Monday, October 24, 2011

ပဲခူးမြို့ပေါ်က နာမည်ကြီး လူယုတ်မာ ချီးပုံးသန့်ဇင်ဂိုဏ်းနှင့် ပဲခူးတိုင်းဝန်ကြီးချုပ်တို့ ပိုမိုခင်မင်ရင်းနှီးလာသည်ဆိုသည့် သတင်း၏ နောက်ကွယ် ...


မိတ်ဆွေတို့ ဖတ်ကြည့်ပါ။ ဖြန့်ဝေပေးပါ။ ကျနော်တို့နေတဲ့ မြို့လေးမှာ ဒီလိုမတရားမှုမျိုးတွေ တကယ်ဖြစ်နေ တာပါ။ ဒါကို ကျနော်တို့ ပဲခူးမြို့မှာရှိနေတဲ့ ၀န်ကြီးချုပ်နှင့် အစိုးရဘက်တော်သားများ၊ ဒီမိုကရေစီအင်အားစု များ၊ လူ့အခွင့်ရေးကာကွယ်စောင့်ရှောက်သူဆိုသူများ ဒီလိုပဲလက်ပိုက်ကြည့်နေသတဲ့လား၊ ကျော်မကောင်း ကြားမကောင်း ပဲခူးချီးပုံးမာဖီးယားဂိုဏ်းနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်တို့ ဆက်နွယ်နေသတဲ့ဗျာ။ ကဲ အပြည့်အစုံကို တော့ အောက်က သတင်းထောက်နဲ့ ပြည်သူတဦးရဲ့ ရင်ဖွင့်သံလေးကို နားထောင်ကြည့်ပါ။ လူမဆန်တဲ့ လူ မိုက်တယောက်ရဲ့ မတရားမှုကို ခေါင်းငုံ့ခံနေရတဲ့၊ ဥပဒေရဲ့မျက်ကွယ်ပြုခြင်းခံထားရတဲ့ ပဲခူးမြို့သူမြို့သားတ ချို့ရဲ့ ခံစားချက်ကို တွေ့ရပါလိမ့်မယ်။

ကျနော်တို့ပဲခူးမှာ မဂ္ဂတစ်ဆိုတဲ့ ရပ်ကွက်ရှိတယ်။ အဲ့ဒီရပ်ကွက်မှာ သန့်ဇင်ဆိုတဲ့လူ ရှိတယ်ဗျ။ အဲဒီလူကို ရပ် ကွက်က ချီးသန့်ဇင်လို့ ခေါ်ကြတယ်။ သူက ပဲခူးအမှတ် (၁) စခန်းက ရဲသတင်းပေးပေါ့ဗျာ။ ပြီးတော့ သူက လူမိုက်တွေ လက်သပ်မွေးထားတယ်။ သူခိုးတွေ မွေးထားတယ်။ ပြည့်တန်ဆာခန်းထောင်ထားတယ်။ ကြံ့ခိုင် ရေးခေတ်မှာ သူက စည်းရုံးရေးမှူး၊ ရဲစခန်းက ရဲနဲ့ ပေါင်းတယ်။ ရဲတွေအတွက် အမှုဆင်ပေးတယ်။ အဲဒီလိုနဲ့ သူက မြို့မှာ တဖြည်းဖြည်း သြဇာရှိလာတယ်။

တခါက သူ့သား မောင်းလာတဲ့ တုတ်တုတ်ဆိုင်ကယ်က ဆိုင်ကယ်တစီးကို ၀င်တိုက်လိုက်တယ်။ သူက အ လျော်ပေးမယ်ဆိုပြီး အဲဒီလူကို သူ့အိမ်ခေါ်သွားတယ်။ အိမ်ထဲရောက်တော့ အဲဒီလူကို သူ့တပည့်တွေက ၀ိုင်း ရိုက်တယ်။ ပြီးတော့ သူ့သားက သူ့ပေါင်သူ ဓားနဲ့ ထိုးချလိုက်တယ်။ နောက်ပြီး အမှုသွားဖွင့်တယ်။ စခန်းမှာ ဒီဆိုင်ကယ်တိုက်ခံရတဲ့သူက ကျနော့်သားကို အိမ်ထဲအထိ ဓားနဲ့ ၀င်ထိုးပါတယ်ဆိုပြီး နာကျင်စေမှုနဲ့ အမှုဖွင့် တယ်။ ရဲကလည်း သေချာမစစ်ဘဲ လက်ခံတယ်။ ဟိုလူမှာ အလျော်မရတဲ့အပြင် အလျော်ပါ ပေးရတယ်။

နောက်တခုကဗျာ သူတို့ရပ်ကွက်ထဲက ပျံကျအိမ်တအိမ်မှာ အသက် ၅၆ နှစ် အဖွားကြီးတယောက်နေတယ်။ အဲဒီအဖွားကြီးကို ချီးသန့်ဇင်ရဲ့ ညာလက်ရုံး သူရဆိုတဲ့ကောင်က ညအချိန်မတော်သွားပြီး ခင်ဗျားမှာ အိမ် ထောင်စုဇယားရှိလား၊ မရှိရင် ဧည့်စာရင်းတိုင်ရမယ်။ ဧည့်စာရင်းမတိုင်ရင် ရဲဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ငွေ တောင်းတယ်။ အဖွားကြီးက မပေးနိုင်တော့ ၅၆ နှစ် အဖွားကြီးကို သူရက မူးမူးနဲ့ မုဒိမ်းကျင့်လိုက်တယ်။ အ ဖွားကြီးမှာ သေလုမြောပါးပဲ။ ဒါကို အဖွားကြီးက ရယက သွားတိုင်မယ်ဆိုတော့ ချီးသန့်ဇင်က လမ်းကနေ ဖြတ်ခေါ်ပြီး ခင်ဗျားဆေးကုဖို့ ငါးသောင်း ကျုပ်ပေးလိုက်မယ်၊ အေး မကျေနပ်လို့ ထပ်တိုင်လည်း ရဲက ဘယ် သူ့လူဆိုတာ ခင်ဗျားသိလား၊ ကျုပ်လူဗျ။ ခင်ဗျား သေချင်းဆိုးနဲ့ သေသွားမယ်ဆိုတော့ အဖွားကြီးခမျာ ငါး သောင်းနဲ့ပဲ ကျေနပ်လိုက်ရတယ်ဗျာ။ တကယ့်ဆင်းရဲသားတွေ သနားပါတယ်ဗျာ။ ကျနော်လည်း သူတို့ကို သနားလို့ပါ။ အဖွားကြီးဆို တော်တော်သနားဖို့ ကောင်းတယ်။ သူခမျာ ဆရာဝန်ကလည်း ဆူဆဲသေးတယ်။ အသက်ကြီးမှ ကမြင်းရလားဆိုပြီး သွေးဆုံးနေတော့လည်း စုပ်ပြတ်သွားတာပေါ့။ သူ့ခမျာ မတရားခံရတာ ကို မပြောရဲရှာဘူး။ ရဲတိုင်လည်း အကြောင်းမှမထူးတာကိုး။

ချီးသန့်ဇင်က မြို့ပေါ်မှာ ပြည့်တန်ဆာခန်း ထောင်ထားတယ်။ အမှတ် (၁) ရဲစခန်းက စခန်းမှူးကအစ သူ့သြ ဇာခံရတယ်။ သူက သူခိုးလက်ခံလည်း လုပ်တယ်။ နောက်ဆုံး ရပ်ကွက်ကလူတွေက မီးစက်တို့ မော်တာတို့ ပျောက်ရင် စခန်းမတိုင်တော့ဘူး။ ချီးသန့်ဇင်ကို တစ်သောင်း နှစ်သောင်း သွားကန်တော့လိုက်တယ်။ ညကျ ရင် အဲ့ပစ္စည်း ပြန်ရောက်လာရော။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လက်ဖက်ရည်ဆိုင်ထဲမှာ သူ့သြဇာမခံတဲ့ လူငယ် တယောက်ကို သူ့တပည့် စစ်နိုင်က စကေဘာနဲ့ ထိုးလိုက်တယ်။ ဟိုကောင်လေး ဆေးရုံတင်ရတယ်။ အမှုဖွင့် တယ်။ ရဲက အီစီကလီနဲ့ အမှုကို ဖျောက်ပစ်တယ်။ ဆင်းရဲသားတွေဆိုတော့လည်းဗျာ၊ ဘယ်သူ့အားကိုရမှန်း မသိတော့ ကျနော့်ဆီ ရင်လာလာဖွင့်ကြတယ်။

