Saturday, August 27, 2011

သန်းရွှေနှင့် သာ သက်ဆိုင်သည့် အခြေခံဥပဒေထက်မြင့်သည့်အာဏာ


သြဂုတ်လ (၂၆)သောကြာနေ့က ကျင်းပသည့် စတုတ္ထနေ့မြောက် သန်းရွှေလွတ်တော် ပုံမှန် အစည်းအဝေးမှာ သင်္ဃန်ကျွန်း လွတ်တော်ကိုယ်စားလှယ်အမတ် ဦးသိန်းညွန့် အဆို တင် သွင်းသော အထွေထွေလွတ်ငြိမ်းချမ်းသားခွင့် အဆိုကို လွတော်ဥက္ကဌမှ တဆင့်သမ္မတဆီတင်ပြဖို့ ဆွေးနွေးဆုံးဖြတ်သည့်အခါ လွတ်တော်ကိုယ်စားလှယ် (၁၅) ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် (၂) ဦးက ကန့်ကွက်မဲမရှိထောက်ခံခဲ့ပါသည်။
၁၉၆၃ဧပြီလ (၁)ရက်နေ့ တော်လှန်ရေးကောင်စီ လွတ်ငြိမ်းချမ်းသာ ခွင့်၊ (၁၉၈၀) မေလ (၂၈) မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ယခု သမ္မတ ဦးသိန်းစိန် ရဲ့ အဝေးရောက်နေတဲ့သူတွေ ပြန်လာဖို့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် အမှတ် ၂၈/ ၂၀၁၁ အမိန့်တို့ကို မြန်မာ့ အကျဉ်းသား သမိုင်းတွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
သို့ရာတွင်လည်း တစ်ချိန်ထဲ တစ်ရက်ထဲမှာပင် အင်းစိန်ထောင်တွင်း အထူးတရားရုံးမှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား ဧပြီလ (၂)ရက်နေ့ က ဖမ်းဆီးခဲ့ပြီး အီလက်ထရောနစ် ပုဒ်မ (၃၃ က ) နှင့် ထောင်ဒဏ်(၁၀)နှစ် ချမှတ်ခဲ့ပါသည်။
မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကင်တားနား ဟာ (၅)ရက်ကြာခရီးစဉ် ပြီးဆုံးလို့ ပြန်မထွက်ခွါမှီ သတင်းစားရှင်းလင်းပွဲမှာ နိုင်ငံရေးအကျင်းသားတွေကို ပြန်လွတ်ပေးဖို့ ကိစ္စရပ်သည် အမျိုးသားသင့်မြတ်ရေးနှင့် နိုင်ငံတကာ ရေးရာတို့တွင် အမတန် အရေးကြီးကြောင်း ပြောဆိုသွားခဲ့ပါသည်။
မြန်မာ့ရုပ်မြင်သံကြား သတင်းစဉ်မှာ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းက (၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်းချိန်မှစပြီး ယနေ့ သိန်းစိန်လက်ထက်အထိ ပြောဆိုနေကြ စကား အသုန်းအနှုန်းဖြစ်သော ) မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ ယခု မြန်မာပြည်အကျဉ်းထောင်များထဲတွင် လုံးဝ မရှိပါဘူးဟု ငြင်းဆို ကြေငြာသွားခဲ့ပါသည်။
အထက်ဖေါ်ပြပါသတင်းအချက်အလက်များကို ကိုးကားခြင်းအာဖြင့် မြန်မာနိုင်ငံ လက်ရှိ တပ်မတော်သား ၂၅% ပါဝင်သော ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအထက်တွင် နိုင်ငံရေး သိပ္ပံ နှင့် ဖြစ်စဉ်တို့ကို လေ့လာလိုက်စားသော ပုဂ္ဂိုလ် များသာ မီးမောင်ထိုးပြနိုင်သည့် “ Hi- Policy” ဟုခေါ်ဆိုသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အထက်တွင်ရှိသော မူဝါဒကို ဆွဲကိုင်ထားသော လူ တစ်ဦးတယောက် သို့မဟုတ် ကော်မတီ တစ်ရပ် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ် သို့မဟုတ် ဘုရင်နှင့် ဘုရင့်အုပ်ချုပ်ရေးအဖွဲ့ ဟူုသည့် အခြေခံဥပဒေထက်မြင့်သည့်အာဏာ “Above Constitution Power” ကို သန်းရွှေ၊ မောင်းအေးနှင့် စစ်ကော်မရှင်တို့ က ချုပ်ကိုင်ထားသဖြင့် သိန်းစိန်၏ ပါးစပ်မှ ချီးစားပြောမှ ယုံမည်ဖြစ်သည့် ပျော့ပြောင်းသော မူဝါဒ ပုံစံဖြင့် နိုင်ငံတကာနှင့် အတိုက်အခံနိုင်ငံရေး အဖွဲ့အစည်းများ လက်နက်ကိုင်အဖွဲ့အစည်းများ သို့ ချဉ်းကပ်နေသော်လည်း (၂၀၀၈) အခြေခံဥပဒေအရ သမ္မတကိုယ်တိုင် အထူးခွင့်ရေး အာဏာ လုပ်ပိုင်ခွင့် အပ်နှင်းထားသော်လည်း နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး နှင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို သိန်းစိန်ကိုယ်တိုင် အခွင့်အာဏာ မရှိသည်ကို ထောက်ရှု့ခြင်းအားဖြင့် သိန်းစိန်အစိုးရသည်လည်း စစ်တပ်၏ အသုံးတော်ခံ ရုပ်သေး အစိုးရ ဖြစ်သည်ဆိုသည့်အချက်ကို ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူ တစ်ရပ်လုံးကနဂိုတည်းက အသိပင်ဖြစ်သည်။

လွင်ပြင်ဝိုင်းတော်သားများ ၏ သုံးသပ်ချက်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment