ဒေါ်လာမြောက်များစွာကုန်ကျခံပြီး ရင်းနှီးမြှပ်နှံမှုလုပ်ထားတဲ့.....ဧရာဝတီမြစ်ဆုံဆည်ရပ်ဆိုင်းတာနဲ့ ပတ်သက်ပြီး သမ္မတ- ဦးသိန်းစိန် ရပ်တန့်လိုက်ခြင်းဟာ- အရင် (နအဖ) စစ်အစိုးရနဲ့၎င်း-တို့အစိုးရဟာမတူကြောင်း လက်တွေ့ပြသလိုက်သလို....တရုတ်အစိုးရကိုလည်း အမှတ်မထင် အနောက်ပေါက်နဲ့ရင်ဝတဲ့တဲ့ကို စောင့်ကန်လိုက်ခြင်းကိုလည်းပြသရာရောက်သည်။ ထို့ကြောင့်- တရုတ်အစိုးရအနေနှင့် ရင်းနှီးမြှပ်နှံသူများမှ ဒေါသူပုန်ထကာ ဥပဒေကြောင်းရာအရ ရှင်းမည်ဟု စကားဆိုလာသည့်အပြင်- အောက်တိုဘာလ ၃ ရက်နေ့က တရုတ်နိုင်ငံ ဟောင်ကောင်အခြေစိုက်ဖို့နစ်သတင်းဌါနမှ...လက်ရှိ- သမ္မတ ဦးသိန်းစိန်၏လုပ်ရပ်သည် အိမ်နီးချင်းနိုင်ငံ၏ ယုံကြည်မှုကိုချိုးဖောက်လိုက်တာဖြစ်တဲ့အတွက်ကြောင့် ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန်အရေးယူမှ နောင်တချိန်မှာ တရုတ်မြန်မာဆက်ဆံရေးမှာ မြန်မာဘက်ကဆင်ခြင်နိုင်မယ်ဖြစ်တဲ့အကြောင်း၊ နောင်တချိန်မှာ ရင်းနှီးမြှပ်နှံမှုတွေလုပ်ရင် သေသေချာချာစဉ်းစားသင့်တဲ့အကြောင်း၊ မြန်မာနိုင်ငံရဲ့ ဂတိမတည်မှုဟာ နိုင်ငံတကာထဲဝင်ဆန့်ဖို့ အရည်အချင်းမပြည့်မှီကြောင်း- မလေးစားထိုက်ကြောင်း၊ တရုတ်နိုင်ငံအတွက်အိမ်နီးချင်းမိတ်ဆွေတယောက် ဆုံးရှူံးသွားတာထက်မပိုကြောင်း၊ ဒီလိုမိတ်ဆွေမျိုးဟာယုံကြည်မှုနဲ့ မထိုက်တန်ကြောင်း၊အိမ်နီးချင်းကောင်း မပီသတဲ့လုပ်ရပ်ဖြစ်ကြောင်း၊ ပြင်းပြင်းထန်ထန်အရေးယူမနိုင်ရင် အခြားနိုင်ငံငယ်တွေကလည်း မထီမဲ့မြင် ပြုလာနိုင်ကြောင်း စွတ်စွဲပြောဆိုပြီး သူခိုးကလူကိုပြန်ဟစ်ပြခဲ့ပါတယ်။ ထို့အပြင်- ဧရာဝတီမြစ်ဆုံရေကာတာ ရပ်တန့်သွားခြင်းဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကြီးပဲမဟုတ်သလို....အမေရိကန်ရဲ့ ပရောဂ ပါကြောင်းရမ်းသမ်းစွတ်ဆိုပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံသည် ၁၉၈၈ ခုနှစ် စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ပြီးသည့်နောက် တရားမဝင် စစ်အာဏာရှင်မြန်မာအစိုးရအား နည်းလမ်းပေါင်းစုံဖြင့် စစ်အာဏာရှင်စနစ်ဆိုးကြီး သက်ဆိုးရှည်စေရန် အကူညီတွေကို လိုတာထက်တောင်ပံ့ပိုးကူညီမှုတွေပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံမှာ သန်းပေါင်းများစွာသောပြည်သူများ စစ်အာဏာရှင်စနစ်ဆိုးကြီးကြောင့် အတိဒုက္ခ ရောက်နေတာကိုသိလျှက်နဲ့ မသိကျိုးကျွန်ပြုပြီး၊ အာဏာရှင် အစိုးရမှန်းသိလျှက်နှင့် ရေတို-ကိုယ်ကျိုးစီးပွါးရေးတစ်မျက်ကိုသာကြည့်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမှုတွေ အမြောက်အများပြုလုပ်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ နှစ်နိုင်ငံရေရှည်အကျိုးစီးပွါးရေးကိုများစွာထိခိုက်စေသည့်အပြင်- တရုတ်အစိုးရအနေနဲ့ အိမ်နီးချင်းကောင်းမပီသမှုကိုလည်း ပြသရာရောက်ပါတယ်။ စစ်အစိုးရအောက်မှာ မြန်မာပြည်သူတွေဟာ ပြားပြားရောက်နေပြီး ပုန်မကန်နိုင်တော့ဘူးဆိုတဲ့အမြင်နဲ့ လောဘကြီးကာ တရားမဝင်အစိုးရလက်ထက်မှာ အာမခံချက်မရှိတဲ့ ရင်းနှီးမြှပ်နှံမှုတွေလုပ်တဲ့ ကုမ္မဏီတွေ ကြောက်လန့်လို့နေပါပြီ။ အခုပဲကြည့်ပါ...အောက်တိုဘာ၃ ရက်နေ့က တရုတ်- မြန်မာရေနံပိုက်လိုင်းတလျှောက်မှာရှိတဲ့ ဒေသတွေမှာ စာသင်ကျောင်း ၈ ကျောင်းဆောက်လို့ဖို့အတွက်China National Petroleum Corporation က နေပြည်တော်မှာ အမေရိကန်ဒေါ်လာ ၁. ၃၂ သန်း လှူဒါန်းလိုက်ကြောင်းကိုXinhua သတင်းမှာ ဖော်ပြလာတာကို ထောက်ရှုခြင်းအားဖြင့် တရားမဝင် စစ်အစိုးရလက်ထက်မှာ ရင်းနှီးမြှပ်နှံမှုလုပ်ထားတာတွေဟာ သူတို့အတွက် ဘာအာမခံချက်မှမရှိဘူးဆိုတာသိပြီး လူမှုအထောက်ကူပြုလုပ်ငန်းကို ဗန်းပြပြီး ပျားရည်နဲ့ ဝမ်းချနေပါပြီ၊ဒီ- ဧရာဝတီမြစ်စုံရေကာတာရပ်ဆိုင်းမှုကြောင့် တရုတ်အစိုးရဟာ သူ့ကိုယ်ကျိုးစီးပွါးရေးကို အများကြီးထိခိုက်သွားတယ်တိုတာသူကောင်းကောင်း သဘောပေါက်သိရှိနေပါပြီး။
ဒါကြောင့်...တရုတ်အစိုးရဟာ မြန်မာအစိုးရကို အိမ်နီးချင်းနိုင်ငံရဲ့ ယုံကြည်မှုကို ချိုးဖောက်တာ၊ ပြင်းပြင်းထန်ထန်အရေးယူမှနောင်တချိန် မြန်မာဘက်ကဆင်ချင်နိုင်မယ်၊ နောင်တချိန်ရင်းနှီးမြှပ်နှံမှုတွေလုပ်ရင် သေသေချာချာ စဉ်းစားသင့်ကြောင်း၊တရုတ်နိုင်ငံအတွက် အိမ်နည်းချင်း မိတ်ဆွေတစ်ဦး ဆုံးရှုံးသာထက်မပိုကြောင်း၊ ဒီလိုမိတ်ဆွေမျိုးဟာ ယုံကြည်မှုနဲ့ မထိုက်တန်ကြောင်း သူ့ကိုသူ ဂုဏ်သိက္ခာရှိတဲ့ အစိုးရသယောင်- ထင်ယောင် ထင်မှားနဲ့ စွတ်စွဲပြောဆိုနေခြင်းဟာ....သူခိုးက လူကိုပြန်ဟစ်နေတာနဲ့တူကြောင်း အများပြည်သူသိအောင် ရေးစားလိုက်ရပါသည်။
by Ko Baloifacebook မှကူယူဖေါ်ပြပါသည်။
0 ယောက် အကြံပြုထားပါသည်:
Post a Comment