အခု အဲဒီသူခိုးလက်ခံ၊ ပြည့်တန်ဆာခေါင်း၊ လူမိုက်လူယုတ်မာ ချီးသန့်ဇင်က ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ် ၀င်းနဲ့ ပေါင်းနေသတဲ့။ ဦးဉာဏ်ဝင်းရဲ့အတွင်းလူအဖြစ် သတင်းလွှင့်ထားတယ်။ အဲဒီတော့ စခန်းမှူးကအစ သူ့ကို ကြောက်နေရတယ်။ သူ့လုပ်ရပ်တွေက ဥပဒေပြင်ပကချည်းပဲ။ ချီးသန့်ဇင်က ခယကမှူးကိုလည်း ပိုင် တယ်။ ကျနော်တို့ ပဲခူးမြို့က လမ်းပြကြယ် ဦးအေးမြင့်ကလည်း အခုနောက်ပိုင်း ရဲတွေနဲ့ပဲ တွဲနေတော့ လူထု ကလည်း သူ့ကို အားမကိုးချင်ကြဘူး။ သူက လူသိများတဲ့ကိစ္စမျိုးပဲ လုပ်ချင်တယ်ထင်တယ်။ ချီးပုံးသန့်ဇင် ကိစ္စကျတော့ သိရက်ကြားရက်နဲ့ လက်ရှောင်နေတယ်။ လူ့အခွင့်အရေးသမားကြီးကလေ အခု ပညာရေးမှူး တို့၊ လ၀ကဦးစီးတို့ ပြောင်းလာရင် သူတို့ဟာကွက်တွေ၊ စားကွက်တွေကို ဦးအေးမြင့် မီဒီယာထဲ ထည့်မအော် အောင် သူ့ကို အရင် သွားကန်တော့တာတောင် ရှိတယ်လို့ ကြားတယ်။ ရဲတွေကိုလည်း သူက ဖုန်းတွေ ၀ယ် ပေး အမှုပွဲစားလုပ်နေတော့ ဦးအေးမြင့်ကို သွားတိုင်ပင်ရင် ရဲတွေကတဆင့် ချီးသန့်ဇင်က အဲဒီလူကို ဒုက္ခ ပေးမှာလည်း ကြောက်နေကြရတယ်။

ကူညီပါကြပါဗျာ။ ဆင်းရဲသားတွေခင်ဗျာ ချီးပုံးသန့်ဇင်လက်ထဲက ရေဖြစ်နေကြရတယ်။ ရဲတိုင်တော့လည်း ရဲက သူတပည့်ဖြစ်နေတယ်ဗျာ။ တော်တော်သနားဖို့ ကောင်းပါတယ်။ သူ့ကြောင့် အပြစ်မရှိဘဲ ထောင်ကျနေ သူတွေလည်း အများကြီးပဲ။ တခါကလည်း ဖြစ်ဖူးတယ်ဗျ။ ချီးပုံးသန့်ဇင်ရဲ့ အဖေက ရယကဥက္ကဌ ၀င်ရွေး တယ်။ သူက ကြွေးကြော်တယ်။ သူ့အဖေ ဥက္ကဌဖြစ်ရင် ဒီရပ်ကွက်မှာ သူ့ကို အာခံတဲ့သူမှန်သမျှ အလောင်း မပေါ်စေရဘူးတဲ့။ အဲဒါနဲ့ ကျောင်းဆရာမတွေ ခေါင်းဆောင်ပြီး တိုင်းမှူးကို လက်မှတ်ထိုး တောင်းဆိုကြမယ် လုပ်မှ သူ့အဖေ ရာထူးမရတာ။

