Friday, August 26, 2011

မလေးရှား HEI မှ မလေးရှားနိုင်ငံထုတ် The Sun သတင်းစာသို့ မြန်မာဒုက္ခသည်အရေး စိုးရိမ်ပူပန်မိကြောင်း အိတ်ဖွင့်ပေးစာ ကဏ္ဍ

26/08/2011

မလေးရှား NGOs အဖွဲ့ တခုဖြစ်သည့် HEI မှ ဒုက္ခသည်များမှတ်ပုံတင်အရေးစိုးရိမ်မကင်းဖြစ်HEIအဖွဲ့ သည်မလေးရှား နိုင်ငံရောက် ဒုက္ခသည်များ၏ ကျန်းမာရေးကိုနီးကပ်စွာ စောင့်ကြည့်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။မိမိတို့ အနေဖြင့်ယနေ့(သြဂုတ်၂၃)ရက်နေ့တွင်6Pစီမံကိန်းတစ်ရပ်၏အစိတ်ပိုင်းတစ်ခုဖြစ်သောကိုယ်ရေးအချက်အလက် ရယူခြင်း၊ ဓါတ်ပုံရိုက်ယူခြင်း၊ လက်ဗွေနှိပ်ပုံစံယူခြင်း တို့ကို PUTRAJAYA လဝက ဌာနတွင် လေ့လာစောင့်ကြည့်မှု များပြုလုပ်ခြင်းအားဖြင့် (၁)ဒုက္ခသည်များအတွက်ရှင်းလင်းပြတ်သားသောမှတ်ပုံတင်ရယူခြင်းအစီအစဉ်အားနည်းနေခြင်းPUTRAJAYAသို့လာရောက်သည့်ဒုက္ခသည်များအတွက် တိတိကျကျသတ်မှတ်ထားသောနေရာထိုင်ခင်းမရှိသည့်အတွက်ဝရုန်းသုန်းကား ဖြစ်နေခြင်း (၂)ရဲတပ်ဖွဲ့များမှ၎င်းလူအုပ်ကြီးအားစနှစ်တကျဖြစ်စေရန်ကြိုးပန်းအားထုတ်ရာတွင်မလိုအပ်ဘဲလက်ဖြင့်အတင်းအ ကြပ်တွန်းထုတ်ခြင်း၊တရွတ်တိုက်ဆွဲထုတ်သွားခြင်း၊ နံပတ်တုတ်ဖြင့်ရိုက်နက်ခြင်း (၃)မွေးကင်းစကလေးများနှင့်၎င်းတို့၏မိခင်များ၊သက်ကြီးရွယ်အိုများ၊နာမကျန်းသူများတို့သည်မတ်တတ်ရပ်ပြီး၎င်းတို့ အလှည့်ကိုအချိန်ကြာရှည်စွာစောင့်စားနေရခြင်း (၄) ဒုက္ခသည်တစ်ဦးချင်းစီရရှိလာသည့်စာရွက်(Slip Pendaftaran PATI ) တွင် (Tujuan: PULANG KE NEGARA ASAL ) ဟုခေါ်ဆိုသော ရည်ညွှန်း …… နေရပ်သို့ ပြန်ရန်ဆိုသည့်စာတန်းများပါရှိခဲ့ပါသည်။ ၁၉၅၁ ဒုက္ခသည်ဆိုင်ရာ ကွန်ဗင်းရှင်း စာချုပ်စာတမ်း အပိုဒ် (၃၁) အရ မူလနေရာဌာနသို့ ပြန်လည်ပို့ ဆောင်ခွင့်မရှိ “ စာချုပ်လက်မှတ်မထိုး ထားသောနိုင်ငံများအနေဖြင့်ပို့ဆောင်ခွင့်ရှိသော်ငြားလည်း၊ ဘာသာရေး၊အမျိုးသားရေး၊ နိုင်ငံရေးသဘောထားအမြင် ကွဲပြား၍ထွက်ပြေးလာသောဒုက္ခ သည်တစ်ယောက်အား၏မူရင်းနေရပ်သို့ ပြန်ပို့ရန်မရှိစေရဟုဖေါ်ပြထားပါသည်။ (၅)လက်ရှိ6Pစီမံကိန်းအစီအဉ်အရဒုက္ခသည်အရေးကိုမည်သို့မည်ပုံဦးတည်ဖြေရှင်းရမည်ဆိုသည့်တွေ့ ဆုံဆွေးနွေးပွဲ များနည်းပါးနေသည်ကို မလေးရှားနိုင်ငံလူမှုအဖွဲ့အစည်းများအတွင်းတွေ့ မြင်နေရပေသည်။ သေချာရေရာမှူမရှိသော 6Pမှတ်ပုံတင်ရယူမှုအစီအစဉ်သည်ဒုက္ခသည်များအားသောကရောက်စေခြင်း၊ဝန်ထုပ်ဝန်ပိုးပိစေခြင်း၊စိတ်ကျန်းမာရေးနှင့် လူမှုပြဿနာမျိုးစုံကိုပေါ်ပေါက်စေပါသည်။ HEI သည် မလေးရှာနိုင်ငံလဝက ၁၉၅၉/၁၉၆၃ အက်ဥပဒေအရ ဒုက္ခ သည်များအပေါ်ကျရောက်ရိုက်ခတ်မည့်တရားမဝင်လုပ်သားနှင့်တရားမဝင်နေထိုင်မှုအပေါ်ရဲတပ်ဖွဲ့ ၊ရေလာတပ်ဖွဲ့ ၊ လဝကဌာနနှင့်မလေးရှားအစိုးရတို့ ကကြိမ်ဒဏ်၊ငွေဒဏ်၊ထောင်ဒဏ်၊ပြည်နှင်ဒဏ်၊ပေးမည့်အရေးအတွက်စိုးရိမ်ပူပန်မိပါသည်။HEIသည်မလေးရှားအစိုးရအားဒုက္ခသည်များအပေါ်ထားရှိသည့် 6Pစီမံကိန်းအသေးစိတ်အချက်အလက်များကို တရားဝင်လူသိရှင်ကြား ထုတ်ဖေါ်ပေးရန်နှင့်လုံလောက်သော ဆက်သွယ်လမ်းပြဆောင်ရွက်မှုများကိုသက်ဆိုင်ရာ ဒုက္ခသည်အဖွဲ့ စည်းတို့ နှင့်ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ဒုက္ခသည်အရေးချက်ချင်းတုန့် ပြန်ဆောင်ရွက်နိုင်ရန် လိုအပ်သည့်အစီအစဉ်များကိုချမှတ်လုပ်ဆောင်သွားရန်ဤအိတ်ဖွင့်ပေးစာကဏ္ဍမှစိုးရိမ်ပူပန်မိကြောင်းတောင်းဆိုဖေါ် ပြအပ်ပါသည်။
Health Equity Initiatives
မှတ်ချက် 25/08/2011 နေ့ထုတ် The Sun သတင်းစာပါ စာမျက်နှာ (၁၄)တွင်ပါရှိသည့် အိတ်ဖွင့်ပေးစာ ကဏ္ဍ
ကို လွင်ပြင်ဝိုင်းတော်သားများမှ အကျဉ်းချုပ် ဘာသာပြန်ဆို ဖေါ်ပြပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment