Tuesday, October 18, 2011

ပေးဆပ်သူရဲ့ မြင့်မြတ်တဲ့နှလုံးသား (၄၉ နှစ်ပြည့် ကိုမင်းကိုနိုင်ရဲ့ မွေးနေ့အမှတ်တရ...ကဗျာ)

ဒီနေ့ ဟာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ ၄၉နှစ်မြောက် နေ့ အဖြစ် ဒီကဗျာလေးနဲ့ ဂုဏ်ပြုလိုက်ပါသည်။


တိုးမပွါးချင်နေ

ရိုးသားကြိုးစားရမှာက ငါ့တာဝန်...လို့

ခံယူထားတဲ့ မြင့်မြတ်သူတို့ရဲ့နှလုံးသား

ပေါ်ဦးဆီမှာရှိတယ်။

ကိုယ်ကျိုးမပါ အတ္တဗလာနဲ့

ဘဝကိုပေးဆပ်

ရဲရဲတောက် သံမဏိစိတ်ဓါတ်ပိုင်ရှင်

မင်းကိုနိုင်....

ကျောင်းပုရဝိုက်မှာ ဒေါင်းအလံပြန်စိုက်မယ့်

ရဲရဲတောက် သူ့ရဲ့ ကဗျာ၊

သမိုင်းတခေတ် အကောင်းအမှန်ပြောင်းဖို့

သမိုင်းရေးမယ့် သူ့ရဲ့လက်များ၊

အမှန်တရားကို ချစ်မြတ်နိုးတဲ့ သူ့ရဲ့စိတ်ဓါတ်၊

ကိုယ်ကျင့်တရားကို အသက်ထက်တန်ဖိုးထားတဲ့

မြင့်မြတ်တဲ့ သူ့ရဲ့နှလုံးသား၊

မကြောက်တရားကို ကျောပိုးထားတဲ့ သူ့ရဲ့ခံယူချက်၊

ယုံကြည်ချက်ကို မြဲမြဲဆုတ်ကိုင်ထားတဲ့ သံမဏိလူသား၊

ရည်ရွယ်ရာခရီးကို

မရောက်အရောက်လျှောက်လှမ်းမည့်ူသူ့ရဲ့ဦးတည်ချက်၊

ကမ္ဘာကုန်တည်သ၍ တည်စေမယ့်

သမိုင်းတွင်ရစ်ကျန်မယ့် သူ့ရဲ့လုပ်ရပ်၊

ဒါတွေအကုန်လုံးဟာ....ပေးဆပ်သူ မင်းကိုနိုင် (ခေါ်) ကိုပေါ်ဦးရဲ့

မြင့်မြတ်တဲ့ နှလုံးသားအစစ်အမှန်ဆိုတာတွေပဲ မဟုတ်ပါ....တကား။

(၄၉)နှစ်ပြည့် ကိုမင်းကိုနိုင်ရဲ့မွေးနေ့အား ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်)


by Ko Baloi

0 ယောက် အကြံပြုထားပါသည်:

Post a Comment