သူ့လက်ဝေခံ ရဲစခန်းက အမှတ် (၁) ရဲစခန်း၊ အဓိကကတော့ဗျာ ဦးဉာဏ်ဝင်း သိစေချင်တာပါ။ သူ့ဆီ ၀င် ထွက်နေတဲ့သူက ဘယ်လိုကောင်ဆိုတာ သူက မသိရှာဘူးဗျ။ သူက ပဲခူးအကြောင်း ဘာမှမသိဘဲ ၀န်ကြီး ချုပ် လာလုပ်နေတယ်။ အခုဟာက ချီးသန့်ဇင်က သူ့ကို ခုတုံးလုပ်နေတော့ ရဲကတောင် ကြောက်နေရတယ်။ ရဲဆိုတဲ့ကောင်ကလည်းဗျာ၊ လူကြီးနဲ့ သိတယ်ဆိုတာနဲ့ အမြီးကုပ်နေတာဗျ။ ပြီးတော့ ဒီကောင် ဖန်တီးပေးတဲ့ အမှုတွေ၊ ဂွင်ဆင်လိုက်တဲ့ အမှုတွေကလည်း မြိုးမြိုးမြက်မြက်ကလေး စားနေရတော့ အခုဟာက ကျနော်တို့ မြို့မှာ ချီးပုံးသန့်ဇင်ဆိုတဲ့ လူမိုက်လုပ်သမျှ ခံနေကြရတဲ့ဘ၀ဗျ။

ဒါပေမယ့် ချီးပုံးသန့်ဇင်ရဲ့ တပည့်တွေနဲ့ ချီးပုံးသန့်ဇင်ကိုယ်တိုင် ရမ်းကားခဲ့ အနိုင်ကျင့်ခဲ့တာတွေတော့ ပဲခူးက လူတိုင်းနီးပါး ကြားဖူးကြပါတယ်။ ဒီလိုလူရမ်းကားမျိုး လူမိုက်ဂိုဏ်းဖွဲ့နေပုံမျိုးနဲ့ ဒီမိုကရေစီလို့ ပြောပြောနေတဲ့ အစိုးရ၀န်ကြီးချုပ်နဲ့ ပေါင်းသင်းနေတယ် ဆိုတာမျိုး မရှိသင့်တော့ဘူး။ ဒီကောင်မျိုးကို အာဏာပိုင်က မသိရင် တောင် စတုတ္ထမဏ္ဍိုင်နဲ့ တိုက်ရမယ်။ ချီးပုံးသန့်ဇင်ရဲ့ လက်ကိုင်တုတ် ဒု-ရဲအုပ်နှစ်ယောက် ရှိသေးတယ်။ အ မှတ် (၁) စခန်းက ဒု-ရဲအုပ်ကျော်သူနဲ့ ဒု-ရဲအုပ် နော်နော်အောင်တဲ့။

