Saturday, August 20, 2011

မလေးရှားရောက် မြန်မာပြည်သားများအရေး ရတက်မအေး


ယခုတစ်လော အထူးရေပန်းစား နေသည့် နေပြည်တော် လွတ်တော်သို့ စီးပွားရေး ညီလာခံ တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းချက်များ ထုတ်ပြန်ကြေငြာနေသည့် ဦးသိန်းစိန်၏ သတင်းများ ဟိုးလေးတစ်ကျော် ဖြစ်နေချိန်မှာ မိမိတို့ ပြည်တွင်း လွင်ပြင် ၀ိုင်းတော်သားများမှ youtube ရှိ သတင်းမျိုးစုံကို ဖတ်ရှုလေ့လာရင်း မိမိတို့ ထုတ်ပြန်ရမည့် သတင်းများထဲတွင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အားလုံး၏ ဒုက္ခရောက်စေမည့် သတင်းဆိုးကြီးကို ရတက်မအေးဘွယ် ဖတ်ရူ့နေရပေသည်။
အကြောင်းရင်းမှာ …. နိုဝင်ဘာလ (၁)ရက်၂၀၁၁ေ န့မှ စတင်မည့် မလေးရှားနိုင်ငံ လူဝန်မူ့ ကြီးကြပ်ရေး၊ ပြည်ထဲရေး၊ ရဲ့တပ်ဖွဲ့နှင့် နယ်စပ်ဖြတ်ကျော် နိမ်နှင်းရေး အထူးစစ်ဆင်ရေးတွင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားအားလုံးကို work permit ရှိမရှိ စစ်ဆေးဆောင်ရွက်ရာတွင် ၄င်းတို့က အချိန်မရွေး ပုံမှန်စစ်ဆေးခွင့်၊ ရှောင်တခင် စစ်ဆေးခွင့်နှင့် စိတ်ကြိုက်မေးမြန်းခွင့်နှင့် ဖမ်းဆီး ချုပ်နှောင်ခွင့် ပြစ်ဒဏ်ပေးခွင့် တို့ကို မည်သည့် မြန်မာနိုင်ငံသားအားလုံးကို မဆို၊ တိုင်းရင်းသားအားလုံးကိုမဆို ၊ဒုက္ခသည် အားလုံးကိုမဆို အချိန်းမရွေး ၊ အခါမဆိုင်း ၄င်းတို့လိုသလို ဥပဒေကို လက်တစ်လုံးကြား ဆွဲယူပြီး ဒဏ်ခတ် ပြစ်ဒဏ်ပေးအရေးယူ ဒုက္ခရောက်အောင် ဆောင်ရွက်နိုင်သဖြင့် မိမိတို့ ပြည်တွင်းရှိ လွင်ပြင်ဝိုင်းတော်သားများအနေဖြင့် ရတက်မအေးဖြစ်မိကြောင်း …………


မူရင်း ။ ။ လွင်ပြင်ဝိုင်းတော်သားများ

0 ယောက် အကြံပြုထားပါသည်:

Post a Comment