဒီနေရာမှာ လက်ရှိအစိုးရအဖွဲ့မှာ ခေါင်းဆောင်နေတဲ့ သမ္မတ- ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး- မင်းအောင်လှိုင် အနေနဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ချင်တဲ့စိတ်ဆန္ဒ အမှန်တကယ်ရှိဖို့ အထူးတလှယ်အရေးကြီးပါတယ်၊ ပြုပြင်ပြောင်းလဲမှုတွေကို အမှန်တကယ်လိုလားရင်....ပြုပြင်ပြောင်းလဲမှုမှာ အဟန့်အတား- အနှောက်အယှက်ဖြစ်နိုင်တာတွေ၊ ဖြစ်နေတာတွေကို ပြတ်ပြတ်သားသား၊ ထိထိမိမိအရေးယူ ကိုင်သွယ်ဖြေရှင်းသွားတတ်ဖို့လိုအပ်ပါတယ်။

ဥပမာ။ ။ ပြုပြင်ပြောင်းလဲမှုက အဓိအဟန့်အတား အနှောက်အယှက်ဖြစ်နိုင်တာက...(၁) ပြုပြင်ပြောင်းလဲမှုကို မလိုလားပဲ အာဏာပြန်သိမ်းနိုင်မယ်လို့ ထင်မှတ်ထားတဲ့ သဘောထားတင်းမာသူတွေ အုပ်စုကို လက်ဦးမှုယူပြီး ကြီးလေးတဲ့ အပြစ်ဒဏ်နဲ့ထောင်တွင်းချ အရေးယူထားရန်။ (၂) ပြုပြင်ပြောင်းလဲမှုကိုနှေးနှေးကွေးကွေးနဲ့ တရွတ်တိုက်သွားချင်နေတဲ့ အုပ်စုကို ရာထူးမှ ဖြုတ်ချပြီး တာဝန်မှ အပြီးပိုင်ရပ်ဆိုင်းရန်။

လက်ရှိ- အစိုးရ၏ ဂုဏ်သိက္ခာကို ကျဆင်းစေမည့် လုပ်ရပ်ကိုပြုလုပ်သည့် မိမိ၏ အစိုးရအဖွဲ့ဝင်များအား ထိရောက်စွာအရေးယူပြီးရာထူးမှ ဖယ်ရှားပစ်ရန်၊ ဥပမာ ။ ။ ဧရာဝတီမြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီး ပြည်သူကို မောက်မာရိုင်းပြစွာဆက်ဆံခဲ့သည့် လျှပ်စစ်ဝန်ကြီးဇော်မင်းအား လက်ရှိရာထူးမှ ဖယ်ရှားပြီး တာဝန်မှအပြီးပိုင် ရပ်ဆိုင်းရန်။ နယ်စပ်ဒေသတလျှောက် ကျေးရွာများတွင် တိုင်းရင်းသား ပြည်သူများအား မထင်လျှင်မထင်ဆိုသလို တရားဥပဒေမဲ့ ပြုလုပ်နေသော စစ်သား၊ စစ်ဗိုလ်များအား ထိရောက်စွာအပြစ်ပေး အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်၊ အတိုက်ခံနှင့် ပြည်သူများကို နိုင်ထက်စီးနင်း ဗိုလ်ကျနေသည့် သူများအား ထိထိရောက်ရောက် အပြစ်ပေးအရေးယူဆောင်ရွက်မှုများပြုလုပ်ရန်၊ အောက်ခြေလူတန်းစားများ၏ လယ်ယာမြေမတရားသိမ်းပိုက်မှုများနှင့် အဓမ္မခိုင်းစေခြင်းများရပ်တံ့စေရေး စသည့်တို့ကို နိုင်ငံအကျိုးကိုရှေးရှုပြီး ပြတ်ပြတ်သားသား အရေးယူကိုင်သွယ်ဖြေရှင်းသွားဖို့ လိုအပ်ပါတယ်။အထက်ဖော်ပြပါ ပြုပြင်ပြောင်းလဲမှုကိုမလိုလားတဲ့ သဘောထားတင်းမာတဲ့အုပ်စုသည် နိုင်ငံအတွက် အမှန်တကယ် အန္တရာယ်ရှိသည့်အုပ်စုများဖြစ်သည့်အတွက် လက်ဦးမှုကိုယူပြီး ဖမ်းဆီးထိမ်းသိမ်းထားသင့်သည်၊ ထို့အပြင်- လက်ရှိ မိမိအစိုးရအဖွဲ့စည်းထဲမှ အစိုးရရဲ့ ဂုဏ်ကို ထိပါးနှောက်ယှက်သည့်သူများကို ရာထူးမှဖယ်ရှားခြင်း၊ ထိရောက်စွာ အပြစ်ပေးအရေးယူဆောင်ရွက်ခြင်းများပြုလုပ်ခြင်းဖြင့်...လက်ရှိ- အစိုးရအပေါ် ပြည်သူတွေရဲ့ အယုံအကြည်တွေ တိုးပွါးလာမှာဖြစ်ပါတယ်၊ သမ္မတ- ဦးသိန်းစိန်မှလည်း မိမိတို့အစိုးရသည်ပြည်သူမှရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ အသံတွေကိုနားစွင့်ပြီး ပြည်သူတွေရဲ့ ဆန္ဒမှန်တွေကို အကောင်ထည်ဖော်လုပ်ဆောင်သွားမယ်လို့...၎င်းရဲ့ သဝဏ်လွှာမှာ အတိအလင်းထုတ်ဖော်ပြောကြားပြီးဖြစ်ပါတယ်၊ ဒါကြောင့်ပြည်သူတွေ ယနေ့-ဖြစ်ချင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး၊၊ ပြည်တွင်းစစ် ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး စသည်တို့ကို ပြည်သူ့ဆန္ဒတွေနဲ့အညီ လျှင်မြန်စွာ အကောင်ထည်ဖော်လုပ်ဆောင်သွားဖို့လိုအပ်နေပါတယ်။ မကောင်းတဲ့သူတွေကို ဘာမှအကာအကွယ်တွေကို ပေးထားစရာမလိုပါဘူး၊ လက်ရှိ- အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ယုံကြည်မှုနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုရရှိဖို့သာ အဓိကကျပါတယ်၊ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေရရှိလာအောင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံရေးအရ ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား ဆုံးဖြတ်သွားဖို့သာ ဒီနေရာမှာ အရေးကြီးပါတယ်။