Ko Ko - ပဲခူးမြို့ မဂ္ဂတစ်လမ်းက အောက်ပိုင်းရပ်ကွက်မှာ ချီးပုံးသန့်ဇင်ဆိုသူရဲ့ အနိုင်ကျင့်မှုတွေ အများကြီး ကို စုံစမ်းခိုင်းကြည့်၊ အောင်မလေး လူတွေက အော့နလုံးနာလွန်းလို့ သူ့ကို။ ဒါပေမယ့် သူက အခုထိတော့ ကြံ့ခိုင်ရေး လုပ်လိုက်၊ ရဲသတင်းပေး လုပ်လိုက်၊ ခရက လူယုံ ၀န်ကြီးချုပ်အတွင်းလူ ဆိုတဲ့ နာမည်တွေနဲ့ ခိုးဆိုးလုယက်နေတုန်းပဲဗျာ။ အာဏာပိုင်အသိုင်းအဝိုင်းကို ခုတုံးလုပ်နေတဲ့လူပေါ့။ လူကြီးတွေဆီ အတင်းဝင် ထွက်၊ အဓိကတော့ ရဲတွေပေါ့ဗျာ၊ ဒီလူ့ကို မှီပြီး စားသောက်နေရတော့ လူကြီးတွေဆီ ၀င်ဖို့ လမ်းကြောင်း သူ တို့ပဲ ခင်းပေးတာ၊ အခုတော့ လူကြီးတွေ ခုတုံးလုပ်ပြီး သူက ရဲတွေကိုတောင် ပြန်လက်သပ်မွေးနေတယ်။

ပဲခူးက မဂ္ဂတစ်လမ်းဆိုတာ လမ်းမကြီးဗျ။ အဲလမ်းမကြီးဘေးမှာ ဆိုရှယ်လစ်နဲ့ မှော်ကန်ဆိုပြီး ရပ်ကွက်ကြီး နှစ်ခုရှိတယ်။ အဲဒီနေရာဟာ သူ လွှမ်းမိုးရာနေရာပဲ။ သူအလုပ်နောက်တခုကကျတော့ တော်တော်ခေတ်မီ တယ်။ အစ်ကို လူတယောက်ကို ကားနဲ့ တိုက်မိလို့ သေသွား၊ အစ်ကိုက ချီးသန့်ဇင်ကို ခေါ်ပြီး ငွေသိန်းသုံး ဆယ်ပေးလိုက်၊ ချီးသန့်ဇင်က အစ်ကို့မှတ်ပုံတင်ပဲ တောင်းလိမ့်မယ်။ အစ်ကို့မှတ်ပုံတင်ကို ခွာ၊ သူ့တပည့်တ ယောက်ပုံတပ်ပြီးရင် အစ်ကိုပါဆိုပြီး တရားရုံးမှာ အစစ်ခံ၊ ထောင်ကျခံ၊ သူ့တပည့်ကို ဆယ်သိန်းလောက်ပေး၊ သူက ဆယ့်ငါးသိန်းလောက်ယူ၊ ရဲနဲ့တရားရုံးက ငါးသိန်းယူ၊ ဘယ်မှာလဲ ဥပဒေဆိုတာ။ ပြီးရင် ဟိုကောင်တွေ က ထောင်ထဲမှာ တနှစ်လောက်နေ အသေစာရင်းပြ ပြန်ထွက်။ မြန်မာ မာဖီးယားဂိုဏ်းလို့ နာမည်ပေးရမယ်။
လူတွေက အော့နှလုံးနာလွန်းလို့ သူ့နာမည်ရှေ့မှာ ချီးပုံးလို့ တပ်ပေးထားတယ်။ ချီးပုံးဂိုဏ်းပေါ့ဗျာ။ ပဲခူးချီးပုံး ဂိုဏ်းရာဇာ ချီးပေသန့်ဇင်နဲ့ ဦးဉာဏ်ဝင်း ပါတနာဖြစ်နေကြတယ်ဆိုတဲ့ သတင်းကတော့ဗျာ၊ ကျနော်တို့ မြို့ သူမြို့သားတွေအတွက် ရင်လေးဖွယ်ပဲပေါ့။

သူလုပ်တဲ့ အမှုတွေ အများကြီးဗျာ။ ကျနော် မသိသေးတာတွေ မမှတ်မိတာတွေ ရှိသေးတယ်။ သိချင်ရင် အဲ့ဒီ မဂ္ဂတစ် အောက်ပိုင်းရပ်ကွက်တွေကို ဆင်းမေးကြည့်ကြပါဗျာ။ လူတိုင်းကို မေးကြည့်၊ လူတိုင်းပါးစပ်က အ ကောင်းထွက်မှာမဟုတ်ဘူး။ သူ့တပည့် ဒု-ရဲအုပ်ကျော်သူနဲ့ နော်နော်အောင်ဆိုတာလည်း နာမည်ကြီးတယ်။ သူ့ဘယ်လက်ရုံး စစ်နိုင်ဆိုတဲ့ လူမိုက်ကို ရပ်ကွက်က မခံနိုင်တဲ့ လူငယ်တွေ ၀ိုင်းဆွမ်းကြီးလောင်းကြတာ မျက်လုံးတလုံးတောင် နိမ့်သွားတယ်။ အဲဒီလူငယ်လေးတွေလည်း အခုထိ ၀ရမ်းပြေးဖြစ်တဲ့သူဖြစ်၊ တရားရုံး ရောက်တဲ့သူရောက်ပဲ။

စစ်နိုင်ဆိုတဲ့ကောင်က သူ့ကို ဆက်ကြေးမပေးတဲ့ လမ်းထိပ်က ကွမ်းယာဆိုင်ကို ဖြိုနေကြတာကို ရပ်ကွက်ထဲ က လူငယ်တွေက မခံနိုင်လို့ မဖြိုဖို့ တောင်းပန်တာကို အဲဒီကလေးတွေကို ရပ်ကွက်ထဲအထိ လေးခွနဲ့ လိုက် ပစ်။ တုတ်နဲ့လိုက်ရိုက်တယ်လေ။ အဲဒါနဲ့ မခံနိုင်တဲ့အဆုံး ရပ်ကွက်က၀ိုင်းလုပ်တော့ ဆေးရုံတင်လိုက်ရတယ်။ နောက်ဆုံး ရဲနဲ့ ပေါင်းပြီး ရပ်ကွက်က ၀ိုင်းလုပ်တယ်ထင်ရတဲ့ လူတွေကို တယောက် ၆ သိန်း လျော်ကြေး တောင်းတယ်။ ဟိုခမျာ ပန်းရံသမား၊ ကုန်ထမ်းသမားတွေဆိုတော့ ၆ သိန်း မပြောနဲ့၊ ၆ ထောင်တောင် မရှိလို့ ထောင်ကျမလိုဖြစ်နေတယ်။ အခုထိ တရားရုံးမှာ အမှုဖြစ်နေတုန်း သူတို့ရန်စကို ကြောက်လို့ နယ်စပ်ပြေးတဲ့ သူလည်း ပြေးပေါ့။

ဒီလိုမျိုး မင်းမဲ့စရိုက်တွေဟာ ဒီမိုကရေစီစနစ်ကို သွားနေပါတယ်ဆိုတဲ့ နိုင်ငံတခုမှာ တကယ်မရှိသင့်တော့ဘူး ဆိုတာ ပဲခူးတိုင်းဝန်ကြီးချုပ်၊ ရဲတပ်ဖွဲ့မှူးနဲ့ လူကြီးမင်းများ နောက်ပြီး လူ့အခွင့်အရေးသမားကြီးဆိုတဲ့ ဦးအေး မြင့်၊ နောက် ဒီမိုကရေစီလှုပ်ရှားသူပဲခူးသားများကို သိစေချင်တယ်ဗျာ။ သိလည်းသိကြမှာပါ။ မသိချင်ယောင် ဆောင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပါ။ ကျနော်ကတော့ နှစ်ပေါင်းများစွာ ချီးပုံးလုပ်သမျှ ခံနေကြရတဲ့ ဆင်းရဲ သားရပ်ကွက်သူ ရပ်ကွက်သားတွေကိုယ်စား အားလုံးကို သိအောင်ပြောပြလိုက်ပါတယ်ဗျာ။

ဖူကူရှီးမား ပဲခူးသား

မူရင်း ။။ ဒေါက်တာလွဏ်းဆွေ

0 ယောက် အကြံပြုထားပါသည်:

Post a Comment