လူသည်- လူ့သမိုင်းတွင် စံထားလောက်သည့် စံပြပုဂ္ဂိုလ်ထူးများဖြစ်ချင်ကြသည်၊ မည်သူမည်ဝါမှ မကောင်းသော ကျော်ဇောခြင်းနဲ့မကျော်ဇောချင်ကြ၊ မိမိ-လက်ထဲမှာအာဏာရှိစဉ် အပြောင်းအလဲကိုပြုလုပ်နိုင်ပါလျှက်နှင့် အာဏာလက်လွတ် ဆုံးရှူံးသွားတဲ့အခါကြမှ-အပြောင်းလဲကို ပြုလုပ်လို့နိုင်ပါလျှက်နှင့် အပြောင်းလဲတွေကို မပြုလုပ်ခဲ့ရကောင်းဆိုပြီး...ကြီးမားတဲ့နောင်တတွေကို မရစေလိုပါ။

ဒါကြောင့်....သမ္မတ- ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး- မင်းအောင်လှိုင်အနေနဲ့ မိမိ- တို့၏လက်ထဲတွင်အာဏာရှိစဉ် ကာလတခုမှာပြည်ကျိုးအတွက်...အဓိကကျတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အချိန်ကာလတခုသတ်မှတ်ပြီး အရှိန်ဟုန်မပျက် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်သွားနိုင်ပါစေလို့- အိတ်ဖွင့်စာပေးပို့ရင်း အကြံပြုရေးသားလိုက်ရပါတယ်။

ကိုဗလိုင် ( ဒိန်းမတ် )

မှတ်ချက်။ ။ ဤ- အကြံပြုအိပ်ဖွင့်ပေးစာကို ၁၀. ၁၀. ၂၀၁၁ နေ့စွဲဖြင့် သမ္မတ- ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး- မင်းအောင်လှိုင်ထံလိပ်မူပြီး ပေးပို့မည်ဖြစ်သည်၊ အကယ်၍- ကျနော်နှင့် ဆန္ဒတထပ်တည်းကျသည့်သူများလည်း သမ္မတ- ဦးသိန်းစိန်နှင့် ဗိုလ်ချူပ်မှူးကြီး- မင်းအောင်လှိုင်ထံ လိပ်မူ၍ မိမိအမည်နှင့် လက်မှတ်ရေးထိုးပြီး စုပေါင်းပေးပို့နိုင်ပါသည်။ အများအနေနဲ့စုပေါင်းပေးပို့မှသာ ၎င်းတို့နှစ်ဦးမှ အရေးတယူစဉ်းစားပြီး လုပ်ဆောင်မည်ဟုယုံကြည်ပါသည်။

by Ko Baloi

Francis Humanity face book စာမျက်နှာမှ ကူယူဖေါ်ပြပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment